← Chapters

ကျီးကန်းပြန်လာပြီ

Vol. 28 Ch. 3.159

ကျီးကန်းပြန်လာပြီ

Vol. 28 Ch. 3.159

"သူ? ကျွန်မသိပါတယ်... သူ့ဝိညာဉ်စွမ်းအား အတိုင်းအတာက ၀.၉ အထက်ကို ရောက်နေပြီမလား... ကျွန်မရဲ့ ထိုးဖောက်မှုက သူနဲ့မယှဥ်နိုင်ပါဘူး"

လင်ရှောင်းရှောင်းက ဆိုလိုက်သည်။

ကျန်းဝူအင်ပါယာမှာ ရှိတုန်းက သူမဟာ အရမ်းစိတ်လှုပ်ရှားပြီး ကောင်လေးနဲ့ ယှဉ်ပြိုင်ဖို့ တိုက်တွန်းခဲ့သည်။ နောက်ဆုံးမှာတော့ တစ်ကြိမ် ရှုံးခဲ့ပြီးနောက် အကြိမ်တိုင်း ပြင်းထန်စွာ ရှုံးနိမ့်ခဲ့ရပြန်သည်။

ယခု သူမသည် ဤထိုးဖောက်​မြန်သော ကောင်​လေးနှင့် နှိုင်းယှဉ်ခြင်း မပြု​တော့ဘဲ မိမိဘာသာ ကြိုးစား သင်ယူလာခဲ့သည်။

"၀.၉ အထက်မှာ?" မုယန်ဖုန်း ခါးသက်စွာ ပြုံးလိုက်ပြီး

"သခင်လေးရဲ့ ဝိညာဉ်စွမ်းအား အတိုင်းအတာက ၀.၉ကို အစောကတည်းက ရောက်နေပြီးသား... သူအခု ဘယ်လောက် ရောက်နေပြီလဲ သိလား"

"အခု? ဝိညာဉ်စွမ်းအားက ၀.၉ အထက်ဆိုရင် တိုးဖို့ တော်တော် ခက်လိမ့်မယ်။ သူက အဆင့်၉ အဂ္ဂိရတ်ဆေးတွေကို သန့်စင်ပေးနိုင်တာကိုတော့ ကျွန်မ သိတယ်.... ဒါကြောင့် ဝိညာဉ်စွမ်းအား ၀.၉၈ အထက်မှာ ရှိ​လောက်တယ်... ရှင် အရမ်းတုန်လှုပ်နေတာ မဆန်းပါဘူး။ သူထပ်ပြီး ထိုးဖောက်သွားတာက ဝိညာဉ်စွမ်းအား ၀.၉၉ မလား?"

လင်ရှောင်းရှောင်းသည် မျက်လုံးများ ပြူးကျယ်ထားလျက် စိုက်ကြည့်နေသည်။

စိတ်ဝိညာဉ်စွမ်းအား၏ အတိုင်းအတာသည် ၀.၉၀ အထက်သို့ ရောက်ရှိပြီးလျှင် ၀.၀၁ တိုးတိုင်း ကြီးမားသော ခက်ခဲမှုဖြစ်သည်။ ဤလူငယ်သည် ၀.၉၈ သို့ရောက်ရှိရန် အချိန်မည်မျှ ကြာခဲ့သနည်း။ ဝိညာဉ်စွမ်းအား ၀.၉၉သို့ ရောက်ရှိပြီး နောက်ထပ်အောင်မြင်မှုများ ရရှိခဲ့လေသလား။

ဤသည်မှာ သေမျိုးနယ်ပယ်၏ ကန့်သတ်ချက် ဖြစ်သည်။ အကယ်၍ ရှေ့သို့ တိုးသွားနိုင်ပါက ကောင်းကင်သို့ ခုန်တက်ကာ လုံးဝ ဖြတ်သွားနိုင်သည်။

"၀.၉၉? မင်း သတ္တိရှိရှိ ခန့်မှန်းလိုက်တာပဲ"

တစ်ဖက်က ၀.၉၉လို့ ခန့်မှန်းလိုက်တာ တွေ့တော့ မုယန်ဖုန်း အရမ်းအံ့သြသွားပြီး ရယ်ရခက် ငိုရခက် ဖြစ်သွားလေသည်။

"ဒါဆို... ဧကန္တ..."

