ဝူအဆင့်၁၀ (ဒုတိယပိုင်း)
Vol. 29 Ch. 3.178
ကြီးမားသော စွမ်းအားသည် ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားပြီး သွေးကြောများ ကွဲအက်လာသလို ပြင်းထန်သော နာကျင်မှုဒဏ်ကြောင့် အေးစက်သော ချွေးများ သူ့တစ်ကိုယ်လုံးမှ ထွက်လာသည်။
သာမန်လူ တစ်ယောက်သည် ဤနာကျင်မှုကြောင့် မခံမရပ်နိုင်ဖြစ်ပြီး မေ့မြော သွားနိုင်သော်လည်း လုရွှမ်၏ အမူအရာမှာ နာကျင်နေသူ မဟုတ်သကဲ့သို့ မပြောင်းလဲပေ။
စိတ်ဝိညာဉ်စွမ်းအား ၁.၂ ဖြင့် သူသည် အချိန်မရွေး ရူးသွပ်သွားမည့် စွမ်းအင်ကို အတင်းထိန်းချုပ်ထားကာ သူ့ရှေ့က အတားအဆီးဆီသို့ ပြေးဝင်သွားခဲ့သည်။
ဗုန်း!
မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော ဟောက်သံတစ်ခုက သူ့နားထဲတွင် ပေါက်ကွဲသွားသည်။
အဓိပတိနယ်ပယ်၏ အတားအဆီးသည် တခဏချင်း ပေါက်ကွဲ ပွင့်ထွက်သွားသော်လည်း ဝူအဆင့်၁၀၏ အတားအဆီးသည် လုံးဝ သော့ခတ်ထားသကဲ့သို့ မလှုပ်မယှက် ဖြစ်နေသည်။
"ငါမယုံဘူး!"
သူ၏မျက်လုံးများတွင် ရူးသွပ်သော အကြည့်ဖြင့် လုရွှမ်သည် သူ၏ကြီးမားသော စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုကာ အတင်းအကျပ် ဖိနှိပ်ကာ ဝူအဆင့်၁၀ကို အထပ်ထပ် အခါခါ ထိမှန်သွားခဲ့သည်။
ဝုန်း ဝုန်း ဝုန်း !
တစ်ကြိမ် ကြိုးစားလိုက်တိုင်း သူ့ခန္ဓာကိုယ်ကို သံတူကြီးဖြင့် ပြင်းပြင်းထန်ထန် ထုရိုက်နေသလို ခံစားလိုက်ရသည်။ အကြိမ်ကြိမ် ဆက်တိုက် သည်းမခံနိုင်တော့ဘဲ ပါးစပ်ထဲ သွေးများ တဟုန်ထိုး စီးကျလာ၏။
ဖူး!
ပါးစပ်ထောင့်မှာ သွေးတွေ စီးကျလာပြီး အတွင်းဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားသည်။
အကယ်၍ သူသည် ယခု သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကို ဖြတ်ကျော်လိုပါက အလွယ်တကူ အောင်မြင်နိုင်သော်လည်း ဝူအဆင့်၁၀သည် အမှန်တကယ်ပင် ခက်ခဲလွန်းလှသည်။ ဤမျှလောက် ပြင်းထန်သော ဝိညာဉ်စွမ်းအားနှင့် လုံယန်ချီဆေး အများအပြား ရှိနေသော်လည်း ထိုအဆင့်ကို မဝင်နိုင်သေးပေ။
ဝူအဆင့်၁၀သည် သူ့ရှေ့တွင် သော့ခတ်ထားသော မြို့တံခါးနှင့် တူလေသည်။ သူမည်မျှပင် ထိမှန်သည်ဖြစ်စေ သက်ရောက်မှု လုံးဝမရှိသလိုပင်။
"တကယ်အောင်မြင်ဖို့ မဖြစ်နိုင်ဘူးလား"
အကြိမ်ပေါင်းများစွာ ဆက်တိုက်ဆိုသလို ကြိုးစားပြီးနောက် သူ့တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေ များလာသည်။ မအောင်မြင်နိုင်တော့တဲ့ ရှုံးနိမ့်မှုရဲ့ ခံစားချက်က သူ့နှလုံးသားထဲမှာ ပေါ်လာတော့သည်။
"မဟုတ်ဘူး! တခြားသူတွေ အောင်မြင်နိုင်ရင် ငါက ဘာလို့ မလုပ်နိုင်ရမှာလဲ? လူတိုင်းက ကျင့်ကြံနေသူတွေပဲ.... ငါ လုရွှမ်က ဘာလို့ သူတို့လောက် မစွမ်းဆောင်နိုင်ရမှာလဲ? သူတို့က ငါ့ထက် ပိုကောင်းဖို့ ဘာအရည်အချင်းတွေ ရှိနေလို့လဲ?"
