← Chapters

ရူးသွပ်စွာလိုက်သတ်ခြင်း (ပထမပိုင်း)

Vol. 29 Ch. 3.174

ရူးသွပ်စွာလိုက်သတ်ခြင်း (ပထမပိုင်း)

Vol. 29 Ch. 3.174

ဝုန်း!

အချိန်အနည်းငယ် ကြာပြီးနောက် ရတနာ အပြင်ဘက်တွင် တားဆီးထားသော အစီအရင်သည် နောက်ဆုံးတွင် လုံးဝကို ပျက်စီးသွားကာ ၎င်း၏ပုံစံ အစစ်အမှန်ကို ထုတ်ဖော်ပြသလာခဲ့သည်။

ကြီးမားသော ကျောက်သား မြေပုံပင်။

ဟူး!

အတားအဆီး မရှိတော့သောအခါ ကျောက်သား မြေပုံသည် ကောင်းကင်မှ ပြုတ်ကျလာပြီး မြေပြင်ပေါ်သို့ ပြုတ်ကျလာ၏။

"အစီအရင်ကို ချိုးဖျက်ပြီးပြီ ဆိုတော့ ဒီရတနာကို ဘယ်သူ ပိုင်မလဲဆိုတာ ဆွေးနွေးကြည့်ရအောင်"

ရှောင်းချင်ထျန်းသည် သူ့လက်သီးများကို တိတ်တဆိတ် ဆုပ်လိုက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

"ဘာမှ ဆွေးနွေးနေစရာ မလိုပါဘူး... ခေါင်းဆောင်ရှောင်းက ကျုပ်တို့ထဲမှာ အသန်မာဆုံးပဲ... ရှောင်းမိသားစုက ကျုပ်တို့ကို အချိန်အကြာကြီး ထောက်ပံ့ပေးမယ်လို့ ကတိပြုထားသရွေ့ ကျုပ်ကတော့ ခင်ဗျားကို ထောက်ခံပေးတယ်!"

"ကျွန်တော်လည်း ထောက်ခံပါတယ်... ခေါင်းဆောင်ရှောင်းက တန်ခိုးအရှိဆုံး ဖြစ်ပြီး သဘာဝအတိုင်း ရတနာကို ပိုင်ဆိုင်လိုက်တာက လူတိုင်း ပိုင်ဆိုင်ထားသလိုပါပဲ"

"ဒီရတနာကို ခေါင်းဆောင်ရှောင်းက ပထမဆုံး ရှာတွေ့ခဲ့တာ ဆိုတော့ သူ့ပိုင်ဆိုင်မယ်ဆို ကျွန်တော် လက်ခံပါတယ်"

ရှောင်းချင်ထျန်း ပြောပြီးသည်နှင့် တပြိုင်နက် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ရှိ လူ၇ယောက် ၈ယောက်လောက်က တညီတညွတ်တည်း ပြောဆိုကြသည်။

ဤလူအားလုံးတို့သည် သူ့လူများ ဖြစ်ကြ၍ တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း ထောက်ခံစကားများ ဆိုလာကြ၏။

"ဒါ...."

ဒီလူတွေရဲ့ ရပ်တည်ချက်တွေကို ကြားတော့ အစီအရင်ကို ချိုးဖျက်ဖို့ အတူတူ လက်တွဲလုပ်ခဲ့ကြတဲ့ လူတွေ အားလုံးဟာ ရုပ်ဆိုးတဲ့ မျက်နှာတွေနဲ့ ချေပချင်ပေမယ့် စကားမပြောရဲကြချေ။

ရှောင်းချင်ထျန်းရဲ့ ခွန်အားကို ဘေးဖယ်ထားလိုက်မယ် ဆိုရင်တောင် ဒီထောက်ခံနေတဲ့ အဆင့်၈ တွေကို သူတို့အနေနဲ့ တိုက်ခိုက်နိုင်မှာ မဟုတ်ပေ။

"မင်းတို့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်.... မင်းတို့ ဒီလိုပြောလာတော့ ငါတကယ် အားနာနေမိပါပြီ!"

