လုရွှမ် ပျောက်သွားပြီ (ဒုတိယပိုင်း)
Vol. 28 Ch. 3.170
"ဘယ်လို အသက်ရှင်ရမှန်း မသိတဲ့ကောင်ပဲ! အခုကျုပ်တို့အတွက် အရေးကြီးဆုံး အရာက အဲဒီလုရွှမ်ကို ရှာတွေ့ဖို့ပဲ.... ပြီးရင် သူ့ကို သတ်ပစ်ရမယ်!"
လုရွှမ် အကြောင်းကို တွေးတောရင်း မင်းသား ချန်ရှင်းသည် ဒေါသများ ပြည့်လာကာ အပြေးအလွှား သွား၍ အမှုန့်ဖြစ်အောင် ဖြိုခွဲပစ်ချင်လာတော့သည်။
"မှန်တယ်.... အဲဒီကောင်လေးဆီမှာ ရှောင်းချင်ထျန်း လိုချင်တဲ့ တစ်ခုခုရှိနေလို့ သူက ထူးထူးခြားခြား ပစ်မှတ်ဖြစ်နေတာ ဖြစ်ရမယ်... သူ့ကို သတ်လိုက်ပြီး အဲဒီရတနာကို အောင်မြင်စွာ ဖောက်ဖျက်နိုင်သရွေ့ ရာဇပလ္လင်က မင်းအတွက်ဆိုတာ အာမခံနိုင်ပြီ!"
မင်းသားချန်ရှင်းရဲ့ ဆရာကလည်း သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"အဲဒီအချိန်ကျရင် အကြံဉာဏ်တစ်ခု ပေးဖို့ ဆရာကြီးကိုပဲ အားကိုးပါရစေ!"
မင်းသားချန်ရှင်း၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် တောက်ပလာကာ လျင်မြန်စွာ ဦးညွှတ်လိုက်သည်။
သူ၏ ဆရာသခင်သည် အသွင်ကူးပြောင်းမှု အဆင့်ရှစ်ဆင့်သို့ ဖြတ်ကျော်ကာ တော်ဝင်အင်ပါယာ တစ်ခုလုံးတွင် ထိပ်တန်းဖြစ်လာပါက မင်းသားတိုင်း ထီးနန်းတက်နိုင်သည်ဟု မဆိုနိုင်တော့ပေ။
"မြန်မြန်... လုရွှမ် မြို့ရဲ့မြောက်ဘက်မှာ ပေါ်လာတယ်တဲ့"
"မြို့ရဲ့မြောက်ဘက်?"
"ဟုတ်တယ်... ရွှမ်ဝူ မြို့တံခါးမှာ ရွှမ်ဝူကျောက်စာ ရှိတယ်ဆိုတာ မင်းမကြားမိဘူးလား? အဲ့ဖက်မှာ စွမ်းအင်လှိုင်းတစ်ခု ပေါ်လာလို့ လူတွေအများကြီး ပြေးသွားကြတယ် လုရွှမ်က သူတို့အထဲမှာ ပါလောက်တယ်... မြန်မြန် သွားကြရမယ် မဟုတ်ရင် အကုန်လုံးကို သူခိုးသွားမှာ စိုးရိမ်ရတယ်!"
"ခိုးသွားမယ်?? တကယ်လား? သူက အဓိပတိနယ်ပယ်လေးလေ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရှိတဲ့ လူဆီက ရတနာတွေကို လုယူသွားနိုင်မှာတဲ့လား?
"သတင်း အတိအကျတော့ မသိဘူး... ငါလည်း တခြားသူတွေဆီက ကြားလာတာ"
မင်းသား ချန်ရှင်းနှင့် အခြားသူများ ဆွေးနွေးနေကြစဥ် စကားစမြည် ပြောသံများ ဆက်တိုက်ကြားနေရ၏။
"မြို့ရဲ့မြောက်ဘက်ကို သွားကြည့်ရအောင်!"
