နတ်ဘုရားလက်ဝါး
Vol. 29 Ch. 3.173
ဘယ်လို ရတနာမျိုးလဲ ဆိုတာ မသိပေမဲ့ ဒီလိုအလင်းရောင်မျိုး ပေါ်ထွက်လာဖို့ မလွယ်ကူချေ။
"သွားစို့!"
ကျီးကန်းသည်လည်း ခေါင်းညိတ်ပြပြီး လူတစ်ဦးနှင့် ကျီးကန်းတစ်ကောင်သည် အလင်းရောင် ထွက်လာသည့် နေရာဆီသို့ လျင်မြန်စွာ ပျံသန်းသွားလေသည်။
သူတို့သည် အလွန်မြင့်မားစွာ ပျံသန်းခဲ့ကြပြီး ရှေးဟောင်းမြို့ရှိ လူတိုင်းသည် ရတနာ၏ အလင်းရောင်ကြောင့် ဆွဲဆောင်ခြင်း ခံထားရလို့ မည်သူမျှ သတိမထား မိခဲ့ကြပေ။ အလင်းရောင် ထွက်လာတဲ့နေရာကို ရောက်ဖို့ အချိန်သိပ် မကြာလိုက်ပါ။
"သူတို့ရောက်လာတာ တော်တော် စောပုံပဲ!"
အောက်ကို ငုံ့ကြည့်လိုက်တော့ ရှောင်းချင်ထျန်းဟာ ရတနာ၏ အစီအရင်ကို ချိုးဖျက်ဖို့ ကျွမ်းကျင်သူများစွာနဲ့ ပူးပေါင်းဆောင်ရွက် နေတာကို တွေ့လိုက်ရလေသည်။
ဝုန်း ဝုန်း ဝုန်း!
ဒါဇင်ပေါင်းများစွာသော သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ သိုင်းပညာရှင်များ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ ရတနာ၀န်းကျင်ရှိ အလင်းများသည် တိုက်ခိုက်မှုအောက်တွင် တဖြည်းဖြည်း မှိန်သွားခဲ့သည်။
သူတို့မှန်းဆထားသလိုပဲ ရှေးဟောင်းမြို့ရဲ့ အခင်းအကျင်းနဲ့ မတူဘဲ ရတနာ ပတ်လည်မှာ ဖန်တီးထားတဲ့ အစီအရင်သည် ကောင်းကင်နဲ့မြေကြီး စွမ်းအင်ကို ပြန်လည်ဖြည့်တင်းဖို့အတွက် အလိုအလျောက် စုပ်ယူမထားပါ။
ဆက်ပြီး ချိုးဖျက်နေသရွေ့တော့ ၎င်း၏စွမ်းအင်ကို လုံးလုံးလျားလျား ကုန်ဆုံးသွားစေဖို့ အချိန်အကြာကြီး မကြာလောက်ပေ။
"ဒီလောက် တောက်ပနေတဲ့ မီးလုံးကြီးက ဘာလဲ?"
ရတနာ ပတ်ပတ်လည်မှာ ထီးဆောင်းထားသလို အလင်းရောင်က အထဲကအရာကို ဖုံးကွယ်ထားတာကြောင့် လုရွှမ် ကျီးကန်းကို ကြည့်ဖို့ ခေါင်းလှည့်လိုက်ရသည်။
"ငါက ဘယ်လိုလုပ် သိမှာလဲ?" ကျီးကန်းက မျက်လုံးပြူးသွားသည်။
ရှေးသမိုင်းများ အကြောင်း တော်တော်များများ သိထားပေမယ့် အားလုံးကို သိနေတဲ့ အထိတော့ အစွမ်းမထက်ပေ။ အခုက ဘယ်လိုရတနာမျိုးလဲ ဆိုတာ မသိချေ။
"သူတို့ရဲ့ အရှိန်အရဆို ရတနာကို မကြာခင် တွေ့ရတော့မှာပါ.... အဲဒါကို တွေ့တဲ့အခါ ငါတို့ သိလာလိမ့်မယ်"
"အင်း!" လုရွှမ်လည်း ခေါင်းညိတ်လိုက်သည်။
သူ့မျက်လုံးများဖြင့် ရတနာ၏ မျက်နှာပြင်ပေါ်ရှိ ထိန်းကွပ်မှုတို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို သဘာဝအတိုင်း မြင်တွေ့နိုင်သည်။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ လူများစွာ၏ ပူးတွဲတိုက်ခိုက်မှုသည် ပြင်းထန်လွန်းပြီး ၎င်းကို သိပ်မကြာခင် အချိန်အတွင်း အပြီးအပိုင် ချိုးဖျက်ပစ်နိုင်သည်။
"ဒီရတနာကို ယူချင်လို့လား"
ကျီးကန်းသည် ရုတ်တရက် ရယ်မောလိုက်သည်။
"ဒီလောက် အစွမ်းထက်တဲ့ အလင်းရောင်ကို ထုတ်လွှတ်ဖို့ ဆိုရင် ဒီဟာက အနည်းဆုံးတော့ သူတော်စင်နယ်ပယ်က လက်နက်တစ်ခုပဲ ဖြစ်ရမယ် ရနိုင်ရင်တော့ လိုချင်တာ သေချာတယ်!"
