← Chapters

ရှန့်ခုန်းမြေပုံ

Vol. 29 Ch. 3.176

ရှန့်ခုန်းမြေပုံ

Vol. 29 Ch. 3.176

"ရှောင်ရွှမ် နောက်ကလူတွေ အနီးကပ် လိုက်လာနေကြပြီ!"

ကျီးကန်းသည် လုရွှမ်၏ ပခုံးပေါ်တွင် အေးအေးဆေးဆေး ထိုင်ကာ အတောင်ပံများကို ပုတ်၍ ပြောလိုက်သည်။

"ဒီလိုရတနာမျိုးကို ရှာရတာ ခက်တယ် ငါက တိုက်ရိုက် လုယူခဲ့တာလေ.... အလျင်စလို မသတ်တာကမှ အံ့သြနေရဦးမယ်!"

လုရွှမ်က သူ့ဖီးနစ်တောင်ပံတွေကို ဖြန့်ပြီး ရှေ့တည့်တည့်ကို ပြေးသွားပြီး အနည်းငယ် ပြုံးလိုက်သည်။

ရှေးဟောင်းမြို့မှ ထွက်ခွာပြီးနောက် ၎င်းတို့သည် ငါးရက်ဆက်တိုက် ထွက်ပြေးလာခဲ့ပြီးတဲ့ အထိ ၎င်းတို့နောက်ကို ထောင်ပေါင်းများစွာသော အဖွဲ့ဝင်များသည် လိုက်နေကြဆဲ ဖြစ်သည်။

အစပိုင်းတွင် လုရွှမ်သည် ခြေလျင်ဖြင့်သာ လွတ်မြောက်ခဲ့သော်လည်း အခြားတစ်ဖက်ရှိ လူများမှာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈များမို့ အလွယ်တကူ ဖမ်းမိနိုင်သည်။ နောက်ဆုံးတွင် သူသည် ပျံသန်းခြင်းမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

သူတို့ ပျံသန်းပြီးတာနဲ့ ဒီလူအုပ်စုဟာ သူတို့ဘာသာ လက်လျှော့သွားမယ်လို့ ထင်ခဲ့ပေမယ့် သူတို့ဟာ သူ့ကို ခြေရာခံဖို့ ပိုစိတ်အားထက်သန် လာတယ်လို့တောင် ခံစားလာရသည်။

ဒီလူတွေရဲ့ အမြင်အရတော့ သူ ပျံသန်းနိုင်တဲ့ အကြောင်းရင်းက ရှေးဟောင်းမြို့က ရရှိထားတဲ့ ပျံနိုင်တဲ့ မှော်လက်နက် တစ်မျိုးဖြစ်ရမယ်ဟု ထင်နေကြခြင်းပင်။

သူတော်စင်နယ်ပယ်မှာ ခြေချဖူးသူတွေသာ ပျံသန်းနိုင်ကြသည်။ ပျံသန်းနိုင်တဲ့ သူတွေဟာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ ရှိသူတွေတောင် မတတ်နိုင်လို့ သူတို့ ဘယ်လောက် သန်မာတယ် ဆိုတာကို ပြသနေလေပြီ။

အဓိပတိနယ်ပယ်သာရှိတဲ့ ကောင်လေးတစ်ယောက် ကောင်းကင်ကို ပျံတက်သွားနေတာကို မြင်လိုက်ရတော့ ဒီလူတွေက ရူးသွပ်သွားပြီး သူ့နောက်ကို ပိုလို့တောင် စိတ်လှုပ်ရှားစွာ လိုက်လာခဲ့သည်။ သတင်းကြားတော့ နောက်က လိုက်သွားသူတွေတောင် အရူးအမူး ဆက်လိုက်လာကြသေးသည်။

"စကားမစပ်... မင်း လေ့လာလို့ ပြီးသွားပြီလား? ဒီကျောက်ပြားက ဘာလဲ? အသုံးမဝင်ဘူး ဆိုရင် လူများစွာရဲ့ လိုက်ဖမ်းနေတာ ခံရနေရတာ နည်းနည်းလေးမှ တန်မှာ မဟုတ်ဘူး!"

