ရတနာမှန်သမျှငါ့လက်ထဲသိမ်းစေ (ဒုတိယပိုင်း)
Vol. 28 Ch. 3,167
အပြင်မှာ ရှန့်ခုန်း ရှေးဟောင်းမြို့အကြောင်း ဒဏ္ဍာရီတွေ ရှိသလို လုရွှမ်လည်း ထိုစာအုပ်တွေ ဖတ်ပြီး မြို့ထဲကို ဘယ်လိုဝင်ရမယ် ဆိုတာ အတိအကျ သိထားခဲ့သည်။
တစ်စုံတစ်ယောက် ဝင်လာပါက ဤနေရာရှိ ရတနာများမှာ အစောကတည်းက ရိတ်သိမ်းခံလိုက်ရမည်မှာ သေချာလေသည်။
"တခြားနေရာတွေတော့ ငါမသိဘူး... မြို့သခင်ရဲ့ ရတနာစံအိမ်ကို ဘယ်သူမှ မရောက်ဖူးဘူး မင်းက ပထမဆုံးပဲ ဆိုတာတော့ ငါအာမခံတယ်"
ကျီးကန်းက ယုံကြည်မှု အပြည့်နဲ့ ပြောလာလေသည်။
"ပထမဆုံး?" လုရွှမ် အံ့သြသွားသည်။
ရှန့်ခုန်းချိုင့်ဝှမ်းသည် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ပြီး မရေမတွက်နိုင်သော တန်ခိုးရှင်များ သည် အနှစ်တစ်ရာတိုင်း ဝင်ရောက် လာကြသည်။ ရှေးဟောင်းမြို့က မကြာခဏ မဖွင့်တတ်သော်လည်း ယနေ့အထိ လက်ဆင့်ကမ်း ခံခဲ့ကြရသည်။
အကြိမ်တစ်ရာတိုင်း မပွင့်လာရင်တောင် အကြိမ်ပေါင်း ဒါဇင်နဲ့ချီပြီး ဖွင့်တာမို့ အကြိမ်ပေါင်း မရေတွက်နိုင်အောင် များပြားလှတဲ့ သခင်တွေလည်း လာနိုင်၏။ ဘာကြောင့် မြို့သခင်ရဲ့ ရတနာစံအိမ်ထဲကို တစ်ခါမှ မဝင်ကြတာလဲ။
"မှန်တယ်!" ကျီးကန်းက ဂုဏ်ယူစွာနဲ့ ခေါင်းညိတ်ပြပြီး
"ဘာမှပြောမနေနဲ့... ရတနာစံအိမ် အပြင်ဘက်က ကြီးမားတဲ့ အခင်းအကျင်း ပုံစံကို သိလား"
"ဒါ...."
လုရွှမ်က ခေါင်းခါလိုက်ပြီး "မသိဘူး!"
သက်တမ်း နှစ်ဘဝတာ ကာလအတွင်း လူသားတစ်ဦးအနေဖြင့် အခင်းအကျင်း၊ အဂ္ဂိရတ်ပညာ၊ သားရဲ ထိန်းကျောင်းခြင်း၊ ဆေးဝါးပညာ၊ လက်နက် သန့်စင်ခြင်း တို့တွင် အလုံးစုံနီးပါး စွမ်းဆောင်နိုင်သည်။
အဓိက ဂိုဏ်းခြောက်ဂိုဏ်း၏ စာကြည့်တိုက်ကို ဖောက်ဝင် ဖတ်ရှုခဲ့ခြင်းအပြင် လောက၌ သူပြုသော အရာများစွာ ရှိသော်လည်း အပြင်ဘက်က အခင်းအကျင်းကို သူသိပ်ပြီး နားမလည်ချေ။
ဤအခင်းအကျင်း ပုံစံကြီးသည် ရှုပ်ထွေးပြီး လျှို့ဝှက်ဆန်းကြယ်သည်။ ၎င်းကို လေ့လာရန် အချိန်အ လုံအလောက်ပေးလျှင် ရလဒ်အချို့ကို လေ့လာနိုင်သော်လည်း ၎င်းကို မိနစ်ဆယ်ချီ သို့မဟုတ် နာရီပိုင်းအတွင်း လုံးဝနားလည်ရန် မဖြစ်နိုင်ပေ။
"ဒါဆို အဲဒီဖွဲ့စည်းပုံရဲ့ ထူးခြားမှုကို မင်းမြင်နိုင်လား?"
