စောင့်ဆိုင်းခြင်း (ပထမပိုင်း)
Vol. 29 Ch. 3.180
"မင်းလုပ်နိုင်ခဲ့ပြီ?"
လုရွှမ်ရဲ့ ကျင့်ကြံမှု ရပ်သွားတာကို မြင်သော် ကျီးကန်းဟာ သူ့မျက်နှာပေါ်မှာ မယုံနိုင်လောက်တဲ့ အမူအရာနဲ့ ရောက်လာ၏။
ဝူအဆင့်၁၀ ဆိုသည်မှာ ဒဏ္ဍာရီနယ်ပယ်သာ ဖြစ်သော်လည်း ဤလူငယ်သည် အမှန်တကယ် အောင်မြင်ခဲ့သည်။
"ကံကောင်းသွားတာ!"
လုရွှမ်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ ဒီအောင်မြင်မှုတွေက သူ့ရဲ့ ခွန်အားကို တိုးလာစေလို အလွန်အမင်း ပျော်ရွှင်နေသည်။
"ကျင့်ကြံမှုမှာ ကံကောင်းတယ် ဆိုတာ မရှိဘူး... ဒီအခြေအနေမှာ မင်းသာ မအောင်မြင်ဘူး ဆိုရင် ဝူအဆင့်၁၀ ရှိပါ့မလားလို့ ငါသံသယ ဝင်မိတော့မလို့...."
ကျီးကန်းက ပြောပြီးနောက် သက်ပြင်းချလိုက်သည်။
ထောင်ပေါင်းများစွာသော သန်မာသူများကို လိုက်သတ်စေသည့် ဖိအား၊ နယ်ပယ်ထိုးဖောက်ဆေးနှင့် လုံယန်ချီဆေး များစွာကို မျိုချလိုက်ခြင်းနှင့် စိတ်စွမ်းအား အတိုင်းအတာကလည်း ၁.၂ကို ရောက်ရှိထားပြီ။
အကယ်၍ မဖြတ်ကျော်နိုင်ခဲ့ပါက ဝူအဆင့်၁၀ ဆိုတာ ဒဏ္ဍာရီနယ်ပယ်သာ ဖြစ်ပြီး အမှန်တကယ် တည်ရှိနေခြင်း မရှိကြောင်းကို သံသယဝင်မိတော့မှာ ဖြစ်သည်။
"ကောင်းပြီ ငါတို့ရဲ့ မိတ်ဆွေတွေ ရောက်လာပြီ!"
စိတ်ခံစားမှုနှင့်အတူ သက်ပြင်းချကာ တစ်ခုခုကို ဆက်ပြောနေချိန်တွင် လုရွှမ်၏ နားရွက်များသည် ရုတ်တရက် လှုပ်ရှားသွားပြီး သူက ရယ်မောလျက် ဆိုလိုက်သည်။
လုရွှမ် လိုက်ဖမ်းပြီး သတ်ဖြတ်လိုက်သော လူစုသည် သူ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကို ထိုးဖောက်ပြီးနောက် မကြာလိုက် နောက်ဆုံးတွင် ရောက်လာကြပြီ။
"မင်းရဲ့ ခွန်အားတွေ တိုးလာတယ် ဆိုရင်တောင် သူတို့နဲ့ မယှဉ်နိုင်သေးဘူး.... ဘာလို့ ဆက်မပြေးတာလဲ?"
