← Chapters

တိုက်ခိုက်မှု နှစ်ခု

Vol. 70 Ch. 979

တိုက်ခိုက်မှု နှစ်ခု

Vol. 70 Ch. 979

အမှောင် ဆင်းသက်လာခြင်း၊ အလင်း၏ သက်ရောက်မှု၊ စစ်ခေါ်ခံများနှင့် အဆုံးမဲ့ ပျက်သုဉ်းခြင်းများ...

အနက်ရှိုင်းဆုံးသော အမှောင်ထု ငရဲ ရောက်ရှိလာသလို ကြယ်တာရာ နယ်မြေ တစ်ခုလုံးမှာ မဟူရာ ညဉ့်နက်ထဲ ကျရောက်သွား၏။

ကြည့်ရှုနေသူ အားလုံး၏ နှလုံးသားများက တုန်ရီသွားကြကာ အချို့ဆိုလျှင် စတင်ကာ သွေးပျက် ချောက်ချား လာကြသည်။

အလင်းမှာ သက်ရှိအားလုံး၏ ရင်းမြစ် ဖြစ်သည်။ ထို့အပြင်... နေကြယ်ကိုးစင်း၏ လှည့်ပတ်မှု၊ ဖန်တီးထားသည့် အလင်းများ၏ အကူအညီနှင့် အတူ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေတွင် ညဟူ၍ မရှိသလောက် ဖြစ်သည်။ အမှောင်ထု တစ်ခု ရုတ်ချည်း ကျဆင်းလာခြင်းက သူတို့ ဘဝ တစ်လျှောက်လုံး တစ်ခါမှ မကြုံတွေ့ဖူးသည့် ကိစ္စ ဖြစ်ပေသည်။

ထိုအရာအားလုံးကို ဖြစ်ပေါ်စေခဲ့သည့် ကျန့်ကျန့်ကတော့ လှံကို ဆုပ်ကိုင်ကာ လျှို့ဝှက် အော်ရာများကို ဖြန့်ကျက် ထား၏။ သူ၏ မျက်လုံး နှစ်လုံးက နဂါးခေါင်းဆောင်း၏ နောက်မှ နေကြယ် နှစ်ခုလို စူးရှစွာ တောက်ပနေသည်။

ဘုန်း...

ကျန့်ကျန့်၏ ညာဘက် လက်သီးမှာ ကျစ်ကျစ်ပါအောင် ဆုပ်သွား၏။ တစ်လောကလုံးရှိ အလင်းရောင်စဉ် အားလုံးမှာ သူ၏ လက်၌ စုစည်းနေကြကာ လက်ဖဝါးဆီ ဆက်လက် စီးဆင်း သွား၏။ မကြာခင်... ကြယ်တာရာ နယ်မြေ တစ်ခုလုံး၌ အလင်းတစ်စမျှပင် ကျန်ရစ်ခြင်း မရှိတော့ချေ။

“အဲဒါက ဘယ်လို စွမ်းအားမျိုးလဲ...”

စွန်းလီမှာ တုန်လှုပ် ချောက်ချားစွာဖြင့် ရေရွတ်လိုက်၏။

“အလင်းတွေ အားလုံးက သူ့ဆီ ရောက်သွားတာပဲ...”

ဟန်ယုဟိုင်ကလည်း မယုံကြည်နိုင်စွာ အော်ဟစ် လိုက်သည်။ မြေကြီး ရှန့်ထို တစ်ယောက်က ထိုကဲ့သို့ လုပ်နိုင်သလော။ ကြယ်တာရာ နယ်မြေ တစ်ခုလုံးရှိ အလင်းများကို မျက်တောင် တစ်ခပ်စာ အတွင်း စုပ်ယူနိုင်သည့် ကျင့်စဉ်မျိုး လောကတွင် ရှိသလော။

“အလင်း...”

