← Chapters

ရတနာ ပေါ်လာပြီ (ဒုတိယပိုင်း)

Vol. 29 Ch. 3.172

ရတနာ ပေါ်လာပြီ (ဒုတိယပိုင်း)

Vol. 29 Ch. 3.172

နေရာတိုင်းတွင် ရှာဖွေသော်လည်း မတွေ့နိုင်သော လုရွှမ်သည် သံသယများ အပြည့်ဖြင့် သူ့ရှေ့ရှိ ထူးဆန်းသော ကျောက်ပြား​​ကြီးကို စိုက်ကြည့်နေ၏။

ကျောက်​ပြားကြီး ဆိုသော်လည်း ကျောက်ပြားကြီးလို မဟုတ်ဘဲ ထွင်းထုထားသော ကမ္ဗည်းပြားသာ ဖြစ်သည်။

စိမ်းပြာရောင် နဂါးတစ်ကောင်ပုံ ဖြစ်ပြီး လူတစ်ရပ် လောက်ရှည်သည်။ စိမ်းပြာရောင် ကျောက်ဖြင့် ထွင်းထားတာကြောင့် ၎င်းသည် အလွန်ထူးဆန်းလှသည်။ ၎င်း​​ပေါ်တွင် အထူးအဆန်းမား မရှိသလို ရတနာများသာ ပိုင်ဆိုင်နိုင်သော ထူးခြားသော ရောင်ဝါလည်း မရှိချေ။

"ဒါ မင်းပြောခဲ့တဲ့ နဂါးကမ္ဗည်းလား?"

လုရွှမ် မျက်တောင်ခတ်လျက် ကျီးကန်းအား မေးလိုက်သည်။

ကျီးကန်းက ရောက်လာတာနဲ့ ဒီအရာဟာ ကောင်းကင်မှာ ရှားပါးပြီး မြေပြင်မှာပင် ရှာမတွေ့နိုင်ဘူးလို့ ပြောခဲ့ဖူးသည်။ ရှေး​ဟောင်းမြို့ကို ဒီအရာကြောင့် တည်ဆောက်ခဲ့တာလို့တောင် ပြောရမည့်ပုံပင်။

"ဟုတ်တယ်! အဲဒီထဲမှာပါတဲ့ ကြီးစိုးနိုင်တဲ့ စွမ်းအင်ကို မင်းမခံစားမိဘူးလား”

ကျီးကန်းသည် ၎င်း၏ အတောင်ပံများကို လေးနက်စွာ ခတ်လိုက်၏။

"ဒါက ရိုးရိုးကျောက်တုံးပဲလေ... ထွင်းထုထားတဲ့ စွမ်းရည်က အရမ်းဆိုးလွန်းတော့ ပန်းပုဆရာတောင် တွေ့တာနဲ့ ကျော်ချသွားနိုင်တယ်"

လုရွှမ် သံသယတွေ အပြည့်နဲ့ တစ်ဖက်သားကို ကြည့်ပြီး ဆိုလိုက်သည်။

"မေးပါရစေဦး... ကြီးစိုးနိုင်တဲ့ စွမ်းအင်ကို ဘယ်နားက သွားမြင်လဲ"

ရှောင်းချင်ထျန်းက သူ့အား လိုက်သတ်နေသောကြောင့် လျင်မြန်သော ရွေ့လျားနိုင်စွမ်းကို အသုံးပြု၍ မြေပြင်ကို ထိုးဖောက်၍ လူအုပ်၏ ဝိုင်းရံခြင်းမှ လွတ်မြောက်ကာ ကျီးကန်း၏ လမ်းညွှန်မှုအောက်တွင် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။

တကယ်တော့ ဒီနေရာဟာ လျှို့ဝှက်နေရာမဟုတ်ပေမယ့် အရှေ့မြို့တံခါးက ကျောက်ဆစ် ရုပ်ငယ်လေး တစ်ခုပဲ ဖြစ်လေသည်။

လူတော်တော်များများ ဖြတ်သွားဖြတ်လာ ရှိခဲ့ကြပြီး လုရွှမ်ပင် အချိန်အတော်ကြာအောင် လေ့လာခဲ့သော်လည်း ထူးထူးခြားခြား ဘာမှ မတွေ့ခဲ့ရပေ။