ကျီးကန်းသည် သူ့ကို စမ်းသပ်နေပုံရပြီး တမင်မေးလာသည်။
"ဒီဖွဲ့စည်းမှုဟာ ဒြပ်စင်ငါးပါးရဲ့ စွမ်းအားကို အသုံးပြုထားပုံရတယ်... အဲဒီထဲကို ရောက်သွားတာနဲ့ ဝိညာဉ်ကို ထာဝရ ဆုံးရှုံးသွားသလိုပဲ!"
လုရွှမ် ခဏစဉ်းစား ကြည့်ပြီးမှ ဖြေလိုက်သည်။
သူရောက်လာသော အခါတွင် ၎င်းကို တစ်ချက် ကြည့်လိုက်ရုံမျှဖြင့် ကြီးမားသော ဖွဲ့စည်းပုံကို ဂရုတစိုက် မခွဲခြားနိုင်သော်ငြား အခင်းအကျင်း တည်ဆောက်မှုအပေါ် သူ၏လေ့လာမှုအပေါ် အခြေခံ၍ တချို့ကို တွေ့မြင်နိုင်သေးသည်။
အမှန်တော့ သူ၏ ယခင်ဘဝက ဖွဲ့စည်းခြင်းဆိုင်ရာ ကျွမ်းကျင်မှုများကြောင့် ထိပ်တန်းအဆင့်၌ သေချာပေါက် ရပ်တည်နိုင်ခဲ့သည်။
"တော်တော် ပိုင်းခြား သိမြင်တတ်တာပဲ!"
ကျီးကန်းက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။
"မှန်တယ်... အဲဒါက ဒြပ်စင်ငါးခုရဲ့ စွမ်းအားကို အသုံးပြုထားတဲ့ ဒြပ်စင်ငါးပါးကောင်းကင် အခင်းအကျင်း လို့ခေါ်တဲ့ ကြီးမားတဲ့ အခင်းအကျင်း ဖွဲ့စည်းမှုတစ်ခုပဲ"
"ဒြပ်စင်ငါးပါးကောင်းကင် အခင်းအကျင်း?"
လုရွှမ်၏ အမူအရာမှာ အေးခဲသွားသည်။
ဒီဖွဲ့စည်းပုံ အကြောင်း တစ်ခါမှ မကြားဖူးပေမယ့် တန်ခိုးအာဏာကို နာမည် တစ်ခုတည်းကနေ မြင်နိုင်သေးသည်။
ကောင်းကင်ကြီးကိုတောင် တံဆိပ်ခတ်ထား နိုင်တဲ့ ဒီအခင်းအကျင်း ဖွဲ့စည်းပုံက ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ။
"ဒြပ်စင်ငါးပါးကောင်းကင် အခင်းအကျင်းက ဟိုတုန်းက ဝိညာဥ်မျိုးနွယ်ရဲ့ ထူးခြားတဲ့ အခင်းအကျင်းတွေထဲက တစ်ခုပဲ.... မင်းပြောသလိုပဲ အဲဒီထဲကို ကျသွားတဲ့အခါ မင်းရဲ့ စိတ်ဝိညာဉ်က ကြီးမားတဲ့ ပျက်စီးမှုကို ခံစားရမှာ အသေအချာပဲ!"
ကျီးကန်း ခေါင်းညိတ်ရင်း ရှင်းပြ၏။
"ဝိညာဉ်မျိုးနွယ်?"
လုရွှမ်မှာ အံ့သြမှု အပြည့်နှင့် ဖြစ်သွားသည်။
သူသည် စိတ်ဝိညာဉ်သခင်များ အကြောင်းကိုသာ ကြားဖူးသော်လည်း ဝိညာဉ်မျိုးနွယ်စုများအကြောင်းကို တစ်ခါမျှ မကြားဖူးပါ။
"ဝိညာဥ်မျိုးနွယ် ဆိုတာ ရှေးခေတ်က အင်အားကြီးမားတဲ့ မျိုးနွယ်တစ်ခုပဲ... တကယ်တော့ ဒီနေ့ မင်းပြောနေတဲ့ ဝိညာဉ်စွမ်းအား အတိုင်းအတာက သူတို့ဆီက ဆင်းသက်လာတာ။ ဝိညာဉ်သခင်တွေရဲ့ ဝိညာဉ်စွမ်းရည် တချို့ကလည်း သူတို့ဆီက ဆင်းသက်လာတာပဲ.... ဒါပေမဲ့ အဲဒီလူမျိုးတွေက လူသားမျိုးနွယ်နဲ့ စစ်ပွဲမှာ လုံးလုံး ရှုံးနိမ့်ခဲ့ပြီး သမိုင်း အဖြစ်ပဲ ကျန်ရစ်ခဲ့တယ်!"
