အဂ္ဂိရတ်သန့်စင်ခြင်း (ဒုတိယပိုင်း)
Vol. 28 Ch. 3.164
ဒီအရာတွေအတွက် တစ်ဖက်လူဆီက တောင်းဆိုရတဲ့ ရည်ရွယ်ချက်က ရှေးဟောင်းမြို့ထဲကို ဝင်ဖို့ မဟုတ်လား။ ဘယ်လိုလုပ် ကျင့်ကြံတော့မယ်လို့ သူ့ပါးစပ်က ပြောထွက်လာတာလဲ?
"ရှေးဟောင်းမြို့ထဲကို ဝင်ဖို့က ကောင်းကင် ဝိညာဥ်သားကဲ လေးပါးကနေ ဆင်းသက်လာတဲ့ နောက်မျိုးဆက်ရဲ့ သွေးတွေကို ဆေးဖက်ဝင် ပစ္စည်းတွေနဲ့ ရောမွှေလိုက်ရင် လုံလောက်ပြီလေ... ဘယ်လိုလုပ် ဒီလောက်ကောင်းတဲ့ ပစ္စည်းတွေကို လိုအပ်နေဦးမှာလဲ!"
လုရွှမ် ပေါ့ပေါ့ပါးပါးလေး ပြုံးလိုက်သည်။
ရှေးဟောင်းမြို့ထဲကို ဝင်သွားဖို့ဆိုတာ အကြောင်းပြချက် တစ်ခုသာ ဖြစ်သည်။ နောက်ဆုံးတော့ ဒီအခွင့်အရေးကို အသုံးချပြီးတော့ ဒီလိုကြီးကျယ်တဲ့ အနိုင်ကျင့်မှုနဲ့ ပစ္စည်းတွေ မရိတ်သိမ်းလာမိရင် ကိုယ့်ကိုယ်ကို အားမလိုအားမရ ဖြစ်ရလိမ့်မည်။
ထို့အပြင် ရတနာအဆောက်အအုံ၏ လောင်းကစား ကံကနေ အရင်တစ်ခါက သူတော်စင်ပုံစံ ပါရှိသည့် အိုးတစ်လုံးကို ယူဆောင်လာကာ သူ၏စိတ်ဝိညာဉ် စွမ်းအားသည်လည်း ၁.၂ ထိ ရောက်ရှိသွားသဖြင့် သူသည် သေမျိုးအသွင်ပြောင်း နယ်ပယ်က ဆေးလုံးတချို့ကို ယုံကြည်စိတ်ချစွာ သန့်စင်နိုင်ပြီ ဖြစ်သည်။
"ဝူအဆင့်၁၀ကို ထိုးဖောက်ချင်ရင် ခွန်အားကို တိုးစေပြီး နယ်ပယ်ကို ဖြတ်ကျော်နိုင်တဲ့ ဆေးအမျိုးအစား အားလုံးက မရှိမဖြစ် လိုအပ်တယ်။ အဲဒီဆေးရဲ့အဆင့်က အရမ်းကြီးလည်း မနိမ့်သလို အရမ်းမြင့်နေလို့လည်း မရဘူး!"
နံဘေးမှ အော်ဟစ်နေသော ကျီးကန်းများကို လျစ်လျူရှုရင်း လုရွှမ်သည် လက်ရှိ အခြေအနေကို လေးလေးနက်နက် တွေးတောမိသွားသည်။
ပစ္စည်းကောင်း များစွာကို တောင်းခဲ့သည့် ရည်ရွယ်ချက်မှာ ဝူအဆင့်၁၀ကို ထိုးဖောက်လေ့ကျင့်ရန်သာ ဖြစ်သည်။
ယခုအခါ ကျင့်ကြံမှုသည် အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ရှိနေပြီ ဖြစ်သဖြင့် စုစည်းမှု ကာလတစ်ခုပြီးနောက် ဤနယ်ပယ်သို့ ပြေးလွှားနိုင်သော်လည်း ထိုမတိုင်မီတွင် အလျင်စလို မဖြစ်စေရန် လုံလောက်သောပြင်ဆင်မှုများ ပြုလုပ်ရမည် ဖြစ်သည်။
"ပြီးရင် နဂါးယန်ချီဆေးလုံးကိုလည်း သန့်စင်ရမယ်!"