လင်ရှောင်းရှောင်း အသက်ပြင်းပြင်းရှူပြီး မလှမ်းမကမ်းက လူငယ်လေးအား မယုံကြည်နိုင်စွာ မျက်လုံးများဖြင့် ကြည့်ကာ

"၁.၀ ပြည့်သွားတာလား?"

အဓိပတိနယ်ပယ်တွင် စိတ်ဝိညာဥ်စွမ်းအား ၁.၀ကို ဖြတ်ကျော်ဖို့ဆိုတာ သူမပင် စိတ်ကူးမယဥ်နိုင်သော အရာဖြစ်သည်။ ၎င်းကို ပါရမီရှင်အဖြစ် မဖော်ပြနိုင်တော့ဘဲ မကောင်းဆိုးဝါး တစ်ကောင်ဟုသာ ပြောရတော့မည်။

"၁ မဟုတ်ဘူး... ၁.၂..."

"ဝိညာဥ်စွမ်းအား ၁.၂??"

လင်ရှောင်းရှောင်း၏ နူးညံ့သိမ်မွေ့သော ကိုယ်ခန္ဓာသည် ယိမ်းယိုင်သွားပြီး သူမသည် မူး​​မေ့လဲလုနီးပါး ဖြစ်သွားသည်။

ကောင်းကင်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ၀.၉၉ ကို တစ်ဖက်လူက ရောက်သွားနိုင်တယ်လို့ ထင်ခဲ့ပေမယ့် ၁.၀ ကို ဖြတ်ရုံသာမက ၁.၂အထိပါ ထိုးဖောက်သွားမယ်လို့ မမျှော်လင့်ထားခဲ့ပေ။

ဒါဟာ လူသားတွေရဲ့ ကျင့်​ကြံမှု အရှိန်အဟုန်ရော ဟုတ်သေးရဲ့လား ရှိသေးလား။ အစကတည်းက သူ့ကို မိမိ၏ စိတ်စွမ်းအား အတိုင်းအတာကို မပြောလိုက်သင့်ပေ။ အခုတော့ မျက်နှာကိုထပ်ပြီး အရိုက်ခံရပြန်ပြီ။

"ကောင်းပြီ ရှင်တို့ ဆက်ပြောကြ.... ကျွန်မ လေ့ကျင့်လိုက်ဦးမယ်"

ထိုးနှက်ချက်ကြောင့် တုန်လှုပ်သွားပြီး မူးဝေသွားခဲ့သည့် လင်ရှောင်းရှောင်းသည် ငိုတော့မယ့် မျက်နှာဖြင့် ထွက်ခွာသွားခဲ့သည်။

အနာဂတ်တွင် လုရွှမ်နှင့် စကားကောင်းကောင်း မပြောတော့တာ ကောင်းမည်။ ကျင့်ကြံမှု အကြောင်း ပြောသည့် အခါတိုင်းတွင် အရိုက်ခံရလိမ့်မည်။

ကျန်းဝူအင်ပါယာတွင် လူတိုင်းက သူမသည် ပါရမီရှင် အဂ္ဂိရတ်ဆရာ တစ်ဦးဟု ဆိုကြပြီး ယင်းယန်ကျောင်းတော်သို့ သူမရောက်ရှိသည့်တိုင် ပါရမီရှင် တစ်ဦးဟုလည်း ခေါ်တွင်ခဲ့သည်။ လုရွှမ်နှင့် နှိုင်းယှဉ်လိုက်ပါက သူမသည် ကောက်ရိုးမျှင်လောက်ပင် မကောင်းမွန်ကြောင်း ယခုမှ သဘောပေါက်သွားခဲ့သည်။

ကွာခြားချက်က လွန်လွန်းလှသည်။

"သခင်လေး"

မမျှော်လင့်ဘဲ သူသည် သခင်​လေး၏ ဝိညာဉ်စွမ်းအား အတိုင်းအတာ တိုးတက်မှုကို ပြောလိုက်တာနဲ့ လင်ရှောင်းရှောင်း ကြောက်လန့်တကြား လှည့်ထွက်ပြေး သွားတာကို တွေ့လိုက်ရသည်။