ကျီးကန်းသည် ရှေးခေတ်က အကြောင်းအရာများစွာကို သိပုံရ၏။
"လူသားမျိုးနွယ်က ပေါက်ဖွားလာတဲ့ စိတ်ဝိဥာဉ်သခင် ပညာရပ်က တကယ်တော့ ဝိညာဉ်မျိုးနွယ်ရဲ့ စွမ်းရည်ကို အတုယူခြင်း တစ်မျိုးပဲ"
"ဒါ..."
လုရွှမ် အံ့သြသွားသည်။
စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာသည် ဝိညာဉ်မျိုးနွယ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ နောက်ထပ် ဝိညာဥ်မျိုးနွယ်က ဖန်တီးထားတဲ့ ဝိညာဉ်စွမ်းရည် များစွာလည်း ရှိသေးတာလား။
ဒီသတင်းက တကယ်ကို ထိတ်လန့်စရာပဲ။
သူသည် ဂိုဏ်းကြီးခြောက်ဂိုဏ်း၏ လျှို့ဝှက်စုစည်းမှုများကို ဖတ်ပြီး မရေမတွက်နိုင်သော လျှို့ဝှက်ချက်များကို သိရှိခဲ့သည်။ ယခုမှာ ရှေးခေတ် ဝိညာဉ်မျိုးနွယ်စု အကြောင်းကို ပထမဆုံးအကြိမ် ကြားလိုက်ရခြင်း ဖြစ်သည်။
"ဒြပ်စင်ငါးပါး ကောင်းကင် အခင်းအကျင်းက ဝိညာဉ်မျိုးနွယ်ရဲ့ ထူးခြားတဲ့ အခင်းအကျင်း တစ်ခုဆိုရင်ဘာလို့ ဒီမြို့သခင်ရဲ့ စံအိမ်မှာ ရှိနေတာလဲ"
လုရွှမ် အနည်းငယ် နားမလည်သလို ဖြစ်သွားသည်။
"ဟားဟား... ကောင်လေး မင်ဒါကို နားမလည် သေးတာလား? တကယ်တော့ ဒီချိုင့်ဝှမ်းက လူသားမျိုးနွယ်နဲ့ ဝိညာဉ်မျိုးနွယ်တွေ တိုက်ခိုက်ခဲ့တဲ့ စစ်မြေပြင်ပဲ ပြီးတော့ ရှန့်ခုန်းချိုင့်ဝှမ်းက ရှန့်ခုန်းမြို့ဆိုတာ ဝိညာဉ်မျိုးနွယ်အတွက် ကျော်ကြားတဲ့ မြို့ကြီးတစ်မြို့လည်း ဖြစ်တယ်..."
ကျီးကန်းက ရှင်းပြသည်။
"ဒါက ဝိညာဉ်မျိုးနွယ်ရဲ့ မြို့လား?"
