← Chapters

ဝူအဆင့်၁၀ (ပထမပိုင်း)

Vol. 29 Ch. 3.177

ဝူအဆင့်၁၀ (ပထမပိုင်း)

Vol. 29 Ch. 3.177

"ရောက်တော့မှာလား?"

ကျီးကန်း စိတ်ရှုပ်ထွေးစွာဖြင့် ရှေ့ကို မျှော်ကြည့်လိုက်သည်။

"မင်းဘယ်ကိုပဲ သွားသွား မင်းငါ့ကို မသတ်သရွေ့ အရေးမကြီးဘူး! ငါထွက်လာဖို့ လွယ်ခဲ့တာ မဟုတ်ဘူး.... ငါဒီမှာမသေချင်ဘူး!!"

ကျီးကန်းက အော်လေသည်။

"စိတ်ချပါ!"

လုရွှမ်က ပေါ့ပေါ့ပါးပါး ပြုံးပြီး ဆက်မပြောတော့ဘဲ ဖီးနစ်ရဲ့ အတောင်ပံတွေ တဖျပ်ဖျပ်ခတ်ပြီး ရှေ့ကို ဆက်လက် ပျံသန်းသွားတော့သည်။

"ကောင်းပြီ ငါတို့ ရောက်ပြီ!"

တစ်နေကုန် ပျံသန်းပြီးနောက် လုရွှမ် ရပ်တန့်သွားသည်။

"ဒါက ဘယ်​နေရာ​လဲ?"

သူတို့ ရှေ့မှာ ကြီးမားတဲ့ သဲကန္တာရကြီး တစ်ခု ရှိနေသည်။ သူတို့ရပ်နေတဲ့ နေရာကတော့ ခုနစ် မီတာ ရှစ်မီတာသာ ကျယ်ပြီး သဲကန္တာရထဲက ကျဉ်းမြောင်းတဲ့ သဲသောင်လေး တစ်ခုပေါ်မှာ ဖြစ်သည်။

လုရွှမ်က ဘာဖြစ်လို့ ဒီနေရာကို ရှာရတာလဲ? ဒီနေရာမှာ ရတနာတစ်ခုခုများ ရှိနေလို့လား?

ဒါကိုတွေးပြီး ကျီးကန်းက လှည့်ကြည့်တော့ ပိုလို့တောင် စိတ်ရှုပ်သွားတော့သည်။

လုရွှမ်သည် ရတနာများအပေါ် အာရုံခံနိုင်စွမ်းသည် သူ့ထက်မကျော်သည်မှာ သေချာပါသည်။ ဤနေရာသည် ဗလာနတ္တိဖြစ်ပြီး ရတနာတစ်ခုပင် မရှိပေ။ အဖိုးတန်သော အရာတစ်ခုပင် မရှိရာ ဒီမှာ ဘာလုပ်မလို့များလဲ။

"ဒါက သဲကန္တာရရဲ့ အလယ်ဗဟိုပဲ.... ဒီလူတွေ ငါတို့ကို လိုက်နေခဲ့တာ ကြာပြီ.... ဒါကြောင့် ဖြေရှင်းချိန် ရောက်ပြီ!"

"ဖြေရှင်းမယ်?? ဘယ်လိုဖြေရှင်းမှာလဲ?"

ကျီးကန်းခမျာ ထိတ်လန့်သွား၏။

နောက်က လိုက်လာသူတွေထဲမှာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ကို ရောက်သွားတဲ့ သူ ဒါဇင်ပေါင်းများစွာ ရှိပြီး အဆင့်၇နှင့် အဆင့်၆များမှာလည်း မရေမတွက်နိုင်အောင် များပြားလှသည်။

လူတွေကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်တဲ့ လူအုပ်ကို ရင်ဆိုင်ရမယ် ဆိုရင်တော့ ထောင်ပေါင်းများစွာသော ပိုးဖလံများ မီးလျှံထဲသို့ ခုန်ဆင်းသကဲ့သို့ မိမိကိုယ်ကို သတ်သေခြင်းပင် ဖြစ်သွားလိမ့်မည်။

"ဒါကို စိတ်ပူစရာ မလိုပါဘူး.... ငါ့ကို မနှောင့်ယှက်နဲ့... ငါလေ့ကျင့်တော့မယ်!"

