← Chapters

လုရွှမ်ပါးစပ်ဖွင့်ပြီ

Vol. 28 Ch. 3.162

လုရွှမ်ပါးစပ်ဖွင့်ပြီ

Vol. 28 Ch. 3.162

"အဲဒါကို ​ဖြိုခွဲဖို့ နည်းလမ်းမရှိဘူး!"

ကျင်းကျွိချိုးက သူ့ခေါင်းကို ခါလိုက်ပြီး

"ဒါက ရှေးကျတဲ့ အခင်းအကျငိး ပုံစံမျိုးဖြစ်ပြီး အဲဒါနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေ အားလုံး ပျောက်ကွယ်သွားပြီ... ကျုပ်မပြောနဲ့ အခင်းအကျင်း ပညာရှင်အဖွဲ့က အကြီးအကဲတွေတောင်မှ အဲဒါကို ဖော်ထုတ်နိုင်မှာ မဟုတ်ဘူး!"

"မှန်တယ်... ကျုပ်တွေ့ဖူးတဲ့ ရှေးဟောင်း စာအုပ်တွေထဲမှာလည်း ဒီလိုပဲ မှတ်တမ်းတင်ထားတယ်!"

ချီကျန့်ယွင်ကလည်း ခေါင်းယမ်းလိုက်သည်။

တံဆိပ်ခတ် ကောင်းကင်သားရဲ လေးကောင် အကြောင်းကို အဆိုပြုသူ နှစ်ဦးမှာ အားကိုးရာမဲ့ ဖြစ်နေပြန်တာကြောင့် လူတိုင်း စိတ်ဓာတ်ကျလာပြန်သည်။

"ခေါင်းဆောင်ကျင်း ခင်ဗျားပြောကြည့် ကောင်းကင် သားရဲလေးကောင် အခင်းအကျင်း ဖွဲ့စည်းပုံရဲ့ ထူးခြားချက်တွေက ဘာတွေလဲ?"

ရှောင်းချင်ထျန်းက ထပ်မေးလိုက်သည်။

"တံဆိပ်ခတ် ကောင်းကင် သားရဲလေးကောင် အခင်းအကျင်းက အရပ်လေးမျက်နှာကို ကိုယ်စားပြုတယ်... အရှေ့က ချင်းလုံ၊ အနောက်က ပိုင်ဟူ၊ တောင်ဖက်က ကျုးချွဲ့၊ မြောက်ဘက်က ရွှမ်ဝူပဲ... ဆန့်ကျင်ဘက် မတူညီနိုင်တဲ့ တန်ခိုးအာနုဘော်တွေ ရှိတယ်!"

ကျင်းကျွိချိုးက ပြော​ပြလိုက်သည်။

"အိုး.. ကြည့်ရတာ ဒီအရာတွေကို နားလည်တဲ့ လူတစ်ယောက်တော့ ရှိသားပဲ!"

ခေါင်းဆောင်ကျင်းရဲ့ စကားကို ကြားတော့ လုရွှမ် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။

ဒီလူတွေပြောတာ မှန်ပါ၏။ ရှန့်ခုန်းရှေးဟောင်း​မြို့ဟာ တံဆိပ်ခတ် ​​ကောင်းကင် သားရဲလေးကောင်နဲ့ ဝန်းရံထားပြီး သားရဲလေးကောင်ကတော့ ချင်းလုံ၊ ပိုင်ဟူ၊ ကျူးချွဲ့နှင့် ရွှမ်ဝူတို့ပဲ ဖြစ်သည်။

သားရဲလေး​ကောင်တို့သည် ကောင်းကင်ကို သော့ခတ်၍ ကောင်းကင်ကိုပင် ပိတ်ဆို့ထားနိုင်သောကြောင့် ဤအခင်းအကျင်း ဖွဲ့စည်းပုံ၏ ကြီးစိုးမှုကို ပြသထားနိုင်သည်။ သို့သော် သူတို့ရှေ့တွင် ရှေးမြို့ဟောင်းကို တံဆိပ်ခတ်ထားသည့် ဖွဲ့စည်းမှုသည် အရိုးရှင်းဆုံး ပုံစံမျှသာဖြစ်ပြီး ဖောက်ဖျက်၍ မရသော အခြေအနေသို့ မရောက်သေးချေ။ ကြီးကျယ်ခမ်းနားတဲ့ နည်းလမ်းများစွာ ရှိနေပါ၏။

"အခင်းအကျင်းရဲ့ နာမည်ကို ကျုပ်တို့သိရပြီဆိုတော့ လူတိုင်းမှာ တခြား အကြံကောင်းတွေများ ရှိ​ကြသေးလား"

