← Chapters

ကျန့်ကျန့်နှင့် ဝိညာဉ်ရှန့်ထို ဧကရာဇ်

Vol. 70 Ch. 974

ကျန့်ကျန့်နှင့် ဝိညာဉ်ရှန့်ထို ဧကရာဇ်

Vol. 70 Ch. 974

ဘုန်း...

နားစည်များ ကွဲထွက်လောက်အောင် နက်ရှိုင်းသည့် အသံ တစ်ခုမှာ အမှောင် ဟင်းလင်းပြင် အတွင်းဖြစ်ပေါ်လာ၏။ မိုင်ပေါင်း သောင်းချီ ပတ်လည်ရှိ လူတိုင်းမှာ ရင်ထဲ၌ မိုးကြိုးတစ်စင်း ပစ်ခတ် သွားသလို ခံစားလိုက်ရသည်။

လက်သီးချက်ကို ဗဟိုပြု၍ အလွန်တရာ ပြင်းထန်လှသည့် မုန်တိုင်း တစ်ခု ဖြစ်ပေါ်လကာ အာကာသကို ဖြတ်သန်း ရိုက်ခတ်သွား၏။

ဘုန်း...

မျက်နှာဖုံးတပ် သေမျိုး တစ်ပိုင်း အရှင်များမှာ အရှိန်အဟုန် ပြင်းစွာပင် အမှောင် ဟင်းလင်းပြင် အတွင်း ကစဉ့်ကလျား လွင့်စဉ်သွားသည်။ သေမျိုးအဆင့်လွန် စွမ်းအားများအား ချိပ်ပိတ်ခံထားရခြင်းနှင့် အတူ သူတို့မှာ သစ်ရွက်ခြောက်များ ပမာ သေးငယ် အားလွန်းလှသည်။

ကံကောင်းထောက်မစွာပင်... စစ်ဝိညာဉ်များမှာ အလျှင်အမြန် လှုပ်ရှားလာကြ၏။ သေမျိုးတစ်ပိုင်း အရှင် အဆင့် တပ်ရင်း ကွန်မန်ဒါများ၏ ဦးဆောင်မှု နှင့် အတူ သူတို့မှာ အမှောင် ဟင်းလင်းပြင် အနှံ့ ရွေ့လျားသွားကာ သုံ့ပန်း တစ်ယောက်ချင်းစီကို ပြန်လည် ဖမ်းဆီးလိုက်ကြသည်။

အခြားတစ်ဖက်၌ မြေကြီး ရှန့်ထိုများကတော့ လျှို့ဝှက် အကာအကွယ်လွှာများကို ထုတ်ဖော်ကာ ကိုယ့်ကိုယ်ကို ကာကွယ် လိုက်ကြသည်။ ဖြတ်သန်းသွားသည့် အင်အားကို ကြည့်ရင်း သူတို့ မျက်လုံးများက သုန်မှုန်နေ၏။

လက်သီးတစ်ချက်...

လက်သီးတစ်ချက်တည်းမှ ထွက်ပေါ်လာသည့် အင်အားက ထိုမျှ ပြင်းထန်သလော။ သို့တိုင်အောင် သူတို့မှာ ထိုလက်သီးချက်မှ ဖြာထွက်လာသည့် အဖျားအနား၏ ရိုက်ခတ်မှု ဒဏ်ကိုသာ ခံလိုက်ရခြင်း ဖြစ်သည်။ ပစ်မှတ်တည့်တည့် ဆိုလျှင် မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းမည်နည်း။

သို့သော်လည်း...

ဘုန်း...