ရတနာများနှင့် လောင်းကစားကံ အကဲဖြတ်ခြင်းတွင် လုရွှမ်သည် ဖုန်မှုန့်အောက်တွင် ဝှက်ထားသော သူတော်စင်ပုံစံ ဆေးမီးဖိုကို အလွယ်တကူ မြင်နိုင်ခဲ့သည်။ ဤအရာကို အကြာကြီး ကြည့်ပြီးနောက် ဘာမှ မမြင်နိုင်တော့ဘဲ ဒီကျောက်ထွင်း ကမ္ဗည်ပြားက တန်ဖိုးရှိတယ်လို့ ကျီးကန်းက ဘာကြောင့် မြင်နေရတာလဲ။

"မင်း နားမလည်ပါဘူး! နဂါးသွေး နည်းနည်းယူပြီး လိမ်းကြည့်လိုက်!"

ကျီးကန်းသည် အတောင်ပံများကို အဆက်မပြတ် ခတ်လိုက်သည်။ လုရွှမ် ထူးဆန်းသည်ဟု ခံစားမိသော်လည်း ကျီးကန်းကိုတော့ ယုံကြည်ဆဲ ဖြစ်သည်။

"ငါ့ခန္ဓာကိုယ်ကို နဂါးမီးငြိမ်းဆေးရဲ့ အကူအညီနဲ့ ကျင့်ကြံထားပြီး ငါ့ခန္ဓာကိုယ် မျက်နှာပြင်က နဂါးပုံစံတွေ ပေါ်လာပြီဆိုတော့ သွေးထဲမှာလည်း နဂါးသွေး ပါနေလောက်ပြီ... တချို့ သွေးအားနည်းတဲ့ နဂါးသွေးမျိုးဆက်တောင် ငါ့ရဲ့လက်ရှိသွေးလောက် မကောင်းနိုင်ဘူး ငါ့သွေးကို သုံးလိုက်ရင် အဆင်ပြေနိုင်လောက်တယ်!"

တောင်ဖောက်နဂါးသည် သူ့ရှေ့တွင် မရှိသလို သူ့တွင် မည်သည့်နဂါးသွေးမှ မပါရှိလာချေ။ အချိန်တိုအတွင်း ၎င်းတို့ကို ရှာတွေ့ဖို့ကလည်း လက်တွေ့မကျပေ။ စဉ်းစားပြီးနောက် လုရွှမ်သည် သူ၏ကိုယ်ပိုင်သွေး မဟုတ်လျှင် လုံးဝ မကောင်းနိုင်ကြောင်း ခံစားလိုက်ရသည်။

နဂါးမီးငြိမ်းဆေးကို အသုံးပြု၍ ဆင်ချပ်ဝတ် ရွှေကိုယ်ထည်ကို လေ့ကျင့်ရန် လုံလောက်သော နဂါး​သွေးကို စုပ်ယူနိုင်ခဲ့သည်။ သူသည် သွေးသန့်သော နဂါးတချို့နှင့် ဝေးကွာသော်လည်း သူ၏သွေးသည် သွေးနည်းသော နဂါးမျိုးဆက် တချို့ထက် သန်မာပြီး သန့်စင်လေသည်။

"ဖြစ်နိုင်တယ်.... ဒါပေမဲ့ မင်းရဲ့ခန္ဓာကိုယ်ထဲက နဂါးသွေးရဲ့ သန့်စင်မှုက အရမ်းနိမ့်နေတော့ အကျိုးသက်ရောက်မှုက အရမ်းကြီး မရှိလာနိုင်ဘူး!"

ကျီးကန်းသည် တစ်ချက်ကြည့်လိုက်သည်။

"ငါ့နဂါးသွေး သန့်စင်မှုက နည်းနေသေးလို့လား?"

သူ့ခန္ဓာကိုယ်ပေါ်ရှိ နဂါးသွေး ပုံစံများကို ပုံဖော်နိုင်ခြင်းကြောင့် သူ့ခန္ဓာကိုယ်တွင်းရှိ နဂါးသွေး၏ သန့်စင်မှုသည် ဝိညာဥ်သားရဲများစွာထက် သာလွန်သည်ဟု ထင်ခဲ့သော်လည်း ကျီးကန်းက ယခုလို ပြောလာတော့ သံသယပင် ဝင်လာမိသည်။

"မင်းကြိုးစား​ကြည့်လို့ ရတယ်!"

