ရတနာ ထွက်လာပြီ (ပထမပိုင်း)
Vol. 29 Ch. 3.171
"မင်း ငါတို့ရဲ့ ဂိုဏ်းချုပ်ကို ခိုးဝင် တိုက်ခိုက်ဖို့ သတ္တိရှိတယ်ပေါ့!! အကြီးအကဲတို့ အခင်းအကျင်း စီရင်ပြီး ဒီသားရဲဆိုးကို သတ်ပစ်လိုက်ကြ!"
လုရွှမ်၏ ဝိညာဉ်သားရဲသည် မျက်စိတစ်မှိတ်အတွင်း ၎င်းတို့၏ ဂိုဏ်းချုပ်ကို သတ်ပစ်လိုက်လေသည်။ လူတိုင်း၏ မျက်လုံးများ နီရဲလာကြပြီး ကျင်းလင်ဂိုဏ်းမှ အကြီးအကဲ ခုနစ်ယောက်၊ ရှစ်ယောက်က ချက်ချင်းပင် ကြီးမားသော အခင်းအကျင်း ပုံစံကို ဖန်တီးလိုက်ကြသည်။
ဤအကြီးအကဲများသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ သို့ ရောက်ရှိရန် လုံလောက်စွာ အားကောင်းကြပြီး တချို့မှာ အားမနည်းသော အဆင့်၇ကို ရောက်နေကြပြီ။ ဤသန်မာသော သူများသည် ကြီးမားသော ဖွဲ့စည်းမှုဖြင့် ချုပ်နှောင်ထားပါက အဆင့်၈ ပြီးပြည့်စုံခြင်း အဆင့်ကလူပင် ယှဉ်ပြိုင်ရန် ခက်ခဲလိမ့်မည်။
"သူ့ကိုသတ်!!"
အခင်းအကျင်းကို ဖွဲ့စည်းပြီး ကျင်းလင်ဂိုဏ်းမှ အကြီးအကဲ များစွာတို့သည် ဟိန်းဟောက်ပြီး တောင်ဖောက်နဂါးဆီသို့ အလင်းတန်းများ ပစ်လွှတ်လိုက်သည်။
ဝူး!
တောင်ဖောက်နဂါးသည် ၎င်းတို့အား ဂရုပင်မစိုက်ဘဲ ရုတ်တရက် ဟိန်းလိုက်ရာ ရှေးဟောင်းမြို့ကြီး တစ်ခုလုံး တုန်ခါသွားကာ အဖြူရောင် အလင်းတန်းများက ၎င်းခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။
ဇိဇိ!
တခဏချင်းမှာပဲ တောင်ဖောက်နဂါးကြီးရဲ့ ခန္ဓာကိုယ်ဟာ အကြိမ်ပေါင်းများစွာ ဖောင်းကားလာပြီး ခုနစ်မီတာ သို့မဟုတ် ရှစ်မီတာ အရှည်ရှိတဲ့ ဧရာမ သားရဲကြီးအဖြစ် ပြောင်းလဲသွားကာ လူအုပ်ကြီးဆီသို့ လက်ဝါးတစ်ချက် လွှဲရိုက်လိုက်ပေသည်။
ဗုန်း!
ကောင်းကင်က ယိမ်းနွဲ့သွားစေပြီး မြေကြီး တုန်ခါသွားစေသည့် ကျင်းလင်ဂိုဏ်း၏ အကြီးအကဲများစွာ၏ အခင်းအကျင်းသည် ချက်ချင်းပင် ပြိုလဲ ပျက်စီးသွားခဲ့သည်။ အကြီးအကဲများ အားလုံး တစ်ပြိုင်နက်တည်း သွေးများထွက်လာကာ အသားမုန့် အပိုင်းအစများ အဖြစ်သို့ ပြောင်းလဲကာ နံရံတွင် ပြေးကပ်နေတော့သည်။
"ဘာကြီး?"
"အကြီးအကဲတွေ အများကြီး ပူးပေါင်းပြီး အခင်းအကျင်းတစ်ခု စီရင်လိုက်တာတောင် တစ်ခါတည်းနဲ့ အကုန် အသတ်ခံလိုက်ရတာလား?"