ရုတ်တရက် သူ့စိတ်ထဲ ဒေါသတွေပါ ပေါ်ထွက်လာတော့သည်။
သူတို့အားလုံးဟာ လူသားတွေပင်။ တစ်ယောက်ယောက်က ဝူအဆင့်၁၀ကို အောင်မြင်အောင် လုပ်နိုင်ခဲ့တဲ့အတွက် လုရွှမ်ဆိုတဲ့ သူက ဘာလို့ မလုပ်နိုင်ရမှာလဲ။
မယုံဘူး!
သူ၏ယခင်ဘဝတွင် သာမက ယခုဘဝတွင်လည်း ဘယ်သူကိုမျှ မနာခံခဲ့။ ဘယ်သူ့ကိုမှလည်း မကြောက်ရွံ့ခဲ့ချေ။ ထိုအချိန်က ဧကရာဇ်ငါးပါးကို ဒူးထောက် ထိုင်ချစေခဲ့သော နတ်ဆိုးဧကရာဇ် ချုံလူပင်လျှင် သူ ဂရုမစိုက်ခဲ့ပေ။
ဝူအဆင့်၁၀ကို ထိုးဖောက်ဖို့ ခက်ခဲပေမယ့် တစ်ယောက်ယောက်က အောင်မြင်နိုင်ခဲ့တာကြောင့် လုရွှမ်ဆိုတဲ့ သူလည်း သေချာပေါက် လုပ်နိုင်ရမည်။
ပြင်းထန်သော စိတ်ဖြင့် လုရွှမ်၏ မျက်လုံးများ နီရဲလာပြီး သူ့ခန္ဓာကိုယ်တွင်းရှိ ပြင်းထန်သော စွမ်းအားကို ပြင်းပြင်းထန်ထန် ထည့်သွင်းရန် တစ်ဖန် ထိန်းချုပ်လိုက်ပြန်သည်။
ခိုင်မာသော ဆန္ဒဖြင့် ဝူအဆင့်၁၀၏ အမှန်တကယ်ပင် အနည်းငယ် ဖြေလျော့သွားသော်လည်း ၎င်းကို အပြည့်အဝ သော့မဖွင့်မီတွင် သွားရမည့် ခရီးမှာ များစွာ ကျန်ရှိသေးသည်။
"မဟုတ်ဘူး... လုံယန်ချီဆေးရဲ့ စွမ်းရည်က ကျဆင်းလာပြီ.... ခွန်အားတွေ အားနည်းသွားရင် ထိုးဖောက်ဖို့ မဖြစ်နိုင်ပါဘူး"
ထိတ်လန့်မှု တစ်ခု ပေါ်လာခဲ့သည်။ သုံးကြိမ်ဆက်တိုက် ကြိုးစား ကြည့်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။
ဆက်တိုက် သက်ရောက်မှုများစွာ ခံရပြီးနောက် လုံယန်ချီဆေး၏ အစွမ်းက ကျဆင်းလာသည်။ အခြားနည်းလမ်း မရှိပါက ဒီအတိုင်းသာ ဆက်ထားရတော့မည်။ စွမ်းအားက အားနည်းလာပြီးရင့ အဆုံးမှာ အောင်မြင်ဖို့လည်း မဖြစ်နိုင်တော့ဘူး။
"ဟင်!"