ဝိညာဉ်ရှန့်ထို ဧကရာဇ်က လက်ကို မြှောက်ကာ ထိုလက်သီးကို ဖမ်းဆုပ်လိုက်၏။ သူက တိုက်ခိုက်မှုကို တိုက်ရိုက်ပင် တားဆီး ရပ်တန့်ပစ်လိုက်ခြင်းဖြစ်သည်။ သူ၏ အမူအရာက အပြောင်းအလဲ ကင်းမဲ့ကာ တည်ငြိမ်နေ၏။

သို့သော်လည်း... ထိုလက်သီးချက်ကို ဖမ်းဆုပ်ရန် အတွက်တော့ ဟန်ယုဟိုင်ကို သူ လက်လွှတ်လိုက်ရပြီ ဖြစ်သည်။ ဟန်ယုဟိုင်မှာ လွတ်မြောက်သွားသည်နှင့် ကိုယ်နေဟန်ထားကို ချက်ချင်း ထိန်းလိုက်နိုင်၏။ သူသည်လည်းပဲ အထင်သေး၍ မရနိုင်သည့် ထိပ်တန်း မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သည်။

သူ ချက်ချင်းပင် ဝိညာဉ်ရှန့်ထို ဧကရာဇ်ကို တန်ပြင်တိုက်စစ် ဆင်လိုက်၏။ သူ၏ လက်ဝါးက အပေါ်သို့ မြောက်တက်သွားကာ မြှောက်ကာ ဝိညာဉ်ရှန့်ထို ဧကရာဇ်ကို ရိုက်ချလိုက်သည်။ ဝိညာဉ်ရှန့်ထို ဧကရာဇ်ကို တိုက်ခိုက်ရန်က မည်မျှ ထိုကဲ့သို့ လွယ်ကူမည်နည်း။ သူက ချက်ချင်းပင် လက်သီးကို ပြန်ဆုပ်ကာ ထိုးနှက် လိုက်၏။

ဘုန်း...

လက်ဝါးနှင့် လက်သီးတို့ ထိတွေ့သည်နှင့် ဟန်ယုဟိုင်၏ ခန္ဓာကိုယ်မှာ နောက်သို့ ဥက္ကာပျံ တစ်ခုလို လွင့်စဉ်သွားတော့၏။

ကြောက်မက်ဖွယ် စွမ်းအား၏ အောက်၌ သူ၏ ဖြစ်တည်မှုမှာ မိုးကြိုးမုန်တိုင်းကြားမှ ပင့်ကူ တစ်ကောင်လို အကူအညီ ကင်းမဲ့လှသည်။ မိုင်ပေါင်း သောင်းချီသည် အထိ ဟန်ယုဟိုင်မှာ ခန္ဓာကိုယ် ဟန်ချက်ကို ပြန်မထိန်းနိုင်ခဲ့ပါချေ။

နောက်ဆုံး... ပြန်လည် ရပ်တန့်လိုက်နိုင်သည့် အခိုက်တွင်တော့ သူ ကိုးရောင်ခြယ် သွေးများကို အန်ထုတ်လိုက်ရ၏။ သူ၏ မျက်လုံးများ သွေးများဖြည့် ပြည့်နှက်နေသည့် အလား ရဲရဲနီနေသည်။ တစ်ချိန်တည်း၌ သူ၏ လျှို့ဝှက် အော်ရာမှာလည်း အကန့်အသတ် ရောက်သည် အထိ ထိုးစိုက်ကျသွားခဲ့၏။ ဟန်ယုဟိုင် ဒဏ်ရာ ရသွားခဲ့ပြီ ဖြစ်ပေသည်။

အခြားတစ်ဖက်၌...

ဝိညာဉ်ရှန့်ထို ဧကရာဇ်နှင့် ကျန့်ကျန့်တို့မှာ မူလ နေရာတွင် သုံးစက္ကန့်ကြာသည် အထိ ဆက်လက် ရပ်နေခဲ့ကြ၏။ ၎င်းက မြေကြီး ရှန့်ထိုများ အတွက် အလွန်ပင် ကြာညောင်းလှသည့် အချိန် ဖြစ်သည်။ သူတို့က ထိုမျှ ရှည်ကြာအောင် ရပ်နေကြခြင်း ဖြစ်ပေသည်။

