← Chapters

ရတနာမှန်သမျှ ငါ့လက်ထဲမှာ စုစည်းစေ (ပထမပိုင်း)

Vol. 28 Ch. 3.166

ရတနာမှန်သမျှ ငါ့လက်ထဲမှာ စုစည်းစေ (ပထမပိုင်း)

Vol. 28 Ch. 3.166

ဟူး!

ချိုင့်ဝှမ်းထဲသို့ ဝင်လာတုန်းက အချိန်တုန်းက အတိုင်းပဲ ရှေးဟောင်းမြို့ထဲသို့ ဝင်ခြင်းသည်လည်း ကျပန်း သတ်မှတ်ထားသော နေရာတွင်သာ ပေါ်လာခြင်း ဖြစ်သည်။

လုရွှမ်၏ ရုပ်သွင်သည် တဖျပ်ဖျပ် ခတ်လျက် ကျယ်ပြန့်သော လမ်းပေါ်တွင် ရှိနေသည်ကို မြင်လိုက်ရသည်။ ဘေးပတ်ပတ်လည် လမ်းမများသည် လူတစ်ဦး တစ်ယောက်မျှ မရှိဘဲ လွတ်နေပြီး ဆိုင်မျိုးစုံဖြင့် ဝန်းရံထားသည်။

"ဒါက ရှန့်ခုန်း ရှေးဟောင်းမြို့လား?"

လုရွှမ် တစ်ပတ်လောက် ပတ်ကြည့်လိုက်သည်။

ဤရှေးဟောင်းမြို့ရှိ အဆောက်အဦများအားလုံးသည် ရှေးခေတ် အရသာများ ထင်ဟပ်လျက် ရှိသည်။ ၎င်းတို့သည် နှစ်ပေါင်းများစွာ တည်ရှိလာသော်လည်း ဖုန်မှုန့်များဖြင့် ပြောင်းလဲမှုမရှိဘဲ အချိန်နှင့်တပြေးညီ အလုံပိတ်သွားသကဲ့သို့ လမ်းများသည် အစက်အပြောက် ကင်းကင်းဖြင့် သန့်ရှင်းနေသည်။

နေရာတော်တော် များများမှာ မီးခိုးငွေ့တွေဖြင့် ချက်ပြုတ်နေကြ ပုံ​​ပေါ်ပြီး အိုးထဲက အသားနံ့​တွေက မွှေးနေသေးပေမယ့် အထဲမှာတော့ ဘယ်သူမှ မရှိကြတော့ချေ။

ဤနေရာသည် ရုတ်တရက် လူလွတ် ဖြစ်သွားပုံရသည်။ လူသားများမှလွဲ၍ အရာအားလုံးသည် ဤနေရာ၌ ရှိနေ​သေးသည်။ ပုံမှန်မဟုတ်တဲ့ အချိန်နဲ့ နေရာက လူတို့အား ပြင်းထန်သော ခံစားချက်တစ်ခုကို ပေးစွမ်းနေ၏။

"ဟင်"

လုရွှမ် သူ့ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် သူ့ရှေ့က လက်နက်ဆိုင်သို့ ဝင်သွားသည် ။

အပေါ်ကို ကြည့်လိုက်ရင် ဓား၊ လှံနဲ့ ဓားရှည်တွေ စသော လက်နက်မျိုးစုံ ရှိသည်။ ရာနဲ့ချီ ရှိနေတဲ့ ထိုလက်နက် တစ်ခုစီက ကြီးကျယ်ခမ်းနားတဲ့ စွမ်းအားတွေကို ဖြန့်ကျက်ထားပြီး တစ်ချက်ကြည့်လိုက်ရင် အဆင့်က မနိမ့်ဘူး ဆိုတာကို ပြောနိုင်သည်။

"တစ္ဆေနယ်ပယ် အဆင့်နိမ့် လက်နက်တွေပဲ.. မဆိုးပါဘူး!"