"ခေါင်းဆောင်ရှောင်း မှာတောင် ဒီလို ခွန်အားတွေ မရှိလောက်ဘူး!"
"ဘာဖြစ်ကုန်တာလဲ?"
"ဘာတွေဖြစ်နေတာလဲ ဂရုစိုက်မနေနဲ့ ပြေးသာပြေးတော့!"
ဒီမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံး အံ့ဩသွားပြီး တစ်ယောက်ပြီး တစ်ယောက် အလုံးအရင်း ထွက်ပြေးသွားကြသည်။
အထူးသဖြင့် ကျင်းလင်ဂိုဏ်းတွင် အသက်ရှင်နေ သေးသူများသည် တစ်ဖက်လူတွေလည်း လုံးဝ စိတ်အနှောင့်အယှက် ပေးလို့ မရတော့သည်ကို နားလည်သွားကြသည်။
ရှောင်းချင်ထျန်း ကျေနပ်ဖို့အတွက် ဂိုဏ်းဝင်တွေတောင် ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။ ရှေးဟောင်းမြို့မှာ အေးအေးချမ်းချမ်းနဲ့ ရတနာတချို့ ရထားပြီး ဒီလိုကိစ္စတွေမှာ မပါဝင်ဖို့က ပိုကောင်းလေသည်။
"လုရွှမ်ရဲ့ ဝိညာဥ်သားရဲ တိုက်ခိုက်ရေးစွမ်းအားက ဘာလို့ ဒီလောက်တောင် တိုးလာရတာလဲ?"
မင်းသား ချန်ရှင်းနဲ့ ဘေးမှာ ပုန်းနေတဲ့ တခြားသူတွေဟာလည်း ဒီမြင်ကွင်းကို သူတို့မျက်လုံးထဲ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့ မယုံနိုင် ဖြစ်သွားတော့၏။
တောင်ဖောက်နဂါး၏ တိုက်ပွဲဝင် စွမ်းအားကို သူတို့မြင်ဖူးကြပြီးပြီ။ သာမန်သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ကလူပင် အမှန်တကယ် မယှဉ်နိုင်သော်လည်း များစွာသော လူများစွာဖြင့် ဖွဲ့စည်းထားသော အခင်းအကျင်းကို ဖြတ်ကျော်ကာ အကြီးအကဲ အများအပြားကို သတ်ပစ်ရန်အထိ မဖြစ်နိုင်သေးချေ။
ဒါပေမဲ့ သူ့ရှေ့မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်တွေက လူတွေက ၎င်းမှာ ဒီလိုမျိုး စွမ်းအားတွေ ရှိနေတယ်ဆိုတာ သက်သေပြပြီးပြီ။
ဘာတွေ ဖြစ်ကုန်တာလဲ?
"လုရွှမ်ရဲ့ ဝိညာဥ်သားရဲ ခန္ဓာကိုယ်ထဲမှာ ဝိညာဥ်သားရဲ လေးကောင်ထဲက တစ်ကောင်ရဲ့ သွေးတွေ ရှိနေတာဖြစ်မယ်... ရှေးမြို့ဟောင်းမှာ ခါတိုင်းထက် ပိုပြင်းထန်တဲ့ တိုက်ခိုက်ရေး စွမ်းအားကို ပြသဖို့အတွက် ရှေးဟောင်းမြို့ရဲ့ စွမ်းအားကို ယူသုံးနိုင်တယ်!"
မင်းသားချန်ရှင်း၏ ဆရာမှာ အနည်းငယ် တုန်လှုပ်စွာ ပြောလာခဲ့သည်။
သူသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် တွင် အားကောင်းသူ တစ်ဦးဖြစ်ပြီး သူ၏အမြင်အာရုံသည် သာမန်လူများထက် များစွာမြင့်မားနေလို့ ပြဿနာကို ချက်ချင်း မြင်လိုင်သည်။
"ရှေးဟောင်းမြို့ရဲ့ အကူအညီနဲ့လား?"