လုရွှမ်သည် ခံစားချက်ဖြင့် ပြုံးကာ ကျီးကန်းကို ကြည့်လိုက်သည်။

ကျောက်​ပြားကို ကျောက်စိမ်းပြားထဲ ချက်ချင်း ထည့်သိမ်း၍ အသည်းအသန် ပြေးလာရလို့ သေသေချာချာ ကြည့်ဖို့ အချိန်မရှိချေ။

မုန်းတီးမှုများစွာကို ဆွဲဆောင်၍ ပြေးခဲ့ရသည့် ရတနာသည် အဆင့်နိမ့်လွန်းလျှင် သို့မဟုတ် တန်ဖိုးမရှိလျှင် သေသည်အထိ ငိုကြွေးနေရလိမ့်မည်။

"ဒါက ရှန့်ခုန်းမြေပုံပဲ!"

"ရှန့်ခုန်းမြေပုံ? ဘယ်လိုသုံးလဲ?"

လုရွှမ် အရင်ဘဝက သူဖတ်ဖူးတဲ့ စာအုပ်တွေထဲမှာ ဒီအရာအကြောင်း မှတ်တမ်းမရှိလို့ နည်းနည်းတော့ စိတ်ရှုပ်ထွေးသွားသည်။

"ဒါက ပစ္စည်းကောင်းပဲ.... တန်ဖိုးက အရမ်းကြီးတယ်နော် ရှေးဟောင်းသစ်ရွက်စိမ်း ထက်တောင် သာနေနိုင်တယ်!"

ကျီးကန်း၏ မျက်လုံးများက စိတ်လှုပ်ရှားစွာ တောက်ပလာသည်။

"အိုး?"

"ပထမဆုံးအနေနဲ့ ဒါက မြေပုံတစ်ခုပဲ... ချိုင့်ဝှမ်းတစ်ခုလုံးရဲ့ ပထဝီဝင် တည်နေရာကို မှတ်တမ်း တင်ထားတယ်။ မင်းရှာနေတဲ့ ရှေး​ဟောင်း သစ်ရွက်စိမ်းတွေရဲ့ သီးခြားတည်နေရာကိုလည်း အဲဒီပေါ်မှာ ရေးထွင်းထားတယ်"

"ဒါ...."

လုရွှမ်၏ မျက်လုံးများ တောက်ပလာပြီး လက်သီးများကို စိတ်လှုပ်ရှားစွာ ဆုပ်ထားသည်။

ရှေး​ဟောင်းသစ်ရွက်စိမ်း သစ်သားသည် သစ်သားနီထက် အဖိုးတန်သည်ဟု ကျီးကန်းက ပြောဖူးသည်။ မရေမတွက်နိုင်သော သန်မာသူများသည် ထိုကဲ့သို့သော ပစ္စည်းကောင်းကို တစ်ခါမျှ မရရှိကြသလို သူဖတ်ဖူးသည့် စာအုပ်များတွင် မည်သည့်မှတ်တမ်းကိုမှ ရှာမတွေ့ခဲ့ပေ။ ဒီကျောက်တုံး မြေပုံပေါ်က အတိုင်း ရှာတွေ့နိုင်ပါ့မလား။

သစ်သားနီကတင် အရမ်း အစွမ်းထက်နေပြီကို ထိုသို့ကောင်းသော ပစ္စည်းထက် ပိုသာလွန်တဲ့ အရာတဲ့လား။

"ကောင်းပြီ... ဒုတိယအချက်က ဒီဟာက သာမန်ကျောက်တုံးလို ဖြစ်နေပေမယ့် မြေပုံပေါ်က မျဉ်းကြောင်းတွေက ဝိညာဉ်စွမ်းအား ၄.၀လောက် ပြင်းထန်တဲ့ လူတစ်ယောက်က ရေးဆွဲခဲ့တာပဲ...သူနဲ့ ခဏခဏ လေ့ကျင့်ပေးရင် မင်းရဲ့ ဝိညာဉ်စွမ်းအားကို လျင်လျင်မြန်မြန် မြှင့်တင်ပေးနိုင်လိမ့်မယ်... ဒါတင်မကသေးဘူး တကယ်လို့ မင်းဒီပေါ်က စိတ်ဝိညာဉ်စွမ်းအားနဲ့ ပဲ့တင်​ထပ်ခြင်းကို ဆွဲဆောင်နိုင်ရင် သူတော်စင်နယ်ပယ်က လူကိုတောင် အလွယ်တကူ သတ်ဖြတ်နိုင်တယ်!"

