← Chapters

တံဆိပ်ခတ် ကောင်းကင် သားရဲလေးကောင်

Vol. 28 Ch. 3.161

တံဆိပ်ခတ် ကောင်းကင် သားရဲလေးကောင်

Vol. 28 Ch. 3.161

"ကျုပ်ဒီနေ့ အားလုံးကို ဘာလို့ဒီကို ခေါ်ခဲ့တယ်ဆိုတာ လူတိုင်း သိ​ကြမယ်ထင်တယ်!"

အားလုံး ထိုင်နေကြပြီမို့ ရှောင်းချင်ထန်းသည် ပတ်ပတ်လည်ကို လှမ်းကြည့်၍ စကားစလိုက်၏။

သူ၏ ခွန်အားသည် လေးနက်ပြီး သူ၏ စကားများသည် ထူးခြားသော စွမ်းအားကို သယ်ဆောင် ပေးလာသည်။ ဤနေရာတွင် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ရှိ ကျွမ်းကျင်သူများစွာ ရှိသော်လည်း သူ၏ ရည်ရွယ်ချက်များကို မည်သူမျှ မလိုက်နာဘဲ မနေဝံ့ပေ။

"ရှေးဟောင်းမြို့ ထွက်​ပေါ်လာ​နေတာ ကြာပြီ... ကျုပ်တို့ ဒီမှာ စောင့်နေတဲ့လူတွေ အများကြီး ရှိပေမယ့် ဘယ်လိုမှ မတတ်နိုင်ဘူး... ခေါင်းဆောင်တွေ အားလုံးလည်း ဒီကိုရောက်နေပြီ ဆိုတော့ အားလုံးရဲ့ ထင်မြင် ယူဆချက်တွေကို နားထောင်ချင်ပါတယ်... ရှေးဟောင်းမြို့ကို ဖွင့်ဖို့ နည်းလမ်းရှိလား!"

ရှောင်းချင်ထျန်းက ဆိုလိုက်သည်။

ဒါကိုကြားတော့ အားလုံး ဆွံ့အသွားကြသည်။

ဖြေရှင်းချက် တစ်ခုရှိခဲ့ရင် သူတို့အရင်ကတည်းက စမ်းကြည့်​ပြီးတာ ကြာပြီပေါ့။ လဝက်ကျော် ကြာပြီးတာတောင် ရှေးဟောင်းမြို့ကို မဖွင့်နိုင်သေးချေ။

"ဒီတစ်ခါတော့ ဆွေးနွေးဖြစ်တာပါပဲ.... လူတိုင်းက ကိုယ့်စိတ်ကူးတွေကို ဝေမျှလို့ရတယ် မအောင်မြင်ရင်လည်း ကိစ္စမရှိပါဘူး ကျုပ်တို့ရဲ့ တွေးခေါ်မှုကို ကျယ်ပြန့်အောင်လုပ်ဖို့ပါပဲ ပြီးတော့ အတူတူ လေ့လာကြမယ်!"

အခန်းထဲမှာ တိတ်ဆိတ်နေတာကို မြင်ရတော့ ရှောင်းချင်ထျန်းမှ မထိန်းနိုင်ဘဲ ထပ်ပြောလိုက်သည်။

"ခေါင်းဆောင်ရှောင်း ကျုပ်တို့လည်း ရှေးဟောင်းမြို့ထဲကို ဝင်ချင်ပေမယ့် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးပြီ... အကြိမ်တိုင်းလည်း မြို့ပြင် အတားအဆီးကနေ ပြန်ဆုတ်ကြရတယ်... ဒါကြောင့် လူကြီးတစ်ယောက်နဲ့ သင်းထောက်နှစ်ယောက်ကို ထိခိုက်စေခဲ့တယ်။ နည်းလမ်းကောင်းကို တွေးကြည့်လို့ကို မရတော့ဘူး!"