"အင်း!"

လုရွှမ်သည် အဓိပ္ပာယ်မရှိသော စကားများ ဆက်မပြော​နေဘဲ သူ့လက်ချောင်းကို ကိုက်ဖောက်ကာ ပန်းပုရုပ်ပေါ် သွေးတစ်စက် ချလိုက်သည်။

ရွှမ်း!

ကြည်လင်သော အသံတစ်သံနှင့်အတူ ပန်းပုရုပ်သည် သွေးများကို ချက်ချင်း စုပ်ယူသွားပြီး ကျောက်ပန်းပုရုပ်ထု၏ မူလထူးခြားပုံပေါက်သည့် စိမ်းပြာရောင်သည် အနည်းငယ် အားပျော့သွားပုံရပြီး တစ်ဖန်ပြန်၍ ပန်းပုတစ်ခုလုံးသည် ဖြည်းဖြည်းချင်း တောက်ပလာခဲ့သည်။

လုရွှမ်သည် ပဟေဠိဆန်စွာ နောက်ထပ် အစက်များစွာကို ဆက်တိုက် ကြဲချလိုက်သည်။

သွေးများပို၍ စီးကျလာသည်နှင့်အမျှ စိမ်းပြာရောင် ကမ္ဗည်းပြားပေါ်က အားနည်းပြီး အဆင့်မရှိဟု ထင်ရသည့် ပန်းပုရုပ်သည် သူ၏သွေးသည် လက်ရာတစ်ခုအဖြစ် တဖြည်းဖြည်း အသက်ဝင်လာကာ ထပ်မံထွင်းထု ပြုပြင်လိုက်သကဲ့သို့ အရောင်းအဆင်းများ လှပလာတော့သည်။

"ကောင်းပြီ.... အဲဒါက အသုံးဝင်တယ် ဆိုတော့ ရပြီ မင်းသွေးတွေ အကုန်လောင်းပစ်ရင်တောင် ဒီရုပ်ထုရဲ့ လျှို့ဝှက်ချက်တွေကို မကြည့်နိုင်တော့ဘူး.... အရင် သိမ်းထားလိုက်!"

ကျီးကန်းသည် လုရွှမ်ကို သွေးစက် ဆက်မချတော့အောင် ဟန့်တားလိုက်သည်။

ထိုစကားကို ကြားတော့ လုရွှမ်လည်း ရပ်လိုက်ပြီး သူ့ရှေ့က ရုပ်တုကို တစ်ဖန်ပြန်ကြည့်ကာ သူမြင်​နေရသလောက် မရိုးရှင်းကြောင်း သဘောပေါက်လိုက်သည်။

"ဒီဟာက ထူးဆန်းတဲ့ ရတနာတစ်ခုနဲ့ သက်ဆိုင်တယ်လို့ မင်းပြောခဲ့တယ်မလား? အဲဒါက ဘယ်လိုထူးဆန်းတဲ့ ရတနာမျိုးလဲ?"

ရုပ်တုကို ကောက်ကိုင်လိုက်ပြီး ကျောက်စိမ်းပြားထဲ ထည့်သိမ်းလိုက်ကာ လုရွှမ် ကျီးကန်းကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။

ထူးဆန်း ရတနာများတွင် အဆင့်သတ်မှတ်ချက်များနှင့် မတူညီသော စွမ်းရည်များ ရှိသည်။ အဆင့်မြင့်မားလေ တန်ဖိုးကြီးလေ ဖြစ်သည်။

သူ သန့်စင်ထားသော ဖီးနစ်အမွေးသည် ရှားပါးရတနာများ စာရင်းတွင် အဆင့် ၁၈ ရှိပြီး စွမ်းရည်များစွာကို ပိုင်ဆိုင်နိုင်သည့် မြို့တော်က သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈က လူတွေကိုပင် မကြောက်ပေ။ သူ့ထက် အဆင့်မြင့်ရင် ပိုတောင် သန်မာနေမှာ မဟုတ်ဘူးလား။

"ခန့်မှန်းရရင် အဲဒါက အဆင့်၁၃ရှိတဲ့ စစ်မှန်တဲ့နဂါးနှလုံး ဖြစ်နိုင်တယ်!"

