← Chapters

အဆိပ်ခတ်ထားတာလား?

Vol. 29 Ch. 3.182

အဆိပ်ခတ်ထားတာလား?

Vol. 29 Ch. 3.182

"လုရွှမ် မင်းမှာ ဒီလိုနေ့မျိုး ရှိနေမယ်လို့ မမျှော်လင့်ထားဘူး!"

မင်းသား ချန်ရှင်းလည်း လုရွှမ်တစ်ယောက် သဲသောင်ပြင်မှာ ပိတ်မိနေတာ တွေ့တဲ့အခါ သူ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုတွေ အပြည့်နဲ့ ရောက်လာခဲ့၏။

သူသည် ခံ့ညားထည်ဝါသော မင်းသားတစ်ပါးဖြစ်ပြီး အိမ်ရှေ့စံမင်းသား၏ အမွေဆက်ခံသူများထဲမှ တစ်ဦးဖြစ်သော်လည်း အပယ်ခံဘဝဖြင့် ထီးနန်းဆုံးရှုံးခဲ့ရကာ တရားခံလုရွှမ်အပေါ် မုန်းတီးမှုသည် အရိုးထဲ၌ အကြာကြီး ရှိနေခဲ့သည်။

သူ့အတွက် ထိုရတနာများသည် မလိုအပ်သော်လည်း လုရွှမ်ကတော့ သေရမည်။

"မင်းသားချန်ရှင်း၊ ကောင်းရှန့်၊ သခင်မဟိုင်ထန် မင်းတို့အားလုံး အချိန်မီ ရောက်လာတာပဲ... အလုပ်မပိုတော့ဘူး!"

သူ့နောက်ကို လိုက်လာတဲ့ ဒီရင်းနှီးတဲ့ မျက်နှာတွေကို မြင်လိုက်ရသော် လုရွှမ်က ပေါ့ပေါ့ပါးပါးလေး ပြုံး​ပြလိုက်လေသည်။

"အလုပ် မပိုတော့ဘူး? မင်းသေဖို့ နီးနေပြီဆိုတာ မသိဘူးလား?"

ဒီလူက လူတိုင်း ဝိုင်းနေတာကို ခံရသော်လည်း ကြောက်ရွံ့နေတဲ့ အသံတစ်စက်မှ ထွက်မလာတာကြောင့် မင်းသားချန်ရှင်းက မနေနိုင်စွာ မေးလိုက်သည်။

"ခေါင်းဆောင်ရှောင်း ခင်ဗျားဘာလို့ ဒီကောင်​ြကို ဖမ်းထားရက်သားနဲ့ မလှုပ်ရှားတာလဲ?"

လူအုပ်ထဲမှာ တစ်စုံတစ်ယောက်က ဤမေးခွန်းကို ကြားသောအခါ ကူကယ်ရာမဲ့စွာဖြင့် ရှောင်းချင်ထျန်းကို မေးလိုက်သည်။

"သူတို့ မလုပ်ချင်လို့ မဟုတ်ဘူး... သူတို့လိုချင်တဲ့ ရတနာကို ငါဝှက်ထားပြီးသားလေ ငါ့ကို သတ်လိုက်ရင် ရတနာတစ်ခုမှ ရမှာမဟုတ်ဘူး"

လုရွှမ် မတ်တပ်ထရပ်ပြီး သူ့လက်ကောက်ဝတ်များကို လှည့်​နေလိုက်သည်။

"ဖွက်ထားတာ?"

"ဘာမှမဖြစ်တဲ့ လူတစ်ယောက်လို ဒီမှာထိုင်ရဲတာ မဆန်း​တော့ပါဘူး... မင်းက အစောကြီးကတည်းက အစီအရင် ရှိနေပြီကိုး"

"မင်းအသက်ကို လဲလှယ်ဖို့ ရတနာရဲ့ တည်နေရာ အတိအကျကို သုံးချင်တာလား? စိတ်ကူးက ကောင်းပေမယ့် လူတော်တော်များများကို လှည့်စားပြီး အဲဒါကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်မယ်လို့ မင်းထင်နေတာလား? ဟာသပဲ!"