ကျွင်းကျွိချိုးက အခင်းအကျင်း အကြောင်း ထုတ်ဖော်လိုက်ပြီမို့ ရှောင်းချင်ထျန်း အားလုံးဖက်ကို လှည့်ကာ မေးလိုက်သည်။

"ကျုပ် အမြင်အရတော့ တံဆိပ်ခတ် ကောင်းကင် သားရဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်... အခင်းအကျင်းရဲ့ အခြေခံအုတ်မြစ်ကို ရှာကြည့်ရအောင်.... အဲဒါကို ရှာတွေ့နေသရွေ့တော့ အခင်းအကျင်းကို ချိုးဖျက်ဖို့ ကျိန်းသေပေါက် နည်းလမ်းရှိမှာပဲ"

"အခင်းအကျင်းရဲ့ အုတ်မြစ်?? ဘယ်လိုရှာမှာလဲ? မြို့ထဲကိုတောင် ဝင်လို့မရတာ ဘယ်လိုလုပ် သွားရှာမှာမလဲ?"

"အခင်းအကျင်းရဲ့ အုတ်မြစ်ကို သေချာပေါက် ရှာတွေ့မှာ မဟုတ်ဘူး... ရှေးဟောင်းမြို့ တစ်မြို့ဖြစ်တာကြောင့် နှစ်ပေါင်းများစွာ လည်ပတ်နေခဲ့ပြီးပြီ... အခင်းအကျင်းက ဘယ်လောက်ပဲ အားကောင်းနေပါစေ ထိန်းသိမ်းထားဖို့ ခွန်အား လို​သေးတယ်။ နှစ်တွေကြာလာပြီ ဆိုတော့ ခွန်အားတွေ အများကြီး မဆုံးရှုံးဘူးလို့ မပြောနိုင်ဘူး.... ကျုပ်တို့ ရှေးဟောင်းမြို့ကို အသေအချာ တိုက်ခိုက်နိုင်ပြီး စွမ်းအင်တွေ ကုန်ဆုံးသွားတဲ့အခါ အခင်းအကျင်းက အလိုလို ပြိုကွဲသွားလိမ့်မယ်!"

"ဒါက နည်းလမ်းကောင်းပဲ!"

"နည်းလမ်းကောင်း?? ခင်ဗျားတို့ အားလုံး အခင်းအကျင်း ဖွဲ့စည်း တည်ဆောက်ပုံတွေကို နားမလည်ကြဘူး ထင်ပါရဲ့... ဒီအဆင့်ရဲ့ ကြီးမားတဲ့ ဖွဲ့စည်းမှုတစ်ခုက လေထဲမှာရှိတဲ့ ဝိညာဉ်စွမ်းအင်တွေကို မျိုချပြီး သူ့ရဲ့လုပ်ဆောင်ချက်ကို အလိုအလျောက် ထိန်းသိမ်းနိုင်စွမ်းရှိတယ်... ခင်ဗျားတို့ရဲ့ စွမ်းအားက အရမ်းပြင်းထန်နေတယ် ဆိုရင်တောင် မဖျက်စီးနိုင်ဘူး... တစ်ကြိမ် တိုက်ခိုက်တိုင်း ဝိညာဉ်စွမ်းအင်ကို မစုပ်ယူနိုင်ဘူးလို့ အာမ မခံနိုင်ဘူးလေ.... ကံမကောင်းရင် လူကိုယ်တိုင် ထောင်ချောက်ထဲ ကျသွားလိမ့်မယ်... အဲဒီအခါ ရှန့်ခုန်းချိုင့်ဝှမ်းကိုလာတာ အချည်းနှီး ဖြစ်သွားရုံတင် မကဘူး ဝိညာဉ်စွမ်းအင်တွေလည်း ပျက်စီးသွားနိုင်တယ်.... "

တဲအတွင်း၌ အမျိုးမျိုးသော ငြင်းခုံသံများ ထွက်ပေါ်လာပြန်သည်။

"တိတ်တိတ်နေကြပါ!"