ကျီးကန်း တချက် ကြည့်လိုက်သည်။
သူ့အမြင်အရ လုရွှမ်သည် သူ့ကိုယ်သူ ထက်မြက်သော ဝူအဆင့်၁၀ကို တိုက်ခိုက်ရန် လူများစွာ၏ မုန်းတီးမှုကို ဆွဲဆောင်ခဲ့သည်။ ယခုတော့ ပန်းတိုင် ရောက်ပြီဆိုလျှင်ပင် သူထွက်မပြေးဘဲ ထိုင်စောင့်နေတာက အသတ်ခံချင်နေလို့များလား။
ထို့အပြင် ယခုအချိန်တွင် သူ၏ ခွန်အားသည် များစွာ တိုးတက်လာသော်လည်း သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆ စွမ်းအားရှင် တစ်ဦးတည်းနှင့် ရင်ဆိုင်ရန်ပင် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် ဤမျှများပြားသော ကျင့်ကြံသူများနှင့် မည်သို့ ရင်ဆိုင်ရမည်နည်း။
"မဟုတ်ဘူး.... ဖြေရှင်းရမယ့် အရာက ဖြေရှင်းရမှာပဲ....ဒါ့ပြင် မင်းကိုယ်တိုင်က ဖြောင့်မတ်တဲ့ ယောက်ျားဆိုရင် တစ်ချိန်လုံး ပြေးနေလို့ မရဘူး။ မဖယ်ရှားရင် အနှေးနဲ့အမြန် ဒုက္ခရောက်လိမ့်မယ်!"
လုရွှမ်က လက်ရှိနေရာမှ ထွက်ခွာရန် ရည်ရွယ်ချက်မရှိဘဲ ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။
"ဖြေရှင်းမယ်... ဘယ်လို ဖြေရှင်းမလို့လဲ?"
ကျီးကန်းမှာ အနည်းငယ် ရူးချင်သွားသည်။
လိုက်လာသူတွေဟာ ထောင်ပေါင်းများစွာသော သန်မာသူများဖြစ်ပြီး သူဟာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်ကို ဖြတ်ကျော်သွားရင်တောင် အဆင့်၂ ယွမ်ချီနယ်ပယ် အစောပိုင်းကာလမှာပဲ ရှိပါသေးတာကို ဘယ်လို တိုက်ခိုက်မှာလဲ?
"သေချာကြည့်နေ !"
လုရွှမ်က သူ့မျက်နှာပေါ်တွင် ယုံကြည်မှုအပြည့်ရှိသော အပြုံးဖြင့် ပြုံးလိုက်ပြီး အဝေးကို မပြေးဘဲ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
"ပတ်ပတ်လည် ဝိုင်းထား! ဒီကောင်လေးကို မလွတ်စေနဲ့!"
"လူယုတ်မာလေး.... ငါတို့ကို အကြာကြီး လိုက်ဖမ်းရအောင် လုပ်တယ်.... ဒီတစ်ခါ မင်းဘယ်လို လွတ်မြောက်ဦးမလဲ ကြည့်ရအောင်!"
"စိတ်မပူပါနဲ့.... အဲဒါက ပျံသန်းနိုင်တဲ့ မှော်လက်နက် တစ်ခုဆိုရင်တောင်မှ ဝိညာဥ်ချီကို သုံးစွဲဖို့ လိုနေပါသေးတယ်... သူ့ရဲ့ စွမ်းအင် ကုန်ဆုံးသွားခဲ့ပြီ ဆိုတော့ သူ မလွတ်မြောက်နိုင်တော့ဘူး!"
များမကြာမီ လူတိုင်း လိုက်မှီလာကြသည်။ ပထမဆုံးသော သူများသည် သေမျိုး အသွင်ပြောင်းခြင်း အဆင့် (၈) အဆင့်သို့ ရောက်ရှိသွားသော အုပ်စုတစ်စု ဖြစ်သည်။ လုရွှမ်သည် သဲခုံပေါ်တွင် ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် သူတို့အားလုံးမှာ ပြင်းထန်သော မျက်နှာများဖြင့် အရူးအမူး ဟောက်ကြလေသည်။
သူတို့သည် အဆင့်၈တွင် ဂုဏ်သိက္ခာရှိပြီး တန်ခိုးကြီးမားသော လူများဖြစ်သော်ငြား အဓိပတိနယ််ပယ် သာရှိသော ကလေးတစ်ဦးကို လိုက်ဖမ်းကာ သတ်ဖြတ်နေရ၏။ ထို့အပြင် အချိန်အတော်ကြာပင် လိုက်နေခဲ့ရသည်။ ၎င်းတို့ကိုယ်တိုင် မကြုံခဲ့ရပါက ယုံနိုင်မည် မဟုတ်။
"လုရွှမ် ကောင်းကင်ကို သွားဖို့ လမ်းဖွင့်ပေးတာတောင် မင်းမသွားဘဲ သေချင်နေတယ် ဆိုမှတော့ မင်း ငါတို့ကို အပြစ်မတင်ပါနဲ့!"