လုရွှမ်၏ မျက်လုံးများထဲတွင် အဆိပ်တောက်သဖွယ် မီးတောက်တစ်ခု လင်းလက်လာသည်။ လုရွှမ်သည် သူ့လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး သူ့လက်ဖဝါးတွင် နောက်ထပ် ကျောက်စိမ်းပုလင်းများစွာ ပေါ်လာသည်။ အလင်းရောင် ပြင်းပြင်းနှင့်အတူ မြစိမ်းရောင် ဆေးလုံးများ အစီအရီ ထွက်ကျလာသည်။
လုံယန်ဝိညာဥ်ချီဆေးကိုတော့ အသုံးပြုပြီးသွားပြီ။ ယခုဆေးသည် အဓိပတိနယ်ပယ်ကို ဖြတ်ကျော်ရာတွင် အလွန်ထိရောက်သော အခြား အဂ္ဂိရတ်ဆေး တစ်မျိုးဖြစ်သည်။
အဓိပတိနယ်ပယ်ကို ဖြတ်ကျော်ရန် ကျင့်ကြံသူများ အသုံးပြုသည့် လုံယန်ချီဆေးထက် အဆင့်များစွာ နိမ့်သော်လည်း ၎င်းသည် အဓိပတိနယ်ပယ် ထိုးဖောက် အောင်မြင်မှုအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ရှိလေသည်။
အရင်ကတော့ စိတ်စွမ်းအား အတိုင်းအတာက နိမ့်နေခဲ့ပြီး သန့်စင်လို့ မရခဲ့ချေ။ နောက်ပိုင်းမှာ လုံယန်ချီဆေးတွေကို ရှေးဟောင်းမြို့ အပြင်ဘက်မှာ သန့်စင်ရင်း နယ်ပယ်ထိုးဖောက်ဆေးကိုပါ ဒါဇင်နဲ့ချီ သန့်စင်ခဲ့လေသည်။
ဤဆေးများကို ထုတ်ယူပြီးနောက် လုရွှမ်သည် ပါးစပ်ကိုဖွင့်ကာ ခေတ္တရပ်မနေဘဲ မျိုချလိုက်သည်။
"မင်း ဘာလုပ်နေတာလဲ!! မင်း မျိုချလို့ မရတော့ဘူးလေ... မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအား ၁.၂ ရှိရင်တောင် မထိန်းနိုင်တော့ဘူး ပေါက်ကွဲပြီး သေလိမ့်မယ်!"
သူ့ရဲ့ ရူးမိုက်တဲ့ လုပ်ရပ်ကို မြင်တော့ ကျီးကန်းဟာ လန့်ဖျတ်သွားပြီး ပွဲချင်းပြီး ရူးလုမတတ် ဖြစ်သွားရှာသည်။
သူ့ရှေ့က ဒီကောင်က အရူးပဲ!
တကယ်တော့ ဝူအဆင့်၁၀ဆိုတာ ဒဏ္ဍာရီသာ ဖြစ်သည်။ ဒါကြောင့် ရုတ်တရက် ဖြတ်ကျော်သွားသည်ဖြစ်စေ မဖြတ်နိုင်သည်ဖြစ်စေ အရေးမကြီးပါ။ ကမ္ဘာပေါ်မှာ သန်မာတဲ့ လူတွေ အများကြီးရှိပေမယ့် အောင်မြင်တဲ့သူ အနည်းငယ်ကိုတောင် သူမမြင်ဖူးချေ။
ဤအထင်မရှားသော နယ်ပယ်အတွက် သူ့ဘဝကို စွန့်လွှတ် ပစ်လိုက်တော့မလို့လား။
ဆေး အမြောက်အမြားကို ဆက်တိုက် မျိုချရင် အဓိပတိနယ်ပယ် မပြောနဲ့ သေမျိုး အသွင်ကူးပြောင်းရေး နယ်ပယ်ရှိ စတုတ္ထအဆင့် စွမ်းအားရှင်တစ်ဦးပင် မခံနိုင်ပေ။
လုရွှမ်၏ စိတ်ဝိညာဉ်စွမ်းအား အားကောင်းနေသော်လည်း ဆေးလုံးတွေကို အစုလိုက် အပြုံလိုက် မျိုချခြင်းသည် သေခြင်းတရားကို ပြေးရှာခြင်းနှင့် တူညီနေလေပြီ။
သေမှာ မကြောက်ဘူးလား?