​ငြင်းခုန်သံများ တဖြည်းဖြည်း ​များပြားလာလေရာ ရှောင်းချင်ထျန်းက လူတိုင်းရဲ့ ဆွေးနွေးမှုကို ကြားဝင် ရပ်တန့်လိုက်ရတော့သည်။

"လူတိုင်းမှာ နည်းလမ်းကောင်း မရှိဘူးဆိုတော့ ဒီလိုလုပ်လိုက်တာ ပိုကောင်းမယ် ထင်တယ်.... သားရဲလေးကောင်ရဲ့ အခင်းအကျင်း ဖွဲ့စည်းခြင်းရဲ့ အမည်ကို ကြေငြာလိုက်ပြီး အဲဒါကို ချိုးဖျက်ဖို့ အားလုံးအတူတကွ စဉ်းစားကြည့်ရအောင်!"

"လူတော်တော်များများရဲ့ ကျင့်​ကြံမှုက ကျုပ်တို့လောက် မကောင်းဘူး.... ဒါပေမဲ့ သူတို့က ရှေးစာအုပ်တွေ အများကြီးဖတ်ပြီး လျှို့ဝှက်နည်းတွေ အများကြီးကို သိတယ်... အဲဒီအကြောင်းကို သိတဲ့သူတွေလည်း ရှိမှာပဲ"

"အတူတူ စဥ်းစားကြည့်ရမှာပေါ့... ဘာပဲဖြစ်ဖြစ် ဒီမှာလူတွေ အများကြီး ရှိနေတာပဲ ဘယ်သူမဆို နည်းလမ်းတစ်ခုတော့ ရလာမှာပဲ ... ဒါပေမဲ့ သူတို့ရဲ့အင်အားက အားနည်းတယ် သိရင်တောင် ပြောချင်မှာ မဟုတ်ဘူး။ နောက်ဆုံးတော့ ဒုက္ခတွေ ဖြစ်လာလိမ့်မယ်။ သူပိုင်တဲ့ စွမ်းအားကို မပြောဘဲ ရတနာကို တစ်ယောက်တည်း လက်ဝါးကြီး အုပ်သွားရင်ရော?!"

"ရှေးဟောင်းမြို့ကို တိတ်တိတ်ဆိတ်ဆိတ် ဖွင့်လိုက်ရင်တောင် တစ်ယောက်တည်း လက်ဝါး​ကြီးအုပ်လို့ မရဘူး... ကျုပ်တို့တွေ အများကြီးနဲ့ ဝေးရာကို သိမ်းသွားနိုင်မယ် ထင်လား??"

"အဲဒါတော့ အမှန်ပဲ"

"ကောင်းပြီ!"

ရှောင်းချင်ထျန်း တစ်ပတ်လောက် လှည့်ကြည့်လိုက်ကာ။

"ဒီနည်းနဲ့ ကောင်းကင် သားရဲလေးကောင် အခင်းအကျင်းကို ဖြိုခွဲနိုင်တဲ့နည်းကို ဘယ်သူသိပါစေ သိတာနဲ့ အားလုံးကို ပြောပြရမယ်... ဒီလိုဆို အားလုံးသဘော တူကြလား?"

"သဘောတူတယ်!"

"ကျုပ်လည်း သဘောတူတယ်... အခင်းအကျင်းကို မဖျက်စီးနိုင်ရင် ဘယ်သူမှ ဝင်လို့မရဘူး..."

"အရေးမကြီးပါဘူး....ရှေးဟောင်းမြို့ထဲကို ဝင်နိုင်သရွေ့ မရေမတွက်နိုင်တဲ့ ရတနာတွေ ရှိနေနိုင်တာပဲ!"

မကြာခင်မှာပဲ အားလုံးက ရှောင်းချင်ထျန်းရဲ့ စကားကို သဘောတူလိုက်ကြသည်။

သားရဲလေးကောင် အခင်းအကျင်းကို ဖြိုခွဲနိုင်သူသာလျှင် ရှေးဟောင်းမြို့ထဲသို့ ဝင်နိုင်လိမ့်မည်။ ရတနာတစ်ခုကို ရရှိနိုင်လောက်အောင်ပင် ရှေးဟောင်းမြို့ကို ဖွင့်၍မရပါက ရတနာများကို ရရှိနိုင်ချေလည်း မရှိတော့ပေ။

"ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ ဆိုတော့... ဒီနေ့ အစည်းအဝေး ပြီးသွားပြီ... အားလုံး တစ်ယောက်ယောက်က ဒီအခင်းအကျင်း ဖွဲ့စည်းပုံကို ဖြိုခွဲနိုင်တဲ့ နည်းလမ်းကို ရပြီဆိုရင် အားလုံးနဲ့အတူ ဆွေးနွေးပြီး အတူတူ စမ်းသပ်​ကြည့်ဖို့ မျှော်လင့်ပါတယ်.... တစ်ယောက်ယောက်က အကြောင်းကြားခြင်းမရှိဘဲ တစ်ယောက်ထဲ ဖောက်ထွင်းဝ င်ရောက်သွားတာကို တွေ့ရမယ် ဆိုရင်တော့ အရင်က သဘောတူညီချက်ကို ပယ်ဖျက်လိုက်ပါမယ်"

ရှောင်းချင်ထျန်းက မျက်ခုံးပင့်ကာ ကျယ်လောင်စွာပြောလိုက်သည်။

"ကောင်းပြီ!"

