စိတ်ဝိညာဉ်စွမ်းအား ၁.၂
Vol. 28 Ch. 3.157
ဝိညာဉ်စွမ်းအားဖြင့် ဖုံးလွှမ်းထားသော ရွှေငါးဝိညာဉ်၏ နှလုံးသည် မလွတ်မြောက်နိုင်တော့ဘဲ လုရွှမ်ကို လုံးလုံးလျားလျား ဖုံးအုပ်ကာ နွေးထွေးသော အလင်းရောင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွား၏။
"သက်တောင့်သက်သာ ရှိတယ်!"
လုရွှမ်သည် ချက်ချင်းပင် ပူပြင်းသော ရေပူစမ်း အတွင်းသို့ ဝင်သွားရသလို သူ၏ ဝိညာဉ်မှသည် သူ့ကိုယ်ခန္ဓာအထိ သက်တောင့်သက်သာ ရှိသွားသည်။ ယခင်က ငြိမ်သက်နေသော ဝိညာဉ်စွမ်းအား အတိုင်းအတာသည်လည်း တခဏချင်းပင် လျင်မြန်စွာ တိုးလာခဲ့သည်။
၀.၉၉၁
၀.၉၉၂
၀.၉၉၃!
၁.၀!
ဆယ်မိနစ် မပြည့်မီတွင် ဝိညာဉ်စွမ်းအား အတိုင်းအတာသည် ၀.၉၉ မှ အောင်မြင်စွာ ဖြတ်ကျော်၍ ၁.၀ နယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်။
ဝိညာဉ်စွမ်းအား ၁.၀ သို့ ရောက်ရှိသည်နှင့်တပြိုင်နက် သူသည် ချက်ချင်းဆိုသလို အခြားနယ်ပယ်တစ်ခုသို့ ဝင်ရောက်သွားသည့်နှယ် ခံစားလိုက်ရသည်။
အရင်ကတော့ ဝိညာဉ်စွမ်းအားက ခန္ဓာကိုယ်ကို ချည်နှောင်ထားသလိုမျိုး ကန့်သတ်ထားလို့ အရာများစွာလည်း မလုပ်ဆောင်နိုင်ပေမယ့် အခု နောက်ဆုံးမှာတော့ ရေထဲမှာ ငါးတစ်ကောင်က နဂါးအသွင်ပြောင်း၍ ကောင်းကင်ကို ခုန်ပျံပြီး သံကြိုးတွေကနေ လွတ်မြောက်သွားသကဲ့သို့ ရုပ်ခန္ဓာ၏ အကွာအဝေးကို အလိုအလျောက် ဖြန့်ကျက်လာနိုင်ပြီ။
ဆိုလိုသည်မှာ ဝိညာဉ်စွမ်းအား ၁.၀ သို့ရောက်သောအခါ ခန္ဓာကိုယ်၏ အစိတ်အပိုင်း အချို့သည် လူတစ်ဦးနှင့် ထိတွေ့ရန် မလိုအပ်သော်လည်း အကွာအဝေးသည် အလွန်နီးကပ်နေသရွေ့ ဝိညာဉ်စွမ်းအားသည် လူကိုသတ်ရန် အသုံးပြုနိုင်ဆဲ ဖြစ်သည်။