မင်းသားချန်ရှင်း အံ့အားသင့်သွားပြီး ယန့်ဖုံး၊ ကောင်းရှန် နှင့် အခြားသူများကို မြို့မြောက်ဘက်သို့ အလျင်အမြန် ခေါ်သွားလေသည်။ ခပ်ဝေးဝေးကို မရောက်ခင်မှာပဲ နောက်ထပ် စကားပြောသံတွေ ထပ်ကြားလိုက်ရပြန်သည်။
"တောင်ဘက်မှာ ဧရာမ ကျူးချွဲတံဆိပ်ကြီး ပေါ်လာတယ်တဲ့.... တံဆိပ်ရဲ့ မျက်လုံးတွေက ကောင်းကင်ပြာ ကျောက်မျက်တွေနဲ့ ထွင်းထားတယ်လို့ ပြောကြတယ့"
"ရတနာများလား?"
"ဟုတ်တယ်... ဒီကျောက်က စိတ်ဝိညာဉ်အတွက် အရမ်းအသုံးဝင်တယ်လို့ မြင်တဲ့သူတိုင်းက ပြောကြတယ်.... အဲဒါကို အချိန်အကြာကြီး ကြည့်နေရင်းနဲ့ကို စိတ်ဝိညာဉ်စွမ်းအားရဲ့ အတိုင်းအတာက ခုန်ပြီး တိုးလာလိမ့်မယ်!"
"အဲဒီရတန. ဘယ်မှာလဲ? ငါ့ကို ကြည့်ဖို့ အမြန်ခေါ်သွားပေးစမ်းပါ... မယူနိုင်ရင်တောင် ကြည့်ရရင်ကို ကောင်းနေပြီ"
"အရမ်းနောက်ကျသွားပြီ... လုရွှမ် ယူသွားလောက်ပြီ!"
"လုရွှမ်?"
"အင်း.... ဧရာမ ကျူးချွဲ့ တံဆိပ်ပေါ်လာတာနဲ့ ရတနာတွေပါ တောက်ပလာတာတဲ့.... လုရွှမ်က လေထဲကနေ ခုန်ထွက်လာပြီး ရတနာတွေကို လုယူသွားတယ်လို့ ပြောတာပဲ!"
"အား..... အဲဒီကောင် ဘယ်မှာလဲ? ငါ သူ့ကို သတ်ပစ်မယ်!!"
"သူဘယ်လိုလုပ် မြို့တောင်ဘက်ကို ရောက်သွားတာလဲ?"
ဤစကားဝိုင်းများကို ကြားလိုက်ရတော့ မင်းသား ချန်ရှင်းနှင့် အတူ လူတိုင်း မျက်တောင်များ ပုတ်ခတ်လိုက်ကြသည်။
လုရွှမ်က မြို့ရဲ့ မြောက်ဘက်မှာ ရှိနေတယ်လို့ ကြားလိုက်ရပြီး ခဏအတွင်းမှာ မြို့တောင်ဘက်ကို ရောက်သွားပြန်ပြီ။ ဒီအရှိန်က အရမ်း မြန်းလွန်းမနေဘူးလား။
"မင်းရဲ့သတင်းက မှားနေတယ်... လုရွှမ်က မြို့အရှေ့ဖက်မှာ ပေါ်လာပြီး မြို့တံခါးမှာ ဆွဲထားတဲ့ ချင်းလုံဓားကို လုယူသွားတယ်လို့ ကြားခဲ့တယ်"
"ချင်းလုံဓား? အဲဒါကဘာလဲ?"
"သူတော်စင် ပုံစံတွေနဲ့ သန့်စင်ထားတဲ့ လက်နက်လို့ ပြောကြတယ်"
"သူတော်စင်နယ်ပယ် မှော်လက်နက်လား?"