ကျီးကန်းသည် ၎င်း၏ အတောင်ပံများကို စိတ်လှုပ်ရှားစွာ လှုပ်ယမ်းလိုက်သည်။

"ဝိညာဉ်စွမ်းအား ပဲ့တင်ထပ်ခြင်း?"

လုရွှမ်၏ မျက်လုံးများ မီးတောက်လာသည်။ ဒါကို ရှေးဟောင်းစာအုပ်တွေမှာ မြင်ဖူးခဲ့ပြီး သူ့အရင်ဘဝတုန်းက လေ့လာခဲ့ဖူးသည်။

တချို့သော ဝိညာဉ်သခင်များသည် သေပြီးနောက်တွင် ၎င်းတို့၏ ဝိညာဉ်စွမ်းအားဖြင့် ထွင်းထုထားသည့် အရာဝတ္ထုအချို့ကို ချန်ထားခဲ့ကာ အချိန်အကြာကြီး တည်တံ့စေသည်။

နောက်ပိုင်း လေ့ကျင့်သူများသည် စိတ်ဝိညာဉ်စွမ်းအားဖြင့် ပဲ့တင်ထပ်သံကို ဆွဲဆောင် နိုင်သောအခါတွင် ၎င်းတို့သည် ဤမှော်လက်နက်ကို စုစည်းနိုင်လိမ့်မည်။ စွမ်းအားကြီးသူ ပူးပေါင်းလျှင်ပင် တိုက်ခိုက်နိုင်မည် မဟုတ်ချေ။

ဝိညာဉ်စွမ်းအား ၄.၀ သည် သူတော်စင်နယ်ပယ် စွမ်းအားရှင်များ ကြားတွင် သာမက ယခင်ဘဝက သူနှင့်နှိုင်းယှဉ်ပါက ထိပ်တန်းအဆင့်ဟု မှတ်ယူနိုင်သည်။

ဒီသန်မာတဲ့လူက ထားရစ်ခဲ့တဲ့ ဝိညာဉ်စွမ်းအား ဘယ်လောက် တန်ခိုးကြီးလိုက်သလဲ။ ဥပမာတစ်ခုအနေနဲ့ ပြောရရင် ဒီပြင်းထန်မှုရဲ့ ဝိညာဉ်စွမ်းအား တိုက်ခိုက်မှုကို တွန်းအားပေးနိုင်ရင် သူ့နောက်မှာ လူပေါင်း ရာနဲ့ချီပြီး လိုက်နေတာကို မပြောနဲ့ သန်းပေါင်းများစွာ လိုက်လာရင်တောင် ဘေးမဲ့တောထဲသို့ ပစ်ချပစ်သလို သူတို့ကို ထိုးနှက်ချက် တစ်ချက်တည်းဖြင့် သတ်နိုင်လိမ့်မည်။

ထို့ကြောင့် စိတ်စွမ်းအား ပဲ့တင်ထပ်ခြင်းသည် အလွန်ကြောက်စရာ ကောင်း​ပေသည်။ အားနည်းသူသည်ပင် သန်မာသူကို လုံးလုံးအနိုင်ယူနိုင်သည်။

သို့သော်လည်း စိတ်ဝိညာဉ်စွမ်းအား ပဲ့တင်ထပ်ခြင်းမှာ ရိုးရှင်းသည်တော့ မဟုတ်ပေ။ ပထမအချက်မှာ စိတ်ဝိညာဉ်များသည် တူညီနေရပါမည်။ ဒုတိယအချက်မှာ ပြိုင်ဘက်၏ဝိညာဉ်စွမ်းအားသည် ပြင်းထန်လွန်း၍ အသုံးပြုသူ၏ စိတ်ဝိညာဉ်စွမ်းအားသည် အလွန်အားနည်းပါက ရူးသွပ်ပြီး သေသွားနိုင်သည်။

ဆိုလိုသည်မှာ စိတ်ဝိညာဉ် စွမ်းအား အတိုင်းအတာသည် အလွန်ဆွဲဆောင်မှု ရှိသော အသံဖြစ်ပြီး ရန်သူကိုသတ်ရန် အဆင့်ကို ခုန်တက်သွားစေနိုင်သည်။ တကယ်တော့ ၎င်းကို ကောင်းစွာ အသုံးပြုပါက ရန်သူ၏ဝိညာဉ်စွမ်းအားကို မျိုချလိုက်ပြီး အပိုင်းပိုင်း ကွဲသွား​စေလိမ့်မည် ဖြစ်သည်။

