ရူးသွပ်စွာလိုက်သတ်ခြင်း (ဒုတိယပိုင်း)
Vol. 29 Ch. 3.175
"ငလူး... အစ်ကိုကြီးကတော့ အစ်ကိုကြီးပါပဲ ရက်စက်လွန်းတယ်!"
ရှေးဟောင်းမြို့၏ ထောင့်တစ်နေရာတွင် ထျန်ကျွင့်နမ်သည် လူထောင်ပေါင်းများစွာ၏ လိုက်သတ်ခြင်းကို ခံရသည့် လုရွှမ်ကို ကြည့်လိုက်ပြီး အံသြသွားသည်။
သူသိတဲ့ အစ်ကိုကြီးက တော်တယ် ဆိုတာ သိပေမဲ့ သူဒီလောက် မိုက်ရဲလိမ့်ယ်လို့ ဘယ်တုန်းကမှ အိပ်မက် မမက်ခဲ့ဖူးချေ။
အင်အားကြီး ထောင်ပေါင်းများစွာ၏ အမုန်းတရားများကို ပွင့်ပွင့်လင်းလင်း ဆွဲဆောင်ခဲ့ပြီး လူများစွာက ၎င်းတို့ကို လိုက်လံဖမ်းဆီး သတ်ဖြတ်ခြင်းကို ခံရဲသည်အထိ သတ္တိကောင်းလွန်းလှသည်။
"ဒါ.... ဒါ...."
သူ့နှုတ်ခမ်းများ တုန်ခါသွားကာ အကဲဖြတ်ရန် စကားလုံးတစ်လုံးမှ အသုံး မပြုနိုင်တော့ပေ။ ရှန့်ခုန်းချိုင့်ဝှမ်း မပြောနဲ့ တိမ်ပင်လယ် နယ်မြေကြီး တစ်ခုလုံးကိုတောင် ဒီလိုမြင်ကွင်းမျိုး မြင်ဖူးလိမ့်မည် မဟုတ်ချေ။
"သခင်လေး... ကျွန်တော်တို့ ကူညီမှာလား?"
ထျန်ကျွင့်နမ်၏ နောက်မှ အစောင့်တစ်ဦးက ဇဝေဇဝါဖြင့် မေးလိုက်သည်။ သူတို့သည် လုရွှမ်နှင့် သူတို့၏ သခင်လေးရဲ့ကြားက အကြောင်း ကောင်းကောင်း သိပြီးပြီဖြစ်သည်။
"ကူညီမယ်? ထောင်သောင်းချီတဲ့ ကျင့်ကြံသူတွေကို တိုက်ထုတ်နိုင်မယ်လို့ မင်းထင်လို့လား? အဲဒီအထဲမှာ ရှောင်းချင်ထျန်းရဲ့ အဆင့်ကို ယှဥ်နိုင်မယ်လို့ ထင်လား?"
ထျန်ကျွင့်နမ် ခေါင်းကို လှည့်ကာ ဟောက်လိုက်သည်။
"ကျွန်တော်..."
အစောင့်သည် တုန်တုန်ယင်ယင်နှင့် ခေါင်းကို အမြန်ခါလိုက်၏။
လာနောက်နေတာလား? သူက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇မှာပဲ ရှိနေသေးကာ လူတွေအများကြီးနဲ့ ရင်ဆိုင်ရရင် ဆယ်ဆပိုသန်မာ နေရင်တောင် ဒူးထောက်နေရတုန်းပဲ။
"ဒီလူက ငါ့ရဲ့သူဌေးပဲ... တခြားသူတွေ သူ့ကိုလိုက်ဖမ်းနေတာ ငါကြည့်မနေနိုင်ဘူး ဒါပေမဲ့ ငါအဲဒီကိုသွားရင်လည်း ငါသူ့ကို မကူညီနိုင်ဘူး.... သူက အရမ်းလိမ္မာ ပါးနပ်တယ် သူ့အစီအစဉ်နဲ့သူရှိရမယ်.... ငါ့အထင် ရှေးဟောင်းမြို့မှာပဲ နေသင့်တယ်... ရတနာတွေကို ရှာရအောင် ဒီရွှံ့ရေထဲမှာ မပါဝင်တာ အကောင်းဆုံးပဲ"
ထျန်ကျွင့်နမ်က ချက်ချင်းပဲ ဆုံးဖြတ်ချက် ချလိုက်သည်။
လုရွှမ်သည် သူ့အား ကြင်နာခဲ့သည်။ သူသည် အခြားသူများဆီက လိုက်ဖမ်းနေခြင်းကို ခံနေရသော်လည်း သူ့အစွမ်းအစဖြင့် မကယ်နိုင်တာတော့ အမှန်ပင်။
အရေးကြီးဆုံး အချက်ကတော့ သူ့အမြင်အရ သူ့သူဌေးက ငယ်ငယ်ရွယ်ရွယ်နဲ့ အကျင့်စာရိတ္တက ထူးခြားပေမယ့် သူက အရမ်းသတ္တိရှိပြီး ထက်မြက်လေသည်။
သူမစဥ်းစားဘဲ ဝင်သွားရင် သူ့အစီအစဥ်ကို အနှောင့်အယှက် ပေးမိလိမ့်မည်။ အဲဒါကြောင့် သတင်းကို စောင့်နေတာ ပိုကောင်းပါသည်။ ဒါက သူ့သူဌေးအတွက် အကြီးကျယ်ဆုံး အကူအညီလည်း ဖြစ်နိုင်သည်။
"ကောင်းပါပြီ!"