"တစ်စုံတစ်ယောက်က မင်းကိုမသတ်ဘူးလို့ ကတိပေးရင်တောင် ငါလုပ်မယ်.... အဓိပတိနယ်ပယ်လေးက ငါတို့ကို ယှဥ်နိုင်မှာလား? မင်းကို ငါတို့အသက်ရှင်ခွင့်ပေးရင် ငါတို့မျက်နှာ ဘယ်မှာ သွားထား​တော့လဲ"

လူတိုင်း ဟောက်ကြ​လေသည်။

သူ့နောက်ကို လိုက်နေကြသည့် လူတို့သည် ရတနာအတွက် မျှော်လင့်ချက် မရှိမှန်း အမှန်တကယ် သိကြပြီး သူ့ကို ခက်ခက်ခဲခဲ လိုက်ရသည့် အကြောင်းရင်းမှာ ပို၍ မျက်နှာထားရမည့် ကိစ္စကြောင့် ဖြစ်သည်။

ချိုင့်ဝှမ်းထဲကို ဝင်ပြီး ရှင်သန်နိုင်ရင်တောင် အဓိပတိနယ်ပယ်က လူလေးကို သူတို့တွေဟာ ရက်ပေါင်းများစွာ လိုက်ဖမ်းပြီး လိုက်မဖမ်းမိခဲ့ဘူးလို့ ပြန့်နှံ့သွားတဲ့အခါ ဘယ်လို မျက်နှာထားမျိုး ထားရတော့မလဲ။

ထို့ကြောင့် ဤလုရွှမ်သည် ရတနာကို လွှဲပေးသည်ဖြစ်စေ မပေးသည်ဖြ​စ်စေ လူတိုင်း၏ အမြင်တွင် သူသည် သေရပေလိမ့်မည်။

"လုရွှမ် မင်းဒီမှာ အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေစရာ မလိုဘူး... လူတွေအကုန် အခုဒီမှာ ရှိနေပြီ မင်း ရတနာရဲ့ တည်နေရာကို အမှန်အတိုင်း မပြောဖို့ ဆုံးဖြတ်ထားရင် ငါတို့ကို ရိုင်းစိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့!"

လူတိုင်း၏ ဆွေးနွေးမှုကို အနှောင့်အယှက် ဖြစ်စေသော ရှောင်းချင်ထျန်းရဲ့ အသံက အေးစက်စွာ ထွက်ပေါ်လာ၏။

"ဟဲဟဲ... ကျုပ်ဆိုတဲ့ လုရွှမ်က လူများစွာရဲ့ လိုက်ဖမ်းခြင်းကို ခံရတဲ့အတွက် တကယ်ကို ဂုဏ်ယူမိပါတယ်!"

လုရွှမ်က မတ်တပ်ထရပ်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ကျယ်လောင်၍ ကြည်လင်​ပြက်သားသော အသံသည် အရပ်ရပ်သို့ ပဲ့တင်ထပ်ကာ လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားသည်။

"မင်းတို့က ငါ့ကိုသတ်ချင်တယ်... ဒါပေမဲ့ ငါကတော့ အပြစ်မဲ့သူတွေကို မသတ်ချင်ဘူး ဒါဆိုလုပ်ကြည့်ရအောင်... ငါ့ကို မသတ်ချင်တဲ့သူတွေ ချက်ချင်း ထွက်သွားနိုင်တယ်... ဒီလိုဆို မင်းတို့အသက်ကို ကယ်နိုင်လိမ့်မယ် မဟုတ်ရင်တော့ အရမ်းနောက်ကျသွားပြီ"

"မာနကြီးနေလိုက်တာ!"

"ဟာသပဲဟေ့! သူ့လေသံကို နားထောင်လို့ ကောင်းသား.... သူက ငါတို့အားလုံးကို သတ်မှာတဲ့လား?"