လုရွှမ်က မရှင်းပြတော့ဘဲ သဲသောင်ပြင်ပေါ် ငုံ့​ကြည့်ကာ ခဏအကြာတွင် တွင်းငယ်တစ်ခုကို တွေ့လိုက်သည်။

တွင်းသည် အကြီးကြီး မဟုတ်ဘဲ ဘဲဥပုံသဏ္ဌာန်ရှိပြီး ကွဲပြားသော အရိပ်များပါရှိကာ ပုံမှန်ဆို မမြင်နိုင်ချေ။

"ဒီမှာပဲ!"

တွင်းနက်ကို ဂရုတစိုက် အကဲခတ်ပြီးနောက် လုရွှမ် ပြုံးကာ အခြား လှုပ်ရှားမှုများကို ရပ်လိုက်ပြီး မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ သူ့ပုံစံမှာ အခုပဲ လေ့ကျင့်မှုကို စတင်တော့မည့် အတိုင်းပင်။

ဒီရက်တွေမှာ ဖီးနစ်ရဲ့ အတောင်ပံတွေ အပေါ်မှီခိုပြီး ပျံဝဲနေခဲ့ရသည်။ အများကြီး မလေ့ကျင့်ရသေးပေမယ့် တကယ့်စွမ်းအင်ကို ပြင်းပြင်းထန်ထန် ခံနိုင်ရည်ရှိ သွားပြီ။ ဒါ့အပြင် မကြာသေးခင်ကမှ အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ကို ထိုးဖောက်ထားခဲ့လို့ စွမ်းအင်တွေကို စုစည်းရဦးမည်။

"အခု ဝူအဆင့်၁၀ကို ထိုးဖောက်လို့ ရလောက်ပြီ!"

လုရွှမ် သူ့ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော ဝိညာဥ်ချီ စွမ်းအင်ကို ခံစားလိုက်သောအခါတွင် သူ့မျက်လုံးများ တောက်ပလာပြီး သူ့တစ်ကိုယ်လုံး အထွတ်အထိပ်သို့ ရောက်သွားသလို ခံစားလိုက်ရသည်။

ခြောက်ရက်ဆက်တိုက် ပျံသန်းရခြင်း သာမက အမဲလိုက် သတ်ဖြတ်ခြင်းကိုလည်း တားဆီး ကာကွယ်ထားခဲ့ရသည်။ အသက်ရှင်ခြင်း နှင့်သေဆုံးခြင်းကြား ဖိနှိပ်မှုအောက်တွင် သူ့ခန္ဓာကိုယ်ရှိ စစ်မှန်သော ဝိညာဥ်ချီများ စုပြုံနေပြီ။

အကယ်၍ သူအလိုရှိပါက အဓိပတိနယ်ပယ်ကို ဖြတ်ကျော်၍ အသွင်ပြောင်းခြင်း နယ်ပယ်သို့ ရောက်ရှိနိုင်လေပြီ။

သို့သော် မည်သူမျှ မအောင်မြင်ဖူးသော ဝူအဆင့်၁၀ကို တိုက်ခိုက်ရန် ကြံရွယ်ထားသည်။

"ငါပျံသန်းလာခဲ့တဲ့ အရှိန်အရ သူတို့ အမီလိုက်ဖို့ တစ်ရက်ခွဲလောက် ကြာလိမ့်မယ်... ဒီလောက်ဆို လုံလောက်ပြီ!"

သူ့အား အမဲလိုက်နေသူများနှင့် သူ့အကြား အကွာအဝေးကို တွက်ချက်ပြီးနောက် လုရွှမ် ခေါင်းညိတ်လိုက်ကာကာ သူ့လက်ကောက်ဝတ်ကို ဝေ့ယမ်းလိုက်သော် သူ့လက်ဖဝါးထဲတွင် ကျောက်စိမ်းပုလင်းများစွာ တစ်ချိန်တည်း ပေါ်လာခဲ့သည်။

ရှောင်းချင်ထျန်းသည် လုံယန်ချီဆေးကို သန့်စင်ရန်အတွက် ရှေးဟောင်းမြို့ အပြင်ဘက်တွင် ပစ္စည်းများ ထောက်ပံ့ပေးခဲ့သည်။

"စလိုက်ရအောင်!"