သူ့နောက်က အစောင့်တွေက ခေါင်းတညိတ်ညိတ်နဲ့ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ မျက်နှာတွေက အံ့ဩသွားကာ မယုံနိုင် ဖြစ်သွားကြသည်။
"လူပေါင်း ရာနဲ့ချီပြီး လိုက်ဖမ်းခံနေရတဲ့ အဲဒီသခင်လေးလုရွှမ် တကယ် လွတ်မြောက်နိုင်ပါ့မလား?"
ဒါက စိတ်ကူး မယဉ်နိုင်တဲ့ အရာတစ်ခုပင့။
ရယနှင့်ချီသော လူတို့သည် ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက် ဝင်ရောက်နိုင်ရင်တောင် အသုံးမဝင်ပေ။
"ဒါလည်း ငါမသိဘူး! ဒါပေမဲ့ သူဌေးက အလုပ်တစ်ခုကို မစခင် အစီအစဉ်တွေ အမြဲလုပ်ထားတတ်တော့ ပြဿနာမရှိတာ သေချာတယ်!"
ထျန်ကျွင့်နမ် ခေါင်းညိတ်လိုက်သည်။ သူဒီလိုပြောပေမယ့် သူ့မျက်လုံးထဲမှာ စိုးရိမ်စိတ်တွေ ရှိနေကြောင်း ပြသနေသေးသည်။
သို့သော် ယခုအချိန်တွင် အခြေအနေသည် ဖြစ့သွားခဲ့ပြီ ဖြစ်ပြီး ၎င်းသည် သူ၏ခွန်အားဖြင့် ဆုံးဖြတ်နိုင်သည့် အရာ မဟုတ်တော့ပေ။
"ဒီလုရွှမ် အရမ်းမိုက်မဲလွန်းတယ်!"
ဤမြင်ကွင်းကို မြင်လိုက်ရသော အကြီးအကဲ ဖန့်ဝူဆွေ့သည် ဆက်လက် တုန်လှုပ်နေပြီး မေ့လဲလုနီးပါး ဖြစ်နေလေသည်။ ပြောရရင် ဒါက ရဲစွမ်းသတ္တိရှိနေတာ မဟုတ်ဘဲ မိုက်မဲလွန်းခြင်းသာ ဖြစ်တော့သည်။
အဆင့်၈ အသွင်ပြောင်းခြင်း နယ်ပယ်မှ ပညာရှင်များက အချိန်အတော်ကြာ ဖွင့်ခဲ့ရသော ရတနာ များစွာကို ပြောင်ပြောင်တင်းတင်း လုယူခြင်းသည် တရားမဲ့ဖြစ်ပြီး သေလမ်းရှာခြင်း ဖြစ်နေပြီ ဖြစ်သည်။
ဤကိစ္စတွင် အဓိပတိနယ်ပယ် မပြောနှင့် သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ်၏ ကိုးအဆင့်ရှိ သန်မာသော လူတစ်ဦးပင်လျှင် သေသည်အထိ ဗုံးကြဲခံရလိမ့်မည်။
သူ့ကိုယ်ပိုင်ခွန်အားဖြင့် သူတော်စင်နယ်ပယ်သို့ မ၀င်ရောက်ထားပါက လူထောင်ပေါင်းများစွာ၏ လိုက်ရှာခြင်းမှ လွတ်ကင်းနိုင်မည်ဟု တွေးတော၍ပင် မရတော့ချေ။
"သူ အဆင်ပြေလောက်ပါတယ်"
သူ ထိတ်လန့်သွားရုံ သာမက ချန်စစ်ယန်၊ မော့ချုံနှင့် အခြားသူများလည်း ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ အားလုံးကို ကြောင်အသွားကြသည်။
လုရွှမ်ရဲ့ မောက်မာမှုကို သူတို့ မြင်ဖူးကြပေမယ့် ဒီလိုအခြေအနေမျိုးပါ ရှိနေမယ်လို့ တစ်ခါမှ စိတ်ကူးမယဉ်ဖူးချေ။
ခန်းမသခင်ဖုန်း၊ ဆေးဝါးသခင်မချန်နှင့် ရတနာအဆောက်အအုံ သခင်ကျန့်တို့ ဤနေရာ၌ ရှိနေလျှင်ပင် အဆင့်မြင့် လူအုပ်ကို စော်ကားရဲမည် မဟုတ်ချေ။ ထို့ကြောင့် သူတို့အားလုံး တုန်လှုပ် ခြောက်ခြားသွားကြသည်။
"သေချာပေါက် အဆင်ပြေမှာပါ.... သခင်လေးကို ကျုပ်ယုံတယ်!"