ဝိညာဉ်ရှန့်ထို ဧကရာဇ်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထို့နောက်... သူက ရုတ်ချည်းပင် နောက်ကို ဆုတ်ဖို့ ပြင်လိုက်သည်။

သို့သော်လည်း... စစ်ကွန်မန်ဒါမှာ ခြေတစ်လှမ်း ဦးသွား၏။ သူက ဟင်းလင်းပြင်ကို ခြေထောက်ဖြင့် ပြင်းထန်စွာ ကန်ကျောက်ကာ ကျန့်ကျန့်ထံ အရှိန်အဟုန် ပြင်းစွာဖြင့် တိုးဝင်သွားသည်။

ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ နောက်ဆုတ်၍ မဖြစ်နိုင်တော့ကြောင်း သိရှိလိုက်၏။ မတုန့်မဆိုင်းပင် သူ၏ ရောင်စဉ် အလင်း လျှို့ဝှက် ဝိညာဉ်မှာ အလွန် များပြားလှသည့် စွမ်းအင်များနှင့် အတူ တုန်ရီလာ၏။ အလင်း စွမ်းအင်က ခန္ဓာကိုယ် အတွင်း ပျံ့နှံ့သွားကာ သွေးကြောများနှင့် ဆက်သွယ်သွားသည်။ ၎င်းတို့က လျှို့ဝှက် သင်္ကေတများထံကိုပါ စိမ့်ဝင်သွားကာ တောက်ပသည့် အလင်း ‌ရောင်စဉ်များကို ထုတ်လွှတ် လာ၏။ သို့သော်လည်း... သူ၏ ကိုယ်ရောင်ကိုယ်ဝါက ကျန့်ကျန့်နှင့် ယှဉ်လျှင် အားနည်းနေဆဲ ဖြစ်သည်။

တစ်လောကလုံး၏ အလင်းများကို သူ့အနေဖြင့် မည်ကဲ့သို့ ယှဉ်နိုင်ပါမည်နည်း။ ကျန့်ကျန့်မှာ ကြယ်တာရာ နယ်မြေတစ်ခုလုံး၏ အလင်းများကို သူ့ခွန်အား အသွင် ပြောင်းလဲ ပစ်လိုက်ခြင်းဖြစ်သည်။ ထိုအရာက အထူးအဆန်းတော့လည်း မဟုတ်ပါချေ။

ရောင်စဉ် အမျိုးအစား လျှို့ဝှက် သင်္ကေတမှာ စုပ်ယူမှုနှင့် သန့်စင်မှုတို့ အပါအဝင် လျှို့ဝှက် အလင်းများကို ထိန်းချုပ်နိုင်သည့် စွမ်းရည် တစ်မျိုး ပိုင်ဆိုင်ထားသည်။ ပြဿနာက နယ်ပယ် ဖြစ်သည်။ ကျန့်ကျန့် ထိန်းချုပ်နိုင်သည့် နယ်ပယ်က ကြောက်စရာ ကောင်းအောင် မြင့်မားလွန်းလှသည်။

ဘုန်း...

မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ကျန့်ကျန့်မှာ ဝိညာဉ်ရှန့်ထို ဧကရာဇ် အနားသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူ၏ အမြန်နှုန်းက ဝိညာဉ်ရှန့်ထို ဧကရာဇ်ထက်ပင် ကျော်လွန်နေ၏။ သူက ညာဘက်လက်သီးကို ဆုပ်ထားကာ ဘယ်ဘက်လက်ဖြင့် လခြမ်း သဏ္ဌာန် အသွားပါ လှံကို ဆုပ်ကိုင်ထား၏။ တစ်ချိန်တည်း၌ သူ၏ မျက်လုံးများမှာ အေးစက်သော အလင်းတန်များကို ထုတ်လွှတ်နေသည်။

သို့သော်လည်း... ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေတွင် အမြန်ဆုံး မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သည်။ သူက ကြယ်ကိုးပွင့် ရောင်စဉ်ဓားကို ကိုင်ဆောင်ကာ ဓားရည်ရွယ်ချက်ကို အကန့်အသတ်ထိ ရောက်အောင် မြှင့်တင် လိုက်၏။ သူက တန်ပြန် တိုက်စစ်ဆင်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း... ကျန့်ကျန့် ပိုမို နီးကပ်လာသည်နှင့် အမျှ ခန္ဓာကိုယ် အတွင်းရှိ ရောင်စဉ် စွမ်းအင်များက ကစဉ့်ကလျား ဖြစ်လာသည်ကို ဝိညာဉ်ရှန့်ထို ဧကရာဇ် ခံစားလိုက်ရ၏။ စစ်သူကြီး၏ လက်သီးက ထူးဆန်းစွာပင် ၎င်းတို့ကို ဆွဲဆောင်နေသည်။

“ချီး...”