ထို့နောက်... ရုတ်ချည်းပင် ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ မျက်လုံးများမှာ မျက်စိကန်းလောက်သည့် ဝိညာဉ်အလင်းများနှင့် စတင် ‌တောက်ပလာခဲ့၏။ တစ်စက္ကန့်၏ အပုံတစ်ထောင်ပုံ တစ်ပုံမျှ အတွင်းမှာပင် မြေကြီး ရှန့်ထို များစွာမှာ သူတို့ မျက်လုံးများကို ဖုံးကွယ် လိုက်ရသည်။ သူတို့မှာ သေမျိုး အကန့်အသတ်ထက် ကျော်လွန်သည့် မျက်လုံးများကို ပိုင်ဆိုင်ထားကြသည့်တိုင် စူးအောင့်နေသလို ခံစားလိုက်ကြရ၏။ အချို့က သူတို့ မျက်လုံးများကို တစ်ခါတည်း ချိပ်ပင် ပိတ်ပစ်လိုက်ကြသည်။

ဘုန်း... ဘုန်း... ဘုန်း...

ဆက်တိုက်ဆိုသလိုပင် ပေါက်ကွဲသံများကို သူတို့ ကြားလိုက်ကြရ၏။ ပေါက်ကွဲမှု လှိုင်းများ အောက်၌ သူတို့ အဝတ်အစားများက ပြင်းထန်စွာ လှုပ်ခါသွားကြသည်။ အာလုံး၏ နှလုံးသားမှာ တဒိတ်ဒိတ် တုန်ရီလာကြ၏။ သို့သော်လည်း... သူတို့ မျက်လုံးများကိုတော့ ဖွင့်မကြည့်ရဲကြပါချေ။

တိုက်ပွဲ ဧရိယာ၏ အစွန်အဖျားတွင်တော့ ဝေ့ဝူယင်မှာ ပိုင်လင်ကို စီးနင်းကာ အမြင့်ဆုံးသော အမြန်နှုန်းဖြင့် ဆုတ်ခွာ နေခဲ့၏။ သူ့ နောက်ကြော တစ်ခုလုံးက ဇောချွေးစေးများဖြင့် စိုဆွတ်နေသည်။ အကယ်၍ ဆုတ်ခွာရန် အနည်းငယ်သာ နောက်ကျခဲ့ပါက သူ၏ သေမျိုး ခန္ဓာမှာ ထိုနေရာတွင် ပြာအဖြစ် ပြောင်းလဲ သွားလောက်ပြီ ဖြစ်သည်။

သို့သော်လည်း... ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက ကြည်လင်မှု၊ ခိုင်မာမှုများဖြင့် ပြည့်နှက်နေဆဲ ဖြစ်သည်။ ငရဲ၏ ကပ်ဘေးကြီး ဆယ့်ရှစ်ခုနှင့် နှိုင်းယှဉ်ရပါက မြေကြီးရှန့်ထို အဆင့်က ဘာမလို့နည်း။ မြေကြီး ရှန့်ထို တစ်ယောက်ကိုပင် ကြောက်လန့်နေပါက သူ့ဘဝက မည်ကဲ့သို့ သုံးစားရတော့မည်နည်း။

ဟူး... ဟူး...

ပိုင်လင်မှာ အမြင့်ဆုံးသော အမြန်နှုန်းဖြင့် ပျံသန်းနေ၏။ မီးတောက်များက သူမ၏ နောက်၌ အလင်းတန်း တစ်ခု သဖွယ် ယှက်သမ်း ကျန်ရစ်ခဲ့သည်။ ရွှေရောင် မီးတောက်များနှင့် ပြည့်နှက်နေသည့် သူမ၏ မျက်လုံးများမှာ ခွန်အားကို တောင့်တသည့် ခံစားချက်များဖြင့် ပြည့်နှက်နေ၏။

ပိုင်လင် ပိုမို သန်မာချင်သည်။ ယခုထက်သာ ပိုမို သန်မာခဲ့ပါက ဝေ့ဝူယင်ကို ပိုမို ထိ‌ရောက်စွာ ကူညီနိုင်လိမ့်မည် ဖြစ်သည်။ ယခုလို ထွက်ပြေးရခြင်းမျိုးကို သူမ အလွန် မုန်းတီးသည်။

ဝှစ်... ဝှစ်...