ရှောင်းချင်ထျန်းပ အခြေအနေကို အချိန်အတော်ကြာ ကတည်းက ခန့်မှန်းမိထားပုံရပြီး ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

"လူတိုင်း စိတ်မပူပါနဲ့.... ကျုပ် ရှောင်းချင်ထျန်းက ဒီနေ့ ကျုပ်အပေါ်ထားတဲ့ အားလုံးကို ကြင်နာမှုပေးကို သတိရနေမှာပါ.... အနာဂတ်မှာ ကျုပ်တို့ရှောင်းမိသားစုက ခင်ဗျားတို့အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ"

"ဟားဟား! ဒီလိုအသံ မြင့်တဲ့ပုံစံနဲ့ အရှက်မရှိပြောနိုင်တာ တကယ့်ကို အရေထူတာပဲ!"

သူစကားမဆုံးခင်မှာ မလှမ်းမကမ်းမှ အသွင်မဆောင်ဘဲ ရယ်မောသံကို ကြားလိုက်ရသည်။

"ဘယ်သူလဲ??"

"ဘယ်သူက သေချင်နေတာလဲ?"

ရှောင်းချင်ထျန်း စကားမပြောသေးပေမယ့် သူ့နောက်လိုက်ခွေးတွေက ကျယ်လောင်စွာ အော်လိုက်ပြီး အသံရဲ့ ဦးတည်ရာကို ကြည့်လိုက်တော့ အဆောက်အအုံ၏ တံစက်မြိတ်ပေါ် တိတ်တိတ်ဆိတ်ဆိတ် ရပ်နေတဲ့ လူငယ်တစ်ယောက်ကို တွေ့လိုက်ရ၏။ သူ့ပုခုံးပေါ်မှာလည်း ကျီးကန်းတစ်ကောင် နားနေသေးသည်။

သူသာ စကားမပြောခဲ့ရင် သူပေါ်လာတာကို ဘယ်သူမှ သိမှာ မဟုတ်ဘူး။

"လုရွှမ်?"

"မင်း တစ်ချိန်လုံး ပုန်းနေတာ အခုတော့ ထွက်လာပြီပေါ့.... မင်း​သေမှာကို ​စောင့်​​နေလိုက်!"

"မကောင်းတဲ့ကောင်! မင်းလက်ထဲက ရတနာတွေကို အမြန်လွှဲပေးစမ်း!"

ကောင်လေး၏ ပုံသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့ အားလုံးက ဒေါသတကြီးနှင့် တညီတညွတ်တည်း ဆူပူ ကြိမ်းမောင်းကြ​တော့သည်။

"လုရွှမ်.... မင်းက ငါ့လူတွေကို သတ်ပြီး ငါ့ရတနာတွေကို လုယူသွားပေမယ့် မင်း ငါတို့ကို ရှေးဟောင်းမြို့ထဲကို လိုက်ပို့ပေးခဲ့တယ်.. ဒါကြောင့် အခု မင်းကို အခွင့်အရေးပေးမယ် မင်းရထားတဲ့ ရတနာတွေကို ငါ့ကိုလွှဲပေးရင် ငါ ရှောင်းချင်ထျန်းက မင်းအသက်ကို ချမ်းသာပေးမယ်လို့ ကတိပေးတယ်!"

ရှောင်းချင်ထျန်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့မျက်နှာသည် ဖြောင့်မတ်ခြင်း အပြည့်နှင့် ဆိုလိုက်သည်။

"ဟူး... အဲဒါကြောင့် မင်းက အရေထူပြီး အရှက်မရှိဘူးလို့ ပြောတာပေါ့! ငါ မင်းနဲ့ စကားမပြောတော့ဘူး... အစီအရင်ကို ချိုးဖျက်ပြီးပြီ ဆိုတော့ ရတနာကို လက်ခံလိုက်ပြီ! နှုတ်ဆက်ပါတယ်!"