အားလုံး ခဏလောက် ထိတ်လန့်သွားပြီး သဘောပေါက်သွားကြသည်။
တောင်ဖောက်နဂါးသည် ရှေးဟောင်းမြို့မှ အလင်းရောင်ဖြူများကို ယခုပင် ချေးငှားပြခဲ့သည်။ ထိုမှပင် ၎င်း၏ခန္ဓာကိုယ်သည် ပို၍ကြီးမားလာပြီး အင်အားလည်း ပိုအားကောင်းလာခဲ့သည်။
ဒီရှေးဟောင်းမြို့ရဲ့ စွမ်းအားကို ဆက်လက် အသုံးချနိုင်မလား ဆိုတာ မသိပေမယ့် ဒီတစ်ကြိမ်မှာတော့ ၎င်းကို ဆက်ပြီး ပြဿနာ ရှာဝံ့မယ့်သူ မရှိလောက်တော့ချေ။
"ရှေးဟောင်းမြို့ရဲ့ စွမ်းအား အကူအညီနဲ့ဆို နတ်သားရဲရဲ့ တိုက်ခိုက်ရေး စွမ်းအားက ရှောင်းချင်ထျန်း ထက်တောင် ပိုကြောက်စရာကောင်းတယ်... သူ့ကို ပြဿနာရှာတဲ့သူတိုင်း သေလိမ့်မယ်!"
မင်းသားချန်ရှင်း၏ ဆရာသည် သူ့လက်သီးတွေကို တင်းနေအောင် ဆုပ်ထားလိုက်ပါသည်။
သူ့အင်အားက မပျော့ဘူးလို့ ထင်ရပေမယ့် တစ်ဖက်သားကို တကယ် ဒုက္ခပေးချင်ရင် တစ်စက္ကန့်အတွင်း ဖမ်းမိသွားလိမ့်မယ် ဆိုတာလည်း သူနားလည်လိုက်လေပြီ။
"ကျုပ်တို့ သူတို့နောက်ကို လိုက်ဦးမှာလား"
ယန့်ဖုံး ဇဝေဇဝါဖြစ်ကာ မေးလိုက်သည်။ ဤဝိညာဥ်သားရဲသည် ကြောက်စရာ ကောင်းလွန်းတာကြောင့် သူအနည်းငယ် ထိတ်လန့်သွားပြီလေ။
"နောက်ကလိုက်စရာ မလိုဘူး... နောက်ပိုင်း လုရွှမ်ကိုယ်တိုင် လိုက်လာရင် ဒီဝိညာဥ်သားရဲရဲ့ အစွမ်းက ပိုထက်လာနိုင်တယ် ကံမကောင်းရင် ငါတို့သတ်ခံရလိမ့်မယ်!"
မင်းသားချန်ရှင်းက စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေလိုက်သည်။
နောက်ဆုံးတွင် အခွင့်အရေး တစ်ခုရှာပြီးနောက် သူသည် လုရွှမ်ကို သေချာပေါက် သတ်နိုင်မည်ဟု ထင်ခဲ့သော်လည်း အဆုံးတွင် ၎င်းသည် လုံးဝ မဖြစ်နိုင်ကြောင်း တွေ့လိုက်ရသည်။
"ရတနာကို အရင်ရှာရအောင်!"
နောက်ဆုံးတော့ သူတို့မှာ လက်လျှော့ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။
ဝုန်း!
သူတို့ ဆုံးဖြတ်ချက်ချပြီး ချိန်မှာတော့ မြေကြီးသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားပြီး မီးခိုးမြူတွေ ကောင်းကင်ကို တည့်တည့် ထိုးတက်သွားကာ အရပ်ရပ်ကို လင်းလက်သွားပါတော့သည်။
"အဲဒါဘာလဲ?"
မင်းသား ချန်ရှင်းးနဲ့ တခြားသူတွေဟာ သူတို့ရဲ့ မျက်နှာတွေကို ကမန်းကတန်း လွှဲကြည့်လိုက်သည်။
ကောင်းကင်မှ ဖြာထွက်နေသော ထူထဲသော ရောင်ဝါများသည် နွေဦး မိုးမခပင်များကဲ့သို့ ရောင်စုံ အလင်းတန်းများက ဘဲဥပုံ ပုံသဏ္ဌာန်ကို ဖုံးအုပ်ထားလေသည်။
"အဲဒါ လောကရတနာပဲ!"
