← Chapters

ရှေးဟောင်းမြို့ဆီသို့ ပြန်သွားခြင်း

Vol. 28 Ch. 3.158

ရှေးဟောင်းမြို့ဆီသို့ ပြန်သွားခြင်း

Vol. 28 Ch. 3.158

ဝုန်း!

ကျင့်​​ကြံမှုကို မြှင့်တင်လိုက်သည်နှင့် ဝိညာဉ်စွမ်းအား အတိုင်းအတာပါ တိုးလာသည်။ အရှိန်လည်း တိုးလာကာ ကိုယ်ခံပညာ လေ့ကျင့်မှု အရှိန်လည်း များစွာ တိုးလာ၍ နဂါးဆင်ရွှေလက်ဝါး ပြီးပြည့်စုံမှု ဒုတိယအဆင့်သို့ ရောက်ရှိသွားပြီ။

အဆင့်၂ ပြီးပြည့်စုံမှု အဆင့်သည် စွမ်းအားနှစ်ဆဖြင့် ပေါက်ကွဲနိုင်သည်။

ဆိုလိုသည်မှာ စစ်မှန်သော ဝိညာဥ်စွမ်းအင်နှင့် နဂါးဆင်ရွှေလက်ဝါး တစ်ခုတည်းကို ပေါင်းစပ်ခြင်းဖြင့် သူသည် ခွန်အားပေါင်း နှစ်သန်းအထိ ကြီးမားသော ခွန်အားကို အသုံးချနိုင်လေပြီ။

ဝိညာဉ်သခင်၏ စွမ်းအား သန်း ၄၀ နှင့် ဝေးလွန်းသော်လည်း အလွန်ကြောက်စရာ ကောင်း​နေပါသေးသည်။

နောက်ဆုံးတော့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၂ ယွမ်ချီနယ်ပယ်သည် ခွန်အား ၄ သန်းလောက်သာ ရှိနေပါသေးသည်။

"ခန္ဓာကိုယ်ပေါ်က ဝိညာဉ်စွမ်းအား၊ ရုပ်ခန္ဓာ၊ နဂါးဆင်ရွှေလက်ဝါး၊ စစ်မှန်သော ဝိညာဥ်စွမ်းအင်နဲ့ တခြားအရာတွေကို ပေါင်းထည့်လိုက်ရင် လက်ရှိ ငါ စွမ်းအား ၄၄ သန်းကို အသုံးချနိုင်ပြီ!"

လုရွှမ်သည် မိမိ၏ အစွမ်းသတ္တိကို ကောင်းကောင်း နားလည်ထားသည်။ ကိုယ်ခန္ဓာအတွင်းရှိ ခွန်အား ၂ သန်း၊ စစ်မှန်သော ဝိညာဥ်စွမ်းအင် ၁ သန်း၊ နဂါးဆင်ရွှေလက်ဝါး ၁ သန်းနဲ့ စိတ်ဝိညာဉ်သခင် စွမ်းအား သန်း ၄၀ ရှိနေပြီ ဖြစ်သည်။

ဤစွမ်းအားမျိုးသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅ထက် များစွာ အားကောင်းသော်လည်း တကယ့်တိုက်ပွဲတွင် ပြိုင်ဘက်ကို သတ်ရန် အလွန်ခက်ခဲ နေသေးသည်။

အဆင့်၅ အစောပိုင်းအဆင့်၏ စွမ်းအားသည် သန်း ၄၀ ရှိသော်လည်း ၎င်းတို့၏ တုံ့ပြန်မှု၊ အသိဉာဏ်နှင့် စွမ်းအင်အပေါ် ထိန်းချုပ်မှုတို့မှာ ပိုမိုမြင့်မားသည့် အဆင့်သို့ ရောက်ရှိသွားပြီ။ ယင်းသည် အနည်းငယ် သာလွန်တဲ့ အဓိပတိနယ်ပယ်က ယှဉ်နိုင်သော အရာမဟုတ်ချေ။