လုရွှမ်သည် သူ၏ယခင်ဘဝတွင် ဝိညာဉ်စွမ်းအား ၃.၀ အထက်ရှိသော အလွန်အားကြီးသူ ချန်ခဲ့သည့် ရှေးဟောင်းပစ္စည်းပေါ်ရှိ ဝိညာဉ်စွမ်းအား ပဲ့တင်ထပ်ခြင်းကို အသုံးပြုလိုသော်လည်း မအောင်မြင်သေးခင် ဖျက်ဆီးခံခဲ့ရသည်။

"စိတ်ဝိညာဉ် စွမ်းအားက အားကောင်းတယ်... ဒါပေမဲ့ မင်းသေချာပေါက် မတတ်နိုင်ဘူး... ဒါကြောင့် အဲဒါကို တွေးတောင် မတွေးနဲ့!"

လုရွှမ် တုန်လှုပ်သွားသည်ကို မြင်လိုက်ရသဖြင့် ကျီးကန်းသည် တိုက်ရိုက် တိုက်ခိုက်လိုက်​ပေသည်။

"ဟုတ်ပါတယ်!"

လုရွှမ်လည်း ခေါင်းညိတ်လိုက်သည်။

လူတိုင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားက မတူချေ။ ပဲ့တင်ထပ်ခြင်းသည် သန်းရာနဲ့ချီတဲ့ထဲက တစ်ခုကို ရှာနေရသလိုပင် ရှာရခက်သည်။ ဒါက ဒဏ္ဍာရီတစ်ခု မျှသာဖြစ်ပြီး ဘယ်သူမှ မအောင်မြင်ခဲ့ပေ။

"ဒါပေမဲ့ ငါတို့ ရှားပါးရတနာ စာရင်းထဲက အဆင့် (၉) နေရာမှာ ကောင်းကင်ဝိညာဥ်မျှော်စင်ကို ရှာတွေ့နိုင်ရင်တော့ စိတ်ဝိညာဉ်စွမ်းအားရဲ့ ပဲ့တင်ထပ်ခြင်းက အရမ်းကို ရိုးရှင်းသွားလိမ့်မယ်"

ကျီးကန်းက ဆက်ပြော​လေသည်။

"ကောင်းကင်ဝိညာဥ်မျှော်စင်?"

"အင်း... ကောင်းကင်ဝိညာဉ်မျှော်စက်က ထိပ်တန်းရတနာ ဆယ်ပါးထဲမှ စိတ်ဝိညာဉ်ကို ရည်ညွှန်းတဲ့ တစ်ခုတည်းသော ရတနာပဲ... သန့်စင်ပြီးတာနဲ့ စိတ်ဝိညာဉ်စွမ်းအားကို မည်သူ့ဆီက အတုယူပြီး အလိုအလျောက် ပြောင်းလဲနိုင်ပြီး တခြားသူရဲ့ စိတ်ဝိညာဉ် စွမ်းအားကိုလည်း မင်းကိုယ်ပိုင်အသုံးအတွက် ဝါးမြိုသွားနိုင်တယ်... ဒီရတနာကိုသာ ငါတို့တကယ် ရှာတွေ့ခဲ့မယ် ဆိုရင် စိတ်ဝိညာဉ်စွမ်းအားတွေ သိသိသာသာ တိုးလာလိမ့်မယ်... စိတ်ဝိညာဉ်စွမ်းအား ပဲ့တင်ထပ်ခြင်း အတွက်လည်း ပိုလွယ်သွားလိမ့်မယ်!"

ကျီးကန်းက ခေါင်းကို ခါယမ်းလိုက်ပြီးနောက် ဆက်ပြောလေသည်။

"ကံမကောင်းစွာနဲ့.... အဲဒီရှားပါးရတနာက ဘယ်မှာ ရှိမှန်းတောင် ငါမသိဘူး... တိမ်ပင်လယ် နယ်မြေမှာတောင် ရှိနေ​သေးလားတောင် မသိတော့ဘူး!"

"အမ်!"