ဒီမြင်ကွင်းကို မြင်လိုက်ရင် ဘယ်လောက်ပဲ တုံးအနေပါစေ သူဘာဖြစ်နေလဲ ဆိုတာကို သူသိသေးသည်။
"မြန်မြန်သွား!"
မဆိုင်းမတွပင် မင်းသား ချန်ရှင်းနှင့် အခြားသူများ လှည့်၍ အလင်းရောင် တက်လာသော လမ်းကြောင်းဆီသို့ ပြေးထွက်သွားကြသည်။
ဤအခိုက်အတန့်တွင် ရှေးခေတ်မြို့သူမြို့သားအားလုံးသည် အတုမရှိသော ရတနာတစ်ခု ထွက်ပေါ်လာကြောင်းကို ခံစားလိုက်ရသောကြောင့် အခြားအရာများကို မရှာဖွေတော့ဘဲ အလျင်အမြန် ပြေးသွားကြသည်။
"ကန့်သတ်ချက် တစ်ခုကို ဆရာကြီး ရှောင်းချင်ထျန်း မတော်တဆ ထိမိသွားပြီး ပေါ်လာတဲ့ ရတနာများလား!"
"ဘယ်သူက အတိအကျ သိမှာလဲ?"
"ငါလည်း မသိဘူး... အဲဒီရတနာက နေရောင်အောက်မှာ ဖုံးနေလို့ ဘာမှမမြင်ရဘူး ဆိုတာပဲ သိတယ်!"
ရှေ့ကို မရောက်ခင်မှာ လူတွေ တစ်ယောက်ပြီး တစ်ယောက်၏ ဆွေးနွေးသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာသည်။
နေရောင်ခြည်နှင့် အနီးဆုံး နေရာများသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈မှ လူများဖြင့် ပြည့်နေပြီး လူတိုင်းသည် လောဘအပြည့်ဖြင့် မော့ကြည့်နေကြသည်။
ဝုန်း!
တကယ်ကို သည်းမခံနိုင်သော အချက်မှာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈မှ လူတစ်ယောက်သည် ထိုရတနာဆီကို တန်းတန်းမတ်မတ် ပြေးဝင်သွားပြီး အတွင်းမှာရှိတဲ့ အရာတွေကို မြင်ချင်စိတ်နဲ့ ရတနာကို လုယူဖို့ အခွင့်အရေးကို လိုချင်နေပေမယ့် မရောက်ခင်ပင် အလင်းတန်းတစ်ခုက သူ့ကို ပုတ်ထုတ်လိုက်လေ၏။
ဗုန်း!
သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈လူသည် ရတနာကို ဝန်းရံထားသော အလင်းကို ထိလိုက်တဲ့အခါ သူ့မှာ ခုခံဖို့ အချိန် နည်းနည်းလေးတောင်မှ မရှိဘဲ ထိတ်လန့် တုန်လှုပ်သွားပြီး ဝုန်းကနဲ လွင့်သွားသည်။
"အရမ်းပြင်းတဲ့ တားမြစ်အစီအရင်ပဲ"
ထိုအဖြစ်အပျက်ကို မြင်လိုက်ရတဲ့ လူအားလုံးသည် လန့်ဖျတ်သွားကြပြီး ရှေ့ဆက်တိုးချင်သည့် ခြေလှမ်းတွေလည်း ရပ်တန့်သွားတော့သည်။
သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈က လူပင် အလင်းရောင်ကို ထိလိုက်တာနဲ့ တန်ပြန်တိုက်ခိုက် ခံလိုက်ရတာကြောင့် တားမြစ်အစီအရင်မှာ အလွန် ပြင်းထန်ကြောင်း တွေ့နိုင်ပေသည်။
"ဒါက ရတနာရဲ့ မိမိကိုယ်ကို ကာကွယ်မှုပဲ.... ရတနာကို ရချင်ရင် အဲဒီအစီအရင်ကို ချိုးဖျက်ပစ်ရမယ်!"