တစ်စုံတစ်ဦးကို သတ်ရန် ဝိညာဉ်စွမ်းအားကို အသုံးပြုလိုပါက ပြိုင်ဘက်ထက် ပြင်းထန်သော ဝိညာဉ်စွမ်းအားကို ဦးစွာ ပိုင်ဆိုင်ရမည်။ ၁.၀ဆိုသည့် ဝိညာဉ်စွမ်းအားသည် အလွန်ပြင်းထန်သော်လည်း ယွမ်ချီနယ်ပယ်ကို ခိုးဝင်တိုက်ခိုက်ရန်သာ လွယ်ကူသည်။
ယင်းယန်နယ်ပယ်ကို သတ်ချင်တယ် ဆိုရင်တော့ အနည်းငယ် ခက်ခဲပေလိမ့်မည်။ ယင်းယန်နယ်ပယ်သည် ခန္ဓာကိုယ် အတွင်းရှိ ယင်းနှင့် ယန်တို့သည် အပြန်အလှန် ဆက်စပ်နေပြီ။ ထို့ကြောင့် ဤနယ်ပယ် အဆင့်ရှိသူသည် အခြေခံ စိတ်စွမ်းအားက ၁.၀ သို့ရောက်ရှိနေပြီ ဖြစ်သည်။
"အဓိပတိနယ်ပယ်မှာ စိတ်ဝိညာဥ် စွမ်းအားက ၁.၀ကို ရောက်နေပြီ... တကယ်လို့ ခန္ဓာကိုယ် ခွန်အားကို ထပ်တိုးနိုင်ရင် သိုင်းစွမ်းရည် အမျိုးမျိုးကို ထိန်းချုပ်နိုင်ပြီ"
ဝိညာဉ်စွမ်းအားကို ဖြတ်ကျော် လိုက်ခြင်းဖြင့် လုရွှမ်၏ ခန္ဓာကိုယ် စွမ်းအားအပေါ် ထိန်းချုပ်မှုမှာလည်း တိုးမြင့်လာခဲ့သည်။ စိတ်ဝိညာဉ်က ခန္ဓာကိုယ်ကို မထိန်းချုပ်မီက မြင်းလှည်းငယ်လေးနှင့် တူနေသည်။
အချို့သော လှုပ်ရှားမှုများကို တွေးကြည့်လျှင်ပင် လုပ်နိုင်သည်ဟု မထင်ရသောလည်း အခုက အရမ်းလွယ်ပြီး ပြဿနာမရှိတော့ပေ။
"ဆက်သွားကြည့်ရအောင်!"
၁.၀ ကို ဖြတ်ကျော်ပြီး ရွှေငါးဝိညာဉ်၏ အကျိုးသက်ရောက်မှုသည် ပိုမိုများပြားသည်ကို သိ၍ မရပ်တန့်ဘဲ ပတ်ဝန်းကျင်ရှိ အလင်းရောင်ကို အရူးအမူး ဝါးမြိုပြီး စုပ်ယူနေတော့သည်။
ဤအလင်းတန်းများ၏ အာဟာရဓာတ်ဖြင့် ဖြတ်ကျော်သွားသော ဝိညာဉ်စွမ်းအားသည် တစ်ဖန်ပြန်လည် စုစည်းလာကာ ပိုမိုမြင့်မားသော အဆင့်သို့ ဆက်လက် ရွေ့လျားသွားခဲ့သည်။
၁.၀၁
၁.၀၂
တစ်နာရီ မပြည့်မီတွင် ဝိညာဉ်စွမ်းအားသည် ၁.၂ သို့ တိုးလာသော်လည်း ဤအချိန်တွင် ရွှေငါးဝိညာဉ်၏ နှလုံးမှ ဖြစ်ပေါ်လာသော အလင်းရောင်သည် မှိန်သွားသဖြင့် သူ့အတွက် တပ်တိုးရန် မဖြစ်နိုင်တော့ပေ။
"အဓိပတိနယ်ပယ်မှာတင် ဝိညာဉ်စွမ်းအားက ၁.၂အထိ ရောက်သွားပြီလား?"