ကျီးကန်းသည် ဆက်၍ တုန်ယင်နေ၏။
"ရူးနေပြီ.... ရူးနေပြီ တကယ် ရူးနေပြီဟေ့! "
တစ်ယောက်တည်း ငေါက်ငမ်းရင်း ကျီးကန်းမှာ မူးလဲလုမတတ် ဖြစ်နေတော့သည်။
ဒဏ္ဍာရီများတွင်သာ ဝူအဆင့်၁၀ ရှိပြီး ဤအဆင့် မရှိခဲ့သော မရေမတွက်နိုင်သော သန်မာသော ကျင့်ကြံသူများသည် နတ်ဆိုးဧကရာဇ် ချုံလးကဲ့သို့ပင် ကမ္ဘာ၏ထိပ်သို့ ရောက်ရှိနိုင်သည်။
ဒီနယ်ပယ်သေးသေးလေးက ဝူအဆင့် ၁၀ အတွက် ဆေးလုံးတွေ အများကြီး စားပြီး မထိန်းနိုင်တော့ရင် ပေါက်ကွဲပြီး သေသွားလိမ့်မည်။
တကယ်တော့ လုရွှမ် သူ့အရင်ဘဝတုန်းက ဘယ်လောက် မာနကြီးပြီး ရူးသွပ်ခဲ့လဲ ဆိုတာကို ကျီးကန်းတစ်ကောင်မှာ မသိရှာချေ။
ဒီဘဝမှာ မုန်းတီးမှု တစ်ခုက ဦးဆောင်နေပြီး သူ့ကို နည်းနည်းလေးမှ မတုံ့ဆိုင်းစေချေ။ ဧကရာဇ်ကျိုးရန်က အစောကတည်းက ရှေ့ကို ရောက်နှင့်နေပြီ။ ပိုခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို မတည်ဆောက်ရင် တဖက်လူနဲ့ တွေ့ရင်တောင် ကလဲ့စားချေနိုင်မှာ မဟုတ်တော့ဘူး။
လက်စား မချေနိုင်ရင် လုရွှမ်ဆိုတာဟာလည်း သေသွားနိုင်သည်။ ထို့ကြောင့် ထိုသူ့ကိုသတ်ရန်အတွက် အစွမ်းကုန် ကြိုးစားရမည်။
ဟူး ဟူး ဟူး!
နယ်ပယ်ထိုးဖောက် ဆေးလုံး ဒါဇင်ပေါင်းများစွာသည် ဗိုက်ထဲသို့ ချက်ချင်း ဝင်ရောက်လာပြီး သန့်စင်ပြီး ထူထဲသော ဝိညာဥ်ချီများ စီးဆင်းသွားကာ မျက်စိတစ်မှိတ် အတွင်းမှာပင် ၎င်းသည် ယခင် စုပ်ယူထားသော လုံယန်ဝိညာဥ်ချီ၏ စွမ်းအားနှင့် ပေါင်းစပ်သွားခဲ့သည်။
ဝိညာဥ်ချီသည် ယခင်က စမ်းချောင်းတစ်ခု ဖြစ်ခဲ့လျှင် ယခုအခါ မြစ်ကြီး ဖြစ်လာသည်။
ဖုန်း ဖုန်း!