အကြည့်တစ်ချက်ဖြင့် လုရွှမ်သည် လက်နက်အဆင့်ကို သိသွားပြီး မျက်လုံးများ တောက်ပလာသည်။

ရှေးဟောင်းမြို့သည် ရတနာများနှင့် ပြည့်နှက်နေသည်ဟု လူတိုင်း ပြောကြသည်မှာ အံ့ဩစရာ မဟုတ်ပေ။

သူဝင်လာသည်နှင့် လက်နက်ဆိုင်သည် သူ့ရှေ့တည့်တည့်မှာ ရှိနေပြီ။ ထိုမျှမကသေးဘဲ ထိုလက်နက်များတွင် တစ္ဆေနယ်ပယ် အဆင့်နိမ့် လက်နက်များဖြစ်နေ၏။

သူ့လက်ကို ​ဝေ့ယမ်ယလိုက်သည်နှင့် လက်နက်အားလုံးကို ကျောက်စိမ်းပြား နေရာထဲသို့ ထည့်သိမ်းလိုက်သည်။ သူ့မှာ တခြားသူတွေနဲ့ မတူတဲ့ အာကာသ မှော်လက်နက်တစ်ခု ရှိတာကြောင့် ပစ္စည်းတွေ ဘယ်လောက်ပဲရှိရှိ စိတ်ကြိုက် စုဆောင်းနိုင်သည်။

"ဒီသတ္တု အပိုင်းအစတွေနဲ့ ဘာလုပ်နေတာလဲ!? မြို့သခင်စံအိမ်ကို မြန်မြန်သွား!"

ကျီးကန်းက ကျောက်စိမ်းပြားထဲက ရုတ်တရက် ခုန်ထွက်လာပြီး တဖျပ်ဖျပ် ခတ်လျက် အော်ငေါက်တော့သည်။

"မြို့သခင်စံအိမ်?"

ရှေး​ဟောင်းမြို့ကို ဘယ်လိုဝင်ရမှန်း သိပေမယ့် ရှေးဟောင်းမြို့အပေါ် နားလည်မှုကတော့ အကန့်အသတ်နဲ့သာ ရှိသည်။ ရှေးဟောင်းမြို့ထဲမှာ ဘယ်လိုအရာတွေ ရှိနေတယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိထားပေ။

"ဟုတ်တယ်... ငါ့နောက်လိုက်ခဲ့!"

ကျီးကန်းက ဘာကို ထိမိမှန်း မသိပေမယ့် ရှေးဟောင်းမြို့ကို ပေါ်လာခဲ့သည်။ ရှေးဟောင်းမြို့ရဲ့ အတွင်းပိုင်းကို သိတယ်ဆိုရင် သူ့ထက် အများကြီး ပိုသိရလိမ့်မည်။

ဒါကြောင့် အပိုစကားတွေ မပြော​တော့ဘဲ ချက်ချင်း ဖီးနစ်အတောင်တွေကို ဖြန့်လိုက်ကာ ကျီးကန်းနောက်သို့ အနီးကပ်လိုက်၍ လျင်မြန်စွာ ပျံသန်းသွားသည်။

ကျီးကန်း၏ အဆင့်တိုးမှုသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၂သို့ ရောက်ရှိခဲ့ပြီး ပျံသန်းမှု အမြန်နှုန်းသည် အလွန်လျင်မြန်လှသည်။ လုရွှမ်သည် ရွှေအရှိန်ကို သန့်စင်ထားလို့ ပျံသန်းသည့် အမြန်နှုန်းက မနှေးပေ။

အသက်ရှူချိန် ၁၀ကြိမ် မပြည့်သေးမှီတွင် ကီလိုမီတာ ဒါဇင်များစွာကျော်၍ ကြီးမားသော အိမ်ကြီးဆီသို့ ရောက်လာခဲ့၏။

"ဒီမှာ!"

ကျီးကန်းသည် ဦးစွာ အောက်သို့ အမြန်ဆင်းလိုက်သည်။ လုရွှမ်လည်း နောက်မှ အနီးကပ် လိုက်လာ၏။

သူ စံအိမ်ကြီးထဲကို ​ကြည့်​လိုက်တာနဲ့ ဘယ်လောက် ကြီးကျယ်ခမ်းနားလဲ ဆိုတာ လုရွှမ် သိလိုက်ပြီ ဖြစ်သည်။ စံအိမ်ကြီး တစ်ခုလုံးသည် ဧကတစ်ထောင်ကျော် ကျယ်ဝန်းပြီး အဆောက်အအုံ အမျိုးမျိုးတို့သည် ပြည့်ကျပ်ပြီး လှပနေသည်။

"ဒါက မြို့သခင်ရဲ့ ရတနာစံအိမ်ပဲ.... အထဲမှာရှိတဲ ပစ္စည်းကောင်းလေးတွေက အပြင်မှာထက် ပိုကောင်းတာမှ အများကြီးပဲ!"