ပြင်းထန်သော အာရုံစူးစိုက်မှုနှင့် အတူ သူသည် ကျောက်စိမ်းပုလင်း များစွာထဲမှ သန့်စင်ထားသော လုံယန်ချီဆေး အားလုံးကို ထုတ်ကာ ပါးစပ်ထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်သည်။

"မင်းက ဝူအဆင့်၁၀ကို ထိုးဖောက်ဖို့ စဥ်းစားနေတယ်ပေါ့ ဟုတ်လား??"

သူ့လုပ်ရပ်ကို မြင်တော့ ကျီးကန်းမှာ ဘာကြောင့်မှန်းမသိ ထိတ်လန့်သွားသည်။

"အင်း!"

လုရွှမ်ကတော့ စကားများကို ရပ်လိုက်ပြီး ထိုဆေးများကို မျိုချလိုက်ပြီး ၎င်းတို့ကို စတင် သန့်စင်လိုက်သည်။

လုံယန်ချီဆေးသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၃ အဂ္ဂိရတ်ဆေး​ ဖြစ်သည်။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၃က လူတစ်ယောက်ပင် ဆေးတစ်လုံးကို အချိန်အကြာကြီး သန့်စင်သည်။

လုရွှမ်က တစ်ခါတည်းနဲ့ ၁၀လုံးလောက်ကို မျိုချပစ်လိုက်တာကြောင့် ၎င်းတွင်ပါရှိသော စွမ်းအင်သည် မယုံနိုင်စရာပင်။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် ဤသို့ပြုလုပ်ပါက ၎င်းတွင်ရှိသော စွမ်းအင်ကို သူ မထိန်းချုပ်နိုင်ဘဲ ပေါက်ကွဲပြီး တိုက်ရိုက် သေဆုံးသွားနိုင်သည်။

သို့သော် လုရွှမ်ကတော့ မတူချေ။ သူ၏ ဝိညာဉ်စွမ်းအား အတိုင်းအတာသည် ၁.၂ သို့ ရောက်ရှိထားပြီး ၎င်းမှာ ယှဉ်နိုင်ခြင်း မရှိပေ။ ထိုစွမ်းအားများသည် ကြမ်းတမ်းသော်လည်း အနည်းဆုံး ထိန်းချုပ်ထားနိုင်သည်။

"လူတွေဆီက လိုက်ဖမ်းခံရပြီး သတ်ဖို့ ဆွဲဆောင်နေတာက ကိုယ့်ကိုယ်ကို သိုင်းပညာရဲ့ ဝူအဆင့်၁၀ကို ထိုးဖောက်ဖို့တဲ့လား?"

ကျီးကန်းမှာ တံတွေး မျိုချလိုက်ပြီး မျက်လုံးများလည်း ပြူးကျယ်သွားသည်။

သူသည် ယခင်က လောကကြီးထဲက သန်မာသူများကို မရေမတွက်နိုင်အောင် တွေ့ခဲ့ဖူးသလို မာနကြီးပြီး ရူးသွပ်နေသူတွေကိုလည်း တွေ့ဖူးသည်။ သူ့ရှေ့က ဒီကောင်လေးလောက် ကျင့်ကြံမှုကို ရူးသွပ်နေသူကိုတော့ မမြင်ဖူးချေ။

သူ့တွင် ဖီးနစ်အတောင်များရှိပြီး ကောင်းကင်သို့ပျံတက်နိုင်သော်လည်း လိုက်ဖမ်းသူများလည်း အများအပြားရှိကာ သတ်ပစ်ချင်သူများလည်း အများအပြား ရှိသည်။ လေးများနှင့် တာဝေးပစ် တိုက်ခိုက်မှုများကို ကောင်းစွာ လုပ်ဆောင်တတ်ကြသည်။ သူတို့သည် ရက်ပေါင်းများစွာ ထွက်ပြေးခဲ့ကြပြီး သတိမထားပါက သေသွားလောက်ပြီ။