တစ်ဖက်လူ ပြောတာကို နားထောင်ပြီးနောက် လုရွှမ်လည်း ခါးသက်စွာ ပြုံးပြီး ခေါင်းယမ်းလိုက်သည်။

ရှားပါးရတနာ တစ်ခုစီသည် အလွန်အဖိုးတန်ပြီး ၎င်းတို့ကို ရရှိရန်မှာ ပို၍ပင်ခက်ခဲ​ပေသည်။ ကမ္ဘာ့ထိပ်တန်း ဆယ်ခု စာရင်းဝင် ရတနာများသည် ပို၍ပင် ရှားပါးလှသည်။ တိမ်ပင်လယ် နယ်မြေကြီး တစ်ခုလုံးကို မြေလှန်ရှာမယ် ဆိုရင်တောင် ရှာတွေ့ရန် ခက်ခဲပေလိမ့်မည်။

ဒါကို သိတဲ့အတွက်ကြောင့် ရှာမတွေ့ရင်တောင် အရမ်းစိတ်ပျက်သွားမှာ မဟုတ်ချေ။

"ရှန့်ခုန်းမြေပုံကို ဖတ်ပြီးပြီလား? ရှေးဟောင်းသစ်ရွက်စိမ်းက ဘယ်မှာလဲ"

ထူးဆန်းသော ရတနာနှင့် စိတ်စွမ်းအား၏ ပဲ့တင်ထပ်ခြင်း အကြောင်း တွေးနေမည့်အစား လုရွှမ် လက်ရှိ အခြေအနေကိုပဲ ဆက်မေးလိုက်သည်။

မြေပုံပေါ်တွင် ရှေးဟောင်းသစ်ရွက်စိမ်း သစ်ပင်များ၏ တည်နေရာ အတိအကျကို မှတ်တမ်းတင်ထား သောကြောင့် ဤရတနာကို ဦးစွာရှာဖွေရန် လိုအပ်သည်။

"တောင်ဘက်!"

"တောင်ဘက်မှာလား? ဟာဟား.... ငါကသွားရမယ့် လမ်းကြောင်းမှန်ပေါ် ရောက်နေတာပဲ... ကံကောင်းစွာနဲ့ ကွေ့ပတ်ပြီး သွားနေစရာ မလိုတော့ဘူး!"

လုရွှမ် ရယ်မောလိုက်သည်။

"စကားမစပ် မင်းဘယ်ကို သွားမလို့လဲ? မင်းကိုလူတွေအများကြီး လိုက်ဖမ်းမှာ မစိုးရိမ်ဘူးလား?"

ကျီးကန်းက ထူးဆန်းစွာ ​ပြန့်ကြည့်လိုက်သည်။

လုရွှမ်သည် ရှေးဟောင်းမြို့မှ ပြေးထွက်ပြီးနောက် တလမ်းလုံး မရပ်မနား ပြေးလာခဲ့သည်။ ကြည့်လိုက်လျှင် အရိုင်းဆန်စွာ ပြေးလွှားနေသည်ဟု ထင်ရသော်ငြား အမှန်တကယ်တော့ သူသည် တစ်ခုခုကို ရှာနေသကဲ့သို့ လမ်းကြောင်းတစ်ခုကို လိုက်နေကြောင်း ကျီးကန်းက သိလိုက်သည်။

လိုက်ဖမ်းပြီး အသတ်ခံရတော့မှာတောင် တစ်ခုခုကို ရှာနေတုန်းပဲ သူ ဘာကို ရှာနေတာလဲ။

သန်မာတဲ့ ကျင့်ကြံသူတွေ အများကြီး လိုက်ဖမ်း​နေလို့ ပျံသန်းနိုင်ရင်တောင် အသုံးမဝင်ပေ။ တကယ်တမ်းတော့ လူတစ်ယောက် ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ပျံသန်းနိုင်ဖို့ မဖြစ်နိုင်ချေ။

ဒီအကြောင်းကို သူ ရှင်းရှင်းလင်းလင်း သိထားပေမယ့် ကောင်လေးကို ကြည့်ရတာ လုံးဝ စိတ်မပူသလိုပင်။ ကျီးကန်းမှာ သူဘယ်ကနေ သတ္တိတွေရလာမှန်းတောင် မသိတော့ချေ။

"ငါ ဘယ်သွားမလို့လဲ ဆိုတာ မင်းမကြာခင် သိရလိမ့်မယ်... ငါရှာတာသာ မမှားရင် အဲဒီနေရာက မကြာခင် ပေါ်လာလိမ့်မယ်!"

လုရွှမ်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး သူ့မျက်လုံးတွေကလည်း တောက်ပလာခဲ့သည်။

All Chapters