← Chapters

အချိန်ကိုက်

Vol. 70 Ch. 971

အချိန်ကိုက်

Vol. 70 Ch. 971

ဝိညာဉ်ရှန့်ထို ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်၏။ ကြယ်တာရာ နယ်မြေ အနှံ့အပြားရှိ နေကြယ်ကိုးစင်းမှာ အသက်ရှိသည့် အလား တုန်ရီသွားကာ ဒေါသ အခိုးအငွေ့များနှင့် ပြည့်နှက်လာခဲ့သည်။

“ဒါဆိုလည်း မင်းက သူတို့ကို ဘယ်လို ကာကွယ်ပေးနိုင်မလဲ ကြည့်ရသေးတာပေါ့...”

သူ၏ လေသံက ဝင်ရိုးစွန်းကို ဖြတ်သန်း တိုက်ခတ်လာသည့် လေတစ်ခု အလား အေးစက်နေ၏။ ဝေ့ဝူယင် စိတ်ထဲမှ ပင့်သက်တစ်ချက် ရှိုက်လိုက်မိသည်။ အခြေအနေတွေက ထိုမျှ ခက်ခဲလိမ့်မည်ဟု သူ မျှော်လင့် မထားခဲ့တာ အမှန်ပင် ဖြစ်သည်။

ကြည့်ရသည်က ဝိညာဥ်ရှန့်ထို ဧကရာဇ်ကို အစစ်အမှန် မွေးဖွားခြင်း၏ အဖွဲ့ဝင် တစ်ယောက် ဖြစ်နိုင်ကြောင်း သံသယ စာရင်းထဲ ထည့်ရတော့မည် ဖြစ်သည်။ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေတွင် အစစ်အမှန် မွေးဖွားခြင်း လွတ်လပ်စွာ လှုပ်ရှားနိုင်ခြင်းကို ထောက်ချင့်ရပါက သူက ခေါင်းဆောင်ပင် ဖြစ်နေနိုင်သည်။

ဝေ့ဝူယင် တိတ်တဆိတ်ပင် ဆက်စပ်မှု စစ်အလံကို ထုတ်ယူလိုက်လေ၏။

“…”

အခြားတစ်ဖက်တွင်တော့ မြေကြီး ရှန့်ထိုများစွာမှာ စိတ်ရှုပ်ထွေးစွာပင် သေမျိုး လူငယ် တစ်ယောက်နှင့် ဝိညာဥ် ရှန့်ထို ဧကရာဇ်တို့၏ စကားဝိုင်းကို စောင့်ကြည့် နေကြ၏။ ဖမ်းဆီးကာ ချိပ်ပိတ်ခံထားရသည့် မျက်နှာဖုံးတပ် များကတော့ စွမ်းအား ကင်းမဲ့စွာပင် တရားစီရင်ခံရရန် စောင့်ဆိုင်း နေကြသည်။ ဘယ်လို ကံကြမ္မာမျိုးပဲ လာစေကာမူ သူတို့ ရင်ဆိုင်ရတော့မည် ဖြစ်သည်။

ဝူယုမှာ အချိန်မရွေး တိုက်ပွဲဝင်ရန် အဆင်သင့် ပြင်ထား၏။ သူက လျှို့ဝှက် အော်ရာနှင့် အင်ပါယာတို့ကို အမြင့်ဆုံး ရောက်အောင် မြှင့်တင်ထားသည်။ သူ၏ မျက်လုံးများထဲ၌ လျှို့ဝှက် သင်္ကေတ ရှစ်ခုမှာ တောက်ပစွာဖြင့် ပေါ်လွင်နေ၏။

ဝေ့ဝူယင်၏ အဂ္ဂိရတ် သူရဲကောင်း တစ်ဦး ဖြစ်လာပြီးသည့် အချိန်မှ စ၍ သူ၏ သဘောထားမှု များစွာ ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ သူ၏ အလုပ်က ဝေ့ဝူယင်ကို အစွမ်းကုန် ကာကွယ်ရန် ဖြစ်သည်။ ဝေ့ဝယင် နောက်ကို လိုက်ကာ ကိုယ်ပိုင် ကျင့်ကြံခြင်း အခြေခံကို အထွတ်အထိပ် ရောက်အောင် မြှင့်တင်ရန် ဖြစ်သည်။ ထိုအရာက မည်သည့် လျှို့ဝှက် ကျိန်စာနှင့်မျှ ချုပ်နှောင်ထားခြင်း မရှိသည့် သူ၏ စစ်မှန်သော သဘောထား ဖြစ်ပေသည်။