ကျီးကန်းသည် အတောင်များဖြင့် ရှေ့သို့ ညွှန်ပြ​လေသည်။

လှမ်းကြည့်လိုက်တော့ ရတနာစံအိမ်ဆိုတဲ့ စာလုံးကြီးကြီးနဲ့ ရေးထားတဲ့ သစ်သားပြားကြီးနဲ့ အတူ သူ့ရှေ့မှာ ကြီးမားတဲ့ အဆောက်အအုံကြီးကို တွေ့လိုက်ရသည်။

သို့သော် ဤရတနာစံအိမ် အပြင်ဘက်တွင် မရေမတွက်နိုင်သော ကြီးမားသည့် အခင်းအကျင်း ဖွဲ့စည်းပုံများ ရှိနေပုံရပြီး အလျင်အမြန် ဝင်ရောက်ရန် မဖြစ်နိုင်သလောက်ပင်။

"ဘယ်လိုဝင်ရမှာလဲ?"

တစ်ချက် ကြည့်လိုက်ပြီးနောက် လုရွှမ်သည် သူ့အင်အားဖြင့် အတင်းအကြပ် မဝင်နိုင်တော့ကြောင်း သိလိုက်ရသောကြောင့် ကျီးကန်းကို ပြန်မမေးဘဲ မနေနိုင်တော့ပေ။

"ဒါက သေးငယ်တဲ့ အခင်းအကျင်း ဖွဲ့စည်းမှုလေးပါကွာ... ငါအရင်သွားလိုက်မယ် မင်းနောက်က လိုက်ခဲ့"

ကျီးကန်းသည် မာနကြီးစွာဖြင့် အတောင်ပံခတ်ကာ ရှေ့သို့ ပျံသန်းသွားလေသည်။

အထူးလမ်းကြောင်း တစ်ခုပေါ် ပျံသန်းနေသလို မလှမ်းမကမ်းကို တစ်ခါရောက်တိုင်း တစ်ခုခုကို ရှောင်သွားသလိုမျိုး ခဏရပ်သွားပြီးမှ ဆက်ပျံသွားသည်။ သိပ်မကြာခင်မှာပဲ ရတနာစံအိမ်၏ တံခါးဝကို ရောက်သွားလေ၏။

"အခု ငါလုပ်ခဲ့သလိုပဲ ပျံလာခဲ့... လုံးဝ မြေပြင်ပေါ် မနင်းမိ​စေနဲ့ မဟုတ်ရင် အခင်းအကျင်းကို ထိမိဖို့ လွယ်တယ်!"

ကျီးကန်းက ပြောသည်။

"အင်း!"

တစ်ဖက်သား၏ လှုပ်ရှားမှုများ မြန်ဆန်နေသော်လည်း လုရွှမ်သည် ၎င်း၏ခြေလှမ်း အားလုံးကို မှတ်သားထားခဲ့သည်။ လှုပ်ရှားမှုတိုင်းသည် အဓိပ္ပာယ်မဲ့စွာ ကစားနေခြင်းမျိုး မဟုတ်ပေ။ ဖီးနစ်အတောင်များသည် ဖြန့်ထွက်ကာ လျင်မြန်စွာ ပျံသန်းသွားသည်။

ကျီးကန်းကဲ့သို့ပင် အခင်းအကျင်းကို မထိဘဲ ရတနာစံအိမ် တံခါးအနီသို့ ရောက်ရန် လက်ဖက်ရည် တစ်ခွက်နှပ်ခန့် အချိန်ယူခဲ့ရသည်။

"ဝင်ရအောင်!"

ကျီးကန်း အော်လိုက်ပြီး လူတယောက်နဲ့ ကျီးကန်းတစ်ကောင်က တံခါးကို တွန်းဖွင့်ကာ ဝင်သွားကြ၏။

ရတနာစံအိမ်သည် အလွန်ကျယ်ဝန်း​ပေသည်။ ဝင်ပြီးသည်နှင့် အခန်းထဲတွင် ရတနာမျိုးစုံ စုပုံနေပြီး လက်နက်မျိုးစုံ စုဆောင်းထားသည်ကို တွေ့ရ၏။ အနိမ့်ဆုံး အဆင့်သည် ဝိညာဥ်နယ်ပယ် အဆင့်နိမ့်အဆင့်သို့ ရောက်ရှိထားပြီး အမြင့်ဆုံးမှာ ဝိညာဥ်နယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ကိုပင် ရောက်ရှိနေလေပြီ။