ဆေးတစ်မျိုး၏ အမည်ကိုပါ သတိရသွားသည်။
နဂါးယန်ချီဆေးလုံးသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၃ အဂ္ဂိရတ်ဆေး ဖြစ်သည်။ ၎င်းသည် ယင်းယန်နယ်ပယ်တွင် အံ့ဖွယ်နည်းဖြင့် သက်ရောက်မှုရှိသည်။ ဝိညာဥ်စွမ်းအင်ကို တိုးစေပြီး နယ်ပယ်ကို ဖြတ်ကျော်ရန် အကောင်းဆုံး ဆေးဖြစ်သည်။
သူ့ခန္ဓာကိုယ်အား နဂါးမီးငြိမ်းဆေးဖြင့် ထိန်းထားပြီး နဂါးပုံစံများကိုပါ စုစည်းထားသည်။ သူ့ကျင့်စဥ်၏ စွမ်းအင်မှာ ယွမ်ယန်ဝိညာဥ်ချီ ဖြစ်လို့ နဂါးယန်ချီဆေးလုံးက အသင့်တော်ဆုံး ဆေးဖြစ်သည်။
"စကြရအောင်!"
ဆေးပင်များကို ရှောင်းချင်ထျန်းမှ စုဆောင်းပေးထားပြီ ဖြစ်လို့ လုရွှမ် ခေတ္တမျှ တုံ့ဆိုင်းမနေဘဲ လက်ဝေ့ယမ်းလိုက်ရာ သူတော်စင် လိုင်းကြောင်းများ ပါရှိသည့် အဂ္ဂိရတ်မီးဖို ပေါ်လာ၏။ လက်ညှိုးကို မြှောက်လိုက်သောအခါ ဖီးနစ်မီးက ဝုန်းကနဲ ချက်ချင်း ထတောက်လာသည်။
ပထမဦးစွာ သူသည် အစမ်းသန့်စင်ရန် အတွက် မီးဖိုကို သန့်စင်ရန်အတွက် သာမန်ဆေးပင် ပစ္စည်းများကို ရှာဖွေခဲ့သည်။ မီးဖိုကို သေချာစွာ ကျွမ်းကျင်ပြီးနောက် နဂါးယန်ချီဆေးကို စတင်သန့်စင်လိုက်သည်။
နဂါးယန်ချီဆေး၏ အဓိကဆေးပင်သည် အဆင့်၅ ဝိညာဥ်သားရဲ၏ သားရဲဆေး ဖြစ်သည်။ သားရဲဆေးလုံးသည် မီးဖိုထဲသို့ ဝင်သွားပြီးနောက် သူတော်စင်ပုံစံ မျဥ်းကြောင်းများက လျင်မြန်စွာ သန့်စင်လိုက်သည်။
ဤသူတော်စင်ပုံစံ ဆေးမီးဖိုသည် ပျက်စီးသွားပြီး ၎င်း၏စွမ်းရည်မှာ အလွန်နည်းသော်လည်း သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၃ ဆေးလုံးကို သန့်စင်ဖို့ အတွက်ကတော့ အလွန်ရိုးရှင်းပါသည်။
ဆေးဖက်ဝင်ပစ္စည်းများ အားလုံးကို လုရွှမ် လျင်မြန်စွာ ပစ်ထည့်လိုက်သည့်အခိုက် ၎င်းတို့သည် အဂ္ဂိရတ်မီးဖိုထဲသို့ ဝင်သွားသည်နှင့် တပြိုင်နက် အတွင်းမှ ကြီးမားသော စွမ်းအားကြောင့် မကြာခင်မှာပဲ အရည်ပျော်သွားကြသည်။
နဂါးယန်ချီဆေးတွင် ဆေးဖက်ဝင်ပစ္စည်းများ အမျိုးပေါင်း ၃၀၀ ကျော်နှင့် နည်းလမ်းပေါင်း ၇၀၀ ကျော် ပါရှိသည်။ ၎င်းသည် အဆင့်၃ ဆေးတစ်လုံးသာ ဖြစ်သော်လည်း အမှန်တကယ် သန့်စင်ရန် လိုအပ်ပါက အဆင့်၄ အဂ္ဂိရတ်ဂိုဏ်းဆရာကပင် မအောင်မြင်နိုင်မှာ စိုးရိမ်ရသည်။
လုရွှမ်၏ စိတ်စွမ်းအား အတိုင်းအတာသည် ၁.၂ ဖြစ်ပြီး ၎င်းသည် ဒုတိယအဆင့် အဂ္ဂိရတ်ဂိုဏ်းဆရာနှင့် ညီမျှသည်။ သို့သော် ယခင်ဘဝက မှတ်ဉာဏ်တွေကြောင့် ဆေးကို ထိန်းချုပ်နိုင်စွမ်း ရှိသဖြင့် ၎င်းကို သန့်စင်ရန် မခက်ခဲလှပေ။
တစ်နာရီလောက် ကြာပြီးတော့ အဂ္ဂိရတ်မီးဖိုကို ဖွင့်လိုက်တဲ့အခါ မွှေးကြိုင်တဲ့ ဆေးရနံ့တွေ ထွက်လာလေသည်။
"ဆေးခြောက်လုံး? မဆိုးဘူး!"