စကားဆက်ပြောမည့် အခိုက်တွင် လုရွှမ်က လက်တစ်ဖက် ကာပြရင်း အဝေးတစ်နေရာကို ကြည့်နေတာ တွေ့လိုက်ရလေသည်။

သူ့အကြည့်တွေနဲ့ အတူ နက်မှောင်တဲ့ ကျီးကန်းတစ်ကောင် ပျံသန်းလာပြီး မလှမ်းမကမ်းက ကျောက်ဆောင်တစ်ခုပေါ် ဆင်းသက်လိုက်သည်။

"ကောင်လေး လုရွှမ်.... နောက်ဆုံးတော့ မင်းဒီကို ရောက်ပြီပေါ့!"

ကျီးကန်းက တစ်ဖက်က ပြောရင်း အတောင်ပံတွေကိုလည်း တဖျတ်ဖျတ် ခတ်နေသည်။

"ငါမင်းကိုစောင့်နေတာ ရက်တော်တော် ကြာနေပြီ!"

"မင်းက ငါ့ကို ဒီရှေးဟောင်းမြို့ကို လာခိုင်းတာမလား? ရှန့်ခုန်း ရှေးဟောင်းမြို့တော်မှာ မရေမတွက်နိုင်တဲ့ ရတနာတွေရှိပေမယ့် မင်းမျက်စိထဲတော့ မဝင်ဘူးလို့ ထင်တာပဲ!"

လုရွှမ် သူ့စိတ်ထဲက သံသယတွေအတိုင်း မေးလိုက်သည်။

သူ့ရှေ့က ကျီးကန်းသည် မည်းမှောင်ပြီး ဂုဏ်ယူဝံ့​ကြွား တတ်သော်လည်း သူ့အမြင်အာရုံမှာ အလွန်မြင့်မားသည်။ ဤ​နေရာရှိ လူများ၏ အမြင်တွင်တော့ ရှေးဟောင်းမြို့ကြီးသည် ရတနာများနှင့် ပြည့်နှက်နေလို့ လူတိုင်းကို သွားရည်ကျစေ နိုင်သော်လည်း သူ့အတွက်တော့ စိတ်မဝင်စားစေချေ။

ဒါကို သူသိတဲ့အတွက် လုရွှမ်လည်း ဒီကိုလာဖို့ ဘာကြောင့် အတင်းအကြပ် တောင်းဆိုလာတာလဲ ဆိုတာကို နည်းနည်းတော့ အံ့သြမိသည်။။

"ဟဲဟဲ... ကျီးဖိုးဖိုးကို မင်းပဲ နားလည်တယ်!" ကျီးကန်းက ဂုဏ်ယူစွာနဲ့ ထပ်ခါတလဲလဲ ခေါင်းညိတ်ပြပြီး

"ဟုတ်တယ် ... ဒီရှေး​ဟောင်းမြို့ထဲက ရတနာတွေကို ငါဂရုမစိုက်ပါဘူး ဒါပေမဲ့ ရှေးဟောင်းမြို့ထဲမှာ တစ်ခုခုကိုတော့ မင်းသေချာပေါက် သဘောကျလိမ့်မယ်... မဟုတ်ရင် ရှေးဟောင်းမြို့ကို တူးပြီး ဘာလုပ်ရမှာလဲ?"

"ရှေးမြို့ဟောင်းကို တူးတယ်? မင်းလုပ်လိုက်တာလား?"

လုရွှမ်လည်း အနည်းငယ် အံ့သြသွားသည်။

ရှေး​ဟောင်းမြို့တစ်မြို့ ထွက်ပေါ်ဖို့ ဆိုတာ မလွယ်ချေ။ ရှန့်ခုန်းချိုင့်ဝှမ်းကြီးဟာ အကြိမ်တစ်ရာမှာ တစ်ကြိမ်သာ ဖွင့်ကြောင်း ဟိုးအရင်ကတည်းက သိခဲ့ပေမယ့် ရှေးဟောင်းမြို့သာ အကြိမ်တိုင်း ပေါ်လာပါက တစ်လောကလုံး ရူးသွပ်သွားလိမ့်မည်။

ရှေး​ဟောင်းမြို့ကြီးသည် ဤအချိန်တွင် မတော်တဆ ပေါ်လာသည်ဟု ထင်ခဲ့မိသော်လည်း ယခုတော့ လုံးဝမဟုတ်တော့ပေ။