ရှောင်းချင်ထျန်းက လှမ်းတက်လာပြီး သူ့မျက်လုံးတွေက လူသတ်ချင်နေသည့်နှယ် သူ့နှလုံးသားထဲမှာ မုန်းတီးမှုတွေ စီးဆင်းနေတော့သည်။
ဒီကလေးက သူ့ကို မျက်နှာလုံးလုံး ပျက်သွားအောင် လုပ်ထားလို့ သူ့ခန္ဓာကိုယ်ကို အစိတ်စိတ် အမွှာမွှာ မခွဲရရင် သူ့နှလုံးသားထဲက မုန်းတီးမှုတွေကို ဖယ်ရှားပစ်ဖို့ ခက်လိမ့်မည်။
"ကောင်စုတ်လေး! မင်းလုယူထားတဲ့ ရတနာကို မြန်မြန်လွှဲလိုက်!! မဟုတ်ရင် မင်းသေရလိမ့်မယ်!"
နောက်ထပ် အဆင့်၈ရှိ ကျွမ်းကျင်သူက ရှေ့သို့ ခြေတစ်လှမ်း တိုးလာကာ ကျယ်လောင်စွာ အော်လိုက်သည်။
"မင်း အခု မလွတ်နိုင်တော့ဘူး မလား? မင်း လိမ်လိမ်မာမာနဲ့ ရတနာကို လွှဲပေးရင် မင်းကိုသတ်ပြီး အလောင်းကို အကောင်းအတိုင်း ထားခဲ့ပေးလို့ ရတယ်"
နောက်တစ်ယောက်ကလည်း ထအော်လေသည်။
ဝူး!
အော်သံများကြားတွင် အဆင့်၈ စွမ်းအားရှင်များသည် တစ်ချိန်တည်းမှာပင် ရှေ့သို့ ရွေ့လျားလာပြီး ၎င်းတို့၏ အစွမ်းထက်သော ရောင်ဝါသည် အာကာသ တစ်ခုလုံးကို ဖျက်ဆီးလိုသကဲ့သို့ ပတ်ဝန်းကျင်မှ အရာအားလုံးကို တိတ်ဆိတ်သွားစေသည်။
"အားလုံး မလောပါနဲ့!" လုရွှမ်က ပြုံးပြီး
"ကျုပ်မှာ ဘာမှမရှိဘူး... ရတနာတွေရှိရင် သူတို့ကို ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူးလေ ခင်ဗျားတို့ ကျုပ်ကို အခုသတ်လိုက်ရင် အဲဒီ ရတနာတွေကို ဘယ်တော့မှ တွေ့ရမှာ မဟုတ်တော့ဘူး!"
အားလုံး၏ မျက်နှာသည် မည်းမှောင်သွားပြီးနောက် လူငယ်လေးတွင် ဘာမျှမရှိသည်ကို သတိပြုမိ လိုက်ကြသည်။
တိမ်ပင်လယ် နယ်မြေထဲမှာ အာကာသ မှော်လက်နက် မရှိပေ။ လူငယ်က ရတနာတွေအားလုံးကို ကျောက်စိမ်းပြာစ နေရာထဲမှာ ထည့်ထားတယ် ဆိုတာ လူတိုင်းက မသိခဲ့ကြဘဲ ဝှက်ဖို့နေရာ ရှာထားပြီလို့ ထင်နေကြ၏။
ဤသို့ဆိုလျှင် သူသေဆုံးပြီးသည်နှင့် ရတနာများ ဝှက်ထားသော နေရာကို မည်သူမျှ ရှာမတွေ့နိုင်တော့ဘဲ ရတနာများအားလုံး လုံးဝဆုံးရှုံးသွားမည် ဖြစ်သည်။
ဒီလိုဖြစ်ရင် သူ့နောက်ကို လိုက်လာရတာက ဘယ်လိုလုပ် အကျိုးရှိတော့မလဲ။
"ငါတို့ကို လှည့်စားနေတာ ရပ်လိုက်တော့... ရတနာဘယ်မှာ ဝှက်ထားတယ်ဆိုတာ ပြောပြဖို့ အကြံပေးချင်တယ်... မဟုတ်ရင်တော့ မင်းနောက်မှာ ဘယ်သူရှိရှိ စိတ်မ၀င်စားဘူး!"