"ဆက်ပြောမနေနဲ့... လုရွှမ် ခိုးသွားတဲ့ အရာက ချင်းလုံဓား မဟုတ်ဘူး မြို့တံခါး အနောက်ဖက်က ကျားဖြူကြေးမုံပဲ!"
"ကျားဖြူကြေးမုံဆိုတာ ဘာလဲ?"
"ဒါကိုတော့ ကျွန်တော်လည်း မသိဘူး ဘာပဲဖြစ်ဖြစ် လူတော်တော် များများကို ဆွဲဆောင်နိုင်တယ်ဆိုတော့ သေချာပေါက် မရိုးရှင်းနိုင်ဘူး...."
သတင်းမျိုးစုံ ပျံဝဲနေတော့သည်။
လုရွှမ်သည် အရှေ့ဖက်၊ အနောက်ဖက်၊ တောင်ဖက်၊ မြောက်ဖက်တွေဟာ ခဏတာသာ ပေါ်လာသည်။ တိုတိုပြောရရင် သူပျောက်ကွယ်သွားပြီးနောက် ရတနာတွေကိုပါ ယူဆောင်သွားလေ၏။
လူတိုင်းက ကောင်းတဲ့ အရာတွေကို လိုချင်ကြပေမယ့် အသန်မာဆုံး ရှောင်းချင်ထျန်းက သိမ်းယူသွားတယ် ဆိုရင်တော့ ဘယ်သူမှ ပြောရဲကြမှာ မဟုတ်ပေ။ အဓိပတိနယ်ပယ်ရှိ လူလေးက လုယူသွားတယ် ဆိုတော့ လူတိုင်းရဲ့ ဒေါသကို ချက်ချင်း နှိုးဆွမိသလို ဖြစ်သွားလေသည်။
သူတို့ မေ့နေတာက ဒီလူငယ်လေးသာ မရှိရင် ရတနာတွေ မပြောနဲ့ ရှေးဟောင်းမြို့ထဲကိုတောင် ဝင်နိုင်မှာ မဟုတ်ဘူး ဆိုတာပင်။
"မင်းသား... အခု ဘယ်ကို သွားကြမလဲ?"
ထိုသတင်းကို ကြားပြီးနောက် သခင်မဟိုင်ထန် လုံးဝ စိတ်ရှုပ်ထွေးသွားပြီး မထိန်းနိုင်ဘဲ လှည့်မေးလိုက်သည်။
"ဘယ်မှ သွားစရာ မလိုပါဘူး.... ငါခန့်မှန်းတာ မှန်ရင် ရှောင်းချင်ထျန်းက လုရွှမ်ကို လူတိုင်းရဲ့ ဝေဖန်မှု ပစ်မှတ်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်တဲ့ သတင်းအတုပဲ ဖြစ်ရမယ်!"
မင်းသား ချန်ရှင်းသည် နောက်ဆုံးတွင် နားလည် သဘောပေါက်သွားပြီး ဆိုလိုက်သည်။
"လုရွှမ်ကို လူတိုင်းရဲ့ဝေဖန်မှုကို ပစ်မှတ်ဖြစ်အောင် လုပ်တယ်?"
ထိုမှသာ လူတိုင်းက တစ်ပြိုင်တည်း တုံ့ပြန်လာကြသည်။
လုရွှမ်က လူတိုင်းကို ရှေးဟောင်းမြို့ထဲကို ဝင်ခွင့်ရအောင် ကူညီပေးခဲ့ပြီး လူတော်တော်များများက သူ့ကို ကျေးဇူးတင်နေကြဆဲပင်။ သို့သော် သတင်းတွေ ပျံ့နှံ့လာတာနဲ့အမျှ လုရွှမ်ဟာ လောဘဇောနဲ့ မခံမရပ်နိုင် ဖြစ်မှုတွေအတွက် လူတိုင်းရဲ့ ကျေးဇူးက ချက်ချင်း ရွံရှာမုန်းတီးခြင်း အဖြစ် ပြောင်းလဲသွားတော့သည်။
"သတင်းက မမှန်ဘူးဆိုတော့ အခု ဘာလုပ်သင့်လဲ?"