"အဲဒါကို စိတ်မပူပါနဲ့!"

လူတိုင်းကလည်း ခေါင်းညိတ် သဘောတူလိုက်ကြသည်။

"အားလုံး ထွက်သွားဖို့ မလောပါနဲ့!"

အားလုံးဆွေးနွေးပြီး ထွက်ခွာဖို့ ကြံစည်နေချိန်မှာပဲ တိုးတိုးတိတ်တိတ် အသံတစ်ခု ထွက်ပေါ်လာပြီး လူငယ်တစ်ယောက် သူ့မျက်နှာမှာ အပြုံးတစ်ပွင့်နဲ့ ရှေ့ကို လျှောက်လာခဲ့လေသည်။

"လုရွှမ်ပဲ!"

"လျိုမိသားစုကိုတောင် မျက်စိထဲ မထည့်ဘဲ သူ့ဝိညာဉ်သားရဲကို သုံးပြီး လူသတ်ခဲ့တဲ့ ကောင်လေးမလား?"

"ဟုတ်တယ် သူပဲ!"

လူငယ်က ပြတ်ပြတ်သားသား ပြောနေတာကို မြင်ရတော့ လူအုပ်ကြီးက သူတို့ဆွေးနွေးနေတဲ့ အသံတွေကို လျှော့ချလိုက်၏။

"ညီလေး လုရွှမ်ကိုး... မင်းမှာ အကြံဉာဏ်ကောင်းတွေ ရှိလို့လား ဒါမှမဟုတ် ကောင်းကင် သားရဲလေးကောင်ရဲ့ အခင်းအကျင်း ဖွဲ့စည်းပုံကို ချိုးဖျက်နိုင်တဲ့ နည်းလမ်းကို သိလို့လား?"

ရှောင်းချင်ထျန်းက တစ်ချက်ကြည့်လိုက်သည်။

"အင်း... ကျုပ် ရှေးဟောင်းစာအုပ်ထဲမှာ တံဆိပ်ခတ် ကောင်းကင်သားရဲ အခင်းအကျင်း အကြောင်းကို ဖတ်ဖူးလို့ ဘယ်လိုဝင်ရမလဲ ဆိုတာ နည်းနည်း သိတယ်!"

လုရွှမ် ပြုံးလိုက်သည်။

တကယ်တော့ ချီယွင်ထျန်း၊ ကျင်းကျွိချိုးနဲ့ တခြားသူတွေ ဆွေးနွေးဖို့ မလိုအပ်ဘဲ ရှေးဟောင်းမြို့ကို ချိတ်ပိတ်ထားတဲ့ ပုံစံမျိုးက ကောင်းကင် သားရဲလေးကောင် ဆိုတာကို အစောကတည်းက သူသိထားပြီးသား ဖြစ်သည်။

သူတို့ ညှိနှိုင်းလို့ ရနိုင်မလားလို့ အရင်စောင်ကြည့်ခဲ့ သော်လည်း နည်းလမ်းကောင်း တစ်ခုမှ ထွက်မလာတာကြောင့် သူကိုယ်တိုင်ပဲ ထွက်ပြောရတော့သည်။

"သိတယ်?"

"တကယ်လား?"

"ကောင်းလိုက်တာ"

လူငယ်၏ ဝန်ခံချက်ကို ကြားသည်နှင့် လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်လာပြီး မျက်လုံးများက အလွန်အမင်း တောက်ပလာကြသည်။

"အိုး? မင်းသိတယ်ပေါ့? အခုနက လူတိုင်း ဒီကိုရောက်နေတာပဲ... မင်းဘာလို့ ငါတို့က ဘယ်လို ချိုးဖျက်ရမလဲဆိုတာ မပြောပြတာလဲ?"