ဝိညာဉ်ရှန့်ထို ဧကရာဇ်က ကျိန်ဆဲလိုက်ရင်း ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်များကို တည်ငြိမ်အောင် ကြိုးစား လိုက်၏။ သို့သော်လည်း တစ်လောကလုံးရှိ ဆွဲငင်အားများက သူ့ခန္ဓာကိုယ်ပေါ် သက်ရောက်နေသလို ခံစားချက်များက ပိုမို၍သာ တိုးလာနေခဲ့၏။

ကျန့်ကျန့်က လက်သီးဆုပ်ကို ဖြည်ကာ လက်ဖဝါးကို သူ့မျက်နှာထံ ညွှန်လိုက်သော အခိုက်တွင်တော့ ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ အားလုံး ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သိရှိလိုက်တော့၏။

အဘယ်ကြောင့်နည်း။ ကျန့်ကျန့်၏ လက်ဖဝါးထက်၌ အနက်ရောင် တွင်းပေါက် တစ်ခု တည်ရှိနေသောကြောင့်ပင်။ ၎င်းက အလွန် လှပသလို မြေကြီး ရှန့်ထိုများပင် နားလည်နိုင်သည့် အကန့်အသတ် အပြင်ဘက်၌ တည်ရှိနေ၏။

ကျင့်ကြံသူ တစ်ယောက်က မည်ကဲ့သို့ အနက်ရောင် တွင်းပေါက် တစ်ခုကို ပိုင်ဆိုင်ထားသနည်း။ အနက်ရောင် တွင်းပေါက်များမှာ စကြဝဠာ အတွင်း၌ အလွန်ပင် ထူးခြား ဆန်းကြယ်သည့် တည်ရှိမှုများ ဖြစ်သည်။ ၎င်းတို့က နေများ၊ လများ၊ ဂြိုဟ်များ အပါအဝင် တည်ရှိမှု မှန်သမျှကို ဝါးမြို ပစ်နိုင်စွမ်း ရှိသည်။

အကယ်၍ အမှောင် ဟင်းလင်းပြင်ထဲတွင် အနက်ရောင် တွင်းပေါက် တစ်ခုကိုတွေ့ပါက သူ အရာအားလုံးနှင့် ရင်းနှီးကာ ထွက်ပြေးဖို့ ကြိုးစားမိလိမ့်မည် ဖြစ်သည်။

ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ သူ ဖြည်းညင်းစွာဖြင့် အောက်ကို ပြုတ်ကျနေသလို ခံစားလာရ၏။ ပိုမို နီးကပ်လာသည်နှင့် အမျှ အနက်ရောင် တွင်းပေါက်မှ ထုတ်လွှတ်နေသည့် မြေဆွဲအား စွမ်းအင်များက ပိုမို၍ ပြင်းထန်လာသည်။ ၎င်းမှ သူ ရုန်းထွက်နိုင်စွမ်း မရှိပါချေ။ ထို့အပြင်... သူ့ခန္ဓာကိုယ် အတွင်းရှိ အလင်း အခြေပြု စွမ်းအင် အားလုံးမှာလည်း ထိန်းချုပ်မှုမှ ကင်းလွတ်ကာ ကြမ်းတမ်းစွာ စတင် လှည့်ပတ် နေခဲ့ပြီ ဖြစ်၏။

ကျန့်ကျန့်၏ လှုပ်ရှားမှု တစ်ခုတည်းကပင် သူ၏ ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံးကို အနိုင်ယူ ပစ်လိုက်ပြီ ဖြစ်သည်။ သို့သော်လည်း... အန္တရာယ်က ထိုမျှနှင့် ရပ်တန့်သွားခြင်း မရှိချေ။ ကျန့်ကျန့်မှာ သူ့အရှေ့သို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ ဝိညာဉ် အစီအရင် ဖြစ်စေ၊ လျှို့ဝှက် ကျင့်စဉ် ဖြစ်စေ မည်သည့်အရာကိုမှ ထုတ်ဖော်ရန် သူ့တွင် အချိန် မရှိတော့ချေ။