အဘိုးကြီး တစ်ယောက်က ခါးသက်စွာ ပြုံးလိုက်သည်။

သူ့စကားကို နားထောင်ရင်း လူအများက သူသည် ထျန်းသုန်းတော်ဝင်အင်ပါယာက သားရဲခန်းမ၏ ခန်းမသခင် ကောင်းထျန်းယွီ ဖြစ်ကြောင်း မှတ်မိကြလေသည်။

(ဘာသာပြန် = ယခင်က ထျန်းသုန်းအင်ပါယာဟု ဘာသာပြန်ခဲ့သည်)

ကောင်းထျန်းယွီသည် အင်ပါယာ၏ ထိပ်သီး အင်အားကြီးစာရင်းတွင် မပါဝင်သော်လည်း ၎င်း၏အစွမ်းသည် ဝိညာဥ်သားရဲနှင့် ကိုက်ညီလို့ ခိုင်မာသော စာရင်းရှိ သခင်များပင်လျှင် အံ့အားသင့်နေကြသည်။

ထိုအခိုက် သူဒီလို ပြောလာတော့ အခန်းတွင်းက လေထုကို မည်းမှောင်သွားစေ၏။

"ဘယ်လောက် ခက်ခဲတယ် ဆိုတာလည်း ကျုပ်သိပါတယ်... ရှေးဟောင်းမြို့ထဲကို ဝင်ရတာ လွယ်တယ်ဆိုရင် မရေမတွက်နိုင်တဲ့ ပညာရှင်တွေကို ရူးသွပ်စေမှာ မဟုတ်ဘူး!" ရှောင်းချင်ထျန်းက ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ... လူတိုင်းက ဒီအကြောင်းကို မပြောချင်ကြဘူး ဆိုမှတော့ ကျုပ်စိတ်ကူးကို အရင်စပြောလိုက်ပါ့မယ်"

"လွန်ခဲ့တဲ့ ရက်အနည်းငယ် လောက်က ရှေးဟောင်းမြို့​ဘေးကို လျှောက်​ကြည့်ခဲ့တယ်... အရှေ့၊ အနောက်၊ မြောက်နဲ့ တောင်မှာ မြို့တံခါး လေးပေါက်ရှိတယ်။ မြို့ရိုးတွေမှာ ဖောက်ဖျက်လို့ မရနိုင်တဲ့ အခင်းအကျင်း ပုံစံတွေ ရှိတယ်။ ဝင်ချင်ရင်တောင် ဝင်လို့မရဘူး.... ဒါပေမဲ့ ဖောက်ဝင်ချင်ရင်တော့ အဲဒီဂိတ်တွေကနေပဲ စလို့ရမယ် ထင်တယ်!"

"အရှေ့ဘက်၊ အနောက်၊ မြောက်ဖက်နဲ့ တောင်ဖက်စတဲ့ မြို့တံခါး လေးခုက အရွယ်အစားနဲ့ တည်ဆောက်ပုံ ကွဲပြားတယ်.... သူတို့ဆိုလိုရင်းကို ကျုပ် နားမလည်ပေမယ့် သူတို့ရဲ့ လက္ခဏာ ပုံစံတွေကို သေချာမှတ်သားထားတယ်...."

"မြို့အရှေ့ဘက် တံခါးက မြင့်တယ် ကျယ်ဝန်းတယ်... ကောင်းကင်ကို တည့်တည့် တိုးဝင်နေသလို လူတွေကို မမြင်နိုင်တဲ့ ခံစားချက် တစ်ခုကို ပေးစွမ်းနိုင်နေတယ်... တံခါးကို ဘာနဲ့ သွန်းလောင်းလဲ မသိပေမယ့် တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားတယ်... ဝိညာဥ်သားရဲတွေရဲ့ အကြေးခွံနဲ့ နည်းနည်း တူတယ် ဓားနဲ့ ပုဆိန်နဲ့လည်း မခွဲနိုင် မခုတ်နိုင်ဘူး။ ကျုပ်အစွမ်းရှိသမျှနဲ့တောင် ခြေရာလက်ရာတွေ မထားခဲ့နိုင်ဘူး!"

"အနောက်တံခါးက ကြီးကျယ်ခမ်းနား၊ တန်ခိုးကြီးပြီး ရင်ဆိုင်ရခက်တဲ့ အင်အားကြီးတဲ့ စစ်တပ်လို့တောင် ခံစားရစေတယ်။ အင်အားဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပါစေ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ဖြစ်နေရင်တောင် ချက်ချင်း ပျက်စီးသွားလိမ့်မယ်"

"တောင်ဖက် တံခါးက ဝိညာဥ်သားရဲရဲ့ အတောင်တွေလိုပဲ အနေအထား အပြောင်းအလဲမြန်ပြီး လူတွေကို အပြောင်းအလဲ မြန်စေတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တယ်။ မြို့တောင်ဘက်က အနေအထား တစ်ခုကို ပထမအကြိမ်မြင်ရပြီး နောက်တစ်ကြိမ် ပြန်ကြည့်ရင် အနေအထားကို ပြောင်းပြန် လှန်ထားသလို ဂိတ်တံခါးက သူ့ဘာသာသူ ကွဲထွက်သွားတယ်!"