"ဒီကောင် အိပ်မက်ကနေ မနိုးဘူးလား ဒါမှမဟုတ် စိတ်ရောဂါများ ဖြစ်နေတာလား?"

"ရယ်စရာ ကောင်းလိုက်တာ.... ငါတို့တွေ အများကြီးကို ထည့်မစဥ်းစားဘဲ ခေါင်းဆောင်ရှောင်း တစ်ယောက်တည်းကိုပဲ ပြော​ကြည့်စမ်းပါ.... မင်း သူ့ကိုနိုင်လို့လား?"

"ဒီလမ်းကနေ ပြေးလာတုန်း လမ်းမှာ ဦးနှောက်ကို မြည်းကန်လိုက်တာများလား? ဒါမှမဟုတ် အကြောက်လွန်ရောဂါ ခံစားနေရတာလား? ငါတို့ကိုများ ထွက်သွားရင် ငါတို့အသက်ကို ကယ်နိုင်သေးမယ်တဲ့?? ဟားဟား ဒါ ငါ့ဘဝမှာ ကြုံဖူးသမျှ ရယ်စရာ အကောင်းဆုံး ဟာသပဲ"

"ဦးနှောက်မရှိတဲ့ ဒီကောင်က အခုအချိန်အထိ ဘယ်လို ရှင်သန်နေမှန်း တကယ်မသိဘူးပဲ"

လုရွှမ်၏ စကားကို ကြားသော် အားလုံးနီးပါး ရယ်မောလိုက်ကြသည်။

ဒီလူက သခင်အဆင့်ရှိ ထောင်ပေါင်းများစွာသေယ လူများ၏ ဝန်းရံထား ခံထားရတာတောင် ဒူးထောက်ပြီး ကရုဏာကို တောင်းခံမနေဘဲ အားလုံးကို ကယ်တင်နိုင်မယ်လို့ ပြောင်ပြောင်တင်းတင်း ပြောနေတုန်းပင်။

"လုရွှမ်.... မင်းကဒီမှာ ဟာသတစ်ခု ပြောနေပေမယ့် အမှန်အတိုင်း ပြောရမယ်ဆိုရင် ဒီဟာသက လုံးဝ ရယ်စရာ မကောင်းဘူး!"

ရှောင်းချင်ထျန်းက လှောင်ပြောင် ရယ်မောလိုက်သည်။

"ကိုယ့်အဆင့်ကို မသိတဲ့ကောင်!! မင်းသေချိန် ရောက်နေတာတောင် မင်းဒီမှာ ကြွားလုံးထုတ်နေသေးတာ အရမ်း ရယ်စရာ ကောင်းလိုက်တာကွာ..."

မင်းသား ချန်ရှင်း၏ နောက်ကွယ်မှ ကောင်းရှန်ကလည်း ရယ်မောလိုက်သည်။

သူ့တပည့် ပိုင်ရှောင်းသည် လုရွှမ်ဆီက ခေါင်းဖြတ်ခြင်းကို ခံခဲ့ရပြီး အကြိမ်များစွာ ပါးရိုက်ခံခဲ့ရသည်။ သူသည် ထိုလူငယ်ကို အရိုးထဲထိအောင် မုန်းတီးနေပြီ ဖြစ်သည်။

"ငါသေဖို့ နီးလာပြီလား? မင်းဘာလို့ မင်းသေတော့မယ်လို့ မထင်ရတာလဲ?"

လုရွှမ် တစ်ချက် ကြည့်လိုက်သည်။

"ငါမင်းထက် အသက်ပိုရှည်မှာကွ!"

ကောင်းရှန် အော်ဟစ်လိုက်ပြီး စကားအဆုံး သတ်ခါနီးမှာ သူ့မျက်နှာက ရုတ်တရက် ဖျော့တော့သွားသည်။

"အား..... မဟုတ်ဘူး မဟုတ်ဘူး!"

ဝုန်း!