သို့သော်လည်း လုရွှမ် အလွန် ကျေနပ်သွား​လေသည်။

အဓိပတိနယ်ပယ်သည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅ စွမ်းအားရှင်များကို တွန်းလှန်နိုင်သော အင်အားရှိခြင်းသည် ယခင်ဘဝတွင် လုံးဝဂုဏ်သိက္ခာ ကြီးမားပြီး မရေမတွက်နိုင်သော လူများကို ကြောက်ရွံ့​စေခဲ့သည်။

"အပြင်ထွက်ရအောင်... ဒီထပ် နောက်ကျပြီးမှ သွားရင်တော့ ရှေးဟောင်းမြို့က ဖွင့်​ပြီးသွားတော့မှာကိုတောင် ကြောက်ရတယ်"

ကျောက်စိမ်းပြားထဲမှ မတ်တပ်ထရပ်ပြီး လုရွှမ် တစ်ယောက်တည်း ရေရွတ်လိုက်ကာ ရေကန်ထဲကို တစ်ဖန် ပြန်ထွက်၍ အေးစက်နေသော ရေကန်အထက်သို့ တက်လာခဲ့၏။

ထျန်ကျွင့်နမ် နဲ့ ရတနာလိုက်ရှာဖို့ ခြောက်ရက် ဒါမှမဟုတ် ခုနစ်ရက်ထက်မနည်း အချိန်ယူခဲ့ရသည်။ ရှေးဟောင်းမြို့ကို အချိန်အတော် ကြာတဲ့အထိ ဖွင့်ပြီးသွားမှာကို စိုးရိမ်မိသည်။

အဲဒီ ရှန့်ခုန်း ရှေးဟောင်းမြို့ထဲကို မသွားခဲ့ရင် ပစ္စည်းကောင်းလေးတွေ လက်လွှတ်လိုက်ရမှာ မလွဲမသွေပင်။

"အစ်ကိုကြီး အဆင်ပြေတယ်မလား!"

လုရွှမ် အေးစက်နေသော ရေကန်ထဲမှ ခုန်ထွက်လိုက်သည်နှင့် ထျန်ကျွင့်နမ်က ချက်ချင်းပင် သူ့ကို နှုတ်ဆက်လာပြီး သူ့မျက်နှာမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။

ဤရေကန်သည် အေးခဲလွန်းသဖြင့် သေမျိုးအသွင်ပြောင်းခြင်း အဆင့်၆ရှိ စွမ်းအားရှင် တစ်ဦးဖြစ်သည့်တိုင် မဆင်းဝံ့ပေ။ လုရွှမ်သည် ရေကန်ထဲသို့ ရက်အတော်ကြာ ဆင်းသွားခဲ့ပြီး မည်သူမဆို တစ်ခုခု ဖြစ်နေပြီလား ဟူသည့် အတွေးများ ရှိလာပေလိမ့်မည်။

ဝူး!

သူ့ကိုကြည့်ရင်း တောင်ဖောက်နဂါးသည် လုရွှမ်က တစ်ခုခု ဖြစ်စရာလား ဟူသော သဘောဖြင့် အထင်အမြင်သေးမှု အပြည့်နဲ့ စိုက်ကြည့်နေ၏။

"အဟဲဟဲ!"

ဝိညာဥ်သားရဲ၏ မထီမဲ့မြင်ပြုခြင်းကို မြင်လိုက်ရသဖြင့် ထျန်ကျွင့်နမ်လည်း ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်လိုက်သည်။

"ပြန်ကြရအောင်!"

လုရွှမ် စကားသိပ်မပြောဘဲ လူနှင့် သားရဲတစ်ကောင်ကို သူ့လက်ကြီးဖြင့် ဖမ်းကိုင်လိုက်ပြီး အတောင်ပံများ တဖျပ်ဖျပ် လွင့်လျက် ပျံသန်း ထွက်ခွာလာခဲ့သည်။

ယခင်က ဤနေရာသို့ ​ရောက်ရန် တစ်ရက်ကျော် အချိန်ယူခဲ့ရပြီး အခက်အခဲများ ရှိသော်လည်း အပြန်လမ်းက ပျံသန်း၍ ခရီးနှင်လာတာကြောင့် ပိုမိုလွယ်ကူခဲ့သည်။