စက္ကန့်အနည်းငယ် အတွင်းမှာပင် သူတို့မှာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ နယ်စပ်သို့ ရောက်လာခဲ့၏။ နယ်စပ် အစွန်း တစ်နေရာတွင်တော့ မြေကြီး ရှန့်ထို သုံးယောက်မှာ မတူကွဲပြားသည့် အမူအရာများဖြင့် လေ့လာ နေခဲ့ကြသည်။

မာ့ကျန်းမှာ ဝေ့ဝူယင်၏ ပုံရိပ်ကို လှမ်းကာ စိုက်ကြည့်နေခဲ့၏။ သူ၏ မျက်နှာက အနည်းငယ် ဖြူရော်နေသည့်ပုံ ရသည်။ သို့သော်လည်း ထိုဖြူရော်မှုက အတွင်း ဒဏ်ရာကြောင့် မဟုတ်ပဲ စိုးရိမ် ပူပန်သည့် ခံစားချက်ကြောင့်သာ ဖြစ်ပေသည်။ ဝေ့ဝူယင်မှာ နွေးထွေးမှုကို ခံစားလိုက်ရ၏။

ထျန်းမူယန်နှင့် ယန်ချောင်ယွီတို့မှာလည်း မာ့ကျန်း၏ ဘေးနားမှ ဝေ့ဝူယင်ကို စောင့်ဆိုင်း နေခဲ့ကြ၏။ သူတို့၏ မျက်လုံးများက ဝေ့ဝူယင်ထံမှ တစ်ဆင့် ဝိညာဉ်ရှန့်ထို ဧကရာဇ်နှင့် ကျန့်ကျန့်တို့၏ တိုက်ပွဲထံ ပြန်လည် ရွေ့လျား သွားကြသည်။ ထိုအဆင့် တိုက်ပွဲများ အပေါ် အာရုံစူးစိုက်မှု လွှဲဖယ်ရန်မှာ ခက်ခဲလွန်း လှသည်။ ထိုအတွက်တော့ ဝေ့ဝူယင် သူတို့ကို အပြစ်မတင်ချေ။

ဝေ့ဝူယင် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ အပြင်ဘက်ကို ရောက်သည်နှင့် မာ့ကျန်းက အလျှင်အမြန်ပင် အနားသို့ ရောက်ရှိလာ၏။ ထို့နောက် သူက ဝေ့ဝူယင်နှင့် ပိုင်လင်တို့ကို လျှို့ဝှက် စွမ်းအင်ဖြင့် ကာကွယ်ကာ မိုင်ပေါင်း များစွာ အကွာအဝေးသို့ ခေါ်ဆောင်သွား၏။

ဝေ့ဝူယင်က အဘယ်ကြောင့် ဝူယုကို ပြန်လွှတ်လိုက်ကြောင်း သူ နားမလည်နိုင်ပါချေ။ ဝူယု မရှိခြင်းကြောင့်သာလျှင် ယခုလောက်အထိ အခြေအနေ ဆိုးသွားခဲ့ခြင်း ဖြစ်သည်။ မာ့ကျန်းမှာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေထဲ ဝင်ရောက်ကာ ကူညီချင်သည့် လျှို့ဝှက်ကျိန်စာ၏ တားဆီးမှုကြောင့် အပြင်ဘက်တွင်သာ စောင့်ဆိုင်း နေရခြင်းဖြစ်သည်။ အထဲကို ဝင်ရောက်ရန် တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည့် ဖေးယဲ့လီယင်မှာလည်း ချိပ်ပိတ် ဖမ်းဆီးခံလိုက်ရပြီ မဟုတ်ပါလော။

ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေနှင့် မိုင်ပေါင်းများစွာ အကွာအဝေးသို့ အရောက်၌ သူတို့ ရပ်လိုက်ကြ၏။ ပိုင်လင်က နောက်ကို ပြန်လှည့်ကာ ကြယ်တာရာ နယ်မြေကို မျက်နှာချင်းဆိုင် လိုက်သည်။ သူမ၏ မျက်လုံးများက တိုက်ပွဲကို စိုက်ကြည့် လိုက်၏။ သူမ၏ မီးတောက် မျက်လုံးများထဲ၌ ကမ္ဘာကြီးကို ဝါးမြိုရန် ပြင်းပြသော ဆန္ဒတစ်ခု ရှိနေခဲ့လေသည်။

....

ဘုန်း... ဘုန်း... ဘုန်း...

ပေါက်ကွဲသံများမှာ လေထုကြားခံ မရှိသည့် ဟင်းလင်းပြင်ကို လှိုင်းများ အဖြစ် ဖြတ်ကျော်ကာ ဝိညာဉ်ရှန့်ထို နယ်မြေ တစ်ခုလုံးကို ပျံ့နှံ့နေ၏။ ၎င်းတို့၏ ရိုက်ခတ်မှုအောက်၌ လောကကွဲပျက်လ၏ ပတ်လမ်းကြောင်း ပင်လျှင် တဖြည်းဖြည်း နောက်သို့ ရွေ့လျားသွားသည်။

ဘုန်း...

နောက်ဆုံး၌ ပုံရိပ် နှစ်ခုမှာ ခွဲခွာသွား၏။ သူတို့က မိုင်ထောင်ဂဏန်း အနည်းငယ်ထိ ကိုယ်စီ နောက်ဆုတ်သွားကြသည်။ သူတို့၏ မျက်လုံးများက စူးရဲသော အလင်းတန်းများဖြင့် တဖျပ်ဖျပ် တောက်ပနေကာ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့် နေ၏။

ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ အမူအရာက ယခင်ကလို ပေါ့ပါးခြင်း မရှိတော့ပဲ လေးနက် နေသည်။ သူတို့ နှစ်ယောက် တိုက်ကွက်ပေါင်း ၁၃၀၀ ကျော်ခန့် ဖလှယ်ခဲ့ပြီး ဖြစ်သည်။ ထိုအရာက လျှို့ဝှက် စွမ်းအင်၊ ရုပ်စွမ်းအင်တို့ အပေါ် မှီခို တိုက်ခိုက်သည့် အနီးကပ်တိုက်ပွဲ တစ်ခု ဖြစ်သည်။ သို့သော်လည်း... သူ နဂါးခေါင်းဆောင်းနှင့် မြေကြီး ရှန့်ထိုကို အနိုင်မယူနိုင်ခဲ့ချေ။ ထိုကိုယ်ပွားလိုလို၊ ရုပ်သေးရုပ် လိုလို သတ္တဝါက အားလုံးကို ချေဖျက်နိုင်ခဲ့သည်ချည်းသာ ဖြစ်သည်။

“ဒီကောင်က အတော်လေး ကြောက်စရာ ကောင်းတယ်...”

ဝိညာဉ်ရှန့်ထို ဧကရာဇ် ရိုးသားစွာပင် တွေးလိုက်မိ၏။ သို့သော်လည်း ထိုတိုက်ပွဲမှ တစ်ဆင့် စစ်ကွန်မန်ဒါ၏ ခွန်အားကိုတော့ သူ အကြမ်းဖျဉ်း ခန့်မှန်းလိုက်နိုင်ပြီ ဖြစ်သည်။ သူက လမ်းစဉ် ခုနစ်ခု ထိပ်တန်း မြေကြီးရှန့်ထို များလောက် အစွမ်းထက်ကာ အနီးကပ် တိုက်ခိုက်ရေး စွမ်းအင်မှာ အံ့အားသင့်စရာ ကောင်းလွန်းလှသည်။