"ရတနာကို ဖုံးကွယ်ထားတာနဲ့ ငါတို့က မင်းကို သတိထားပြီး မထိရဲဘူးလို့ ထင်နေတာလား? စိတ်မပူပါနဲ့ မင်းကို နောင်တရစေမယ့် နည်းလမ်းပေါင်း တစ်သောင်းလောက် ရှိတယ်"
အဆင့်၈ စွမ်းအားအချို့ ပေါ်ထွက်လာပြီး ၎င်းတို့၏ ဝိညာဥ်ချီသည် တစ်ချိန်တည်းတွင် ထွက်ပေါ်လာခဲ့သည်။
"ခင်ဗျားတို့အားလုံးက သက်ဆိုင်တဲ့ အင်ပါယာတွေမှာ ထူးချွန်တဲ့ ပုဂ္ဂိုလ်တွေဆိုတာ သိပါတယ်.... တစ်ယောက်ချင်းစီမှာ အရမ်း ခိုင်မာတဲ့ နောက်ခံနဲ့ မြင့်မြတ်တဲ့ အဆင့်အတန်း ရှိပြီး အမျိုးမျိုးသော စစ်ကြောရေး နည်းလမ်းတွေကလည်း အံ့ဩစရာပဲ!"
လုရွှမ်က ပေါ့ပေါ့ပါးပါး ပြုံးပြီး ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ ခင်ဗျားတို့ဆီက စစ်ဆေးမေးမြန်းတာတွေ မခံရခင်မှာ ခင်ဗျားတို့ ဒန်တီယန်တွေ ပေါက်ထွက်ပြီး သေရလိမ့်မယ် ဆိုတာ အာမခံနိုင်တယ်... ခင်ဗျားတို့လူတွေ အများကြီး ရှိတာပဲ ဒီနေရာမှာ အလောင်းတွေကို ထားခဲ့တာ ကောင်းမလား ဒါမှမဟုတ် အဲဒီရတနာတွေကို ထားခဲ့တာ ပိုကောင်းမယ် ထင်လား?"
"မင်း"
လူငယ်လေး၏ ပြုံးပြုံးရွှင်ရွှင် စကားကို ကြားတော့ အားလုံးက ဒေါသတကြီးဖြင့် မျက်နှာများ နီရဲသွားသော်လည်း စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
အဆင့်၈ စွမ်းအားကြီးပြီး တစ်ဖက်လူကို နည်းလမ်း များစွာရှိသော်လည်း ဤလူငယ်လေးသည် အမှန်တကယ်ပင် ထူးဆန်းနေပါသည်။ ၎င်းတို့လက်မှ ရက်ပေါင်းများစွာ လွတ်မြောက်နိုင်ပြီး သူတို့ရဲ့ သွေးကြော ဒန်တီယန်ကိုဖောက်၍ သေဆုံးစေရန်မှာ မခဲယဉ်းမှာပင် ကြောက်ရသည်။
သူတကယ်လုပ်ချင်ရင် ရက်အတော်ကြာ လိုက်ဖမ်းပြီး ရလာတဲ့ ရတနာက ဝါးခြင်းတောင်းက လွဲလို့ ဘာမှဖြစ် မလာမှာကိုလည်း စိုးရိမ်ရသေး၏။
"မင်းရတနာကို ဘယ်လိုလုပ်ရင် လွှဲပြောင်းပေးချင်လဲ"
လူတိုင်းက ခေတ္တရပ်သွားပြီး ရှောင်းချင်ထျန်းက ရှေ့တက်လာ၍ သူ့ရင်ထဲက ဒေါသတွေကို သည်းခံကာ ဆိုလိုက်သည်။
"အသက်ကို ကယ်ချင်တယ် ဆိုရင် နောင်မှာ မင်းကို ဒုက္ခမပေးဘူး ဆိုတာက မဖြစ်နိုင်တာတော့ မဟုတ်ဘူး!"