လူအုပ်ကြားတွင် စိတ်ပိုင်းဖြတ်နိုင်မှု အရှိဆုံးသူမှာ မုယန်ဖုန်း ဖြစ်သည်။
မုယန်ဖုန်းသည် သခင်လေးနှင့် အချိန်အကြာဆုံး နေခဲ့ပြီး ဤလူငယ်သည် အန္တရာယ်ကင်းနိုင်သည်ကို သိသလို သူစိတ်ဆိုးသွားသည်နှင့် သူဘာမဆို လုပ်နိုင်သည်။
အရင်တုန်းကတော့ ကျောင်းသားငယ်လေး ဖြစ်သော်ငြား ကျန်းဝူကျောင်းတော် အကြီးအကဲ သုံးယောက်ကို လက်နက်ချအောင် လုပ်နိုင်ခဲ့သည်။ သူဖြတ်သွားခဲ့တဲ့ ဝူယန်အင်ပါယာက ဝူယန် တော်ဝင်ဘိုးဘေးကိုလည်း အဆုံးမရှိ တုန်လှုပ်သွားစေခဲ့သည်။
မယုံနိုင်စရာ ကောင်းလောက်အောင်ပင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈အဆင့် ပြီးပြည့်စုံသော ဝိညာဉ်သားရဲကိုလည်း ထိန်းကျောင်းနိုင်ခဲ့သည်။
ထိုမယုံကြည်နိုင်မှု များကြောင့် သခင်လေးသည် ၎င်းတို့အားလုံးအတွက် ခက်ခဲသော အရာများက သူ့ရှေ့တွင် အလွန်ရိုးရှင်း လွယ်ကူသွားကြောင်း သဘောပေါက်သွား၏။
ထို့ကြောင့် သူ့ရှေ့က အခြေအနေသည် ရှင်းမပြနိုင်ဘဲ လွတ်မြောက်ရန်လည်း မဖြစ်နိုင်ဘူးဟု ထင်ရသော်လည်း သခင်လေးအတွက် ဖြေရှင်းရန် နည်းလမ်း ရှိနိုင်ပါသေးသည်။
"အဆင်ပြေမယ်? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? လိုက်ဖမ်းတဲ့လူတွေက ရာနဲ့ချီတဲ့ အဆင့်မြင့်သူတွေလေ"
မင်းသမီးလော့ရုံ၏ မျက်လုံးများမှာ စိုးရိမ်မှုအပြည့်နှင့်။ သူမသည် မုယန်ဖုန်း နှင့် ကွဲပြားစွာ တွေးတောကာ ကောင်လေး လွတ်မြောက်နိုင်မည်ဟု မထင်ပေ။
နောက်ဆုံးတော့ သူမတို့ရှေ့က မြင်ကွင်းက ကြောက်စရာ ကောင်းလွန်းတယ် မဟုတ်ပါလား။
တန်ခိုးကြီးသည့် ထောင်ပေါင်းများစွာသော လူတို့သည် စိတ်ရှိတိုင်း တိုက်ခိုက်လျှင်ပင် ရှေးဟောင်းမြို့ကို တခဏချင်း ဖျက်ဆီးပစ်နိုင်ပြီး အဓိပတိနယ်ပယ်သာ ရှိတဲ့ လုရွှမ်ကိုတော့ အလွယ်တကူ လိုက်ဖမ်းကာ သတ်ပစ်နိုင်သည်။
ဘယ်လိုလုပ် လွတ်မြောက်နိုင်မှာလဲ!
"သူက သူ့အစွမ်းအစတွေကို ထုတ်ပြရတာ ကြိုက်တယ်.... သေသွားရင် ဘာလုပ်ရမလဲ?"