ချိုင့်ဝှမ်းထဲသို့ သူဝင်လိုက်သည်နှင့် သတင်းကောင်း ကြားရလို့ သူဘာကြောင့် ကံကောင်းနေရနည်းဟု အံ့သြနေမိခဲ့သည်။ ရှေးဟောင်းမြို့က သူ့အလိုလို ပေါ်လာတာမဟုတ်ဘဲ ဒီကျီးကန်းက တူးထုတ်ခဲ့တာပင်။

အခြားသူတစ်ဦးဟာ ထိုသို့ပြောပါက လုရွှမ်သည် သူ့ကိုသတ်လိုက်လျှင်ပင် မယုံနိုင်သော်လည်း ကျီးကန်က ပြောလာလေရာ တစ်ဖက်က ကြွားလုံးထုတ်စရာ အကြောင်း မရှိကြောင်း သူသိလိုက်သည်။

ယွမ်ယန်ကျင့်စဥ် ကဲ့သို့သော အဆင့်မြင့် လေ့ကျင့်ရေး နည်းလမ်းများကိုပင် စွမ်းဆောင် ဖော်​ပြနိုင်ပြီး ထူးဆန်းသော ရတနာများ ရှိနေကြောင်းလည်း သိရှိနိုင်သည်။ ကျီးကန်းသည် ရုပ်ဆိုးသော်လည်း အာရုံကတော့ အလွန်ကောင်းလေ၏။

လူတစ်​​ယောက်​နဲ့ ကျီးကန်းတစ်​​ယောက်​ရဲ့ စကား​တွေကို ​ဘေးက မုယန်ဖုန်း နား​ထောင်​ပြီး လူတစ်​​ယောက်​လုံး ရူးသွပ်​သွား​တော့သည်​။

အရင်က ဒီကျီးကန်းကို သူမြင်ဖူးပါသည်။ အဲဒါက သခင်​လေးရဲ့ အိမ်မွေးတိရစ္ဆာန် မဟုတ်လား?

စကားပြောနိုင်တဲ့ ထူးဆန်းတဲ့ အနက်ရောင် ငှက်တစ်ကောင်လို့ပဲ ထင်ခဲ့ပေမဲ့ ဒီလိုစွမ်းရည်မျိုး ရှိ​နေမယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးတာ အမှန်ပင်။ ရှေးဟောင်းမြို့ကို တူးဖော်ခဲ့တယ်တဲ့လား။ ကိုယ့်နားနဲ့ ကြားရတာတောင် မယုံနိုင်ဘူး ဖြစ်နေသည်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ စွမ်းအားရှင်ကို​ပင် အလိုအလျောက် ဖျက်စီးပစ်နိုင်သော ရှေးဟောင်းမြို့ တစ်မြို့ မဟုတ်ပါလား။

သူတို့နှစ်ဦး၏ အံ့အားသင့်နေသည့် အကြည့်များကို မြင်လိုက်ရတော့ ကျီးကန်းက ဂုဏ်ယူမှုအပြည့်ဖြင့် သူ့လည်ပင်းကို မော့ထားလိုက်သည်။

"အထဲမှာ ဘာရှိလို့လဲ?"

လုရွှမ်သည် ကျီးကန်း၏ အရည်အချင်းကို သိသောကြောင့် ဆက်လက် ဟန်ဆောင်ရန် အခွင့်အရေး မပေးဘဲ မေးလိုက်သည်။

"နဂါးကမ္ဗည်းပြား"

"နဂါးကမ္ဗည်းပြား?? ဘာကြီးလဲ? ငါက ဘာလို့ သဘောကျမှာလဲ?"

လုရွှမ် သံသယများဖြင့် ထပ်မေးလိုက်သည်။

သူသည် နှစ်ဘဝ မှတ်ဉာဏ်များ ရှိထားသော်လည်း နဂါးကမ္ဗည်းပြား အကြောင်းကို တစ်ခါမျှ မကြားဖူးခဲ့ပေ။ သို့သော် ၎င်းကို ကမ္ဗည်းပြား ဟုခေါ်သောကြောင့် သူ့ကို အလွန် မဆွဲဆောင်နိုင်သော သန်မာသော လူတချို့က ရေးသားထားခဲ့တာသာ ဖြစ်နိုင်သည်။

"ဒါပေါ့... မင်းသာမန် ကမ္ပည်းပြားကို ကြိုက်မှာမဟုတ်ဘူး... ဒါပေမဲ့ ရှားပါးရတနာနဲ့ ပတ်သက်နေတဲ့ ပစ္စည်း တစ်ခုလို့ ငါပြောရင် မင်း ဘယ်လိုလုပ်မှာလဲ?"