"မြောက်ဖက်မြို့တံခါးက အလုံပိတ် သော့ခတ်ထားသလိုလို ဒါမှမဟုတ် တောင်ထိပ်ပေါ်မှာ ပျံဝဲနေတဲ့ ကျောက်တုံးကြီးလိုပဲ.... သူက ထူထဲပြီး တည်ငြိမ်သလို မြေကြီးနဲ့လည်း ဆက်စပ်နေပုံရတယ်။ သန်းရာနဲ့ချီတဲ့ အင်အား ကြီးမားနေရင်တောင် ဖွင့်ဖို့မပြောနဲ့ လှုပ်တောင်လှုပ်မှာ မဟုတ်ဘူး"

"မြို့လေးမြို့ရဲ့ တံခါးလေးပေါက်က မတူပေမယ့် အားလုံးက အားကိုးရာမဲ့ ဖြစ်​စေတယ်!"

ရှောင်းချင်ထျန်းက သူ့မျက်ခုံးတွေကို ပွတ်သပ်ပြီး ဆက်ပြောလိုက်သည်။

"ကျုပ်အမြင်အရတော့ တံခါး လေးပေါက်ထဲမှာ ဝင်ဖို့အကောင်းဆုံးက တောင်တံခါးပဲ ဖြစ်ရမယ်... သေလောက်အောင်အထိ မဖြစ်နိုင်ပါဘူး... ကျုပ်တို့မှာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က လူတွေ အများကြီး ရှိတာပဲ..."

"ကျုပ် အခင်းအကျင်း ဖွဲ့စည်းပုံတွေနဲ့ ရင်းနှီးတယ်.... ရှုပ်ထွေးနက်နဲတဲ့ အရာတွေများလေ တစ်ခါတလေ ပိုအန္တရာယ်များလေပဲ.... ဒါက ထောင်ချောက် တစ်ခုဖြစ်​နေရင် အားလုံး အတူတူ သွားကြတဲ့အခါ ပြန်မလာနိုင်ဘဲ တပ်တစ်ခုလုံး သုတ်သင်ပစ်သလို ဖြစ်သွားလိမ့်မယ်!"

လူအုပ်ထဲက အဘိုးကြီး တစ်ယောက်က ထပြောပါတော့သည်။

ဤအဘိုးအိုသည် မုတ်ဆိတ်ဖြူနှင့် ဆံပင်​ဖြူရှိပြီး သူ၏အသွင်အပြင်သည် ခံ့ညားကာ လူတို့အား တည်ငြိမ်အေးချမ်းစေသည့် ခံစားချက်ကို ပေးစွမ်း​နေသည်။

ဟန်ယွမ်တော်ဝင်အင်ပါယာမှ အခင်းအကျင်း ပညာရှင်ခေါင်းဆောင် ကျင်းကျွိချိုးပဲ ဖြစ်လေ၏။

"ခေါင်းဆောင်ကျင်းက အဆင့်၈ အခင်းအကျင်း ပညာရှင်ဆိုတော့ သူပြောတဲ့အတိုင်း သေချာပေါက် တစ်ခုခုတော့ ရှိရမယ်"

"အခင်းအကျင်း ဖွဲ့စည်းမှုမှာ အသာစီး ရဆုံးနေရာက အန္တရာယ်အရှိဆုံး နေရာဆိုပြီး ကျုပ်ကြားဖူးတယ်!"

"ဒါကို စမ်းကြည့်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်ဖို့ဆိုတာ တကယ် မဖြစ်နိုင်ဘူးလား"

"ဒါကို စမ်းကြည့်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်မယ်? အဲ့လိုလုပ်ရင် မရေမတွက်နိုင်တဲ့ အသေအပျောက်တွေ ရှိလာမှာ မလွဲမသွေပဲ။ ဒါက လူ့အသက်ကို အလကား လုပ်နေတာပဲလေ"

"ရတနာတွေကို ရယူပြီး လျှို့ဝှက်နယ်မြေတွေကို ဖြတ်ကျော်ချင်ရင် ဘယ်သူမဆို မသေတာ ရှိလို့လား?"