ဆေးမီးဖိုထဲက ဖောင်းပွ လုံးဝန်းနေတဲ့ ဆေးလုံးတွေကို မြင်တော့ လုရွှမ် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ဆေးလုံး ခြောက်လုံးကို တစ်ပြိုင်တည်း တိုက်ရိုက် သန့်စင်ပေးနိုင်သည့် အဂ္ဂိရတ်မီးဖိုကို အလွန်စွမ်းဆောင်ရည် ရှိသော ပစ္စည်းဟု သတ်မှတ်နိုင်သည်။
"နဂါးယန်ချီဆေးက ကျားဝံပုလွေဆေးလိုပဲ သောက်ပြီးတာနဲ့ စွမ်းအင်တွေက တဟုန်ထိုး ပြင်းထန်လာမှာ... ငါ့ရဲ့ လက်ရှိ ခန္ဓာကိုယ်နဲ့ ထိုးဖောက်ချင်ရင် နည်းနည်းတော့ ခက်လိမ့်မယ်... ကျင့်ကြံမှုကို အားကောင်းစေမယ့် ဆေးတစ်မျိုးကို သန့်စင်ရမယ်"
နဂါးယန်ချီဆေးကို သိမ်းပြီးနောက် လုရွှမ် မရပ်လိုက်ပေ။ ဘာပဲဖြစ်ဖြစ် ဆေးဖက်ဝင်ပစ္စည်းတွေ အများကြီး ကျန်နေသေးပြီး အခြေခံအုတ်မြစ်ကို ခိုင်ခံ့စေပြီး ဝိညာဥ်ချီကို သန်မာစေဖို့ နောက်ထပ် ဆေးတစ်မျိုးကို သန့်စင်လိုက်သည်။ စိတ်ဝိညာဉ်နှင့် နတ်ဆိုး၏ နှလုံးသားကို တားဆီးရမည်။
သူ၏ ဝိညာဉ်စွမ်းအားသည် အားကောင်းပြီး လုံ့လဝီရိယ ရှိသော်လည်း အနည်းငယ် ပင်ပန်းနွမ်းနယ်လာမှုကို ထိန်းမထားနိုင်ပေ။
နေရာမှာထိုင်ပြီး သူ့အသက်ရှူနှုန်းကို ခဏလောက် ထိနိးညှိရင်း အလုပ် ဆက်လုပ်ခဲ့ပြန်၏။ ဒီတစ်ကြိမ်မှာတော့ သူဟာ ဝူအဆင့်၁၀ကို ထိုးဖောက်ဖို့ အတွက် မပြင်ဆင်ဘဲ ယန်ဆေးလုံးတစ်သုတ်ကို သန့်စင်လိုက်လေသည်။
ဤဆေးများသည် အဆင့်မြင့်သော ဆေးလုံးများ မဟုတ်ပါ။ ၎င်းတို့အားလုံးသည် အဆင့်၉ ဝန်းကျင်တွင်ရှိပြီး သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်သို့ မရောက်သေးသော်လည်း ပမာဏမှာ အလွန်များလေသည်။ ၎င်းတို့ကို ရာနှင့်ချီ၍ ဆက်တိုက် သန့်စင်ထား၏။
"ပိုင်ယန်ဆေး! အဆင့်က မမြင့်ပေမယ့် အရေအတွက် အများကြီးရှိပြီး သန့်စင်ရတာလည်း လွယ်ကူတယ်။ ဆက်သောက်နေသရွေ့ ယွမ်ယန်ဝိညာဥ်ချီက ကျိန်းသေပေါက် တိုးတက်လာမှာပဲ!"
ဤအဂ္ဂိရတ်ဆေးများကို သန့်စင်ခြင်း၏ ရည်ရွယ်ချက်မှာ ယွမ်ယန်ဝိညာဥ်ချီကို ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိစေလိုသည့် အကြောင်းကြောင့် ဖြစ်သည်။
လက်ရှိအချိန်မှာ ယွမ်ယန်ကျင့်စဥ်ဟာ အဆင့်၂ရဲ့ တံခါးဖွင့် အဆင့်ပဲ ရှိသေးတာကြောင့် ကျီးကန်းပြောသလိုပဲ ကွာခြားချက်က အရမ်းများလွန်းလေသည်။
ကျင့်စဥ်တစ်ခုသည် လှည့်တစ်စီးနှင့် တူသည်ဟု ဆိုရလျှင် ယွမ်ယန်ကျင့်စဥ် ပထမအဆင့်သည် မြင်းတစ်ကောင် ဆွဲအားရှိ လှည်းဆိုပါက ဒုတိယအဆင့်သည် မြင်းနှစ်ကောင် ဆွဲအားရှိ လှည်းဖြစ်လေသည်။
ကျင့်စဥ်ကို ထပ်မံအဆင့် တိုးမြှင့်လိုပါက သင့်လျော်သော ကျွမ်းကျင်မှုများလည်း လိုအပ်ပါသေးသည်။
"စရအောင်!"