ဝူယု လျှို့ဝှက် ဝိညာဥ်ကိုပါ အကန့်အသတ် ရောက်အောင် တိုးမြှင့် လိုက်၏။ သူ၏ နှလုံးခုန်နှုန်းနှင့် သွေးစီးဆင်းမှုတို့က အဆပေါင်းများစွာ မြင့်တက်သွားကာ မူလ အမတေနှင့် သွေးအမတေ အော်ရာများ ပေါက်ကြားလာခဲ့သည်။ ၎င်းတို့က ထူးထူးခြားခြားပင် ဟန်ချက်ညီသည့် အနေအထား တစ်ခုသို့ ရောက်ရှိသွားကာ သူ့ မျက်သားဖြူဖြူများမှာ ကြွယ်ဝသည့် အလင်းတန်းများဖြင့် ပြည့်နှက် လာခဲ့၏။

ရုတ်တရက်.. ဝူယုမှာ သွေးမူလ နည်းလမ်းကို ကျင့်ကြံရန် အာသီသ ပြင်းထန်လာခဲ့၏။ လက်ရှိ ဖြစ်ပေါ် နေသည့် လျှို့ဝှက် ဝိညာဥ်၊ မူလ အမတေ၊ သွေးအမတေတို့ အကြားမှ စည်းလုံး ညီညွှတ်သည့် ခံစားချက်ကို အသုံးပြုကာ နှလုံးသား အတွင်း ပေါင်းစည်းပါက သူ သွေးမူလ နည်းလမ်း၏ တတိယ အဆင့်ကို ရောက်ရှိလိမ့်မည် ဖြစ်သည်။ ထိုအခါ... ဒုတိယမြောက် ထျန်းတျန် တစ်ခု ဖွဲ့စည်း လာပေလိမ့်မည်။

ဝေ့ဝူယင်နှင့် ကျန့်ကျန့်တို့ အပါအဝင် အားလုံးမှာ ဝူယုထံမှ ထွက်ပေါ်နေသည့် ထူးဆန်းသော အော်ရာများကို သတိထားမိလိုက်ကြ၏။ အားလုံး၏ အကြည့်များက ဝူယု အပေါ်သို့ ကျရောက်သွားသည်။ ဝိညာဥ်ရှန့်ထို ဧကရာဇ်သည်လည်း ချွင်းချက် မဟုတ်ပါချေ။

“မူလ အမတေ အော်ရာလား...”

စွန်းလီက ကိုယ့်ကိုယ်ကို မေးဟန်ဖြင့် တိတ်တဆိတ် ရေရွတ်လိုက်၏။ သို့သော်လည်း သူမ၏ ဘေးနားရှိ ချင်းဖုန်းကတော့ အလွန်ပင် အံ့အားသင့် သွားခဲ့လေသည်။ ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေတွင် ဝူယုနှင့် စကားပြောခဲ့စဉ် အခါက သွေးမူလ နည်းလမ်း အကြောင်း သူမ တစ်စွန်းတစ်စ ကြားခဲ့ဖူးသည်။

ဝူယုက တိုက်ရိုက် မပြောခဲ့သည့်တိုင်... သွေးအမတေနှင့် မူလ အမတေတို့ကို မိမိ ပိုင်ဆိုင်ထားသည့် လျှို့ဝှက် ရည်ရွယ်ချက်နှင့် ပေါင်းစပ်ကာ ပြိုင်စံရှား သွေးမူလ အမတေ တစ်ခု ဖန်တီးပေးနိုင်သည့် နည်းလမ်းတစ်ခု ရှိကြောင်း ပြောပြခဲ့သည်။ လျှို့ဝှက် အာဏာရှင် အဆင့်များ အနဖြင့် ထိုပြိုင်စံရှား သွေးမူလ အမတေကို အသုံးပြုကာ နှလုံးသားတွင် ဒုတိယမြောက် ထျန်းတျန် တစ်ခု ဖန်တီးနိုင်ပေသည်။ ထိုထျန်းတျန်မှာ မိမိ၏ ရုပ်စွမ်းအင်များကို အကန့်အသတ် ရောက်အောင် တိုးမြှင့် ပေးနိုင်စွမ်း ရှိသည့် အပြင် လျှို့ဝှက် စွမ်းအင်ကိုပါ နောက်တစ်ဆင့်သို့ တိုးတက်စေလိမ့်မည် ဖြစ်သည်။