သူတော်စင်နယ်ပယ်တွင် အလွန်အားကောင်းသော လူတစ်ယောက်ပင်လျှင် ဝိညာဉ်နယ်ပယ်တွင် ပြီးပြည့်စုံသော အဆင့်ရှိ လက်နက်များကို မရရှိနိုင်ချေ။

ဤနေရာတွင် အနည်းဆုံး တစ်ဒါဇင်ခန့် ရှိသည်။ ပုံစံအချိန်မှာ တည်ငြိမ်တဲ့ လုရွှမ်တောင် မထိန်းနိုင်ဘဲ အနည်းငယ် အံ့အားသင့်သွားသည်။

"သိမ်းစေ!"

ဒီလိုအခွင့်ကောင်းကို တွေ့တာတောင် မယူသွားမိရင် မိမိကိုယ့်ကိုယ်ကို အပြစ်တင်နေမိမှာမို့ လုရွှမ်သည် သူ့လက်ကို ဝေ့ယမ်းလိုက်ကာ သူ့ရှေ့က ရတနာများစွာကို ကျောက်စိမ်းပြားထဲသို့ မိုးရွာချလာသကဲ့သို့ သဲသဲမဲမဲ ပစ်သွင်းလိုက်တော့သည်။

ဤရတနာစံအိမ်တွင် လက်နက်များအပြင် မရေမတွက်နိုင်သော ဆေးလုံးများ၊ ဆေးဖက်ဝင်ပစ္စည်းများနှင့် သတ္တုရိုင်းမျိုးစုံလည်း ရှိသည်။

လုရွှမ် လုံးဝ ယဉ်ကျေးမ​နေဘဲ အားလုံးကို လျင်မြန်စွာ သိမ်းပိုက်ပစ်လိုက်သည်။

ဧကရာဇ်ကျိုးရန်ကို သတ်ချင်ရင် တစ်ယောက်တည်း လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာ သေချာလေသည်။ အဖွဲ့တစ်ခု ဖွဲ့ချင်ရင်တော့ ပိုက်ဆံ၊ လက်နက်နဲ့ ဆေးတွေ လိုအပ်သည်။ ရတနာတွေ အများကြီး တွေ့နေပြီ ဆိုမှတော့ သေချာပေါက် လက်လွှတ်လို့ မဖြစ်ဘူးလေ။

"ဒါက ဝိညာဥ်ကျောက်စိမ်းလား?"

ရတနာများ သိမ်းဆည်းပြီး ရှေ့သို့ တိုးလာစဉ် လုရွှမ်၏ မျက်လုံးများ ရုတ်တရက် တောက်ပလာခဲ့သည်။ သူ့ရှေ့မှာ တောင်ကြီးတစ်ခုလို စုပုံထားတဲ့ သောင်းနဲ့ချီတဲ့ ဝိညာဥ်ကျောက်စိမ်းတွေ ရှိလေသည်။

ဧကရာဇ်အင်ပါယာတွင် အဆင့်မြင့်သူများ အသုံးပြုသော ရောင်းဝယ်ရေး ပစ္စည်းများသည် အများအားဖြင့် ဝိညာဉ်ကျောက်စိမ်းများ ဖြစ်သည်။ လူတစ်ယောက်သည် မည်မျှပင် တန်ခိုးကြီးသည်ဖြစ်စေ ဝိညာဉ်ကျောက်တုံးများသည် အကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိသည်။

ထို့ကြောင့် ဧကရာဇ်အင်ပါယာ အတွင်းရှိ လူများ ရောင်းဝယ်ဖောက်ကားသည့် ပစ္စည်းများသည် အခြေခံအားဖြင့် ဝိညာဉ်​ကျောက်စိမ်းများ ဖြစ်​ကြသည်။

ဝိညာဉ်ကျောက်စိမ်းများသည် ဝိညာဉ်ကျောက်များထက် ပိုမိုထူထဲသော အထူးပစ္စည်းများဖြစ်သည်။ အရွယ်အစားတူ အပိုင်းအစ တစ်ခုတွင်ပင် ဝိညာဉ်ကျောက်များ၏ စွမ်းအင်ထက် အဆတစ်ရာ ပါရှိသည်။