ရှေးဟောင်းမြို့မှာ ရှိတုန်းက ဘယ်သူမှ သတိမထားမိဘဲ ရှန့်ခုန်း​ကျောက်မြေပုံကို ခိုးယူဖို့ နတ်ဘုရားလက်ဝါးကိုတောင် သုံးပြီး လူအားလုံးရဲ့ အာရုံကို ဖမ်းစားကာ သူ့ကိုလိုက်ဖမ်းဖို့ တွန်းအားပေးခဲ့သည်။

ကျီးကန်းဟာ အဲဒီအချိန်တုန်းက ထူးဆန်းသလို ခံစားခဲ့ရပေမယ့် အခုတော့ သူ နားလည်သွားပါပြီ။ ဒီကောင်ဘေးက သူ့ရဲ့ စစ်မှန်တဲ့ ဝိညာဥ်ချီစွမ်းအင်နဲ့ ခွန်အားတွေ ထက်မြက်ဖို့ လူများစွာရဲ့ ဖိအားကို အသုံးပြုပြီး ဝူအဆင့်၁၀ကို တစ်ရှိန်ထိုး ဖြတ်ကျော်ဖို့ ရည်ရွယ်ထားတာပဲ ဖြစ်လေသည်။

ထောင်ပေါင်းများစွာသော လူများ၏ လိုက်ဖမ်းခြင်းကို ခံရသောအခါ စိတ်ပိုင်းဆိုင်ရာ ဖိအားသည် အလွန်ကြီးမားလှသည်။

ဒီကောင်လေးက တကယ်ကို ရက်စက်လွန်းသလို ရိုးရိုးရှင်းရှင်း ရူးသွပ်နေခြင်းပင်။ ပိုလို့တောင် ရူးစရာ ကောင်းတာက ဒီကောင်က ထိတ်လန့် တုန်လှုပ်နေမှု လုံးဝ မရှိခြင်းပင်။

ဤကဲ့သို့ အရူးအမူး စွဲလမ်းခြင်းမျိုးသည် မိမိကိုယ်ကို တွန်းအား​ပေးရန် ဖိအား အမျိုးမျိုးကို အသုံးပြုလိုပါက အောင်မြင်မည်ဟု ယုံကြည်ထားကြသည်။

အရူးပဲ! တကယ့် အရူးပဲ!

ကျီးကန်း၏ ထိတ်လန့်တုန်လှုပ်သော မျက်လုံးများ ကြွေကျခါနီး အချိန်ထိ လုရွှမ်သည် ၎င်းကို လျစ်လျူရှုထားခဲ့သည်။ ပြင်းထန်သော ဝိညာဉ်စွမ်းအားဖြင့် သူ့ကိုယ်တွင်းရှိ ပြင်းထန်သော စွမ်းအားကို ထိန်းချုပ်ကာ အဓိပတိနယ်ပယ်၏ အလွှာကို အရူးအမူး ရိုက်ခတ်သွားသည်။

အမှန်တော့ ကျီးကန်း ခန့်မှန်းချက်က မှန်ကန်သည်ဟု မှန်းဆနိုင်သည်။ လုရွှမ်သည် သူ၏စွမ်းအင်ကို တိုးမြင့်ရန်နှင့် သူ့ကိုယ်သူ ဖြတ်ကျော်နိုင်ရန် ဤဖိအားများကို အသုံးပြုခဲ့သည်။

ထို့အတွက်ကြောင့်လည်း ခြောက်ရက် သို့မဟုတ် ခုနစ်ရက်အတွင်း သူ၏ လေ့ကျင့်မှု စွမ်းအင်ည် လုံး၀ စုစည်းသွားပြီး ဝူအဆင့်၁၀ကို ထိုးဖောက်ဖို့ စွမ်းဆောင်နိုင်ခြင်း ဖြစ်သည်။

"ထိုးဖောက်စေ!"