ရှောင်းချင်ထျန်းက စကားပြောပုံးကို ဖွင့်လိုက်တော့ လူတိုင်းက ငြိမ်သက် မနေတော့ဘဲ တစ်ယောက်ပြီး တစ်ယောက် ဆွေးနွေးလာကြတော့သည်။

ဒီမှာပဲ စောင့်​နေရင် ရှေးဟောင်းမြို့ထဲကို ဝင်ပြီး ဘယ်လိုလုပ် ရတနာတွေကို ရယူတော့မလဲ? ဒါပေမဲ့ အထဲကိုကရော ဘယ်လို ဝင်ရမလဲ?

လူတွေကြားထဲမှာ ဆွေးနွေးမှုတွေ အများကြီး ရှိလာသော်လည်း ဘာလုပ်ရမယ် ဆိုတာကို ဘယ်သူကမှ သဘောမတူနိုင်သေးချေ။

ထိုးစစ်အုပ်စုကို အသုံးချ၍ လူတိုင်းသည် ရှေ့သို့ ကမူးရူးထူး ပြေးသွားကြသည်နှင့် လူများသေကြလိမ့်မည်။ သို့သော် စမ်းသပ်ကြည့်နေသမျှ ကာလပတ်လုံး ရှေးဟောင်းမြို့၏ ချို့ယွင်းချက်များကို သေချာပေါက်ဘရှာတွေ့နိုင်မည် ဖြစ်သည်။

ရှေးရိုးစွဲဝါဒီ သမားများက ဆက်လက် စောင့်ဆိုင်းလိုကြသည်။ ချိုင့်ဝှမ်းတွင် ရှေးဟောင်းမြို့နှင့် ပတ်သက်သည့် ဒဏ္ဍာရီများရှိကြပြီး လူတိုင်းရှေ့တွင် ရှေးဟောင်းမြို့က ပေါ်လာသောကြောင့် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် သေချာပေါက် ဖွင့်လာနိုင်မည် ဖြစ်သည်။

အဖွဲ့ခွဲ တစ်ခုစီသည် လူတချို့ကို စေလွှတ်သင့်သည်ဟု ယုံကြည်​ကြပြီး ကျန်အဖွဲ့များသည် ချိုင့်ဝှမ်းအတွင်း ရတနာများကို နှောင့်နှေးစွာ ဆက်လက် ရှာဖွေကြမည် ဖြစ်သည်။

"အားလုံးပဲ စကားနည်းနည်းလောက် ပြောလို့ရမလား?"

ထိုအချိန်တွင် လူအုပ်ထဲက တစ်ယောက်က ကျယ်လောင်စွာ ထပြောလိုက်သည်။

အားလုံး လှည့်ကြည့်လိုက်တော့ မတိုင်ခင်က စကားဝင်ပြောခဲ့တဲ့ အဘိုးကြီး မဟုတ်ဘဲ လူလတ်ပိုင်း လူတစ်ယောက် ဖြစ်နေတာ တွေ့ရ၏။

"အဲဒါက ချင်ရွှမ်ဧကရာဇ်အင်ပါယာက လာတဲ့ ချီကျန့်ယွင်လို့ ကြားမိတယ်.... မိသားစုကြီး တစ်စုရဲ့ အကြီးအကဲ ဖြစ်ပုံရတယ်"

"ချင်ရွှမ်ဧကရာဇ်အင်ပါယာက အဆင့်နိမ့် ဧကရာဇ်အင်ပါယာ တစ်ခုဆိုပေမယ့် အဲဒီအထဲက မိသားစုတွေကိုတော့ လွယ်လွယ်နဲ့ လျှော့တွက်လို့ မရဘူး... သူ့ခွန်အားက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ကို ရောက်နေပြီ... ခေါင်းဆောင်ရှောင်းထက်တော့ အားနည်းနေမှာ မဟုတ်ဘူး"

"ခေါင်းဆောင်ရှောင်း လောက်တော့ မကောင်းပါဘူး.... ဒါပေမဲ့ သာမန်လူတွေ ဝင်ရှုပ်နိုင်တဲ့ အရာတော့ မဟုတ်ဘူး!"