ဝူယုကို စိုက်ကြည့်ရင်း ချင်းဖုန်း၏ မျက်လုံးများက စိတ်ဝင်စားမှုများနှင့် ပြည့်နှက် သွား၏။ လက်ရှိ အာရုဏ်ဦး စစ်သည်၏ အခြေအနေက ထိုအဆင့်ကို တက်လှမ်းရန် အစပျိုးနေသည့်ပုံ ရသည်။

ဝေ့ဝူယင်မှာ ဆက်စပ်မှု စစ်အလံကို ဆုပ်ကိုင်ရင်း သက်ပြင်းချလိုက်မိ၏။ ဝူယုမှာ ခြားနားသည့် အဆင့် တစ်ခုကို ဖြည်းညင်းစွာ ထိတွေ့နေကြောင်း သူ သတိထားမိပေသည်။ သွေးမူလ နည်းလမ်း အကြောင်း သူ အတိအကျ မသိသည့်တိုင် ၎င်း၏ ရည်ရွယ်ချက်နှင့် ရလဒ်တို့ကိုတော့ နားလည်ပေသည်။ ကျင့်ကြံခြင်း အခြေခံ ချိုးဖျက်ခြင်းက ဘယ်လောက်တောင် အချိန်ကိုက်လိုက်သနည်း။

ကျန့်ကျန့်က ဝေ့ဝူယင်ကို စိတ်ဖြင့် ဆက်သွယ်လိုက်၏။

“မင်း ဒီအစေခံကို အခြားတစ်နေရာ ပို့လိုက်သင့်တယ်... သူ့ရဲ့ လက်ရှိ အခြေအနေက ဉာဏ်အလင်း ပွင့်နေတာ... တကယ်လို့ အဲဒီ ခံစားချက်ကို မကျင့်ကြံဘူး ဆိုရင် ဘဝ တစ်လျှောက်လုံး အခွင့်အရေး ဆုံးရှုံး သွားရလိမ့်မယ်”

ဝေ့ဝူယင်၏ ဉာဏ်နီဉာဏ်နက်တွင် ရှုံးနိမ့်ခဲ့ရပြီးနောက် ကျန့်ကျန့်မှာ သေမျိုးတစ်ယောက် နောက်ကို လိုက်ရန် တွန့်ဆုတ်မှုများ ရှိခဲ့သည်။ သို့သော်လည်း... ယခုတွင်တော့ သူ့အတွေးများမှာ ပြောင်းလဲစ ပြုနေခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်မှာ ဆက်စပ်မှု စစ်အလံကို ပိုင်ဆိုင်နိုင်ခဲ့သည့် အခြားလူများထက် ပိုမို၍ ထိုက်တန်ပေသည်။ မည်သို့ပင် ဆိုစေ... သူက သေမျိုးတစ်ယောက် အနေဖြင့် ၎င်းကို ရာနှုန်းပြည့် သန့်စင်နိုင်ခဲ့သည် မဟုတ်ပါလား။

ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်မိ၏။ ကျန့်ကျန့်မှာ အထူးသဖြင့် လျှို့ဝှက် တာအိုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များ အပေါ် ဗဟုသုတ ကြွယ်ဝသူ ဖြစ်သည်။ သူ့ စကားက မှားနိုင်စရာ မရှိချေ။ သို့သော်လည်း... ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ သူတို့၏ အရှေ့တွင်ပင် ရှိနေကာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ အစီအရင်ကို ထိန်းချုပ်ထားပေသည်။ အခြေအနေက ထင်သလောက် မရိုးရှင်းပါချေ။ သူ ဒွိဟ ဖြစ်နေမိ၏။

ကျန့်ကျန့်မှာ ဝေ့ဝူယင်နှင့် ထူးဆန်းသော စိတ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုများကို ပိုင်ဆိုင်ထားသူ ဖြစ်လေရာ ချက်ချင်းပင် လူငယ်၏ စိုးရိမ် ပူပန်မှုများကို ဖမ်းဆုပ်မိခဲ့၏။

“ကျုပ် ကိုင်တွယ်နိုင်တယ်... သေမျိုး...”

သူက သက်တောင့်သက်သာ ရှိသည့် လေသံဖြင့် ပြောလိုက်သည်။

“...”