စကားပြောပြီးနောက် အနည်းငယ် လန်းဆန်းသွားသလို ခံစားလိုက်သည်။

ဟူး!

လူအုပ်အလယ်က အစီအရင်ကို ချိုးဖျက် ခံလိုက်ရတဲ့ ကျောက်တုံးမြေပုံဟာ သဲလွန်စ မရှိဘဲ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ထို့နောက် ချက်ချင်းပင် မရပ်တန့်ဘဲ ရှေ့တည့်တည့်သို့ အမြန်ပြေးကာ အကြိမ်အနည်းငယ် လှုပ်ရှားရင်း လူတိုင်း၏ မျက်စိရှေ့တွင် ပျောက်ကွယ်သွားခဲ့သည်။

"ဘာ?"

"ဘယ်လိုလုပ် ပျောက်သွားတာလဲ"

"ဟ!! ဒီကောင်က ငါတို့အာရုံကို တမင်တကာ ဆွဲဆောင်နေတာပဲ.... တကယ်က ရတနာခိုးယူဖို့ စက်ဆုပ်ရွံရှာစရာ နည်းလမ်းတချို့ကို သုံးခဲ့တာပဲ ဖြစ်ရမယ်"

"သူ့ကို မလွတ်စေနဲ့!"

သူတို့ရဲ့ ခွန်အားတွေ အကုန်ထုတ်သုံးပြီး နောက်ဆုံးတော့ ကန့်သတ်ထားတဲ့ ကျောက်တုံးမြေပုံကို ရရှိခဲ့သော်လည်း တခဏချင်း ပျောက်ကွယ်သွားတာကို မြင်လိုက်ရတော့ အားလုံး ရူးသွပ်သွားကြသည်။

ရှောင်းချင်ထျန်းလည်း သွေးအန်လုမတတ် ဖြစ်သွားသည်။

ဒီလောက်တန်ကြေယ ကြီးကြီးပေးပြီး သူ့အတွက်ပြော​ပဖို့ မရေမတွက်နိုင်အောင် ခွန်အားကြီးတဲ့ လူတွေကို စုဆောင်းပြီး ရတနာကို ရတော့မယ့် မျက်စိတစ်မှိတ် အတွင်းမှာပဲ အဓိပတိနယ်ပယ်သာ ရှိတဲ့ ကလေးတစ်ယောက်က ဖြတ်လုသွားခဲ့လေသည်။

"အဲဒီကလေးကို ငါ့အတွက် ဖမ်းလာခဲ့!! ဖမ်းနိုင်တဲ့ ဘယ်သူမဆို သူ့ခန္ဓာကိုယ်ထဲက ရတနာမှန်သမျှကို မင်းတို့ ဆန္ဒအလျောက် ရွေးချယ်နိုင်မယ်လို့ ကတိပေးတယ်။"

ခက်ထန်သော မျက်နှာဖြင့် ရှောင်းချန်ထျန်းက အရူးအမူး ဟောက်လိုက်သည်။

"လိုက်!"

"အဓိပတိနယ်ပယ်လေးက ငါတို့ပစ္စည်းတွေကို ခိုးဖို့တောင် သတ္တိရှိတယ်ပေါ့?? သူက သေတွင်းကို လာတူးနေတာပဲ!"

"အဲဒီ​ကောင်ကို အပိုင်းပိုင်း ဖြတ်ပစ်မယ်"

"စိတ်ပျက်စရာပဲ!"

လူတိုင်း ဒေါသတွေ ဆူပွက်သွားသည်။

မတိုင်ခင်က ရှောင်းချင်ထျန်းရဲ့ လွှမ်းမိုးမှုကို ရင်ဆိုင်နေရလို့ သူတို့ဟာ ယုတ်မာတဲ့ စကားတွေ မပြောရဲကြပေမယ့် အခုချိန်မှာတော့ အဓိပတိနယ်ပယ်က ကောင်လေးတစ်ယောက်က သူတို့ရတနာကို လုယူသွားတဲ့အတွက် သူတို့ ဘယ်လိုလုပ် သည်းခံနိုင်မလဲ?

