စောင့်ဆိုင်းခြင်း (ဒုတိယပိုင်း)
Vol. 29 Ch. 3.181
တစ်ဖက်လူက သူ့စကားကို နားလည်မှု လွဲနေတာကို မြင်သော်လည်း လုရွှမ် ရှင်းပြမနေဘဲ တင်ပျဉ်ခွေ ပြန်ထိုင်နေလိုက်သည်။
"ခေါင်းဆောင်ရှောင်း သူ့ခန္ဓာကိုယ်ထဲမှာ ဝိညာဥ်စွမ်းအင် မရှိဘူးလို့ ထင်လား? တိုက်ခိုက် မခံရအောင် တမင်အချိန်ဆွဲပြီး ကျင့်ကြံမှုကို ပြန်လုပ်ချင်လို့များလား?"
လုရွှမ်က တိတ်တိတ်ဆိတ်ဆိတ်ပဲ ထိုင်နေ၏။ သူ့မျက်နှာပေါ်မှာ ယုံကြည်မှု အပြည့်ရှိတဲ့ အမူအရာနဲ့ သူကိုယ်တိုင်ရော တခြားသူတွေရဲ့ လူသတ်ချင်တဲ့ ရည်ရွယ်ချက်ကို ဂရုမစိုက်သလို ဖြစ်နေရာ အဘိုးကြီး တစ်ယောက်က ရှောင်းချင်ထျန်းကို မကြည့်ဘဲ မနေနိုင်တော့ချေ။
"အချိန်ဆွဲတာလား? မဖြစ်နိုင်ပါဘူး ဒီကောင်က အဓိပတိနယ်ပယ်မှာပဲ ရှိသေးတယ်.... သူ့ရဲ့ စစ်မှန်တဲ့ ဝိညာဥ်စွမ်းအင်ကလည်း အကန့်အသတ် ရှိတယ်.... အချိန် အကြာကြီး ပျံသန်းပြီးနောက်မှာ သူ့ရဲ့ စစ်မှန်တဲ့ စွမ်းအင်တွေ မကုန်ဆုံးသွားဘူး ဆိုတာ မဖြစ်နိုင်ပါဘူး ကျုပ်ရဲ့ ခန့်မှန်းတာသာ မှန်ရင် သူရတနာ တစ်ခုခုကို ရှာတွေ့ခဲ့တာ ဖြစ်နိုင်တယ်.... ပြီးတော့ ခွန်အားကြီးတဲ့ သူတွေကို ထပ်ပြီး စော်ကားဖို့ မဖြစ်ဘူး အမြတ်က အရှုံးထက် ပိုများနေတယ်လေ အဲဒါကြောင့် စွန့်လွှတ်လိုက်ချင်တာ ဖြစ်ရမယ်!"
ရှောင်းချင်ထျန်းက ပြောသည်။
"ကောင်းပြီ... အဲဒါ ဖြစ်နိုင်တယ်! သူက အဓိပတိနယ်ပယ်လေးပဲ.... သူ့မှာ ရတနာတွေ ရှိရင်တောင် သေချာပြန် သန့်စင်ဖို့ ခက်တယ်!"