လင်ရှောင်းရှောင်းလည်း စိုးရိမ်စိတ်တွေ အပြည့်နဲ့ သူ့ခြေထောက်တွေကို ထပ်ခါထပ်ခါ နင်းစောင့်နေခဲ့သည်။
ဝန်မခံချင်ပေမယ့် လူငယ်လေးဟာ သူတို့ရဲ့ နှလုံးသားထဲမှာ မျိုးစေ့တစ်စေ့ကို စိုက်ထားပြီးသား ဖြစ်ကာ ပျိုးပင်ပေါက်တွေလည်း တိတ်တိတ်ဆိတ်ဆိတ် အညှောက်ပေါက်နေပြီဆိုတာ သူတို့သိပါသည်။
"သူအဆင်ပြေမယ်လို့ပဲ မျှော်လင့်တယ်"
ဟန်ရွှယ်လည်း သက်ပြင်းသာ ချလိုက်မိသည်။
သေခြင်းတရားကို အတူတူ တွေ့ကြုံပြီးနောက် လုရွှမ်သည် ဘဝကို လွယ်လွယ် အရှုံးမပေးတတ်ကြောင်း သူမ သိလာသည်။ ထိုသို့ပြုလုပ်ရန် သူ့ကိုယ်ပိုင် အကြံအစည် ရှိရမည်ဟု သူမသိထားသော်လည်း သူမမှာ စိုးရိမ်ပူပန်မှု အပြည့်ရှိနေဆဲ ဖြစ်သည်။
"ကျွန်တော်တို့ သူ့ကို လိုက်ကူပေးရမလား?"
ဟွာချောင်က မေးသည်။
"မလိုပါဘူး... သခင်လေးသာ ငါတို့ကို လှုပ်ရှားစေချင်ရင် အစောကတည်းက ပြောတာကြာပြီ... သူက ဘာမှပြန်မပြောဘဲ လှည့်ထွက်သွားတယ် ဆိုလိုတာက ငါတို့ကို မလိုက်လာစေချင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ...လိုက်သွားရင်တောင် ငါတို့မကူညီနိုင်ဘူး ဒါ့အပြင် ဝန်ထုပ်ဝန်ပိုးပဲ ဖြစ်စေမိလိမ့်မယ်!"
မုယန်ဖုန်းက ရှင်းပြလေသည်။
"ဒါဆို ကျွန်တော်တို့က သူ့ကို လိုက်ဖမ်းပြီး အသတ်ခံရတာကိုပဲ စောင့်ကြည့်ရမှာလား?"
ဟွာချောင်က သူ့လက်သီးတွေကို ဆုပ်ထားလိုက်သည်။
"စိတ်မပူပါနဲ့ သခင်လေး အဆင်ပြေပါတယ် သူပြန်လာနိုင်မယ်လို့ ငါယုံကြည်တယ်"
မုယန်ဖုန်းက ဆက်ပြောသည်။
"မင်းသခင်လေးကို တကယ်ကူ ညီချင်တယ်ဆိုရင် အခုပဲ မြန်မြန် လေ့ကျင့်သင့်တယ်... မင်းရဲ့ခွန်အားတွေ ပိုအားကောင်းလေ သူ့အတွက် အကူအညီ ရလေပဲ!"
"ကောင်းပြီ!"
ဤအခြေအနေတွင် လုရွှမ်ကို မည်သူမျှ မကူညီနိုင်မှန်း လူတိုင်း သိလိုက်ကြသည်။ သူသည် သူ့ကိုယ်သူသာ အားကိုးနိုင်ခဲ့သည်။
"ကောင်းကင်ကို စော်ကားတဲ့ မကောင်းမှုဟာ ခွင့်မလွှတ်နိုင်သလို မိမိကိုယ်မိမိ ပြုမူသော မကောင်းမှုမှာ အသက်မရှင်နိုင်ပေ"
မျက်နှာဖြူ ကျောင်းသားလေး ရှောင်းယွင့်ထျန်းသည် မျက်နှာပေါ်တွင် ဂန္ဓမာတစ်ပင် ဆွဲထားသကဲ့သို့ စိတ်လှုပ်ရှားနေပုံဖြင့် ကဗျာတစ်ပုဒ်ကို ရွတ်ဆိုလိုက်လေသည်။
ဒီလူငယ်လေးကြောင့် သူ့မျက်နှာ တစ်ခုလုံး ပျက်စီးသွားလို့ အရိုးထိအောင် မုန်းတီးသွားခဲ့သည်။ လူပေါင်း ရာနဲ့ချီပြီး လိုက်ဖမ်ဆီးခံရတာကို မြင်လိုက်ရလို့ နည်းနည်းလေးမှ စိတ်ဆိုးခြင်း မရှိချေ။ လုရွှမ်ရဲ့ ဝိညာဥ်သားရဲကြောင့်သာ မဟုတ်ရင် အစောကြီးကတည်းက သူလှုပ်ရှားပြီးပြီပေါ့။
"မင်းကို ငါ့လက်နဲ့ မသတ်နိုင်တာ နှမြောစရာပဲ.... ဒါပေမဲ့ လူပေါင်း ရာနဲ့ချီပြီး လိုက်လံ ခေါင်းဖြတ်ခံရတာ ငါ့အတွက် လက်စားချေသလိုပါပဲ!"
ရှောင်းယွင်ထျန်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။