ထို့အတွက်ကြောင့် ဝိညာဥ်ကျောက်စိမ်းများ၏ စျေးနှုန်းသည် ဝိညာဉ်ကျောက်များထက် အဆတစ်ရာ မြင့်မားနေပြီး ၎င်းတို့အတွက် အသုံးပြုနိုင်သော စျေးကွက်ပင် မရှိပေ။

အကယ်၍ ဝိညာဥ်ကျောက်စိမ်း တစ်တုံးကို ပေရွှီးမြို့ထဲသို့ ပစ်ချလိုက်ပါက ၎င်းသည် တစ်မြို့လုံးကို တုန်လှုပ်ချောက်ချားပြီး မရေမတွက်နိုင်သော လူများကို ရူးသွပ်စေမည်မှာ သေချာပါသည်။ အမှန်တကယ် ဤနေရာတွင် သောင်းနှင့်ချီသော အပိုင်းအစများ ရှိနေပါ၏။ ပြန့်နှံ့သွားပါက လူအများသည် ရူးသွပ်သွားမည်မှာ ဧကန်မလွဲပင်။

ပေရွှီး တော်ဝင်မိသားစု ဆယ်စုကပင် ဒီဝိညာဥ်ကျောက်စိမ်းရဲ့ တန်ဖိုးကို ရယူဖို့ မတတ်နိုင်ချေ။ လက်ဝေ့ယမ်း၍ ဝိညာဥ်ကျောက်စိမ်း အားလုံးကို သိမ်းဆည်းလိုက်ကာ အရှေ့ကို ထပ်မျှော်ကြည့်လိုက်သည်။

ဝိညာဉ်ကျောက်များဖြင့် ပြည့်နေသော နောက်ထပ် ကြီးမားသော ရတနာအခန်း တစ်ခန်း ဖြစ်သည်။

အရေအတွက်သည် ဝိညာဥ်ကျောက်စိမ်း များထက် အဆများစွာ ပိုများပြီး အနည်းဆုံး သန်းဆယ်ဂဏန်း ရှိ​လေသည်။

"သိမ်းစေ!"

လုရွှမ် ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး နောက်တစ်ကြိမ် ဝေ့ယမ်းလိုက်သည်။

ဟူး!

တစ်ချိန်တည်းမှာပင် သူသည် အာကာသ မှော်လက်နက်ထဲသို့ ဝိညာဥ်ကျောက်စိမ်းတုံး များစွာနှင့် ဝိညာဉ်ကျောက်တုံး များစွာကို စုဆောင်းနိုင်ခဲ့သည်။

တခြားသူတွေ ဒီကိုရောက်လာရင် သယ်မသွားနိုင်လို့ ဒုက္ခရောက်မှာ သေချာလေသည်။ ရတနာတွေ ဘယ်လောက်ပဲရှိရှိ လက်ထဲမှာ သယ်သွားရမယ့် အကန့်အသတ် ရှိလို့ အဖိုးတန်ဆုံးတွေကိုပဲ ရှာလိမ့်မည်။

သူ့မှာက အာကာသ မှော်လက်နက်ရှိလို့ စည်းစိမ်ဥစ္စာတွေ အများကြီး ဖြည့်ရင်တောင် မပြည့်နိုင်သေးပေ။ ဒါကြောင့် အများကြီးတန်ဖိုး ရှိတယ်လို့ မြင်နေသရွေ့တော့ ယဉ်ကျေးမှာ မဟုတ်ချေ။

ရသလောက် သိမ်းသွားရမည်။

"ရှေးဟောင်း မြို့ထဲကို လူတော်တော်များများ ရောက်ဖူးကြမှာပဲ.... ဒီမှာ ရတနာတွေ ဘယ်လိုလုပ် နည်းနည်းနဲ့မှ လျော့မသွားသလို ဖြစ်နေတာလဲ?"

မကြာမီ ရတနာစံအိမ်ရှိ အရာအားလုံးကို စုဆောင်းပြီးနောက် လုရွှမ်သည် သူ့နှလုံးသားထဲတွင် သံသယတစ်ခု ပေါ်လာခဲ့သည်။ ထို့ကြောင့် မထိန်းနိုင်စွာ မလှမ်းမကမ်းက ကျီးကန်းကို လှမ်းကြည့်လိုက်လေသည်။

All Chapters