ထိပ်တန်း ကျင့်ကြံသူများ အကြားမှ တိုက်ပွဲများမှာ အလွန်အမင်း မြန်ဆန်လှကာ တိုက်ခိုက်မှု အနည်းငယ် အတွင်း အဆုံးသတ် သွားတတ်ကြောင်း သူ သင်ကြားခဲ့ဖူးသည်။ ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ ထိုအယူအကို ယုံကြည်ကာ တိုက်ပွဲတိုင်းကို အလျှင်မြန်ဆုံးသော နှုန်းဖြင့် အဆုံးသတ် နိုင်ခဲ့သည်သာ ဖြစ်သည်။

သို့သော်လည်း... ယခုတွင်တော့ နဂါးခေါင်းဆောင်းနှင့် မြေကြီး ရှန့်ထိုမှာ သူ့ထက် အဆပေါင်းများစွာ မြန်ဆန်ကာ အရာရာကို လက်ဦးမှု ရယူ သွားခဲ့ပြီ ဖြစ်သည်။

ထိုမြေကြီး ရှန့်ထိုက မည်သူနည်း။ ဝေ့ဝူယင်က မည်သူနည်း။

သူ၏ အတွေးများ အဆုံးမသတ်ခင်မှာပင် အလွန် ပြင်းထန်သည့် တိုက်ခိုက်မှု နှစ်ခုမှာ လျှို့ဝှက် အကာအကွယ်အလွှာပေါ် ကျဆင်းလာခဲ့လေတော့၏။

ဘုန်း...

ပထမ တစ်ခုက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသည့် လှံတိုက်ခိုက်မှု ဖြစ်သည်။ ၎င်းက လျှို့ဝှက် အကာအကွယ်လွှာကို ထုတ်ချင်းဖောက်ကာ ကြယ်ကိုးပွင့် ရောင်စဉ်ဓားကို ဘေးသို့ တွန်းဖယ် ပစ်လိုက်၏။ လခြမ်းကွေး သဏ္ဌာန် လှံသွားက သူ့ဝမ်းဗိုက်ထဲ ဝင်ရောက်သွားကာ ကျောနောက်ဖက်မှ ပြန်လည် ဖောက်ထွက်လာခဲ့သည်။

ဒဏ်ရာမှ နေ၍ သွေးဖြူဥများနှင့် အလင်းများမှာ မြစ်တစ်စင်း အလား ပေါက်ထွက်လာခဲ့၏။ ကျ့န်ကျ့န်က လှံကို လှည့်ကာ လခြမ်းကွေး အသွားနှင့် ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ ကျောရိုးကို ချိတ်လိုက်သည်။ ထို့နောက် သူနှင့် ပိုမို နီးကပ်အောင် ဆွဲယူလိုက်၏။

ထို့နောက်.. ဒုတိယမြောက် တိုက်ခိုက်မှုက အနက်ရောင် တွင်းပေါက်အား သယ်ဆောင်ထားသည့် လက်ဖဝါးဖြင့် ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ ရင်ဘတ်ကို ရိုက်ချလိုက်ခြင်းပင် ဖြစ်လေသည်။

အား...

အလွန်တရာ နာကျင်လှသည့် အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာကာ အလင်းများမှာ တစ်လောကလုံးကို ပျံ့နှံ့သွား၏။ ကြယ်တာရာ နယ်မြေ အတွင်း၌ ရှိနေသည့် လူတိုင်းမှာ တဒင်္ဂမျှ မျက်လုံးများ ကွယ်သွားသလို ခံစား လိုက်ကြရသည်။ မြေကြီး ရှန့်ထိုများပင်လျှင် ဘာကိုမှ မြင်နိုင်စွမ်း မရှိတော့...။

ထိုဖြစ်စဉ်တစ်ခုလုံးက နှစ်မိနစ်မျှ အထိ ကြာမြင့်ခဲ့၏။ အားလုံး အဆုံးသတ်ပြီး နောက်တွင်တော့ အနိုင်ရရှိသူက ရှင်းလင်း သွားခဲ့ပြီ ဖြစ်လေသည်။

ထိုအရာများဖြစ်ပျက် နေခဲ့သည့် နှစ်မိနစ် အတွင်းမှာပင် အခြားတစ်ဖက်ရှိ အမှောင်ထုထဲ၌ လျှို့ဝှက် အာဏာရှင် တစ်ထောင်နှင့် မြေကြီး ရှန့်ထို သုံးယောက်နှင့် ရင်ဆိုင် နေခဲ့ကြလေသည်။

***

All Chapters