သူစကား ထပြောလာတာကို တွေ့တော့ လူတချို့ကို သူ့အကြောင်းကို ဆွေးနွေးလာကြလေသည်။

ဤအကြိမ်တွင် ချိုင့်ဝှမ်းကြီး ပွင့်လာခြင်းသည် တော်ဝင်အင်ပါယာ အတွင်းက လူများ၏ အာရုံကို ဆွဲဆောင်သွားသည် သာမက နိုင်ငံ၏ မရေမတွက်နိုင်သော အင်အားကြီးသူများနှင့် ဧကရာဇ်အင်ပါယာမှ လူများစွာကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။

တခြားဘာမှ မပြောရင်တောင် ထျန်ကျွင့်နမ်ကို ပြောရလျှင် သူသည်လည်း ဧကရာဇ် အင်ပါယာထဲက လာခဲ့သူပင် ဖြစ်သည်။

"လတ်စသတ်တော့ အကြီးအကဲချီကိုး... အကြီးအကဲမှာ ပိုကောင်းတဲ့နည်းလမ်း ရှိလား"

ရှောင်းချင်ထျန်းက ပြုံးပြီး မေးလိုက်သည်။

"နည်းလမ်းကောင်းတော့ မရှိဘူး ဒါပေမယ့် ကျုပ်သိထားတဲ့ သတင်းတချို့ကို ပြောပြလို့ရတယ်... ကျုပ်မလာခင်မှာ ဘိုးဘေးတွေ ထားခဲ့တဲ့ ချိုင့်ဝှမ်းကြီးရဲ့ ဒဏ္ဍာရီမျိုးစုံကို လေ့လာခဲ့တာ ရှေးဟောင်းမြို့နဲ့ ပတ်သက်ပြီး မှတ်တမ်းတစ်ခု တွေ့ခဲ့တယ်.... တံဆိပ် ကောင်းကင် သားရဲလေးကောင်လို့ ခေါ်တဲ့ အချိန်အကြာကြီး ပျောက်ကွယ်နေတဲ့ ဒဏ္ဍာရီတစ်ခု ရှိခဲ့တယ်"

"တံဆိပ်ခတ် ကောင်းကင်သားရဲ ၄ကောင်??"

ဟန်ယွမ်တော်ဝင်အင်ပါယာ အခင်းအကျင်း ပညာရှင်ခေါင်းဆောင် ကျင်းကျွိချိုးမှာ ထိုအမည်ကို ကြားသောအခါ ရှက်ရွံ့ တုန်လှုပ်သွား​လေသည်။

"ဘာဖြစ်လို့လဲ? ခေါင်းဆောင်ကျင်းက ကြားဖူးလို့လား?"

သူ့အသွင်အပြင်ကို မြင်တော့ ချီကျန့်ယွင်မှ လှည့်မကြည့်နိုင်ဘဲ မနေနိုင်အောင် ဖြစ်သွားသည်။

"အင်း... ခင်ဗျားပြောမှ ကျုပ် မှတ်မိလာတာ... ဒီရှေးဟောင်းမြို့ကို ကာရံထားတဲ့ အခင်းအကျင်းက ကောင်းကင် သားရဲလေးကောင်ရဲ့ အခင်းအကျင်း ဖွဲ့စည်းမှု ဖြစ်နိုင်တယ်။ တံခါးလေးပေါက်က အခင်းအကျင်းလေးခုကို ကိုယ်စားပြုတာပဲ!"

ကျင်းကျွိချိုးက တစ်စုံတစ်ခုကို သတိရသွားပုံရပြီး သူ့မျက်လုံးတွေက ပိုတောက်ပလာလေ၏။

"ဒီသားရဲလေးကောင်ရဲ့ အခင်းအကျင်း ပုံစံကိုချိုးဖျက်နိုင်ပါ့မလား?"

ဘယ်လို အခင်းအကျင်း ပုံစံလဲ ဆိုတာကို သိလိုက်ရတော့ ရှောင်းချင်ထျန်းသည် မမေးဘဲ မနေနိုင်စွာ သူ့မျက်လုံးတွေကလည်း ပူလောင်လာသည်။

တဲထဲရှိ လူအားလုံးသည် သူ့ထံမှ သတင်းကောင်း ရလိုရငြား မျှော်လင့်လျက် အတူတူ စိုက်ကြည့်နေကြသည်။

All Chapters