တစ်နာရီ အကြာတွင် လူနှစ်ဦးနှင့် သားရဲတစ်ကောင် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ချိန်တွင် ရှန့်ခုန်းမြို့ဟောင်းကို မှုန်ဝါးဝါး လှမ်းမြင်နေရလေပြီ။

များမကြာမီတွင် လူတိုင်းသည် ပေရွှီးအင်ပါယာက လူများ၏ တဲအိမ်များကို တွေ့လိုက်ရသည်။ မျှော်လင့်ထားသည့် အတိုင်း ရှန့်ခုန်း ရှေးဟောင်းမြို့သည် မဖွင့်သေးပေ။ ရက်ပေါင်းများစွာ စောင့်ဆိုင်းပြီးနောက်တွင် လူတော်တော်များများက စိတ်မရှည်ကြ​တော့ပေ။

သို့သော် စိတ်မရှည်လည်း အသုံးမဝင်လှ။ ရှေးဟောင်းမြို့တော်၏ သုတ်သင်ခြင်းကို ခံခဲ့ရသော အသွင်ကူးပြောင်းရေး နယ်ပယ်မှ ကျွမ်းကျင်သူ တစ်ဦး၏ မြင်ကွင်းက သူတို့မှတ်ဉာဏ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲဖြစ်သည်။ အနည်းဆုံးတော့ ယခုအချိန်အထိ မည်သူမျှ ရှေးဟောင်းမြို့၏ တန်ခိုးကို ခုခံနိုင်မည်ဟု မထင်ပေ။

ထျန်ကျွင့်နမ်သည် ရှေးဟောင်းမြို့သို့ ရောက်သောအခါ လုရွှမ်အား နှုတ်ဆက်ပြီး သူ့လူများကို ရှာဖွေရန် ပြန်သွားခဲ့သည်။ သူ့စကားအရ သူ့လူများကို တွေ့လျှင် သူ(လုရွှမ်)နှင့်အတူ လိုက်မည် ဖြစ်သည်။

လူငယ်၏ လှည့်ကွက်များစွာကို မြင်ပြီးနောက် သူသည် ချိုင့်ဝှမ်းထဲတွင် လုရွှမ်၏ နောက်တွင်နေရန် ဆုံးဖြတ်ထားခဲ့ပြီး ရတနာများကို အမှန်တကယ် ရနိုင်ကာ အပိုဝင်ငွေများပင် ရှာနိုင်လိမ့်မည်။

ပေရွှီးအင်ပါယာ၏ ယင်းယန်ကျောင်းတော် ဖက်တွင်တော့ လျိုယွင်ထန်း အသတ်ခံရပြီးနောက် မည်သူကမှ လာမရှုပ်ရဲကြဘဲ ရက်အနည်းငယ် ငြိမ်သက်နေခဲ့သည်။

"သခင်လေး!"

သူရောက်တာနဲ့ မုယန်ဖုန်းက သူ့ကို အပြေးအလွှား လာနှုတ်ဆက်သည်။

"မင်း ထိုး​ဖောက်သွားတာလား? မဆိုးဘူးပဲ!"

လုရွှမ် ခေါင်းညိတ်လိုက်သည်။

ယခုအချိန်တွင် မုယန်ဖုန်းသည် အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ကို ဖြတ်ကျော်ပြီး သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

စဥ်းစားကြည့်ရရင် လုရွှမ်က သူ့အတွက် အဆင့်၉ အဂ္ဂိရတ်ဆေးများအပြင် မျှစ်ခါးပျိုးပင်ကိုပါ ထပ်ပေါင်းပေးထားသေးသည်။ အကယ်၍ မဖြတ်ကျော်နိုင်ဘူး ဆိုရင်တော့ တစ်ဖက်လူကို စိတ်ပျက်စေလိမ့်မည်။

"သခင်လေး... သခင်လေးရဲ့ ခွန်အားတွေ ထပ်တိုးလာ​ပြန်ပြီလား?"