လုရွှမ် တုန်လှုပ်သွားသည်။
ချိုင့်ဝှမ်းသည် လူသားမျိုးနွယ်နှင့် စိတ်ဝိညာဉ်မျိုးနွယ်တို့ တိုက်ခိုက်ရာ နေရာဖြစ်ပြီး ရှေးဟောင်းမြို့သည် ဝိညာဉ်မျိုးနွယ်၏ မြို့ ဖြစ်နေ၏။ သူကိုယ်တိုင် နားနှင့်မကြားရပါက မယုံနိုင်မှာ သေချာလေသည်။
ရှေးခေတ်ဆိုတာ ဘယ်နှနှစ်တွေ ကြာခဲ့ပြီလဲ မသိချေ။ အားကြီးတဲ့ လူတွေ၊ ရည်ညွှန်းချက်တွေဟာ သမိုင်းမြစ်ရှည် တစ်လျှောက် ပျောက်ကွယ်သွားခဲ့တာ ကြာပါပြီ။ မှတ်တမ်းလည်း မရှိပါသလို ရှေးခေတ်က သက်ရှိတွေ ရှိခဲ့တဲ့ အကြောင်းလည်း ဘယ်သူမှ မသိချေ။
ဝိညာဥ်မျိုးနွယ်ရဲ့ စစ်ပွဲအကြောင်းပင် ရှိမှန်းတောင် မသိကြလောက်ပေ။
ရှေးဟောင်းမြို့၏ အတိုင်းအတာ၊ ၎င်း၏ ရတနာများနှင့် အဆောက်အအုံများကို ကြည့်လျှင် ထိုအချိန်က ဝိညာဉ်မျိုးနွယ်သည် အလွန်ကြောက်စရာ ကောင်းကြောင်း တွေ့နိုင်လေသည်။
"ဒါပေါ့ ချိုင့်ဝှမ်းဟာ ဝိညာဉ်မျိုးနွယ်နဲ့ လူသားမျိုးနွယ်ကြားက စစ်မြေပြင် မဟုတ်ရင် ရွှေငါးဝိညာဉ် နှလုံးလို ရတနာတစ်ပါးက ဘယ်လိုရှိနိုင်မှာလဲ? မင်းရဲ့ဝိညာဉ်စွမ်းအားက အရမ်းတိုးတက်လာပြီ ဆိုတာကို ငါမမြင်ဘူးဘူးလို့ မထင်လိုက်ပါနဲ့.....အဲဒါကို မင်းရှာတွေ့ပြီး အောင်အောင်မြင်မြင်နဲ့ သန့်စင်ပြီးပြီမလား!"
ကျီးကန်းသည် ၎င်း၏ အတောင်ပံများကို တဖျပ်ဖျပ် ခတ်ကာ လုရွှမ်ကို ကြည့်ကာ ညည်းနေသည်။
"အင်း ဟုတ်တယ်!"
လုရွှမ် ရွှေငါးဝိညာဉ်အကြောင်း မပြောခဲ့ပါ။ သို့သော် အချိန်တိုအတွင်းမှာ စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ ရတနာတချို့နဲ့ ရွှေငါးဝိညာဉ်ရဲ့ အထူးစွမ်းရည်တို့ကို သိနေသရွေ့ နည်းနည်းလေး စဥ်းစားလိုက်ရုံနဲ့ ကောက်ချက်ချလို့ ရလေပြီ။
"ချိုင့်ဝှမ်းထဲမှာ ရွှေငါးဝိညာဥ် တင်မကဘူး.... ရှေးလေတ် စိမ်းပြာရောင် အရွက်တွေကိုလည်း မင်း ကြားဖူးမှာပါ"
ကျီးကန်း ဆက်ပြောသည်။
"ဟင်....အင်း!"
လုရွှမ် ခေါင်းညိတ်လိုက်သည်။
'ရာစုနှစ်တစ်ခုရဲ့ ထောင်ချောက်ဟာ နတ်ဘုရားချိုင့်ဝှမ်းက ထွက်ပေါ်လာပြီး စိမ်းလန်းတဲ့ သစ်ရွက်နဲ့ ရှေးဟောင်းသစ်ပင်တွေဟာ ရွှေအရှိန်လို စီးဆင်းနေသတဲ့'
ဒီသီချင်းကို အဓိက အင်အားစုတိုင်းနီးပါး သိကြပြီး ရှေးဟောင်းသစ်ရွက်စိမ်းဟာ သူတို့ကြားထဲမှာ အရေးကြီးဆုံး ရတနာပဲ။
သူသည် ရွှေအရှိန်ကို ဖမ်းယူ သန့်စင်ထားပြီး ဖြစ်သည်။ ဤအရာနှင့် ဘေးချင်းကပ် ရပ်တည်နိုင်သည့် ရှေးဟောင်းသစ်ရွက်စိမ်းမှာ မည်မျှ ကြောက်စရာ ကောင်းကြောင်း ပြသနေလေပြီ။
"ဒါဆို ရှေးဟောင်း သစ်ရွက်စိမ်းက ဘာအတွက်သုံးလဲ သိလား?"