သခင်မဟိုင်ထန်က ထပ်မေးပြန်သည်။
သူတို့အားလုံး လုရွှမ်ကို ရန်ငြိုးထားပြီး အမြန်သတ်ပစ်လိုကြသည်။ ရှာမတွေ့ရင် သူ့ကို ဘယ်လိုလုပ် သတ်ရတော့မလဲ။
"ဒါက အရမ်းရိုးရှင်းပါတယ်... ပေရွှီးအင်ပါယာက လူတွေ ဘယ်မှာလဲ? ငါတို့အဲ့ကို သွားရအောင်... အဲဒီလုရွှမ်က သူတို့ကို တွေ့ဖို့ သေချာပေါက် ပြန်သွားလိမ့်မယ်!"
မင်းသား ချန်ရှင်း၏ မျက်လုံးများ အကြံကောင်းတစ်ခု ရသွားသည့်နှယ် အော်ဟစ်လိုက်သည်။
"ဟုတ်တယ်!"
သခင်မဟိုင်ထန်ကလည်း မျက်လုံးများ တောက်ပစွာဖြင့် စိတ်လှုပ်ရှားစွာ ထောက်ခံလေ၏။ မင်းသား တစ်ယောက် ဆိုသည့်အတိုင်း သူ့အတွေးတွေက မြန်ဆန်လွန်းပြီး သူတို့မတွေးမိတဲ့ အရာကို တွေးနိုင်သည်။
လုရွှမ်သည် ကျောင်းတွင် သူ၏ နောက်လိုက်များစွာ ကျန်ရှိနေသေးကြောင်း ကြားသိခဲ့ရပြီးနောက် သူတို့အားလုံး တက်ကြွလာကြသည်။
ထို့အပြင် လုရွှမ်၏ အကြီးမားဆုံး အားကိုးမှုဖြစ်သည့် အဆင့်၈ ဝိညာဉ်သားရဲသည် ထိုနေရာတွင် ရှိနေသေးသည်။ အကယ်၍ သူသည် ရှေးဟောင်းမြို့၌ ပုန်းအောင်းနိုင်သော်လည်း အခြားသူများကို ရှာမတွေ့ပါက ချိုင့်ဝှမ်းထဲမှ ထွက်သွားမည် မဟုတ်ပေ။
"သွားစို့!"
ပစ်မှတ်ကို လူတိုင်း သဘောပေါက်သွားတဲ့အခါ သူတို့သည် အသုံးမဝင်သော စကားများကို ရပ်လိုက်ပြီး ပေရွှီးအင်ပါယာ ယင်းယန်ကျောင်းတော်က လူတွေကို ရှာဖွေရန် ထွက်လာခဲ့သည်။
ယင်းယန်ကျောင်းတော်တွင် လူရာနှင့်ချီရှိသောကြောင့် ၎င်းတို့ကို ရှာဖွေရန် အလွန်အဆင်ပြေပါသည်။
"လုရွှမ်ကို ထုတ်ပေး!! မဟုတ်ရင် ငါတို့ ကျင်းလင်ဂိုဏ်းက မင်းတို့အားလုံးကို ဒီမှာပဲ သတ်ပစ်လိုက်မယ်!"
သူတို့ အရှေ့ကို မရောက်ခင်မှာပဲ လူတစ်စုက ၎င်းတို့ကို ဝိုင်းထားတာ တွေ့လိုက်ရသည်။ ခေါင်းဆောင်က သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်မှာရှိတဲ့ လူတစ်ယောက်ပဲ ဖြစ်သည်။
"မြန်မြန် လွှဲပေးလိုက်.... မဟုတ်ရင် မင်းတို့အကုန် အသတ်ခံရလိမ့်မယ်!"