ရှောင်းချင်ထျန်းမှ နားမလည်စွာ ထပ်မေးလိုက်သည်။

အခြားသူများသည်လည်း အင်ပါယာ၏ အင်အား​ကြီး ထိပ်စာရင်းတွင် အဆင့်ရှိလူများပင် အမည်ဖော်၍ မရသော ဤဖွဲ့စည်းပုံ အခင်းအကျင်းကို မည်ကဲ့သို့ဖြေဖျောက်ရမည်ကို သိလိုကြသည်။

"တကယ်တော့ ကျုပ်အခု ဝင်ဖြေရှင်းဖို့ကလွဲလို့ ရွေးစရာ မရှိ​တော့ဘူးလေ!"

လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"အာ? နည်းလမ်းရှိတယ်လို့ ပြောခဲ့ပြီး အခု နည်းလမ်းမရှိဘူးလို့ ထပ်ပြောချင် နေတာလား? ကောင်လေး မင်းက ငါတို့ကို လာကစား​နေတာလား?"

"လာနောက်နေတာလား? နည်းလမ်း ရှိတာလား မရှိတာလား?"

"မင်းမှာ အားကိုးစရာ ဝိညာဥ်သားရဲ ရှိတာနဲ့ လူတိုင်းကို လှည့်စားလို့ ရမယ် မထင်နဲ့။"

ရွေးချယ်စရာ မရှိဘူးဟု လူငယ်ထံက ပြောသည်ကို ကြားတော့ လူတိုင်း၏ မျက်နှာများ မည်းမှောင်ကျသွားပြီး အေးစက်စွာ နှာမှုတ်လိုက်ကြသည်။

"အားလုံးပဲ စိတ်မလှုပ်ရှား​ကြပါနဲ့...ကျုပ်က အခင်းအကျင်းနဲ့ ပတ်သက်ပြီး နည်းလမ်းမရှိဘူး ကျုပ်မတတ်နိုင်ဘူးလို့ ပြောတာ... ဒါပေမဲ့ ရှေးဟောင်းမြို့ထဲကို ဝင်ဖို့နည်းလမ်းတစ်ခု ရှိသေးတယ်!"

လူအုပ်ကြီး ဘယ်လောက်တောင် ဂနာမငြိမ် ဖြစ်နေလဲဆိုတာ မြင်နေရတော့ လုရွှမ်လည်း မတတ်နိုင်ဘဲ ဝင်ပြောလိုက်ရသည်။

"ရှေး​ဟောင်းမြို့ကို ဝင်ဖို့ တခြားလမ်း ရှိတယ်??"

"တံဆိပ်ခတ် ကောင်းကင့ သားရဲလေးကောင်ရဲ့ အခင်းအကျင်းက အရမ်းအစွမ်းထက်လို့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈က လူတောင် ခဏအတွင်း သေသွားနိုင်တာကို အခင်းအကျင်းကို မချိုးဖျက်ဘဲ ဘယ်လိုလုပ် ဝင်နိုင်မှာလဲ?"

ဒါကိုကြားတော့ အားလုံးက မယုံနိုင်စွာ ပြောလာကြသည်။

ရှေး​ဟောင်းမြို့ကြီး၏ ကြောက်မက်ဖွယ်ရာ အသွင်အပြင်ကို မိမိတို့ မျက်စိဖြင့် မြင်ဖူးကြပေသည်။ အခင်းအကျင်းကို မချိုးဖျက်ဘဲ ဘယ်လိုလုပ် ဝင်လို့ရမည်နည်း။

"အားလုံး တိတ်တိတ် နေ​ပေးကြပါ!"

ရှောင်းချင်ထျန်းက ဆွေးနွေးမှုကို ရပ်တန့်ခိုင်းလိုက်ပြီး မနီးမဝေးမှာ ရှိတဲ့ လုရွှမ်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

"ညီလေး... သူတို့ကို စိတ်ထဲမထားနဲ့ အသေးစိတ် ရှင်းပြပေးပါ!"

"တကယ်တော့.... ရိုးရှင်းပါတယ် ပြောင်းပြန်တွေးကြည့်ရင် နားလည်သွားလိမ့်မယ်!"

လုရွှမ်က ပြုံးပြီး

"ရှေး​ဟောင်းမြို့ကို ဝင်ချင်ရင် ဖွဲ့စည်းပုံကို ဖျက်ပစ်ရမယ်လို့ ဘယ်သူပြောလဲ? ရှေးမြို့ဟောင်းထဲမှာ ရတနာတွေနဲ့ ပြည့်နှက်နေတယ်လို့ရော ဘယ်သူပြောလဲ? အဲဒါ တစ်ယောက်ယောက် ဝင်သွားနိုင်လို့ ဒဏ္ဍာရီတစ်ခုကို ချန်ထားခဲ့နိုင်တာပဲ မဟုတ်ဘူးလား?"

All Chapters