လူတိုင်းကလည်း ခေါင်းညိတ်လိုက်သည်။
ရတနာ အဆင့်မြင့်လေ သန့်စင်ရန် ပိုခက်ခဲလေဖြစ်သည်။ တစ်ဖက်လူသည် ပုရွက်ဆိတ်ကဲ့သို့ အဓိပတိနယ်ပယ် တစ်ခုမျှသာ ဖြစ်။။ ပွင့်ထွက်ရန် အချိန်အတော် ကြာခဲ့သော ရတနာတစ်ခုကို မည်ကဲ့သို့ သန့်စင်နိုင်မည်နည်း။
မသန့်စင်နိုင်ရင် သက်ရောက်မှု မရှိနိုင်ပေ။ အမှိုက်တစ်ခုအတွက် အားကောင်းတဲ့ လူတွေကို စော်ကားပြီး တစ်နေ့လုံး အမဲလိုက်ခံရတာက ဘယ်လောက် တုံးနေပါစေ မှားယွင်းခဲ့ကြောင်း သိလာလိမ့်မည်။
"ဒီလူကို တစ်ချိန်တည်းမှာ တိုက်ခိုက်တာက ပိုကောင်းမယ် မထင်ဘူးလား? ဒီကောင်ကို အရင်ဖမ်းလိုက်မယ်.... ပြီးတော့ သူ့ကို သေသေချာချာ မေးမယ် ဘယ်လိုလဲ"
အဘိုးကြီးက ရှောင်းချင်ထျန်းထံ အသံကို တိတ်တဆိတ် ပေးပို့ပြီး ခေါင်းဖြတ် လှုပ်ရှားမှု ပြုလုပ်ဖို့ အကြံပေးလေသည်။
လူတိုင်းသည် ရတနာများကို လိုချင်ကြသည်။ ထို့ကြောင့် ဆွေးနွေးရန် တခြားလူများကို မစောင့်ချင်ကြပေ။
"ဒီကောင်လေးမှာ ထူးဆန်းတဲ့ လှည့်ကွက်တွေ အများကြီး ရှိတယ်။ သူ့ကို ချက်ချင်း ဖမ်းနိုင်ရင် အကောင်းဆုံးပဲ.... ဖမ်းလို့မရဘဲ ထွက်ပြေးရင် ဒါမှမဟုတ် သတ်သေသွားရင် ရတနာကို ပြန်ရနိုင်တော့မှာ မဟုတ်ဘူး"
ရှောင်းချင်ထျန်းက ညို့မှိုင်းသော မျက်နှာဖြင့် တစ်ဖက်လူ၏ စကားကို ဖြတ်တောက်လိုက်သည်။
ကောင်လေးကို ဖမ်းပြီး သင်ခန်းစာ ဘာလို့ မပေးချင်ရမှာလဲ။
ဒါပေမဲ့ တစ်ဖက်လူ ပြောခဲ့တာတွေက အမှန်ဆိုရင် သူတို့ကို သတ်ဖို့ နည်းလမ်းတွေ ရှိနိုင်သည်။ တခြားသူတွေကို အကြာကြီး စောင့်ပြီးမှ ဝါးခြင်းတောင်းထဲက ရေကိုယူရတာ မတန်ဘူးမလား။ ဒါကြောင့် သတိထားဖို့က ပိုကောင်းပါတယ်။
"ဒါပေမဲ့ အားလုံး ဒီမှာရှိနေတာပဲလေ... ကျုပ်တို့က သူ့ကို ဒီလောက်ကြာအောင် လိုက်ဖမ်းနေခဲ့ရတာ မဟုတ်ဘူးလား? "
အဘိုးအိုက အနည်းငယ် စိတ်ဓာတ်ကျသွားသည်။
"စိတ်မပူပါနဲ့.... အားလုံးလာရင်ရော ဘာဖြစ်လဲ? ငါရှောင်းချင်ထျန်းဆီက ဘယ်သူက ပြိုင်လုရဲမှာလဲ?"
အေးစက်စက် နှာမှုတ်သံနှင့်အတူ ရှောင်းချင်ထျန်း၏ မျက်နှာသည် ခိုင်ခံ့သော ယုံကြည်မှုကို ပြသလာခဲ့သည်။
သူသည် တော်ဝင်အင်ပါယာ၏ ခိုင်မာသော ထိပ်သီးစာရင်းတွင် ပြိုင်ဘက်ကင်းသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ချိုင့်ဝှမ်းတွင် မည်သူမျှ သူ့ပြိုင်ဘက် မဟုတ်ပေ။ အခြားလူများ ပါလာရင့တောင် သူ့ကို လုံးဝထိခိုက်စေနိုင်မည် မဟုတ်။
တစ်ဖက်လူက ရတနာရဲ့ တည်နေရာကို ပြောပြနေသမျှ လူဘယ်လောက်ပဲ လာပါစေ သူနဲ့အတူ ပြိုင်လုရဲသူ ရှိမည်မထင်ပါ။
“ဒါအမှန်ပဲ”
အဘိုးအိုသည် ခဏမျှ တုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
"အများကြီး မစဉ်းစားပါနဲ့.... ခင်ဗျားတို့ ဒီအနီးဝန်းကျင်မှာ ကြီးမားတဲ့ အခင်းအကျင်း ဖွဲ့စည်းမှုတစ်ခုကို တိတ်တိတ်လေး တည်ဆောက်ထားသင့်တယ်.... ပရမ်းပတာ ဖြစ်နေချိန်မှာ သူ့ကိုမလွတ်စေနဲ့...သူမလွတ်မြောက်နိုင် သရွေ့တော့ သူ့ဆီက ရတနာ ဘယ်မှာလဲ ဆိုတာ သိရဖို့ နည်းလမ်းတွေ ရှိတယ်!"