နောက်ဆုံးတွင် ရွှေငါးဝိညာဉ်သည် လုံးဝသန့်စင် ပြီးသွားပြီး လုရွှမ်၏ မျက်လုံးများ တောက်ပလာသည်။
စိတ်စွမ်းအားကို မြှင့်တင်နိုင်သည့် ရတနာတစ်ခုမှာ မျှော်လင့်ထားသည့် အတိုင်း အမှန်တကယ်ပင် သူ၏ဝိညာဉ်စွမ်းအားကို ၀.၉၉မှ ၁.၂ အထိ တိုက်ရိုက် ထိုးဖောက်နိုင်ခဲ့သည်။
သာမန် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၃ ယင်းယန်နယ်ပယ်တွင် စိတ်ဝိညာဥ်စွမ်းအား အတိုင်းအတာမှာ ၁.၀ရှိကာ အဆင့်၄ ကျိုချင်းနယ်ပယ်တွင် ၁.၁ ဖြစ်ပြီး အဆင့်၅ ဟဲလင်နယ်ပယ်တွင် ၁.၂ ဖြစ်လေသည်။ ယခုသူသည် အဆင့်၅ ဟဲလင်နယ်ပယ်နဲ့ ယှဥ်နိုင်နေပြီ ဖြစ်သည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅ ဟဲလင်နယ်ပယ်တွင် ဝိညာဉ်စွမ်းအားသည် လျင်မြန်စွာ တိုးလာသည်။ ယခုအချိန်တွင် ဝိညာဉ်စွမ်းအား အတိုင်းအတာသည် ဤနယ်ပယ်တွင် ၁.၂ ရှိနေပြီမို့ ပြီးပြည့်စုံခြင်း နယ်ပယ်တွင် ၁.၅ ဝန်းကျင်ကို ရောက်နေမှာကို ကြောက်ရသည်။
ဒါပေါ့။ ဒီလိုမျိုး အရည်အချင်းရှိတဲ့ လူက အနည်းစုသာ ရှိကြသည်။ သူတို့ထဲက တစ်ယောက်ချင်းစီဟာ သူတော်စင်နယ်ပယ် ဝင်ရောက်ဖို့ ၅၀% အခွင့်အရေး ရှိနေပြီဖြစ်သည်။
ယခု လုရွှမ်သည် အဓိပတိနယ်ပယ် အထွတ်အထိပ်တွင်သာ ရှိပြီး သူ၏ ဝိညာဉ်စွမ်းအား အတိုင်းအတာသည် ၁.၂ အထိ ရောက်ရှိသွားသည်။ ၎င်းသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ အစောပိုင်းအဆင့်တွင်ရှိ သန်မာသူများနှင့် တူညီလေ၏။
"ခွန်အားကို စမ်းကြည့်ရအောင်!"
လက်တစ်ဖက် လှုပ်ရှားမှုနှင့်အတူ သစ်သားနီ လွင့်ထွက်သွားသည်။
ဝူး!
စူးစူးရှရှ အသံတစ်ခု ထွက်ပေါ်လာပြီး သစ်သားနီသည် လေထဲသို့ ထိုးဖောက် ဝင်ရောက်သွားကာ မြှားတစ်စင်း ပစ်သွင်းလိုက်သကဲ့သို့ အရှိန်အဟုန်ဖြင့် ရှေ့တည့်တည့်သို့ ပြေးသွားလေသည်။
"ခွန်အား သန်း ၄၀!"
သစ်သားနီထံမှ ချက်ချင်းဆိုသလို ထွက်ပေါ်လာသော စွမ်းအားကို ခံစားလိုက်ရသည့် လုရွှမ်မှာ စိတ်လှုပ်ရှားလွန်းလို့ ထခုန်လုနီးပါးပင် ဖြစ်သွားရသည်။
ယခုအချိန်တွင် သစ်သားနီသည် ကြီးမားသော ခွန်အား သန်း ၄၀ ဖြင့် မမျှော်လင့်ဘဲ ပေါက်ကွဲထွက်လာခဲ့သည်။ ယခင်က ၁ သန်းသာ ရှိခဲ့သော်လည်း ယခုအချိန်တွင် ၎င်း၏ တိုက်ရိုက် အဆ ၄၀ တိုးလာခဲ့သည်။
"လက်ရှိ ခွန်အားသန်း၄၀နဲ့ ဆို ဝိညာဉ်စွမ်းအားနဲ့ သစ်သားနီကိုပဲ အသုံးပြုမယ် ဆိုရင်တောင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅ ဟဲလင်နယ်ပယ် အစောပိုင်းအဆင့်က လူကို ယှဥ်နိုင်နေပြီ....သတ်ချင်ရင်တောင် သတ်ပစ်နိုင်တယ်!"