ဝေ့ဝူယင် ကျန့်ကျန့်ကို လှည့်ကြည့်လိုက်သည်။ နဂါးခေါင်းဆောင်း နောက်မှ စစ်သူကြီး၏ မျက်လုံးများကို အကဲခတ်ရင်း ယုံကြည်နိုင်လောက်သည့် အကြောင်းရင်းကို ရှာဖွေ လိုက်သည်။

လက်ရှိ ကျန့်ကျန့်မှာ ပထမတစ်ကြိမ်ကလို သူ့ ကိုင်ပိုင် စွမ်းအင်များဖြင့် ဖန်တီး တည်ဆောက်ထားသည့် ကျန့်ကျန့် မဟုတ်ပါချေ။ အာရုဏ်ဦး ဝိညာဥ်ပင်လယ် ဆေးရည်၊ မူလ အလင်းတို့ဖြင့် သန့်စင်ထားသည့် ကျန့်ကျန့်သာ ဖြစ်သည်။ ဝေ့ဝူယင်မှာ ဆက်စပ်မှု စစ်အလံကို ၁ ရာခိုင်နှုန်း အထိ ကိုယ်ပိုင် စွမ်းအင်များနှင့် သန့်စင်ခဲ့သော်လည်း ထို ၁ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်း အထိကိုတော့ အထက် ဖော်ပြပါ စွမ်းအင် ရင်းမြစ် နှစ်မျိုးတည်းဖြင့် သန့်စင်ခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်လေရာ... ကျန့်ကျန့် အနေဖြင့် ပထမ တစ်ကြိမ်ကလိုမျိုး ဟင်းလင်းပြင် စွမ်းအင်၊ ဆေဘာ စွမ်းအင်တို့ကဲ့သို့ သူ ပိုင်ဆိုင်ထားသည့် စွမ်းအင်များကို သုံးနိုင်တော့မည် မဟုတ်ပါချေ။

ဘယ်လိုပဲ ဖြစ်ဖြစ်... ဆက်စပ်မှု စစ်အလံကို ရာနှုန်းပြည့် သန့်စင်ပြီးသွားခြင်းကလည်း အောင်မြင်ခြင်း တစ်မျိုးပင် ဖြစ်သည်။ ထို့အပြင်... သူ ကျန့်ကျန့်ပြောသည့် နည်းလမ်း အတိုင်း စစ်ဝိညာဥ်ပေါင်း ရှစ်ထောင်ကျော်ကို အသုံးပြုကာ ဆက်စပ်မှု စစ်အလံကို အဆင့်မြှင်တင်ခဲ့သေးသည်။

စစ်ဝိညာဥ် ရှစ်ထောင်...

အဇူရာမူလ ကြယ်စင်စုတွင် လောကရှန့်ထိုများမှာ စစ်ဝိညာဉ် တစ်ရာ အတွက်ပင် သေမျိုးများကို ဝိညာဥ်သခင်များ အဖြစ် ပြောင်းလဲပေးရန် လှုပ်ရှားကြကြောင်း ကြားဖူးသည်။ အထွတ်အထိပ် မြေကြီး ကျင့်ကြခြင်း နည်းလမ်း ဖြစ်သည့် စစ်ဝိညာဥ် ထူးကဲသော ကမ္ဘာဆိုလျှင် စစ်ဝိညာဉ် ၈၀၀၀ အထိ တန်ဖိုး ရှိသည်။ ကျန့်ကျန့်တို့ကို အနိုင်ယူပြီးနောက်၌ စစ်ဝိညာဥ်ပေါင်း ၁၃၀၀၀၀၀၀ ရရှိခဲ့သည့်တိုင် ၈၀၀၀ ဆိုသည့် တန်ဖိုးက မနည်းကြောင်း ဝေ့ဝူယင် သိပေသည်။

အမှန်အတိုင်း ဝန်ခံရပါက မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ မြေကြီး ရှန့်ထိုများ အပေါ် ဝေ့ဝူယင် ယုံကြည်ချက် သိပ်မရှိချေ။ ဆက်စပ်မှု စစ်အလံက အစစ်အမှန် မွေးဖွားခြင်းကို သူ ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည့် အကြောင်းရင်းလည်း ဖြစ်သည်။

ဝေ့ဝူယင်၏ စိတ်က တဖြည်းဖြည်း တည်ငြိမ်သွား၏။ ကျန့်ကျန့်ထံမှ အတည်ပြုချက်ကို ရယူပြီးနောက် သူ ဝူယုဘက်သို့ ပြန်လှည့်လိုက်သည်။

“ခင်ဗျား ခု ကျင့်ကြံသင့်တယ် ထင်တယ်... မဟုတ်ရင် တစ်ဘဝစာ အခွင့်အရေး ဆုံးရှုံးသွားလိမ့်မယ်... ကျုပ် ခင်ဗျားကို ပြန်ပို့ပေးလိုက်မယ်”

“...”