စကားမဆုံးခင်မှာ သူ့တစ်ကိုယ်လုံး ဖောင်းပွလာပြီး ပူးပေါင်းတစ်လုံး ပေါက်ကွဲသွားသလို အပိုင်းပိုင်း ကွဲသွားကာ အသားငါးပိအဖြစ် ပြောင်းလဲသွား​လေ၏။

"ဘာ?"

"ဘယ်လိုဖြစ်သွားတာလဲ?"

"တစ်ချက်ကြည့်ရုံနဲ့ သူပေါက်ကွဲသွားတာလား?"

ဒီမြင်ကွင်းကို မြင်ရတဲ့ လူတိုင်းဟာ ထိတ်လန့်သွားတော့သည်။

သူတို့ရှေ့က မြင်ကွင်းက ထူးဆန်းလွန်း၏။ ရှောင်းချင်ထျန်း နဲ့ တခြားသူတွေတောင် ကောင်လေး ဘယ်လို လှုပ်ရှားခဲ့သလဲ ကောင်းရှန် ဘာကြောင့် ပေါက်ကွဲသွားလဲ ဆိုတာကို သေချာ မမြင်လိုက်ချေ။

"ငါ့ကို ကြွားလုံးထုတ်နေတယ်လို့ ထင်နေသေးလား?"

အားလုံးက ထိတ်လန့်တကြား မျက်နှာများ ပြောင်းလဲသွားတဲ့အခါ လုရွှမ်လည်း ပတ်ပတ်လည်ကို တစ်ချက်လောက် ကြည့်နေလိုက်သည်။

​ကောင်းရှန်ရဲ့ ကြေကွဲဖွယ် အခြေအနေတွေ သူတို့ဆီ ပေါ်လာမှာကို စိုးရိမ်တာကြောင့် သူ့ကိုတွေ့တဲ့ လူတွေဟာ တညီတညွတ်တည်း နောက်ဆုတ်သွား၏။

လုရွှမ်ဟာ လူတိုင်းကို သူ့ရဲ့ ဉာဏ်အမြော်အမြင်နဲ့ ခြောက်လှန့်ဖို့ဆိုတာ တကယ်တော့ အလွန်ရိုးရှင်းပါသည်။ ကောင်းရှန် သူ့လက်ထဲ အဖမ်းခံရစဥ်က သူ့ခန္ဓာကိုယ်ထဲကို ဖီးနစ်မီးကို ထိုးသွင်းခဲ့ဖူးသည်။

ထိုအချိန်တွင် သူ၏ ခွန်အားသည် နည်းပါးပြီး ဤမီးတောက်သည် အနည်းငယ်မျှသာ ခံစားနိုင်သော်လည်း ယခုအခါတွင် သူ၏ ဝိညာဉ်စွမ်းအား အတိုင်းအတာမှာ ၁.၃ သို့ ရောက်ရှိသွားကာ သူ၏ အင်အားသည်လည်း ယွမ်ချီနယ်ပယ် သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ဖီးနစ်မီးကိုသုံး၍ ချက်ချင်း သတ်ပစ်လိုက်ခြင်းပင် ဖြစ်သည်။

မီးတောက်တွေ ခန္ဓာကိုယ်ထဲကို ထိုးသွင်းလာတာ ကြာပြီဆိုတော့ အပြင်ကနေ ဘာမှ မမြင်ရ​ေ ဒါကြောင့် ရှောင်းချင်ထျန်း နဲ့ တခြားသူတွေ အားကောင်းပြီး အကွာအဝေးက မဝေးရင်တောင် ဟာကွက်ကို ရှာတွေ့နိုင်မည် မဟုတ်ချေ။

"ဒါက ဘယ်လို နတ်ဆိုးအတတ်မျိုးလဲ"

"ရှေး​ဟောင်းမြို့ကို ငါတို့ဝင်တုန်းက ငါတို့သောက်ခဲ့တဲ့ ဆေးရည်ထဲကို အမည်မသိ အဆိပ်တစ်မျိုးကို ထည့်သွင်းခဲ့တာ ဖြစ်နိုင်မလား"

"ဒါ....ဒါက မဖြစ်နိုင်ဘူးမလား?"