ထုတ်လွှတ်ထားသော အလင်းသည် သေမျိုး အသွင်ပြောင်းနယ်ပယ်၏ အဆင့်၈ စွမ်းအားရှင်ကိုပင် ဖြတ်ကျော်ရန် ခက်ခဲစေပြီး ဤရတနာသည် မည်မျှထိတ်လန့်စရာ ကောင်းသည်ကို ပြသပြီးပြီ။ သူတော်စင်ပုံစံများ ရှိရုံမျှမဟုတ်ဘဲ သူတော်စင်နယ်ပယ် လက်နက်အဆင့်သို့ ရောက်နေမှာ ကြောက်ရသည်။
သူတော်စင်ပုံစံကို ပိုင်ဆိုင်ခြင်းသည် အတုအယောင် မြင့်မြတ်သော ရှေးဟောင်းပစ္စည်း တစ်ခုအဖြစ်သာ မှတ်ယူနိုင်သည်။ စစ်မှန်သော သူတော်စင်နယ်ပယ် လက်နက်များနှင့် နှိုင်းယှဉ်လျှင် ကွာခြားမှု ရှိလေသည်။
"ဒါပေမဲ့ ခက်တယ်! မဖြစ်နိုင်လောက်ဘူး! သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရဲ့ အဆင့်၈ ကျွမ်းကျင်သူ အနည်းဆုံး လေးဆယ်လောက် ရှိတယ် အားလုံးက တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြတာ.... အစီအရင်ကို ချိုးဖျက်ပြီးတာနဲ့ ဒီလူတွေ လှုပ်ရှားလာနိုင်တယ်။ တကယ် လုယူချင်နေရင် အဆင်မပြေနိုင်လောက်ဘူး"
လုရွှမ် ခေါင်းယမ်းလိုက်သည်။
သူ့တွင် ဖီးနစ် အတောင်ပံများရှိပြီး ရွှေစီးဆင်းမှု အမြန်နှုန်း ရှိသော်လည်း ၎င်း၏ အမြန်နှုန်းသည် အလွန်လျင်မြန်ပြီး ကောင်းကင်တွင် ပျံတက်နိုင်သော်လည်း လုရွှမ်သည် မိမိကိုယ်ကို သိနေဆဲဖြစ်သည်။
သူ၏ လက်ရှိ ခွန်အားနှင့် အဆင့်၈ကြား ကွာဟချက်သည် ကြီးမားလွန်းလှသည်။ သူ့တွင် ပံ့ပိုးမှု တချို့ရှိလျှင်ပင် သူ အရှိန်အဟုန်ဖြင့် ကျော်တက်သွားပါက ရတနာကို မရမီ ထိုအဆင့်၈များ၏ လက်ချက်ဖြင့် ပြာမှုန့်ဖြစ်သွားပေလိမ့်မည်။
သူ့ရဲ့လက်ရှိ အင်အားက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ ဒါမှမဟုတ် အဆင့်၈ကို ရောက်သွားခဲ့ရင် သူ့အတွက် ရတနာကို ရယူဖို့ ၈၀% ထက် ပိုသေချာပါလိမ့်မည်။
သူသည် အဓိပတိနယ်ပယ်ကိုပင် မဖြတ်ကျော်နိုင်သေးလို့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်သို့ မရောက်သေးပေ။ သူ၏ ခွန်အားသည် ဤနေရာတွင် ရှိနေပြီး ၎င်းရတနာကို ပြေးယူဖို့ တွေးတောနေလျှင်ပင် အသုံးမဝင်ပေ။
"ဟေ့... ငါ့မှာ မင်းရတနာကို ရနိုင်ဖို့ အာမခံနိုင်တဲ့ နည်းလမ်းတစ်ခု ရှိတယ်.... မင်း အဲဒါကို လုပ်ရဲလား?"