ကျီးကန်း မျက်လုံးများသည် စိတ်လှုပ်ရှားမှုများကြောင့် လင်းလက်လာခဲ့သည်။

"စစ်မှန်တဲ့နဂါးနှလုံး?? အဆင့်၁၃ ဟုတ်လား??"

လုရွှမ် အသက်ရှူ ရပ်သွားတော့မလို ကြောင်အသွားသည်။

စစ်မှန်တဲ့နဂါးနှလုံးတွင် မည်ကဲ့သို့ အကျိုးသက်ရောက်မှုနှင့် စွမ်းရည်ရှိကြောင်း သူ မသိသော်လည်း ၎င်းသည် အစွမ်းထက်ကြောင်း ပြသသည့် ဖီးနစ်အမွေးနှင့်ပင် မယှဉ်နိုင်ဘဲ အဆင့် ၁၃ တွင် ရှိနေ​ပေသည်။

"အင်း!" ကျီးကန်းက ခေါင်းညိတ်လိုက်သည်။

"နဂါးအစစ်ရဲ့ နှလုံးသားရဲ့ အကျိုးသက်ရောက်မှုက ဘာလဲ?"

"အဲဒါကို သန့်စင်ထားရင် မင်းအတွက် တကယ့်နဂါးရဲ့ နှလုံးသားကို အစားထိုးလိုက်တာနဲ့ ညီမျှတယ်.... ဘာအကျိုးသက်ရောက်မှု ရှိမယ်လို့ မင်းထင်လဲ?"

ကျီးကန်းက ဆက်မရှင်းပြဘဲ သူ့ရဲ့အတောင်ပံတွေကို ဝှေ့ယမ်းလိုက်သည်။

"နဂါးတစ်​​​ကောင်ရဲ့ နှလုံးသားလား?" လုရွှမ် အံ့သြသွား၏။

နဂါးမျိုးရိုး၏ သွေးရှိသရွေ့ ဝိညာဉ်သားရဲများ၏ အဆင့်တွင် စွမ်းအားအရှိဆုံး ဖြစ်ပြီး နဂါးအစစ်သည် နဂါးမျိုးရိုးတွင် အမြင့်မြတ်ဆုံးဖြစ်ပေသည်။ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ သွေးတွေ အရမ်းကောင်းလာပြီး ကျင့်ကြံမှု အရှိန်လည်း မြန်လာလိမ့်မည်။

ထို့အပြင် ရှားပါးရတနာ တစ်ခုကို တွေ့ရှိပါက၊ နန်းတော်ပင်လယ် အသစ်ကို ဖွင့်နိုင်မည်ဖြစ်သည်။ သူ့တွင် စစ်မှန်သော စွမ်းအင်အတွက် အရန်နေရာဖြစ်ဖြစ် တိုက်ပွဲများမှာ ဖြစ်ဖြစ် သိသိသာသာ တိုးလာမည်မှာ သေချာပါသည်။

ဖီးနစ်အမွေးကို သန့်စင်လိုက်ခြင်းက သူ့ကို အတုတံဆိပ်နယ်ပယ် အထွတ်အထိပ်မှ အဓိပတိနယ်ပယ်အထိ ရောက်သွားစေသည်ကို သိထားရမည်။

"ဟုတ်တယ်... ဒီအရာကြောင့် မင်းရဲ့ခန္ဓာကိုယ် ပေါ်က ပုံစံနဲ့ သွေးတွေ အများကြီး တိုးတက်လာလိမ့်မယ်။ မင်း ယွမ်ယန်ကျင့်စဥ်နဲ့ ပေါင်းစပ်လိုက်တာနဲ့ မင်းရဲ့ တိုက်ခိုက်ရေးစွမ်းအားက မြန်မြန်ဆန်ဆန် တိုးတက်လာမှာ သေချာတယ်!"