လုရွှမ် ကျေနပ်​နေသော်လည်း မုယန်ဖုန်း တစ်ယောက်ကတော့ ထိတ်လန့်သွားခဲ့သည်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကို ဖြတ်ကျော်ပြီး သခင်​လေးကို ပြန်တွေ့တဲ့အခါ ဖိအားတွေ လျော့သွားလိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ နောက်တစ်ကြိမ် တွေ့ဆုံမှုဟာ ဖိအားတွေ လျော့မသွားရုံ သာမက ပိုကြီးလာခဲ့မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။

အရင်တုန်းကတော့ သခင်​လေးက သူ့အပေါ် ဖိအားတွေ ပေးသလို စိတ်ဓာတ်ကျ နေပေမယ့် အခုအချိန်မှာတော့ သခင်​လေးရဲ့ မျက်လုံးတွေက နက်နဲတဲ့ စမ်းရေတွင်းလိုပဲ။ တစ်ချက်ကြည့်လိုက်တာနဲ့ သူ့စိတ်ဝိညာဉ် တစ်ခုလုံး မရပ်မနား တုန်လှုပ်သွားစေသည်။

စိတ်ဝိညာဉ်များ ကြေမွသွားသလိုပင်။

"အင်း!"

သူ့အပေါ် ဖုံးကွယ်စရာ ဘာတစ်ခုမှ မရှိတာကြောင့် လုရွှမ် ပေါ့ပေါ့တန်တန် ခေါင်းညိတ်လိုက်ပြီး

"စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာ ဖြတ်ကျော်သွားလိုက်တာပါပဲ!"

"စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာ? သခင်လေးရဲ့ စိတ်ဝိညာဉ်စွမ်းအားက ၀.၉၉ကို ရောက်ရှိသွားပြီ ဆိုတာ ကျွန်တော် မှတ်မိသေးတယ်....အခုက ထပ်ပြီး ထိုးဖောက်သွားတာပေါ့...."

မုယန်ဖုန်း၏ မျက်လုံးများက စိတ်ကူးမယဉ် နိုင်လောက်အောင် တောက်ပလာပြီး

"၁.၀ ပြည့်သွားပြီလား?"

လုရွှမ်​နောက်ကို အချိန်အတော်ကြာ လိုက်ပြီးနောက် သူသည် ကျင့်​ကြံ​ခြင်း အကြောင်း ပိုပိုသိလာကာ ကျန်းဝူအင်ပါယာက ငတုံး မဟုတ်တော့ပေ။

အဓိပတိနယ်ပယ်တွင် ဝိညာဉ်စွမ်းအား ၁.၀ ရောက်ရှိရန် ကြိုးစားရသည့် အခက်အခဲကို နားလည်ပါသည်။

ပေရွှီးအင်ပါယာ ယင်းယန်ကျောင်းတော်၏ အတွင်းစည်း တပည့်များတွင် မရေမတွက်နိုင်သော ပါရမီရှင်များ ရှိပြီး နှစ်ပေါင်းများစွာ မှတ်တမ်းတင်နိုင် ခဲ့ကြသော်လည်း အဓိပတိနယ်ပယ်တွင် ဝိညာဉ်စွမ်းအားကို ၁.၀ အထိ မြှင့်တင်နိုင်သည့် မည်သူတစ်ဦး တစ်ယောက်ကိုမျှ မကြားဖူး​သေးချေ။

ဒီလိုမျိုးဟာ ဒဏ္ဍာရီထဲမှာပဲ ရှိမယ်ထင်ခဲ့တာကို သခင်​​လေးက လုပ်နိုင်ခဲ့တာလား။ တကယ့်ကို ပါရမီရှင်ထဲက ပါရမီရှင်ပါလား။

"၁.၀ မဟုတ်ဘူး" လုရွှမ် ခေါင်းခါလိုက်သည်။

"ဒါဆို မထိုးဖောက်ရသေးတာလား?"

သူ့ရဲ့ ငြင်းဆိုချက်ကို ကြားတော့ မုယန်ဖုန်းက အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။

သခင်လေး၏ ပါရမီသည် မယှဉ်နိုင်သော်လည်း သူ၏ ကျင့်​ကြံချိန်က တိုတောင်းလွန်းသဖြင့် မအောင်မြင်တာက သာမာန်ပဲ ဖြစ်သည်။

သို့သော် သူ့စိတ်ထဲတွင် စိတ်ပျက်စရာများ မီးမလောင်မီတွင် ကောင်လေး၏ နောက်ထပ် စကားများကို သူကြားလိုက်ရသည်။

"၁.၂"

"ဘာ? ၁.၂?"