ကျီးကန်းက ထပ်မေးလေသည်။
"လက်နက်တွေကို သန့်စင်တဲ့နေရာမှာ သုံးလို့ရတယ်... ဒါပေမဲ့ သူ့ရဲ့သီးခြား လုပ်ဆောင်ချက်တွေကို အတည်မပြုရသေးခင် လေ့လာထားဖို့ လိုသေးတယ်"
လုရွှမ် ပြန်ဖြေလိုက်သည်။
သူ့အရင်ဘဝက ရှေးဟောင်းသစ်ရွက်စိမ်းကို မမြင်ဖူးခဲ့သလို ထိုအရာနဲ့ ဆက်စပ်စာအုပ်များကိုသာ ဖတ်ဖူးခဲ့လေသည်။
ဤအရာသည် ချိုင့်ဝှမ်းတွင်သာ ရနိုင်သည်။ ၎င်းသည် ရွှေအရှိန်၊ ရွှေငါးဝိညာဉ်နှင့် အတူတူပင် ဖြစ်သည်။ ၎င်းကို ရှာတွေ့ဖို့ ခက်ခဲပြီး ၎င်းကို ရှာဖွေရန်မှာလည်း ခက်ခဲလွန်းလှသည်။
အရင်ဘဝက ထိုရတနာများကို တစ်ခါမှ မတွေ့ဖူးခဲ့တာကြောင့် ထုံးစံအတိုင်း ဘာဆက်လုပ်ရမှန်း မသိတော့ချေ။
သို့သော် သူ၏ အသိပညာဖြင့် ဤရှေးဟောင်း သစ်ရွက်စိမ်းဟု ခေါ်တွင်နေသည့် ရတနာကို ရှာတွေ့နေသမျှ ကာလပတ်လုံး ၎င်း၏ အသုံးပြုပုံများကိုလည်း သေချာပေါက် မှတ်မိနိုင်မည်ဟု ယုံကြည်ပါသည်။
"ထင်တာ တစ်ဝက် မှန်တယ်... ရှေးဟောင်းသစ်ရွက်စိမ်းက တကယ့် လက်နက်တွေကို သန့်စင်ပေးနိုင်တယ်... ဒါပေမဲ့ သန့်စင်ထားတဲ့လက်နက်တွေကို ကျင့်ကြံသူတွေ အသုံးမပြုနိုင်ဘူး!"
ကျီးကန်းက ဆက်ပြော၏။
"ကျင့်ကြံသူတွေ သုံးလို့ မရဘူး??"
လုရွှမ် ခဏလောက် အံ့အားသင့်သွားပြီး တစ်ခုခုကို တွေးကြည့်ကာ မျက်လုံးများ ပြူးကျယ်သွား၏။
"ဒါဟာ သစ်သားနီလို ဝိညာဉ်သခင်တွေပဲ သုံးနိုင်တဲ့ အရာများ ဖြစ်နိုင်မလား?"
ကျီးကန်းသည် ထိုခန့်မှန်းချက်ကို ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။
"မတုံးသေးဘူးပဲ ဒါကို မြန်မြန်ဆန်ဆန်နဲ့ သိလိုက်တာပဲ!"
"ဝိညာဉ်သခင်တွေ သုံးတဲ့ အရာတွေလား? သစ်သားနီနဲ့ဆို ဘယ်ဟာက ပိုအစွမ်းထက်လဲ"
လုရွှမ် မထိန်းနိုင်ဘဲ ပြောလိုက်သည်။
"သစ်သားနီ....ဖွီး?" ကျီးကန်းက လှောင်ပြောင်လိုက်ရင်း။
"ဘာတွေလာနောက်နေတာလဲ? သစ်သားနီက ဝိညာဉ်သခင်တွေ အတွက် ရှားပါးတဲ့ ရတနာတစ်ခုဖြစ်ပေမဲ့ ရှေးဟောင်းသစ်ရွက်စိမ်း သစ်သားတွေနဲ့ ယှဉ်ရင် ကောင်းကင်နဲ့ မြေကြီး... တို့ဟူးနဲ့ သံမဏိလိုပဲ.... မင်းပြောကြည့် သူတို့ထဲက ဘယ်သူက ပိုသာမယ် ထင်လဲ?"
"ဒါ...."
လုရွှမ် ဆွံ့အသွားတော့သည်။
ကျီးကန်း ပြောပြီးတာနဲ့ သူနားလည်သွားပြီး မထိတ်လန့်ဘဲ မနေနိုင်အောင် ဖြစ်သွားသည်။ သစ်သားနီက အရမ်းအစွမ်းထက်ပါ၏။ ရှေးဟောင်း သစ်ရွက်စိမ်း သစ်သားက ပိုလို့တောင် အစွမ်းထက်မယ်လို့ မမျှော်လင့်ထားခဲ့ချေ။