လုရွှမ် တစ်ယောက်တည်း ကျေနပ်စွာ ရယ်လိုက်သည်။
ယွမ်ချီနယ်ပယ် ပြီးပြည့်စုံသော အဆင့်၌ သန်မာသော လူတွင် ခွန်အားပေါင်း ၄ သန်းရှိပြီး ယင်းယန်နယ်ပယ် ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသူတွင် ၉ သန်း အပြည့်ရှိသည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၄ ကျိုချင်းနယ်ပယ် အစောပိုင်းအဆင့်တွင် ခွန်အားပေါင်း ၁၀ သန်းရှိကာ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ပါက ခွန်အားပေါင်း သန်း၃၀အထိ ရှိလာပြီ ဖြစ်သည်။
လက်ရှိသူ့ရဲ့ ခွန်အားပေါင်း သန်း၄၀သည် အဆင့်၅ ဟဲလင်နယ်ပယ် အစောပိုင်းအဆင့်တွင် အတိအကျ အစွမ်းထက်သည်။ တစ်ချက်ရွှေ့ရုံဖြင့် ကမ္ဘာမြေကြီး ကွဲအက်သွားကာ တောင်များနှင့် မြစ်များ ပျက်စီးသွားမည် ဖြစ်သည်။
အဓိပတိနယ်ပယ်တွင် ခွန်အားပေါင်း သန်း၄၀ရှိလို့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ အစောပိုင်းအဆင့်ကို ယှဥ်နိုင်သည့် အရည်အချင်းသည် အဓိက ဂိုဏ်းကြီး၆ခုတွင်ပင် မရှိခဲ့ဖူးချေ။
ဒီသတင်း ထွက်လာတာနဲ့အမျှ ကျင့်ကြံခြင်းလောက တစ်ခုလုံး လုံးဝတုန်လှုပ်သွားပြီး မရေမတွက်နိုင်တဲ့ လူတွေကို မယုံနိုင်စရာများ ဖြစ်သွားစေလိမ့်မည်။
"နောက်ပြီး... ဒါက ဝိညာဉ်သခင်ရဲ့ ကျင့်ကြံမှု လမ်းကြောင်းပဲ.... ကြည့်ရတာ မလွယ်ဘူးပဲ စိတ်စွမ်းအား အတိုင်းအတာက အဆင့်မြင့်နေမှ ရမယ်!"
သူ၏ ကျင့်ကြံမှုသည် များစွာတိုးတက်လာပြီး အဆင့်၅ ဟဲလင်နယ်ပယ်က သန်မာသူများကို သူ့ကိုယ်ပိုင် အစွမ်းဖြင့် သတ်နိုင်သော်လည်း လုရွှမ် စိတ်မကျေမနပ် ဖြစ်နေဆဲပင်။ သူ၏အားသာချက်နှင့် အားနည်းချက်များကို ရှင်းရှင်းလင်းလင်း သိနေသည်လေ။
ဤစွမ်းအားသည် မည်မျှပင် အားကောင်းနေပါစေ ၎င်းသည် ဝိညာဉ်သခင်၏ နည်းလမ်းတစ်ခု ဖြစ်နေဆဲပင်။ အားကြီးသော ပြည်မကြီးမှ ရှာဖွေတွေ့ရှိပါက သူသည် အလွယ်တကူ သေစေမည့် ဘေးဥပဒ်တစ်ခုဆီသို့ ဦးတည်သွားမည် ဖြစ်သည်။
ဒါကြောင့် ဒီလိုစွမ်းအားမျိုးကို သုံးနိုင်ရင် တစ်ချက်တည်း သတ်ကာ အလောင်းတွေကို ဖျက်စီးပစ်ပြီး ခြေရာလက်ရာတွေကို သုတ်ပစ်နိုင်တာ အကောင်းဆုံးပင်။ မဟုတ်ပါက ဘေးဥပဒ်များသာ သယ်ဆောင်လာမည် ဖြစ်သည်။
သူ့မှာ ဝှက်ဖဲတွေ တစ်မျိုးပြီး တစ်မျိုး ပေါ်နေပေမယ့် တိမ်ပင်လယ် ကမ္ဘာကြီး တစ်ခုလုံးက ကျင့်ကြံသူအားလုံးကို တိုက်ထုတ်နိုင်မယ်လို့ ထင်ရလောက်အောင်ထိ မဟုတ်သေးချေ။
စိတ်စွမ်းအားကို မြှင့်တင်ပေးခြင်းဖြင့် ခန္ဓာကိုယ်နှင့် စွမ်းအားများကို ထိန်းချုပ်နိုင်စွမ်းလည်း ပိုမိုအားကောင်းလာ၏။ စိတ်လှုပ်ရှားလာရင်း ဝိညာဉ်ကျောက်တုံး ဒါဇင်ပေါင်းများစွာ မျက်လုံးများရှေ့တွင် ပေါ်လာခဲ့သည်။
"ကောင်းပြီ!"