စွမ်းအားက ပြင်းထန်လွန်း၏။ လုရွှမ် ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်ပြီး သူ့ရဲ့ ဝိညာဉ်စွမ်းအားတွေက အချိန်မရွေး ကုန်ခမ်းသွားသလို ခံစားလာရပြီး ခန္ဓာကိုယ်ထဲက ဒန်တီယန်တွေဟာ ဒီစွမ်းအားကို မခံနိုင်တာကြောင့် အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု ပေါ်လာကာ အချိန်မရွေး ကွဲထွက်၍ ပြိုကျသွားနိုင်သည်။
"အခွင့်အရေးက တစ်ကြိမ်ပဲ ရှိတယ်"
ကွဲအက်နေသော ဒန်တီယန်များနှင့် အချိန်မရွေး ရပ်တန့်မရနိုင်သော ဝိညာဉ်စွမ်းအားများကို ခံစားလိုက်ရသော လုရွှမ်သည် သူ့တွင် ထိုးဖောက်ရန် အခွင့်အရေး တစ်ကြိမ်သာ ရှိသည်ကို သိသေးသည်။
မအောင်မြင်သည်နှင့် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်သို့ တိုက်ရိုက် ဖြတ်ကျော်သွားနိုင်သည်။ သို့မဟုတ်ပါ ကျီးကန်းပြောသည့်အတိုင်း ပေါက်ကွဲပြီး သေသွားမည် ဖြစ်သည်။
"မြန်မြန်!"
လုရွှမ် မျက်ခုံးပင့်လိုက်ပြီး မြစ်ရေလှိုင်းလိူ ကြမ်းတမ်းတဲ့ အင်အားကို ထိန်းချုပ်လိုက်ပြီး လေးလံတဲ့ ဝူအဆင့်၁၀၏ အတားအဆီးဆီကို ပြေးသွားပြန်၏။
ဝုန်း!
ဤတစ်ကြိမ်တွင် စွမ်းအားသည် ရူးသွပ်သွားကာ အတားအဆီး၏ တံခါးသည် နောက်ဆုံးတွင် မထိန်းနိုင်ဘဲ ဆက်လက် လှုပ်ယမ်းသွားခဲ့သည်။
"ဖွင့်! ငါ့အတွက်ဖွင့်စမ်း!"
မျက်လုံးထောင့် နှစ်ဖက်လုံးမှာ သွေးများ ထွက်ကျနေပြီး လုရွှမ်ရဲ့ သွားဖုံးတွေကလည်း သွေးအပြည့် လွှမ်းနေသည်။ သူ အရူးအမူး ဟိန်းဟောက်ပြီး ထိန်းမနိုင်သိမ်းမရနဲ့ ရှေ့ကို ဆက်သွားလိုက်ပြန်သည်။
အုန်း!
ပြင်းထန်သော အင်အား၏ သက်ရောက်မှုအောက်တွင် ဝူအဆင့်၁၀၏ တံခါးသည် ထိန်းမနိုင်တော့ဘဲ အက်ကြောင်းများ ပေါ်လာခဲ့သည်။
အက်ကွဲသွားသည်နှင့် ယခင်ကဲ့သို့ ပြင်းထန်တော့မည် မဟုတ်ပေ။ လုရွှမ်၏ မျက်နှာသည် ပျော်ရွှင်မှုကြောင့် အနည်းငယ် တက်ကြွလာ၏။ သူ့စိတ်ထဲမှာ အချိန်မရွေး မူးလဲသွားနိုင်သော်လည်း စွမ်းအားကို တွန်းလှန်ကာ ဆက်လက် တိုက်ခိုက်နေသည်။
ဗုန်း!
အက်ကွဲမှုက ပိုပိုကြီးလာပြီး နောက်ဆုံးတော့ အပေါက်ကြီးတစ်ခု ပေါ်လာပြီး တစ်ဆင်တည်း တိုက်ရိုက် ပွင့်ထွက်သွားတော့သည်။
ဝုန်း!
မရေမတွက်နိုင်သော ဝိညာဥ်ချီများကို တံခါးပေါက်ထဲမှ လောင်းချလိုက်သလို လုရွှမ်၏ တည်ငြိမ်သော ရောင်ဝါသည် တဖြည်းဖြည်း တောက်ပလာခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါများက ပိုမိုအားကောင်းလာပြီး သူ့ခန္ဓာကိုယ်ရှိ ဒန်တီယန်များ ပြေလျော့သွားကာ ပြင်းထန်သည့် ခံစားချက်များ ပျောက်ကွယ်သွားခဲ့သည်။
ဝူအဆင့် ၁၀!
နောက်ဆုံးတော့ ထိုးဖောက်နိုင်သွားပြီ!