ကျီးကန်းက ရယ်မောလိုက်သည်။

"ရှားပါးတဲ့ ရတနာနဲ့ ပတ်သက်နေတယ်?"

လုရွှမ် ရုတ်တရက် အသက်ရှုကြပ်သွားသည်။

ဖီးနစ်အမွေးကို သန့်စင်ပြီးနောက် ထူးဆန်းသော ရတနာ၏ အစွမ်းအစကို သိခဲ့ပြီး ထူးဆန်းသော ရတနာသည် သူ့အတွက် မည်မျှ အထောက်အကူ ဖြစ်သည်ကိုလည်း နားလည်ခဲ့သည်။

ဖီးနစ်အမွေး မရှိရင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ကို တိုက်ရိုက် စိန်ခေါ်ဖို့ မပြောနှင့် အဆင့်၃ သိုင်းပညာရှင်ကို တွေ့လျှင်ပင် ရှောင်ထွက်သွားရလောက်သည်။

"မှန်တယ်.. ဒါကြောင့် ဘာပဲဖြစ်ဖြစ် မင်း ဒီနဂါးကမ္ဗည်းပြားကို ရအောင် ယူရမယ်!"

"ရှေးမြို့ဟောင်းကိုတောင် ပေါ်လာအောင် တူးဖော်နိုင်ပြီးတော့ နဂါးကမ္ဗည်း​ပြားကို ဘာလို့ မထုတ်ယူခဲ့တာလဲ?"

ဒီကျီးကန်က ရှေးဟောင်းမြို့ကို တူးဖော်နိုင်တဲ့ စွမ်းရည်ရှိတာကြောင့် တကယ့် နဂါးကမ္ဗည်း သေးသေးလေးကို ထုတ်ယူဖို့ ဆိုတာ အရမ်းလွယ်ကူသင့်တယ် မဟုတ်ပါလား။

"အဟွတ် အဟွတ်... ရှေးဟောင်းမြို့ တစ်ဝိုက်မှာ ကန့်သတ် တားဆီးထားတာတွေ ရှိနေတာကို မမြင်ဘူးလား? မင်းရဲ့ ယွမ်ယန်ကျင့်စဥ်က ဒုတိယအဆင့်ရဲ့ တံခါးဖွင့်အဆင့်ပဲ ရှိသေးတော့ ငါကလည်း အဓိပတိနယ်ပယ်ပဲ ရှိနေတယ်လေ ငါ ဖြတ်ကျော်နိုင်မယ်လို့ ထင်​နေလား?"

ကျီးကန်း၏ မျက်နှာသည် ရုတ်တရက် ဒေါသအပြည့်နှင့် ပေါက်ကွဲလာလေ၏။

ယွမ်ယန်ကျင့်စဥ် ကောင်းစွာ မလေ့ကျင့်သည့်အတွက် လုရွှမ်ကို အပြစ်တင်နေပုံရသည်။

ယွမ်ယန်ကျင့်စဥ်၏ အဆင့်က တက်လာမှသာလျှင် ကျောက်စိမ်း​ပြားသည် ပိုကြီးသော နေရာကို ပွင့်နိုင်မည် ဖြစ်ပြီး ကျီးကန်း၏ ခွန်အားသည်လည်း အလိုက်သင့် အားကောင်းလာမည် ဖြစ်သည်။

ယခုတွင် ၎င်းတွင် အဓိပတိနယ်ပယ် တစ်ခုသာ ရှိသည်။ ခေါင်းထဲတွင် နည်းလမ်းများ မည်မျှပင် ရှိစေကာမူ ရှေး​ဟောင်းမြို့၏ ပြင်းထန်သော အကာအရံကို ဖြတ်ကျော်ရန် မဖြစ်နိုင်​သေးပေ။

All Chapters