ရုတ်​တရက်​ လူအုပ်​ထဲက တစ်​​ယောက်​က ​အော်​ဟစ်​လိုက်​ပြီး သူတို့မျက်​နှာ​တွေလည်း ဖြူဖျော့သွားခဲ့သည်​။

ဤလူများအားလုံးသည် ရှေး​ဟောင်းမြို့ထဲသို့ ဝင်ရောက်လာနိုင်ခဲ့သည့် အကြောင်းမှာ လူတိုင်းသည် လုရွှမ်ကိုယ်တိုင် ပြင်ဆင်ထားသော ဆေးရည်ကို သောက်သုံးခဲ့ကြလို့ ဖြစ်သည်။

အဲဒီအချိန်ကတည်းက ဒီဆေးဖက်ဝင် အရည်ထဲကို အဆိပ်တစ်မျိုး ထပ်ထည့်ခဲ့တာ ဖြစ်နိုင်မလား။ ဒါကြောင့် ကြည့်လိုက်တာနဲ့ ကောင်းရှန်က ​​အစိတ်စိတ်အမွှာမွှာ လွင့်စင်သွားခဲ့တာ ဖြစ်နိုင်မလား။

"ဟုတ်မှာပေါ့! မဟုတ်ရင် သူဘာလို့ ထွက်မပြေးဘဲ နေတာလဲ? ငါတို့နဲ့တောင် စကားရပ်ပြော နေရဲသေးတယ်"

"ဒါကို သူလုပ်ရဲတယ်?? မှော်လက်နက် တစ်ခုခုကို အားကိုးနေတာ ဖြစ်မယ် အဲဒါက အမှန်မဖြစ်နိုင်ဘူး!"

"ဆေးရည်ထဲမှာ အဆိပ်တကယ် ရှိနေရင် ငါဘာလို့ဘာမှ မခံစားရတာလဲ?"

အော်ဟစ်သံကို ကြားတော့ လူတချို့က ကြောက်လန့်လာပြီး တချို့တွေကလည်း စတင်၍ သံသယတွေ ဝင်လာကြသည်။

"တကယ်ကို ပေါက်ကရတွေ တွေးနိုင်တာပဲ!"

လုရွှမ်သည် ထိုစကားကို ကြားသောအခါ သူသည် တခဏမျှ အံ့အားသင့်သွားပြီး ပြုံးကာ ခေါင်းယမ်းလိုက်သည်။

သူသည် ဤလူများ၏ လုပ်ရပ်ကို မထီမဲ့မြင်ပြုသော်လည်း ရှေးမြို့ဟောင်းသို့ မ၀င်ရောက်စဥ်က ၎င်းတို့နှင့် ရန်ငြိုးဖွဲ့ထားခြင်း မရှိသောကြောင့် လူများစွာ၏ ခန္ဓာကိုယ်တွင် အဆိပ် မခတ်ထားပေ။

သူသည် အရူးဧကရာဇ် တစ်ယောက်သာဖြစ်ပြီး ကွပ်မျက်သူ မဟုတ်လို့ အကြောင်းပြချက် မရှိဘဲ လူများကို သက်သက်မဲ့ သတ်ဖြတ်နေမှာလည်း မဟုတ်ချေ။

ထို့အပြင် ဤဆေးရည်များကို လူတိုင်းရှေ့တွင် ပြုလုပ်ထားပြီး သန်မာသော လူများစွာလည်း သောက်ထားကြသည်။ ၎င်းတို့ကို အဆိပ်ခတ်ချင်သော်လည်း များမကြာမီတွင် ရှာဖွေတွေ့ရှိ သွားနိုင်မည် ဖြစ်သည်။

အခုထိ မသိ​သေးတာ ဖြစ်နိုင်ပါ့မလား?

All Chapters