သူ့နောက်က လိုက်သူတွေ မကြာခင် ရောက်လာတော့မယ် ဆိုတာသိတာနဲ့ တခြားအရာတွေကို သူ့စိတ်ထဲက ထုတ်လိုက်သည်။ မတွန့်ဆုတ်ဘဲ အဓိပတိနယ်ပယ် အတားအဆီးကို တွန်းလှန်ဖို့ သူ့ရဲ့စွမ်းအားကို ထိန်းချုပ်လိုက်သည်။

ဝူအဆင့်၁၀ ဟူသည့် ဒဏ္ဍာရီလာ နယ်ပယ်သည် သေမျိုး အသွင်ပြောင်းခြင်းနှင့် အဓိပတိနယ်ပယ် ကြားတွင် ရှိနေသည်။ မရေမတွက်နိုင်သော လူများသည် ထိုနယ်ပယ်ကို ထိုးဖောက်ချင်လျှင်ပင် အလွယ်တကူ မအောင်မြင်နိုင်ချေ။

ဤနယ်ပယ်အတွက် လုရွှမ်သည် လုံလောက်သော ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်ပြီး စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာသည်လည်း ၁.၂ ကို ရောက်ရှိနေပြီ ဖြစ်သည်။

ပြင်းထန်သော စိတ်စွမ်းအားဖြင့်သာ ကျင့်ကြံနေသူ တစ်ဦးသည် ပေါက်ကွဲ မသေဆုံးစေရန် ပိုမိုအားကောင်းသော စွမ်းအားကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ထိုမှသာလျှင် အကျိုးသက်ရောက်မှု အောင်မြင်ပြီး ထို​နယ်ပယ်သို့ ရောက်ရှိနိုင်မည် ဖြစ်​ပေသည်။

ဝူအဆင့်၉မှကို တံခါးတစ်ခုနှင့် နှိုင်းယှဥ်ပါက ဝူအဆင့်၉မှ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်ကို တံခါးတစ်ချပ် ဖြတ်သွားသလိုပင်။ သို့သော် ဝူအဆင့်၁၀၏ တံခါးသည် အလွန်ခိုင်ခံ့သောကြောင့် ပိုခက်လေသည်။

ထို့ကြောင့် လူများစွာသည် ဝူအဆင့်၉မှ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်၏ တံခါးကို အလွယ်တကူ ဖွင့်နိုင်သော်လည်း ၎င်းတို့သည် ဝူအဆင့်၁၀ကိုတော့ မရောက်ရှိနိုင်ကြပေ။

ထိုးဖောက်မှု အောင်မြင်ရန် နည်းလမ်းတစ်ခုသာ ရှိသည်။ ၎င်းမှာ အဓိပတိနယ်ပယ်၏ အတားအဆီးများကို အရူးအမူး တိုက်ခိုက်ရန် ကြီးကျယ်ခမ်းနားသော စွမ်းအားကို အသုံးပြုရမည်။ ခွန်အား လုံလောက်သရွေ့ အဓိပတိနယ်ပယ်၏ အတားအဆီးများ ပျက်စီးကာ ဝူအဆင့်၁၀ကို သေချာပေါက် ထိခတ်သွားလိမ့်မည်။

အောင်မြင်နေသမျှ ကာလပတ်လုံး ခန္ဓာကိုယ် ခွန်အားသည် အလွန် ကောင်းမွန်လာမည် ဖြစ်သည်။ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ် နှစ်ခုစလုံးသည် အလွန်အာဟာရ ပြည့်ဝလာပြီး ဒဏ္ဍာရီဆန်ဆန် ချွတ်ယွင်းချက် ကင်းစင်သော ခန္ဓာကိုယ်ကိုပင် ဖန်တီးပေးလိမ့်မည်။

ဘာသာပြန်သူ = လုရွှမ်က အမြဲလိုလို ဒဏ္ဍာရီထဲက နယ်ပယ်တွေကိုပဲ ထိုးဖောက်ခဲ့တယ်။ အဲဒါကြောင့်လည်း သူ့အဆင့်က နိမ့်နေပေမယ့် သူ့ထက်မြင့်တဲ့ လူတွေကို သတ်နိုင်နေတာ ဖြစ်နိုင်တယ်

All Chapters