မျက်ခွံတွေ ကျယ်လာပြီး ရှောင်းချင်ထျန်းက ရှင်းပြလိုက်လေ၏။
"အင်း!"
သူ့နောက်မှ လိုက်လာသော အဆင့်၈ စွမ်းအားရှင်များစွာသည် တစ်ချိန်တည်းတွင် ခေါင်းညိတ်ပြကာ သဲခုံများ ပတ်ပတ်လည်တွင် ငြိမ်သက်စွာ လမ်းလျှောက်ကာ ကောင်းကင်နှင့်မြေပြင်ကို ပိတ်ဆို့ရန် အခင်းအကျင်း အလံများကို စိုက်ထူထားလိုက်သည်။
အခင်းအကျင်း ဖွဲ့စည်းမှု ပြီးသွားသရွေ့ ဒီလူဟာ လှည့်ကွက်တွေ ဘယ်လောက်ပဲရှိရှိ သူလွတ်မြောက်နိုင်မှာ မဟုတ်ချေ။
ဤအခိုက်တွင် လုရွှမ်၏ မျက်လုံးများသည် တရားထိုင်ခြင်း အခြေအနေသို့ ရောက်နေပြီ ဖြစ်သကဲ့သို့ အနည်းငယ် မှိတ်ထားကာ သူတို့၏ လှုပ်ရှားမှုများကို မမြင်ပေ။
"ဘယ်လို အသက်ရှင်ရမလဲ မသိရတဲ့ကောင်က အခု ဂုဏ်ယူနေဦးပေါ့ နောက်မှ ငိုရလိမ့်မယ်!"
ဤလူသည် မာနကြီးပြီး သူတို့ကို မတားတော့တာကို တွေ့သော် ရှောင်းချင်ထျန်းက အေးစက်စွာ ပြုံးလိုက်ပြီး သူ့မျက်လုံးထဲတွင် ပြင်းထန်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားလေသည်။
ခဏအကြာတွင် ဖွဲ့စည်းမှုပြီးသွားကာ အလယ်က သဲခုံတွင် ပိတ်မိနေသော လုရွှမ်သည် လွတ်မြောက်လိုလျှင်ပင် အခင်းအကျင်းထဲတွင် ပိတ်မိသွားမည် ဖြစ်သည်။
တစ်နည်းဆိုရသော် အခု လွတ်မြောက်ချင်ရင် သူ့အသက်နဲ့ရင်းပြီး လွတ်သွားနိုင်တယ် ဆိုပေမယ့် အခု ထွက်ပြေးချင်နေ ရင်တောင်မှ လွတ်မြောက်နိုင်မှာ မဟုတ်တော့ချေ။
"ဟာဟား.... လုရွှမ် မင်းတစ်ယောက်တည်းက ငါတို့တွေ အများကြီးဆီက ရတနာတွေကို ခိုးယူဝံ့တယ်ပေါ့... ငါနည်းနည်းတော့ အံ့သြသွားမိတယ်။ အဲဒီကျောက်တုံး မြေပုံကို မင်းဘယ်လိုများ ခိုးခဲ့တာလဲ?"