"မင်းတို့ လုရွှမ်ကို ထိန်းသိမ်းထားနိုင်မှာ မဟုတ်ဘူး.. မင်းတို့ ကိုယ့်အတွက်ပဲ ပိုစဉ်းစားသင့်တယ် ထင်တယ်!"
"ငါတို့ကို အတင်းလုပ်မိအောင် ဖိအားမပေးနဲ့"
ကျင်းလင်ဂိုဏ်းမှ လူများသည် ဖန့်ဝူဆွေ့ နှင့် အခြားသူများရှေ့တွင် စုရုံးနေကြပြီး လုရွှမ်ကို လက်မအပ်လာသရွေ့ လူတိုင်းကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ အချင်းချင်း စိုက်ကြည့်နေကြသည်။
"လုရွှမ်က ငါတို့နဲ့အတူ မရှိဘူး... ငါတို့ ရှေးဟောင်းမြို့ထဲကို ဝင်လာတဲ့ အချိန်တုန်းက မင်းတို့ပဲ သူ့ကို အရင်လွှတ်လိုက်တာလေ....သူ ဘယ်မှာမှန်း ငါတို့မသိဘူး"
ဖန့်ဝူဆွေ့သည် သူ့လက်များကို ကူကယ်ရာမဲ့ ဝှေ့ယမ်းလိုက်သည်။
"အဓိပ္ပာယ် မရှိတာ! မင်းရဲ့အကူအညီကြောင့်သာ မဟုတ်ရင် အဓိပတိနယ်ပယ် နယ်ပယ်သေးသေးလေးမှာ ပုန်းအောင်းနိုင်ပါ့မလား... ကောင်းပြီ မင်းတို့စဥ်းစားဖို့ ၁၀ စက္ကန့် အချိန်ပေးမယ်"
အသွင်ကူးပြောင်းခြင်း နယ်ပယ်ရှိ ခေါင်းဆောင်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ဆယ်၊ ကိုး၊ ရှစ်၊ ခုနစ်၊ ခြောက်၊ ငါး၊ လေး၊ သုံး၊ နှစ်..... တစ်!"
ရေတွက်ပြီးနောက် ထိုဂိုဏ်းချုပ်သည် ဖန့်ဝူဆွေ့နှင့် တခြားလူများ မလှုပ်ရှားသည်ကို မြင်လိုက်ရသဖြင့် သူ့အမူအရာမှာ မည်းမှောင်သွားတော့သည်။
"သတ်!"
ဝူး!
အော်သံမဆုံးခင်မှာ ထိုအမျိုးသားရဲ့ ဦးခေါင်းပေါ်သို့ အရိပ်တစ်ခု ခုန်တက်လာပြီး လည်ပင်းကနေ ရိုက်ထုတ်ပစ်တော့သည်။ နံရံကို ပြင်းပြင်းထန်ထန် ထိမှန်သွားပြီး နောက်မှာတော့ သွေးတွေ အလိမ့်လိမ့် ထွက်ကျလာလေ၏။
"အား.... ဂိုဏ်းချုပ်!"
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် အလွန်မာန ကြီးနေခဲ့သော လူတွေရဲ့ မျက်နှာတွေ အားလုံးဟာ တစ်ပြိုင်တည်း ထိတ်လန့်တုန်လှုပ် သွားကြသည်။
သူတို့ရဲ့ ဂိုဏ်းချုပ်ဟာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈က သိုင်းပညာရှင် တစ်ယောက်ပင်။ သူ့ခမျာ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ လွင့်ထွက်သွားရတဲ့ အထိ တိုက်ခိုက်ခံလိုက်ရတာ တကယ်ကို ပြင်းထန်လွန်းပေ၏။
အားလုံး မော့ကြည့်လိုက်သော် ပျင်းရိစွာနဲ့ လူတိုင်းရှေ့မှာ ရပ်နေတဲ့ တောင်ဖောက်နဂါး သင်းခွေချပ်ကြီးကို တွေ့ရသည်။