သူတို့အမြင်အရ လုရွှမ်သည် ရတနာများကို ဝှက်ထားပြီး ၎င်းတို့နှင့် ဆွေးနွေးညှိနှိုင်းရန် ဝေးရာသို့ ပြေးသွားချင်နေသည်။ ၎င်းမှာ အသက်ရှင်လိုပြီး နောင်တွင် အမဲလိုက်ခြင်းကို ရှောင်ရှားလိုသောကြောင့် ဖြစ်ပေမည်။
တစ်ဖက်က ရတနာကို အမှန်တကယ် လွှဲပြောင်း ပေးလာသရွေ့ ဤအခြေအနေကို သဘောတူနိုင်သည်။ ဒါပေါ့။ အနာဂတ်မှာ လုပ်ဆောင်နိုင်သည်ဖြစ်စေ မလုပ်ဆောင်သည်ဖြစ်စေ အနာဂတ်အပေါ် မူတည်သွားပြီ။
အခု အရေးတကြီးဆုံး အရာက ပစ္စည်းတွေကို အရင်ထုတ်လာဖို့ပဲ။ မဟုတ်ရင် ဒီကောင်လေးကို တကယ်သတ်မိလိမ့်မယ်။
"အသက်ကို ကယ်ရမယ်?" လုရွှမ်က သူ့မျက်နှာကို အပြုံတစ်ပွင့်ဖြင့် တုံ့ပြန်၍ ခေါင်းခါလိုက်ပြီး
"ခင်ဗျား အရမ်းတွေးနေတာပဲ... ကျုပ်ကို လိုက်ဖမ်းတဲ့ လူအားလုံးကို စောင့်ချင်သေးတယ်.... ပြီးရင်တော့ ခင်ဗျားတို့ကို အံ့သြစရာ တစ်ခုပေးမလို့!"
"အံ့သြစရာ?"
ရှောင်းချင်ထျန်းက မျက်မှောင်ကြုတ်ပြီး
"မင်းကို လာပေးမယ့် ကတိတစ်ခုကို စောင့်ချင်နေတာလား? မင်း ကိုယ့်အခြေအနေကိုလည်း သိထားသင့်တယ် ဒီနေ့ မင်းလွတ်မြောက်နိုင်ရင်တောင် ဒီဘဝမှာ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး... ရတနာကို လက်မလွှဲနိုင်ဘူး ဆိုရင် ချိုင့်ဝှမ်းက ထွက်သွားတာနဲ့ မင်းကို လိုက်ဖမ်းပြီး သတ်ပစ်မယ့် မရေမတွက်နိုင်တဲ့ လူတွေ ရှိနေမှာပဲ!"
ရှောင်းချင်ထျန်း၏ အမြင်အရ လုရွှမ်သည် လူတိုင်း၏ လိုက်လံဖမ်းဆီးမှုကို အချိန်တိုအတွင်း လွတ်မြောက်နိုင်သော်လည်း အနာဂတ်တွင် သူသည် အင်ပါယာတွင် ရှင်သန်လိုသရွေ့ မရေမတွက်နိုင်သော လူများ၏ ပစ်မှတ်ထားမှုများကို အမြဲရင်ဆိုင်ရမည် ဖြစ်သည်။
အဓိပတိနယ်ပယ် မပြောနဲ့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉ပင် ထိုအရာကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
ထို့အတွက်ကြောင့် သူ့နောက် လိုက်လာသည့် လူအားလုံးကို စောင့်ချင်နေခြင်းမှာ ဆက်မလိုက်ရန် ကတိပေးတောင်းခံ ချင်နေသောကြောင့် ဖြစ်သည်။