ပိုင်ယန်ဆေးလုံး အမြောက်အမြားကို သန့်စင်ပြီးနောက် လုရွှမ် ရပ်တန့်သွားသည်။ ရှောင်းချင်ထျန်းဆီက တောင်းလာသော ဆေးဖက်ဝင်ပစ္စည်းများသည် ယခုအချိန်တွင် ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
သူ့ပါးစပ်ကိုဖွင့်ပြီး ပိုင်ယန်ဆေးကို မျိုချလိုက်ကာ ယွမ်ယန်ဝိညာဥ်ချီကို သူ့ခန္ဓာကိုယ်ထဲမှာ ပျံ့နှံ့သွားစေပြီး စွမ်းအင် ကြီးထွားမှုကို စတင်အရှိန် မြှင့်လိုက်ပါတော့သည်။
ဆေးလုံးများကို အဆက်မပြတ် စားသုံးခြင်းဖြင့် ယွမ်ယန်ချီ၏ အရှိန်သည် ပို၍ မြန်လာကာ ဝိညာဉ်စွမ်းအင် စုပ်ယူမှု အရှိန်လည်း တဖြည်းဖြည်း တိုးလာသည်။
ဝုန်း!
အချိန်မည်မျှ ကြာသွားသလဲ မသိ။ ခန္ဓာကိုယ်ထဲတွင် အသံတစ်သံ ထွက်ပေါ်လာပြီး ယွမ်ယန်ကျင့်စဥ်သည် နောက်ဆုံးတွင် ထပ်မံဖြတ်ကျော်ကာ ကျွမ်းကျင်မှုဒုတိယအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
ယွမ်ယန်ကျင့်စဥ်၏ တိုးတက်မှုနှင့်အတူ ကျောက်စိမ်းပြား၏ နေရာလွတ်မှာလည်း အနည်းငယ် တိုးလာပြီး ကျီးကန်းအပေါ် ချုပ်နှောင်မှုမှာ အားပျော့သွားပြန်သည်။ "ဝုန်းကနဲ!" အသံနှင့်အတူ ၎င်းသည် အဓိပတိနယ်ပယ်ကို ဖြတ်ကျော်ကာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၁ကိုပါ ရောက်ရှိသွား၏။
"ဟားဟား... ငါနောက်ဆုံးတော့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်ကို ရောက်ပြီ!"
ခွန်အား တိုးလာသည်ကို ခံစားရင်း ကျီးကန်းသည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
အဓိပတိနယ်ပယ် နှင့် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အကြား အဆင့်ကွာခြားချက်က တစ်ခုသာ ရှိသော်လည်း ၎င်းသည် သေမျိုးနယ်ပယ်နှင့် ဝိညာဉ်နယ်ပယ် အကြား ကွာဟချက် ကဲ့သို့ပင်။ အောင်မြင်မှုတစ်ခုပြုလုပ်ပြီးသည်နှင့် ဘဝအဆင့် တစ်ခုလုံး ကွဲပြားသွားမည် ဖြစ်သည်။
"ငါ ခွန်အားပြန်ရပြီး ကိုးရက်လောက် ဂုဏ်ယူစွာ ရယ်ရအောင် မြန်မြန် လေ့ကျင့်လိုက်စမ်းပါ!"