လုရွှမ် မလွတ်မြောက် နိုင်တော့ကြောင်း သိလိုက်ရသဖြင့် ရှောင်းချင်ထျန်းသည် စိတ်အေးလက်အေး ပြုံးကာ အေးစက်စွာ ကြည့်နေလေသည်။
ဒါဇင်နဲ့ချီတဲ့ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်ရှစ်တွေ ဝိုင်းရံထားတာတောင် ကျောက်မြေပုံကို ခိုးသွားနိုင်သည်။ အခုတွေးကြည့် နေတာတောင် ဘယ်လို ဖြစ်ပျက်ခဲ့လဲ ဆိုတာကို နားမလည်သေးပေ။
သူ့အသံကို ကြားတဲ့အခါ တခြားလူတွေကလည်း ထူးဆန်းတဲ့ အမူအရာတွေနဲ့ တညီတညွတ်တည်း မျက်လုံး လှည့်ကြည့်လာကြသည်။
ဒီလူငယ်လေးကို သူ့နှလုံးသားထဲကပါ မုန်းတီးပြီး အမြန် သတ်နိုင်ပါစေလို့ ဆန္ဒပြုခဲ့ပေမယ့် သူ့ရဲ့ နည်းလမ်းတွေကို အရမ်းသဘော ကျနေဆဲပင်။
များစွာသော လူများဝန်းရံထားစဉ် ကျောက်မြေပုံကို ခိုးယူနိုင်ခဲ့ပြီး အချိန်အတော် ကြာအောင် လွတ်မြောက်နိုင်ခဲ့လို့ စူးစမ်းချင်စိတ်ကို ထိန်းမနိုင်တော့ပေ။
"ဒါက လှည့်ကွက်တစ်ချို့ပါပဲ!"
လုရွှမ်ဟာ တိတိကျကျ မဖြေဘဲ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
"လှည့်ကွက်? မဖြစ်နိုင်ဘူး!"
ရှောင်းချင်ထျန်း ခေါင်းခါပြီး ကတိပေးပြန်သည်။
"ကောင်းပြီ မင်းငါ့ကို အဲဒီနည်းလမ်းကို သင်ပေးရင် ဘယ်သူကပဲ မင်းကို သတ်ချင်နေပါစေ တော်ဝင်အင်ပါယာရဲ့ နယ်ပယ်ထဲမှာ ရှိနေသမျှ ငါ မင်းကိုကာကွယ်ပေးမယ်... မင်း အသက်အန္တရာယ် ကင်းမှာပါ! မင်းခိုးထားတဲ့ ရတနာအတွက် ငါမင်းကို တစ်ခုပေးမယ်လို့ ကတိပေးလို့ ရတယ်!"
လူများစွာဖြင့် ဝန်းရံထားတာတောင် ရတနာတစ်ခုကို ခိုးယူနိုင်ခြင်းကြောင့် ဤကျွမ်းကျင်မှုသည် ရတနာတစ်ခု၏ တန်ဖိုးထက် ကျော်လွန်နေမည်မှာ သေချာပါသည်။
"စိတ်မကောင်းပါဘူး.. ဒီလိုမျိုး အသက်ကြီးနေတဲ့ လူကို တပည့်အဖြစ် လက်မခံချင်ဘူး!"
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်လေသည်။
"မင်း..."
ရှောင်းချင်ထျန်း သူ့မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး ပြန်ဖွင့်လိုက်သော် အေးစက်စက် အငွေ့အသက်များ လွှမ်းခြုံသွား၏။
"ငတုံးကောင်!! မင်းသိထားသင့်တယ်... တခြားလူတွေ ရောက်လာတာနဲ့ မင်းသေရမှာပဲ! မင်းရတနာကို ဖုံးကွယ်ထားတာနဲ့ ဘယ်သူမှ မင်းကိုသတ်ဖို့ သတ္တိရှိမှာ မဟုတ်ဘူးလို့ မထင်နဲ့... ရှန့်ခုန်းချိုင့်ဝှမ်းက အကျယ်ကြီးပဲ.... မင်းလာခဲ့တဲ့လမ်းမှာ ငါတို့တစ်ချိန်လုံး နောက်က လိုက်နေတာ ဒီလမ်းအတိုင်း ပြန်သွားရင် မင်းရတနာတွေကို ဖွက်မထားဘူးလို့ မယုံဘူး!"