လူတိုင်းဟာ ဒေါသတွေနဲ့ ပြည့်နှက်နေပြီး လုရွှမ်ကို ချက်ချင်း သတ်ပစ်ချင်စိတ်ဖြင့် ပြေးလိုက်သွားကြသည်။

ဗုန်း!

မရေမတွက်နိုင်သော သန်မာသော လူများသည် ရှေးဟောင်းမြို့ထဲက ရတနာများကို ရှာဖွေမှု ရပ်တန့်ကာ လုရွှမ်၏နောက်သို့ အသည်းအသန် အရူးအမူး လိုက်ကြတော့သည်။

ချက်ချင်းပင် ထိုရူးသွပ်မှု၏ အရှိန်အဝါသည် လေထဲသို့ ထိုးတက်လာကာ မရေမတွက်နိုင်သော အရိပ် သေးငယ်သော အသွင်အပြင်နောက်သို့ လိုက်နေကြ၏။

"ခေါင်းဆောင်... ကျွန်တော်တို့ ဘာလုပ်ရမှာလဲ"

ရှောင်းချင်ထျန်း နောက်က အဘိုးကြီးတစ်ယောက်က မေးလိုက်သည်။

"ဘာလုပ်ရမလဲ? သူ့နောက်ကို လိုက်! ရှင်ရင်လူကို တွေ့ချင်တယ် သေရင် အလောင်းတွေကို ငါမြင်ချင်တယ်!! ငါ ရှောင်းချင်ထျန်း အဲဒီလုရွှမ်ကို မသတ်ရရင် လူမလုပ်တော့ဘူး!"

ရူးသွပ်နေသော ဟောက်သံနှင့်အတူ ရှောင်းချင်ထျန်းသည် လူတိုင်းနောက်သို့ အနီးကပ်လိုက်ကာ ရှေ့သို့ ပြေးသွားခဲ့သည်။

သူ့နောက်တွင် ရှောင်းမိသားစုမှ အဖွဲ့ဝင်များသည်လည်း လုံးဝမရပ်ဘဲ သူ့နောက်သို့ အနီးကပ် လိုက်လာခဲ့ကြသည်။

"မြန်မြန်လုပ်!"

"ဘာပဲဖြစ်ဖြစ် ရှေးဟောင်းမြို့ရဲ့ ရတနာ အားလုံးနီးပါး လုယက်သွားပြီ... အဲဒီကလေးကို ဖမ်းပြီး သတ်လိုက်မယ်ဆိုရင် မင်းဆန္ဒအလျောက် ရတနာတစ်ခု ရနိုင်လိမ့်မယ်!"

"ဒီကောင်က သေမင်းကို သူ့ဘာသာသူ ရှာနေတာပဲ.... သူဘယ်သွားမလဲ ကြည့်ရအောင်!"

"သူ့ကို မလွှတ်​​ပေးနိုင်​ဘူး!"

လူအများအပြားက လုရွှမ်ကို လိုက်ဖမ်းနေကြတာကို မြင်လိုက်ရတော့ ရှေးဟောင်းမြို့က ကျန်တဲ့သူတွေက သည်းမခံနိုင်တော့ဘဲ အမဲလိုက်အဖွဲ့ထဲကို ချက်ချင်း ဝင်လိုက်ကြသည်။

ချက်ချင်းပင် လူထောင်ပေါင်း များစွာသည် တစ်ပြိုင်နက်တည်း ပြေးလွှားနေရာ ချိုင့်ဝှမ်းတွင် ကြောက်စရာ အကောင်းဆုံး အခြေအနေတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ရာနှင့်ချီသော အထဲမှ ထက်ဝက်ကျော်သည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်မှ ဖြစ်ပြီး သန်မာသူများသည် အဆင့်၈သို့ပင် ရောက်ရှိနေပြီဖြစ်ကာ လိုက်ဖမ်းနေကြသော လူငယ်သည် အဓိပတိ နယ်ပယ်တွင်သာ ရှိလေသည်။