ဝိညာဉ်စွမ်းအားသည် အလွန်ပြင်းထန်သောကြောင့် ဝိညာဉ်ကျောက်တုံးမှ ဝိညာဉ်စွမ်းအင်ကို တိုက်ရိုက် မျိုချလိုက်သည်။ ပထမအဆင့် နန်းတော်ပင်လယ် နှစ်စင်းသည် ရေပြည့်သွားသကဲ့သို့ တဖြည်းဖြည်း တုန်ခါလာပြီး ၎င်းတို့၏ ခွန်အားသည် အဆက်မပြတ် တိုးလာနေသည်။
ဗုန်း!
မည်မျှကြာသွားသည် မသိ။ နန်းတော်ပင်လယ်ထဲတွင် ပြင်းထန်သော ဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ပြင်းထန်သော စွမ်းအားများက တစ်ကိုယ်လုံးကို လှုပ်ခါသွားစေကာ ယခင်လေ့ကျင့်မှုအဆင့်သည် ချက်ချင်း ကွဲအက်သွား၏။
အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်!
စိတ်စွမ်းအားကို မြှင့်တင်ခြင်းဖြင့် စွမ်းအားကို ထိန်းချုပ်နိုင်မှုသည် ပိုမိုကျွမ်းကျင်လာကာ အောင်မြင်မှုများသည် ပိုမိုလွယ်ကူလာသည်။ အဓိပတိနယ်ပယ် အပေါ် တိုက်ရိုက်သက်ရောက်မှုသည် ပြီးပြည့်စုံသော အဆင့်အထိ ရောက်ရှိသွား၏။
"အခုအချိန်မှာ ဝူအဆင့်၁၀ကို ထိုးဖောက်ဖို့ နည်းနည်း လိုနေသေးတယ်!"
အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်သို့ ထိုးဖောက်ပြီးနောက် လုရွှမ်သည် အလျင်စလို မလုပ်သေးဘဲ သူ့စွမ်းအားတွေကို ဂရုတစိုက် စုစည်းလိုက်သည်။
ဝူအဆင့် ၁၀က အောင်မြင်ဖို့က အရမ်းခက်ခဲသည်။ သူသည် အဓိပတိနယ်ပယ်မှာ ဝိညာဉ်စွမ်းအား အတိုင်းအတာ ၁.၂ ကို ရောက်ခဲ့ပေမယ့် တိမ်ပင်လယ် နယ်မြေထဲမှာ မရေမတွက်နိုင်တဲ့ အံ့ဩစရာကောင်းတဲ့ ပါရမီရှင်တွေ ရှိမရှိဆိုတာ ဘယ်သူကမှ အာမခံနိုင်မှာ မဟုတ်ပါ။
၎င်းတို့ မအောင်မြင်ခဲ့သလို ယခုသူလည်း အောင်မြင်ရန် ခက်ခဲလေသည်။ ဝူအဆင့် ၁၀သည် ဇွဲလုံ့လနှင့် ဝိညာဉ်စွမ်းအား အတိုင်းအတယများ သာမက အခွင့်အရေး တစ်ခုလည်း လိုအပ်သေးသည်။ အခွင့်အရေး မရှိလျှင် အောင်မြင်ရန် မဖြစ်နိုင်ပေ။
"ဒါပေမဲ့လည်း ငါ့ရဲ့စစ်မှန်တဲ့ ဝိညာဥ်စွမ်းအင်ကတင် ခွန်အား ၁ သန်းကို ရောက်သွားပြီ... အဲဒါက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၁က သန်မာတဲ့လူ တစ်ယောက်နဲ့ အတူတူပဲ"
အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်သည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် ပထမအဆင့်၏ စွမ်းအားနှင့် ညီမျှသည် ဆိုသည်မှာ တိမ်ပင်လယ် နယ်မြေ၏ သမိုင်းတွင် လုံးဝ အံ့သြဖွယ် ကောင်းနေပါပြီ။