ကျီးကန်းက ပြုံးလိုက်သည်။
"ဒါပေါ့!" လုရွှမ်၏ မျက်လုံးများ တောက်ပလာ၏။
သူ့ကို အရူးဧကရာဇ်လို့ ခေါ်လေသည်။ လောကမှာ သူမလုပ်ရဲတဲ့ အရာတစ်ခုမှ မရှိပေ။ ရတနာကို လုယူနိုင်မယ်ဆိုရင် လူမိုက်လုပ်ရလည်း ပြဿနာ မရှိနိုင်ပါ။
"ဒီနတ်ဘုရားလက်ဝါးက တကယ်ကို ရိုးရှင်းပါတယ်.... အဲဒါက ဝိညာဉ်စွမ်းရည် တစ်ခုပဲ!"
ကျီးကန်းက ပြောပြသည်။
ကျင့်ကြံသူများ လေ့ကျင့်သည့် ထူးခြားသော လှုပ်ရှားမှုများကို ကိုယ်ခံပညာများဟု ခေါ်ဆိုကြပြီး ဝိညာဉ်ကျွမ်းကျင် ပညာရှင်များက လေ့ကျင့်ထားသည့် အရာမှာ ဝိညာဉ်စွမ်းရည်များ ဖြစ်သည်။
လုရွှမ်သည် ယခုအခါ ဝိညာဉ်သခင် ဖြစ်နေပြီ ဖြစ်သော်လည်း ဝိညာဉ်စွမ်းရည်ကို တစ်ခါမျှ မလေ့ကျင့်ခဲ့ဖူးပေ။
"မင်း ပျံသန်းသွားရင်... အရှိန်နှေးမယ် ပစ်မှတ်က ကြီးသွားမယ် ဒါပေမဲ့ သစ်သားနီက ပျံတက်သွားမယ် ဆိုရင်ရော?"
"ဒါ..." လုရွှမ် အံ့အားသင့်သွားသည်။
အကယ်၍ သူသည် အလျင်စလို ဖြတ်ကျော်သွားလိုပါက ရှောင်းချန်ထျန်း နှင့် အခြားလူများက ရတနာဆီ မပျံသန်းနိုငိမီ သူ့ကို ရှာဖွေတွေ့ရှိပြီး ပူးတွဲတိုက်ခိုက်ခြင်း ခံရမည် ဖြစ်သည်။
သို့သော် သစ်သားနီကတော့ မတူချေ။
လက်ဖဝါးထက် အနည်းငယ်သာ ပိုကြီးပြီး လူအုပ်အကြား သို့မဟုတ် မြေအောက်၌ ပုန်းအောင်းနိုင်ပြီး တခြားသူများ ရှာမတွေ့ဘဲ တိတ်တဆိတ် ချဉ်းကပ်နိုင်သည်။
"သစ်သားနီ တစ်ခုတည်းနဲ့ မလုံလောက်ဘူး ယွမ်ယန်ဝိညာဥ်ချီ နဲ့ ကျောက်စိမ်းပြား နေရာကိုလည်း ပေါင်းထည့်ဖို့ လိုအပ်တယ်။ အခုနည်းလမ်း မင်းကို ငါပြောပြမယ်"
ကျီးကန်း၏ စိတ်ဝိညာဉ် လှုပ်ရှားလာသည်နှင့် တစ်ပြိုင်နက် လုရွှမ်သည် နတ်ဘုရားလက်ဝါး ဖြစ်သည့် အတွေးတစ်ခု ကူးစက်လာသည်ကို ခံစားလိုက်ရသည်။
"ဒါ....ဒါက အစွမ်းထက်တဲ့ နည်းလမ်းပဲ!"