မုယန်ဖုန်း မူးမေ့လဲလုနီးပါး ဖြစ်သွားသည်။

သူသည်လည်း ကျင့်ကြံသူ ဖြစ်သည်။ ဝိညာဉ်စွမ်းအား အတိုင်းအတာကို ၁.၀အထိ တိုးမြှင့်ရန် မည်မျှခက်ခဲသည်ကို သူသိသည်။ သခင်​​လေးသည် စက်ဝိုင်းတစ်ခုထဲမှ ခုန်ထွက်သွားသလို ၁.၀ကို ဖြတ်ရုံသာမက ၁.၂ သို့ ရောက်ရှိသွားခဲ့သည်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရှိ မရေမတွက်နိုင်သော စတုတ္ထအဆင့် စွမ်းအားရှင်များပင် မရောက်နိုင်သော ၁.၂ အဆင့်ရှိသော ဝိညာဉ်စွမ်းအားသည် ငယ်ရွယ်သော သခင်လေးက အဓိပတိနယ်ပယ်မှာတင် ရောက်ရှိနေပြီ ဖြစ်သည်။

"ဘာ​ဖြစ်လို့လဲ?"

သူ့တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်ကာ တောင့်တောင့်ကြီး ရပ်နေမိချိန် အသံတစ်သံ ကြားလိုက်ရပြီး လင်ရှောင်းရှောင်း ရောက်လာ၏။

ယခုအချိန်တွင် လင်ရှောင်းရှောင်းသည် ရေချိုးထားပုံရပြီး ဆံပင်များ စိုစွတ်နေသည်။ သူမ၏ အသားအရေသည် အလွန်အမင်း ဖြူဖွေးနေလျက် ပျော့ပျောင်းသော ဆံနွယ်များကို ဖြီးရင်း လမ်းလျှောက်လာသည်။

"ဘာမှမဟုတ်ပါဘူး... သခင်​လေးက ထိုးဖောက်သွားပြီလို့ ကြားရတော့ ကျုပ်လန့်သွားလို့"

မုယန်ဖုန်းကလည်း ပြန်ဖြေသည်။

"ထိုးဖောက်သွားတယ်? အိုး ဟုတ်သားပဲ... ငါမေ့တော့မလို့ လုရွှမ် ငါလည်းမကြာခင်ကမှ အဆင့်တစ်ခုကို ထိုးဖောက်ပြီးသွားပြီ... နောက်ဆုံးတော့ ငါ့ဝိညာဉ်စွမ်းအား အတိုင်းအတာက ၀.၆ကို ရောက်သွားပြီ!"

ပြောပြီး လင်ရှောင်းရှောင်းသည် ပန်းပေါင်းတစ်ထောင် ပွင့်လာသည့်နှယ် အနည်းငယ် ပြုံးလိုက်သည်။

"တိုးတက်မှု အရှိန်က မနှေးဘူးမလား?"

၀.၆ ၏ ဝိညာဉ်စွမ်းအား အတိုင်းအတာသည် စတုတ္ထအဆင့် အဂ္ဂိရတ်ပညာရှင်နှင့် ညီမျှသည်။ သူမသည် အသက် ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်တွင် ဤခွန်အားအဆင့်သို့ ရောက်ရန် မလွယ်ကူပေ။

"၀.၆?? တိုးတက်မှု အရှိန်က မနှေးဘူး??"

သူမ၏ ရူးသွပ်သော စကားကို ကြားတဲ့အခါ မုယန်ဖုန်းမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။

"သခင်လေးရဲ့ လက်ရှိ ဝိညာဉ်စွမ်းအား အတိုင်းအတာကို မင်းသိရင် မင်းဒီလို မပြောနိုင်တော့မှာတောင် ကြောက်ရတယ်"

All Chapters