"အရှင်မင်းသား... ကျုပ်တို့ ဘာလုပ်ရမလဲ"

မင်းသား ချန်ရှင်းနှင့် အခြားသူများသည် တစ်ဖက်မှ စိတ်လှုပ်ရှားမှုစွာ ကြည့်နေကြသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် အားလုံးက အံ့အားသင့်ကာ မျက်လုံးများ ပြူးကျယ်သွားကြသည်။ အချိန်အတော် ကြာပြီးနောက် သခင်မဟိုင်ထန်က မထိန်းနိုင်ဘဲ ပြောလိုက်သည်။

"ဘာလုပ်ရမှာလဲ? အဲဒီကလေးကို သတ်ဖို့ အခွင့်အရေး ရှာရမှာပေါ့"

မင်းသား ချန်ရှင်း၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် နီမြန်းလာသည်။

"ဟုတ်တယ်.... ဒါက အခွင့်အရေးကောင်းပဲ သူကိုယ်တိုင် သေတွင်းတူပြီး သူ့ကို သတ်ဖို့ ခွန်အားကြီးတဲ့လူတွေကို ဆွဲဆောင်သွားပြီ.... တခြားကို အပြစ်တင်လို့ မရ​တော့ဘူး"

ကောင်းရှန်ကလည်း စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။

ထောင်ပေါင်းများစွာသော သခင်များ ပူးပေါင်း၍ လုရွှမ်ကို ပူးပေါင်း သတ်ဖြတ်​​နေကြသည်။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က သန်မာသော လူတစ်ယောက်သည်ပင် ထိုနေရာထဲသို့ ပြုတ်ကျခဲ့လျှင် သူ အသက်ရှင်လျက် ထွက်သွားနိုင်မည်မှာ လုံးဝမဖြစ်နိုင်ချေ။

အရင်တုန်းကတော့ လူတိုင်း သူ့ကိုသတ်ချင်နေတဲ့ အဓိကအချက်ကို မထိခဲ့လို့ ခဏလောက်တော့ သည်းခံနိုင်ပေမယ့် အခုတော့ ကောင်းသွားပြီ။ ရှေးဟောင်းမြို့ တစ်မြို့လုံးမှာ ရှိတဲ့ လူတိုင်းရဲ့ရှေ့မှာ ရတနာကို လူသွားပြီလေ။ သူ့ကိုလွှတ်ထားတာကမှ ထူးဆန်း​နေလိမ့်မည်။!

"အတူတူ လိုက်ကြည့်ရအောင် ပရမ်းပတာ အ​ခြေအနေကို အခွင့်ကောင်းယူပြီး ကောင်းတဲ့အရာတွေ အများကြီး ရလာနိုင်တယ်!"

မင်းသားချန်ရှင်း၏ ဆရာသခင်မှာလည်း ခေါင်းညိတ်ပြပြီး သူ့မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေ၏။

ဤလုရွှမ်သည် သူ၏ဝိညာဉ်သားရဲနှင့် အတူရှိနေပါက သူသည် ၎င်းကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်း မရှိနိုင်ပေ။ ယခု သူတစ်ယောက်တည်း ထွက်ပြေးနေရပြီ။

ဤကဲ့သို့ အမုန်းတရားကြီးကို ဖန်တီးပြီး ထောင်နှင့်ချီသော လူများဆီက လိုက်ဖမ်းခံနေရတာကို မသတ်နိုင်ရင် ရှက်စရာကြီး ဖြစ်သွားပေမည်။

"ကောင်းပြီ!"

ဆုံးဖြတ်ချက်ချ ပြီးနောက် မင်းသား ချန်ရှင်းနှင့် အခြားသူများသည် မရပ်တန့်ဘဲ အလျင်အမြန် ပြေးထွက်သွားကြသည်။

All Chapters