အကြီးအကဲ ကျင်းကျွိချိုးက လေးနက်တဲ့ အမူအရာနဲ့ ရှင်းပြလိုက်သည်။
"ဘယ်လိုချိုးဖျက်ရမလဲ?"
ရှောင်းချင်ထျန်းလည်း အမြန် လှည့်ကြည့်လိုက်သည်။
"ဘယ်သူမဆို စွမ်းအင် ထိန်းထိန်းသိမ်းသိမ်း သုံးဖို့လိုသလို ရတနာရဲ့ သူ့ကိုယ်သူ ကာကွယ်ထားတာကလည်း အတူတူပဲ... ကျုပ်တို့ အဲဒီအစီအရင်ကို ဆက်ဝင်တိုးနေရင် ကျုပ်တို့စွမ်းအင်တွေပဲ ကုန်ခမ်းသွားလိမ့်မယ်"
ကျင်းကျွိချိုးက ဆက်ရှင်းပြသည်။
"ကောင်းပြီ... အကြီးအကဲကျင်းက အခင်းအကျင်း အစီအရင်တွေအကြောင်း နားလည်တယ်ဆိုတော့ အပေါ်က တားမြစ်ချက်ကို အရင်ဆုံး ချိုးဖျက်ပြီးတော့ ဒီရတိာကို ဘယ်လို ခွဲဝေရမလဲဆိုတာ ဆုံးဖြတ်လို့ ရပါတယ်.... အပိုင်းတွေ အများကြီးရှိရင် တိုက်ခိုက် ရန်ဖြစ်တာတွေကို ရှောင်နိုင်မယ်"
ရှောင်းချင်ထျန်းက ပြောသည်။
"ကောင်းပြီ!"
"ဒီအကြံပြုချက်ကို သဘောတူပါတယ်!"
"သိက်နောက်ကျနေလို့ မဖြစ်ဘူး အားလုံး မြန်မြန် လုပ်ကြရအောင်!"
"ခေါင်းဆောင်ရှောင်း ခုနက သူပြောခဲ့တာတွေကို လိုက်နာနိုင်မယ်လို့ မျှော်လင့်ပါတယ် အားလုံးအတူ တားမြစ်အစီအရင်ကို ချိုးဖျက်ပြီး နောက်တစ်ကြိမ် ထပ်လေ့လာကြမယ် ပြီးတော့ ဒီအရာက ဘယ်သူပိုင်လဲ ဆုံးဖြတ်ကြမယ်"
ရှောင်းချင်ထျန်း၏ စကားကို ကြားတော့ အနီးနားရှိ အင်အားစုများစွာမှ စွမ်းအားရှင်များအားလုံး ခေါင်းညိတ် သဘောတူလိုက်ကြသည်။
ဒီလောက်ကောင်းတဲ့ ရတနာလေးကို ဘယ်သူက မလိုချင်ဘဲနေမလဲ။
သို့သော် ရတနာ၏ မိမိကိုယ်ကို ကာကွယ်ထားတဲ့ အစီအရင်ကို ချိုးဖျက်ဖို့ မလွယ်သလို တခြားအင်အားကြီး လူများနှင့် ယှဉ်ပြိုင်ရင်လည်း အသုံးမဝင်ပေ။
လက်ရှိ အစီအစဥ်မှာ ရတနာ၏ အကာအကွယ်ကို ဦးစွာချိုးဖျက်ရန် ဖြစ်ကာ ၎င်းသည် မည်သည့်ရတနာ အမျိုးအစား ဖြစ်သည်ကို ဆုံးဖြတ်ပြီးနောက်မှ ဆုံးဖြတ်တာက ပိုမိုကောင်းမွန်လေသည်။
ပြုတ်ထားသော ဘဲသားသည် စားရန် စောလွန်းသဖြင့် ဆွေးနွေးနေရန်မှာ အဓိပ္ပာယ် မရှိချေ။ အရေးကြီးဆုံး အချက်မှာ ဘဲများကို သေချာလေ့လာပြီးမှ ဘယ်သူက ပိုင်ဆိုင်ရန် အရည်အချင်း ပြည့်မီမမီ ဆုံးဖြတ်ချက်ချရန် လိုအပ်ပါသည်။