သူ၏ တိုက်ခိုက်မှုတိုင်း၊ ခုခံမှုတိုင်းက စီစဉ် တွက်ချက်ထားသည့် ဗျူဟာ တစ်ခု အတွင်း ပါဝင်နေကာ တန်ပြန် တိုက်စစ်တိုင်းမှာလည်း အသက် အန္တရာယ်ကိုပင် အချိန်မရွေး နှုတ်ယူသွားနိုင်စွမ်း ရှိပုံ ပေါ်သည်။ အကယ်၍ သတိလက်လွတ်သာ ဖြစ်သွားပါက စက္ကန့်ဝက်မျှ အတွင်း သူ ဒဏ်ရာ အကြီးအကျယ် ရရှိသွားပေလိမ့်မည်။ ထိုမျှ ကြီးမားသော ဖိအား၏ အောက်၌ ဝေ့ဝူယင် နှေးကွေးစွာ လွတ်မြောက်သွားသည်ကို သူ ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

တည်ငြိမ်စွာ ရပ်နေသည့် ကျန့်ကျန့်ကို ကြည့်ရင်း ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ မျက်လုံးများက ပိုမို၍ လေးနက် လာ၏။ ထိုမြေကြီးရှန့်ထိုကို ဝေ့ဝူယင်က မည်ကဲ့သို့ ဖန်တီးထားသနည်း။ မည်ကဲ့သို့သော ကြယ်တာရာ နယ်မြေမှ နည်းပညာနည်း။ သေချာတာ တစ်ခုက... ထိုနဂါးခေါင်းဆောင်း ပိုင်ရှင် အသုံးပြုခဲ့သော ဗျူဟာများမှာ ဤမဟာစက်ဝန်း ကြယ်ကွင်းပြင်မှ မဟုတ်ချေ။ သူနှင့် တိုက်ခိုက်ရသည်က လွယ်ကူလိမ့်မည် မဟုတ်ချေ။ အကယ်၍ အခန့်မသင့်ပါက ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ ပျက်စီးရမည့် အရေးနှင့်ပင် ရင်ဆိုင် သွားရနိုင်ချေ ရှိသည်။

“ကျန်တဲ့လူတွေနဲ့ လက်တစ်ဖက်ကို ချန်ခဲ့ပြီး ထွက်သွားလိုက်ပါ... ငါ ဒီကိစ္စကို မေ့ပစ်လိုက်မယ်”

ဝိညာဉ်ရှန့်ထို ဧကရာဇ်က လွတ်မြောက်နိုင်သည့် လမ်းကြောင်း တစ်ခု ဖွင့်ပေးလိုက်၏။ အထူးသဖြင့် တည်နေရာက ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ ဖြစ်နေချိန်တွင် ထိုကမ်းလှမ်းမှုမှာ အလွန်ပင် အံ့အားသင့်စရာ ကောင်းလှသည်။ ကျန့်ကျန့်၏ အခြား မြေကြီး ရှန့်ထိုတစ်ယောက် ဆိုပါက ချက်ချင်းပင် လက်တစ်ဖက်ကို ချန်ရစ်ကာ ထွက်သွားဖို့ ရွေးချယ်လိမ့်မည် ဖြစ်သည်။

“...”

သို့သော်လည်း အားလုံး ထင်မှတ်ထားသည်နှင့် ဆန့်ကျင်ဘက်ပင် ကျန့်ကျန့်၏ မျက်လုံးများက မပြောင်းမလဲ တည်ငြိမ်နေကာ ဝိညာဉ်ရှန့်ထို ဧကရာဇ်ကို စိုက်ကြည့်နေဆဲ ဖြစ်ပေသည်။ သူက ထွက်သွားမည့် လက္ခဏာ မရပါချေ။

***

All Chapters