သူ့ခန္ဓာကိုယ်မှာ ခွန်အားတွေ တိုးလာသလို ခံစားလာရပြီး ကျီးကန်းက လုရွှမ်ကို ပြောရင်း သူ့ရဲ့ အနက်ရောင် တောင်ပံတွေကို ခတ်လိုက်ပြန်၏။
တစ်ဖက်လူကို အာရုံစိုက်ရန် ပျင်းလွန်းသဖြင့် လုရွှမ်သည် ပိုင်ယန်ဆေးကို ဆက်စားလိုက်သည်။ အချိန်ကာလတစ်ခု ကြာပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်သည် တစ်ဖန်တုန်ခါသွားကာ နောက်ဆုံးတွင် အဆင့်၂၏ အသေးစား အောင်မြင်မှုသို့ ရောက်ရှိသွားခဲ့သည်။
ယွမ်ယန်ကျင့်စဥ်၏ အဆင့်၂ အသေးစား အောင်မြင်မှု။ သူဝိညာဥ်ချီကို စုပ်ယူသည့် အမြန်နှုန်းသည် ယခင်နှင့်နှိုင်းယှဉ်ပါက နှစ်ဆနီးပါး တိုးလာပြီး သူ့ခန္ဓာကိုယ်အတွင်း စစ်မှန်သော ဝိညာဥ်စွမ်းအင်များ လည်ပတ်နေသည့် အရှိန်ကလည်း ထပ်တိုးလာခဲ့သည်။
ယွမ်ယန်ကျင့်စဥ် တိုးတက် လာသည်နှင့်အမျှ ကျီးကန်း၏ ခွန်အားသည်လည်း တစ်ဖန် တိုးပွားလာကာ သေမျိုးအသွင်ပြောင်းနယ်ပယ်၏ ဒုတိယအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
"ညီလေး လုရွှမ်.... ဝိညာဥ်သားရဲတွေကို သွားဖမ်းတဲ့ လူတွေ ပြန်လာပါပြီ!"
သူ အပြင်ထွက်ပြီး ယွမ်ယန်ကျင့်စဥ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုကို ဆက်ပြီး ထိုးဖောက်ဖို လုပ်နေချိန်မှာပဲ အသံတစ်သံ ထွက်လာခဲ့၏။
"အဲ့လောက်တောင် မြန်လား?"
ထိုအချိန်တွင်ပင် လုရွှမ်သည် သူ့ခန္ဓာကိုယ်ကို လှုပ်ရှား၍ ကျောက်စိမ်းပြားထဲမှ ထွက်လာခဲ့သည်။
မရပ်မနား အဂ္ဂိရတ်သန့်စင်၍ တစ်ဆက်တည်း ယွမ်ယန်ကျင့်စဥ်ကိုပါ တိုးမြှင့်လိုက်တာကြောင့် ဤကာလ အချိန်ကာလသည် မကြာဘူးဟု ထင်ရသော်ငြားလည်း အမှန်မှာ အပြင်ဘက်တွင် သုံးရက်ပြည့်ခဲ့ပြီ ဖြစ်သည်။
သုံးရက်အတွင်း အင်အားများစွာဖြင့် မရေမတွက်နိုင်သော သခင်များသည် ရှေးဟောင်းမြို့ အရပ်လေးမျက်နှာရှိ ဝိညာဥ်သားရဲလေးပါး၏ သွေးအနွယ်ဝင် ဝိညာဥ်သားရဲများစွာကို ဖမ်းမိခဲ့သည်။
တဲထဲက လှမ်းကြည့်လိုက်တော့ ရှောင်းချင်ထျန်းဟာ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခုနဲ့ ရပ်နေတာကို တွေ့လိုက်ရသည်။
"သွားကြည့်ကြရအောင်!"
လုရွှမ်သည်လည်း လူတိုင်းက စိတ်မရှည်စွာ စောင့်နေကြမည်ကို သိသောကြောင့် အပို စကားတွေ မပြောတော့ဘဲ ဝိညာဉ်သားရဲများ ဖမ်းထားရာ အရပ်ဆီသို့ လျှောက်သွားခဲ့သည်။
ဤဝိညာဥ်သားရဲများသည် တံဆိပ်ခတ် ကောင်းကင်သားရဲ လေးကောင်၏ သွေးများပါရှိပြီး ၎င်းတို့တစ်ကောင်စီတွင် အံ့ဩဖွယ်ရာတိုက်ခိုက်ရေး စွမ်းအားများ ရှိသည်။ သို့သော်လည်း အင်အားကြီးသော လူများ၏ ဝိုင်းရံမှုအောက်တွင် ၎င်းတို့ အကောင်ရေ တစ်ရာအထိ ဖမ်းဆီးခံခဲ့ရသည်။
ဤဝိညာဥ်သားရဲများထဲတွင် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅၊ အဆင့်၆ နှင့် အဆင့်၇ အများအပြား ပါလာကြသည်။ ဦးခေါင်းတစ်ခုစီသည် အားကောင်းသည့် စွမ်းအင်တစ်ခုစီကို သယ်ဆောင်ကာ ကောင်းကင်ယံ အချိန်မရွေး ထိုးဖောက်ဝင်ရောက်ကာ မိုးရေများကဲ့သို့ စည်းလုံးစွာ ထိုးကျလာတော့မည့် အတိုင်းပင်။