အားလုံးမှာ ထိုစကားလုံးများကို ကြားလိုက်ကြရလေရာ ဆွံ့အသွားကြ၏။ ပြန်ပို့ပေးမယ်... ဟုတ်စ။ ဝိညာဥ်ရှန့်ထို ဧကရာဇ်က သဘောတူညီလိမ့်မည်ဟု သူက ထင်နေသည်လား။

အခြားတစ်ဖက်၌ ဝူယမှာ ဖြူရော်စွာ ပြုံးလိုက်မိ၏။ သို့သော်လည်း... သူ၏ အသိစိတ် ပင်လယ် အတွင်းတွင်တော့ အတွေးများမှာ တစ်ခုတည်း အဖြစ် ပေါင်းစည်းနေပြီ ဖြစ်ကာ ခန္ဓာကိုယ်မှာလည့်း ထူးဆန်းသော ခံစားချက်ဖြင့် တုန်ရီနေသည်။ ထိုအရာ အားလုံးမှာ လျှို့ဝှက် ဝိညာဉ်ထံမှ ပြင်းပြသော ဆန္ဒနှင့် အတူ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဝေ့ဝူယင် ပြောတာ မှန်သည်။ သူ ကျင့်ကြံရန် လိုအပ်သည်။ မဟုတ်ပါက... တစ်သက်စာ အခွင့်အရေး ဆုံးရှုံးသွားပေလိမ့်မည်။

ဘယ်လောက်တောင် ချိန်သားကိုက်လိုက်သနည်း။

“ဟဟ... ပြဿနာ မရှိဘူး...”

ဝေ့ဝူယင်က ရယ်မောလိုက်၏။ ထို့နောက် သူက ကျန့်ကျန့်ဘက်ကို ကြည့်လိုက်သည်။ ကျန့်ကျန့်က ခိုင်မာစွာပင် ခေါင်းညိတ်ပြလိုက်၏။

လူတိုင်းမှာ ထူးဆန်းသည့် ခံစားချက် တစ်ခုကို ခံစားလိုက်ရ၏။ ဝိညာဥ်ရှန့်ထို ဧကရာဇ်ကတော့ လက်ပိုက်ကာ ထိုပြဇာတ်ကို ရွှင်မြူးစွာ ကြည့်နေလိုက်သည်။

ထိုထူးဆန်းသော မြေကြီး ရှန့်ထိုရော ဝူယုရော သူ့မျက်လုံးအောက်မှ ထွက်ပြေးနိုင်လိမ့်မည်ဟု သူ မယုံကြည်ချေ။ လျှို့ဝှက် ကြယ်ကိုးပွင့် ပေါင်းဆုံခြင်း အစီအရင်မှာ ချိတ်ဆက် ဝင်္ကပါ တစ်ခု ဖြစ်ကာ မတူကွဲပြားသော အစီအရင် ကိုးခုဖြင့် ပေါင်းစပ် ထားခြင်း ဖြစ်သည်။ ၎င်းတို့ကို ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ အတွင်းရှိ နေကြယ် တစ်ခုချင်းစီနှင့် ချိတ်ဆက်ထား၏။ ထိုစီအရင်ကြီးတွင် ပါဝင်သည့် အဆင့်သုံးဆင့် စလုံးကို သူ့အနေဖြင့် ရာနှုန်းပြည့် မထိန်းချုပ် နိုင်သည့်တိုင် ပထမ အဆင့် ဖြစ်သည့် ကြယ်ကိုးပွင့် ပေါင်းဆုံခြင်းကိုတော့ ပြဿနာ တစ်စုံတစ်ရာ မရှိပဲ ထိန်းချုပ်နိုင်ပေသည်။

အကယ်၍ သူသာ ဆန္ဒရှိပါက... ကြယ်ကိုးပွင့် ရှန့်ထို ခန်းမ အုပ်စိုးရာ ဒေသ အတွင်းရှိ ဂြိုဟ်တိုင်း၊ လျှို့ဝှက် နယ်မြေတိုင်း၊ လောကနယ်မြေတိုင်းမှ စွမ်းအားများကိုပင် ထုတ်ယူနိုင်ပေသည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ အင်ပါယာ ပင်လျှင် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၌ သူ့ကို ရန်စရဲလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း နောက်ထပ် ဖြစ်ပေါ်လာခဲ့သော အရာများကား အားလုံးကို ပါးစပ် အဟောင်းသား ဖြစ်သွားစေခဲ့လေသည်။

***

All Chapters