"အိုး? လွတ်မြောက်ဖို့ လမ်းမှာ ရတနာကို ဝှက်ထားခဲ့တာလို့ ဆိုလိုချင်တာလား? ကောင်းပြီ ဒါဆို ခင်ဗျား ပြန်လှည့်သွားပြီး ရှာတွေ့နိုင်မလား တူးကြည့်လေ!"
လုရွှမ် ပေါ့ပါးသော အပြုံးဖြင့် ပြောလိုက်သည်။
ရတနာတွေဟာ သူ့ကျောက်စိမ်းပြားထဲမှာ ရှိသမျှ ချိုင့်ဝှမ်း တစ်ခုလုံးကို တူးထားရင်တောင်မှ ရှာတွေ့မှာ မဟုတ်ချေ။
ထို့အပြင် ရှန့်ခုန်းချိုင့်ဝှမ်း ပွင့်သည့်အချိန်က ကန့်သတ်ချက် ရှိပြီး ၎င်းတို့ကို အချိန်တိုအတွင်း ဆက်လက် တူးဖော်ရန် မည်သို့ ဖြစ်နိုင်မည်နည်း။
"ဟမ့်!"
ရှောင်းချင်ထျန်း စိတ်ဆိုးစွာဖြင့် သူ့ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်သည်။
သူဒီလို ပြောနေပေမယ့်လည်း တစ်ဖက်လူက ရတနာကို တကယ် ဖုံးကွယ်ထားတယ် ဆိုတာလည်း ရိပ်မိသလို အဲဒါကို ရှာတွေ့ဖို့ဆိုတာ ဘယ်တော့မှ လွယ်မှာ မဟုတ်ဘူး ဆိုတာလည်း သူသိလေသည်။
"ကောင်းပြီ ကျုပ်ရဲ့ မုဆိုးတွေ ရောက်လာပြီ!"
လူတိုင်းသည် မီးခိုးများနှင့် ဖုန်မှုန့်များ အလိမ့်လိမ့်ဖြင့် မရေမတွက်နိုင်သော လူများကို မမြင်မတွေ့မီ အချိန်အနည်းငယ် စောင့်ဆိုင်းခဲ့ရသည်။
လုရွှမ်ကို လိုက်ရှာပြီး သတ်ဖို့အတွက် ဒီလူတွေဟာ နောက်ကျသွားမှာကို စိုးရိမ်တာကြောင့် နည်းမျိုးစုံကို အသုံးပြုခဲ့ကြသည်။ လူများစွာ နောက်ကျ ကျန်ခဲ့သော်ငြားလည်း ထောင်ပေါင်းများစွာသော လူများ ရှိနေသေးသည်။
"ဖမ်းမိသွားပြီလား မင်းဘယ်ကို ပြေးဦးမလဲ ကြည့်ရသေးတာပေါ့!"
"ငါ သူ့ကို ကောင်းကင်မီးနဲ့ ပူဇော်ပြီး ငါတို့ တော်တော်များများကို စော်ကားခဲ့တဲ့ တန်ကြေးကို သိအောင် ပြောပြရမယ်"
"သူ့ကို သတ်ပစ်ရမယ်.... အဲဒီရတနာတွေ အတွက်တော့ ငါ့အမြင်အရ လူတိုင်းက ဘယ်လိုခွဲဝေ ရမလဲဆိုတာ ဆွေးနွေးနိုင်တယ် ဒါမှမဟုတ် တိုက်ရိုက် လေလံတင်ပစ်မယ်.... ပိုက်ဆံရရင် လူတိုင်းက ညီတူညီမျှ ခွဲဝေယူကြမယ်"
လူသစ်များသည် အလယ်တွင် ဝိုင်းရံထားခံရသော လုရွှမ်ကို မြင်သောအခါတွင် ရှောင်းချင်ထျန်း နှင့် အခြားသူများ၏ ဖမ်းဆီးခြင်းကို ခံရသည်ဟု ထင်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။