နတ်ဘုရားလက်ဝါး နည်းလမ်းကို လျင်မြန်စွာ ဖတ်ရှုပြီးနောက် လုရွှမ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
တကယ်တော့ ဒီနည်းလမ်းဟာ ခက်တယ်လို့ ပြောနိုင်သလို ရိုးရှင်းတယ်လို့လည်း ပြောနိုင်သည်။ နည်းလမ်းကတော့ သစ်သားနီမှာ သူ့ရဲ့ ယွမ်ယန်ဝိညာဥ်ချီကို ထည့်သွင်းပေးပြီး ဝိညာဉ်စွမ်းအားရဲ့ ထိန်းချုပ်မှုအောက်မှာ ခိုးဝင်ခြင်း ဖြစ်သည်။ ကျောက်စိမ်းပြားထဲတွင် အလွယ်တကူ သိမ်းဆည်းနိုင်စေရန် ဤပစ္စည်းနှင့် ပေါင်းစပ်ရခြင်း ဖြစ်၏။
ကျောက်စိမ်းပြားထဲ တိုက်ရိုက် ဝင်ရောက်သွားတော့ ပါးလွှာတဲ့ လေထုထဲမှာ ပျောက်ကွယ်သွားတော့ ဘယ်သူမှ ရှာလို့ မတွေ့နိုင်တော့ပေ။ ဒါက နတ်ဘုရားလက်ဝါး နည်းလမ်းပင်။
ပြောရတာ လွယ်ပေမယ့် အခြေအနေများစွာ၊ နည်းလမ်းများစွာနဲ့ အလွန်ထူးခြားတဲ့ ကျွမ်းကျင်မှု တချို့လည်း လိုအပ်နေပါသေးသည်။
အတိုချုပ် ပြောရလျှင် လုရွှမ်အတွက် နည်းလမ်းကို သိတာနှင့် လေ့ကျင့်ရန် အလွန်ရိုးရှင်းသွားလေပြီ။ ၎င်းကိုဖတ်ပြီးနောက် သူသည် ဆယ်ခုတွင် ခုနစ်ခု သို့မဟုတ် ရှစ်ခုကို ကျွမ်းကျင်နေပြီ ဖြစ်သည်။
"ဟားဟား... မင်းတို့ရတနာတွေကို ငါခိုးသွားတယ်လို့ ပြောတယ်မလား? အဲဒါဆိုရင် ငါတကယ် လုပ်ရတော့မှာပေါ့!"
နတ်ဘုရားလက်ဝါးကို လုံးလုံးလျားလျား ထိန်းချုပ်ထားပြီးနောက် လုရွှမ် ရယ်မောပြီး မျက်လုံးများလည်း တောက်ပလာ၏။
ရှောင်းချင်ထျန်းသည် လုရွှမ်ကသူ့ရဲ့ မရေမတွက်နိုင်သော ရတနာများကို လုယက်သွားသည်ဟု ဆိုကာ နေရာတိုင်းတွင် ဆဲဆိုရန် လူများကို စေလွှတ်ခဲ့ပြီး ထိုအကြောင်းကိုလည်း သူကြားခဲ့ပြီးပြီ။
သူ့ကိုယ်သူ ခုခံပြောဆိုဖို့ ပျင်းလွန်းတာကြောင့် ဘယ်သူ့စကားကိုမှ မတုံ့ပြန်ခဲ့ပေ။
သူတို့က ကျားတွေဖြစ်လာပြီး လုရွှမ်ဆိုတဲ့ သားကောင်က ရတနာကို လုယက်သွားမှန်း လူတိုင်း သိမေတဲ့အတွက် ဘာမှမလုပ်တော့ဘဲ သူတို့ရှေ့မှာပဲ အဖိုးတန် ရတနာကို လုယူပြလိုက်တော့မည်။
လက်ညှိုး တစ်ချောင်း လှုပ်ရှားလိုက်သည်နှင့် သစ်သားနီသည် သူ့မျက်စိရှေ့တွင် ရုတ်တရက်ပေါ်လာပြီး ယွမ်ယန်ဝိညာဥ်ချီနှင့် ပေါင်းစပ်သွားသည်။
ဟူး!