ကျီးကန်းက ဆို၏။

"အတိုချုပ်ပြောရရင် နဂါးအစစ်ရဲ့ နှလုံးက သေချာပေါက် ရှာမတွေ့နိုင်တဲ့ ရတနာတစ်ခုပဲ... ရှားပါးရတနာတွေ ကြားမှာလည်း နာမည်ကြီးတယ်... အဲဒီလောက် အဖိုးမတန်ဘူး ဆိုရင် မင်းကို ဒီချိုင့်ဝှမ်းကြီးဆီကို လာဖို့ ငါဘယ်လိုလုပ် ဖိအားပေးရမှာလဲ? ဒီ​ရှေး​ဟောင်းမြို့ကို ရှာဖို့ စိတ်​တောင် ဝင်စားနေမှာ မဟုတ်ဘူး?"

"အင်း!" လုရွှမ် ခေါင်းညိတ်လိုက်သည်။

ထူးဆန်းသော ရတနာများကဲ့သို့သော အရာများအတွက် သူသည် ယခင်ဘဝက ၎င်းတို့ကို ရခဲ့မည်ဆိုပါက ယခုလိုမျိုး အလွန် စိတ်လှုပ်ရှားနေလိမ့်မည် မဟုတ်ပေ။

"ပြန်သွားပြီး နဂါးသွေးစစ်စစ်ကို ရှာပြီး ဒီကမ္ဗည်းပြားပေါ် လောင်းလိုက်ပြီး စွမ်းအင်ကို စုပ်ယူနိုင်ဖို့ မြန်မြန်ပြင်ဆင်တော့.... လုံလောက်တဲ့ စုပ်ယူနိုင်ရင် စစ်မှန်တဲ့နဂါးနှလုံးရဲ့ လျှို့ဝှက်နေရာကို အလိုအလျောက် ပြလာလိမ့်မယ်.... အဲဒီအခါကျရင် ငါရှာတွေ့နိုင်ပြီ!"

ကျီးကန်းက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

၎င်းတွင် ရှားပါးသော ရတနာများကို ရှာဖွေနိုင်သည့် အထူးစွမ်းရည် ရှိသည်။ သို့သော် ဤနိယာမသည်လည်း အကန့်အသတ် ရှိ​သေးသည်။

အရင်ဘဝက လုရွှမ်ဟာ ကမ္ဘာရဲ့ထိပ်မှာ ရပ်တည်ခဲ့ရင်တောင်မှ တိမ်ပင်လယ်ကြီး တစ်ခုလုံးဟာ ကီလိုမီတာ ဘီလီယံပေါင်း ဘယ်လောက်ရှိလဲ မသိချေ။ ကြီးမားသော အကျယ်အဝန်းကို မသိတာကြောင့် ကျီးကန်း၏ ရှားပါးရတနာ ရှာဖွေနိုင်တဲ့ စွမ်းရည်ကို လိုက်မှီနိုင်ရန် မဖြစ်နိုင်ပေ။

အကွာအဝေး တစ်ခုအတွင်းက သံမဏိထိုးအပ်များကို စုပ်ယူနိုင်သော သံလိုက်တစ်ခု ကဲ့သို့ပင်။ ပင်လယ်ကြမ်းပြင်သို့ ကျသွားသော သံမဏိအပ် အနည်းငယ်ကို ရှာတွေ့ရန် ဤကန့်သတ်စွမ်းရည်ကို အသုံးပြုလျှင်ပင် မဖြစ်နိုင်လောက်ပေ။

"စိတ်ချ.... ငါပြန်သွားတဲ့အခါ နဂါးသွေး ရှာဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်... ဒီတစ်ခါတော့ ပိုသန့်စင်တဲ့ နဂါးသွေးကို ရှာရမယ်"

လုရွှမ်က ခေါင်းညိတ်ပြီး တစ်ခုခုပြောဖို့ လုပ်နေချိန်မှာပဲ သူ့ခြေထောက်အောက်က မြေကြီးတွေ တဆတ်ဆတ် တုန်ခါလာတာ တွေ့လိုက်ရသည်။ ချက်ချင်းပင် သူ့ရှေ့တွင် အလင်းတန်းတစ်ခု ပေါ်လာ၏။

"ရတနာတစ်ခု ထွက်ပေါ်လာတာလား"

လုရွှမ် စိုက်ကြည့်လိုက်သည်။

All Chapters