သစ်သားနီသည် နံရံထောင့်မှ ဖြည်းညှင်းစွာ ပြေးဆင်းကာ လူအုပ်ထဲသို့ တိုးဝင်သွားသည်။ ၎င်း၏ အရွယ်အစားနှင့် ပျံသန်းမှု အရှိန်ကြောင့် မည်သူမျှ သတိမထားမိလိုက်ပေ။
"စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာ ၁.၂ကို ရောက်ရှိပြီးတော့ သစ်သားနီအပေါ် ထိန်းချုပ်မှု အကွာအဝေးက မီတာ ၅၀၀ အထိ ထပ်တိုးလာခဲ့တာပဲ"
စိတ်ဝိညာဉ် စွမ်းအားသည် ၁၀ကို ထိုးဖောက်ပြီးသွားလို့ သစ်သားနီကို ထိန်းချုပ်သည့် စွမ်းအားသည်လည်း လျင်မြန်စွာ တိုးလာခဲ့သည်။ မတိုင်ခင်က ၎င်းသည် မီတာဆယ်ဂဏန်းမျှသာ ကန့်သတ်ထားသော်လည်း မီတာ ၅၀၀ အကွာအဝေးသို့ ရောက်ရှိနေပြီ ဖြစ်သည်။
တစ်နည်းဆိုရသော် သူသည် လူအုပ်အလယ်ရှိ ရတနာကို မီတာ ၅၀၀ အကွာကပင်လျှင် တိတ်တဆိတ် ခိုးယူနိုင်သည်။
သစ်သားနီသည် သွက်လက် ရှည်လျားသော မြွေတစ်ကောင်ကဲ့သို့ လူတိုင်း၏ ခြေအောက်တွင် ရွေ့လျားသွားပြီး မကြာမီ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ လူများထံ ရောက်ရှိလာသည်။
ဤသန်မာသော ပုံမှန်ဆို အမျိုးသားများသည် နိုးနိုးကြားကြား ရှိကြသော်လည်း သူတို့အားလုံးသည် ယခုအချိန်တွင် သူတို့ရှေ့ရှိ ရတနာကိုသာ အာရုံစိုက်နေကြပြီး အခြားသူများကို အာရုံစိုက်ရန် အချိန်မရှိကြပေ။
"မြေထဲကို ဝင်တော့!"
သူ့စိတ်တွေ လှုပ်ရှားလိုက်တာနဲ့ တပြိုင်နက် သစ်သားနီဟာ အသံမထွက်ဘဲ မြေကြီးထဲကို ဝင်ရောက်သွားပြီး ရတနာအောက်မှာ တိုက်ရိုက် ပုန်းနေလိုက်သည်။ အပေါ်က အစီအရင် ပျက်စီးသွားတာနဲ့ တစ်ပြိုက်နက် တိုက်ခိုက် ခိုးယူလိုက်မှာ ဖြစ်လေသည်။
"မြန်မြန်လုပ်! အစီအရင်က ကွဲတော့မယ်!"
တစ်ဖက်တွင် ရှောင်းချင်ထျန်းသည် အခြားတစ်ယောက်က မင်္ဂလာဝတ်စုံ ဝင်၀တ်တော့မည်ကို မသိလေဘဲ စိတ်လှုပ်ရှားနေသော မျက်လုံးများက တောက်ပလာပြီး သူ့အသံက ကျယ်လောင်လာသည်။
"ကောင်းပြီ!"
ကျန်သော အဆင့်၈ သိုင်းပညာရှင်များ အားလုံးသည်လည်း စိတ်လှုပ်ရှားလာပြီး ရတနာ၏ မျက်နှာပြင်ပေါ်ရှိ အစီအရင်ကို အရူးအမူး တိုက်ခိုက်ရန် ၎င်းတို့၏ ခွန်အားအပြည့်ကို ထုတ်လွှတ်လိုက်ကြသည်။
ဘာသာပြန် - မင်္ဂလာဝတ်စုံ ဝင်ဝတ်တယ်ဆိုတာ အခွင့်ကောင်း ဝင်ယူတာကို ပြောတာပါ