← Chapters

ဧရာမအလှည့်အပြောင်း (ပထမပိုင်း)

Vol. 29 Ch. 3.183

ဧရာမအလှည့်အပြောင်း (ပထမပိုင်း)

Vol. 29 Ch. 3.183

"ဟင့်အင်း....အဲဒီဆေးရည်ကို ငါ အတိအကျ လေ့လာပြီးပြီ... အဆိပ်မရှိဘူး တကယ် အဆိပ်ပြင်းရင် သူထွက်ပြေးပါ့မလား? ငါတို့အားလုံးကို သတ်လိုက်တာ ကြာပြီပေါ့ သူနဲ့အတူ ရတနာကို ဘယ်သူက လုယူဝံ့မှာလဲ?"

လူအုပ်ထဲတွင် တစ်စုံတစ်ယောက်သည် အကျယ်ကြီး အော်ဟစ် တုံ့ပြန်လိုက်သည်။

သေချာသည်မှာ ဒီကြွေးကြော်သံအောက်မှာ လူတိုင်းရဲ့ စိတ်ခံစားမှုတွေက အများကြီး တည်ငြိမ်သွား​စေပြီး အားလုံးနီးပါးက ဒါကို သဘောပေါက် သွားကြသည်။

"လူတိုင်း စိတ်မပူပါနဲ့..... ကျုပ် ရှောင်းချင်ထျန်းက ဒီဆေးရည်တွေဟာ လုံးဝ အဆိပ်မရှိဘူး ဆိုတာ လူတိုင်းကို အာမခံနိုင်ပါတယ်!"

ရှောင်းချင်ထျန်း တစ်ပတ်လောက် လှည့်ကြည့်ပြီးနောက် လုရွှမ်ကို တစ်ဖန် ပြန်ကြည့်ကာ

"လူတိုင်းကို အသုံးမဝင်တဲ့ စကားတွေပြောဖို့ လာစောင့်ခိုင်းနေရင်တော့ စိတ်မကောင်းပါဘူး... ဒီလှည့်ကွက်က အသုံးမဝင်ဘူး!"

"ငါ့ရဲ့ဆေးရည်က အဆိပ်ရှိတယ်လို့ ငါမပြောခဲ့ပါဘူး!... အဆိပ်နဲ့ သေသွားတာ မဟုတ်ဘူး ဆိုတာ သိရုံနဲ့ လူတိုင်းကို နှစ်သိမ့်ပေးဖို့ မကြိုးစားနေပါနဲ့"

လုရွှမ်က သက်ပြင်းတစ်ချက် ချလိုက်ပြီး လှည့်ကြည့်လိုက်တော့

"တကယ် ထွက်သွားမယ့်သူ မရှိဘူးလား?"

"လေကြီးနေတာကို ဒီနေရာမှာတင် ရပ်လိုက်တော့"

"မင်းက သေရတော့မယ်လို့ပဲ ငါထင်​နေတယ်!"

ရာနှင့်ချီသောလူများ ဝိုင်းရံထားသော်လည်း မည်သူမျှ ထွက်မသွားချေ။

"လုရွှမ်... မင်းမှာ လှည့်စားနိုင်တဲ့ အရည်အချင်းတွေ တကယ် ရှိနေတာကို ငါတို့ သိပါတယ်.... ဒါပေမဲ့ ဒီတစ်ခါတော့ ဘာအကျိုးမှ မရှိဘူးလို့ ထင်ရတယ်နော်!"

မင်းသားချန်ရှင်းက အေးစက်စွာ ပြုံးလိုက်ပြီး

"လူတိုင်း မကြောက်ပါနဲ့ ဒီကောင်လေး ဘယ်ကိုမှ သွားစရာ မရှိတော့ဘူး... အဲဒါကြောင့် သူက ပေါက်ကရတွေ ပြောပြီး လူတိုင်းရဲ့ အတွေးတွေကို ခြောက်ခြားနေစေချင်တာ!"

"ငါက ပေါက်ကရတွေ ပြောနေတာတယ်ပေါ့?? ဘယ်သူမှ ထွက်မသွားဘူး ဆိုမှတော့ စိတ်မကောင်းပါဘူး"

မင်းသား ချန်ရှင်း၏ လှောင်ပြောင်မှုကို လျစ်လျူရှုပြီး လုရွှမ်သည် ခေါင်းယမ်းကာ လက်ကောက်ဝတ်ကို လှန်၍ အနည်းငယ်ဟောင်းပြီး ရွှံ့များ ထူထပ်စွာ ဖုံးအုပ်ထားသော ခေါင်းလောင်းကို ထုတ်ယူလိုက်သည်။

"ဒါက မင်းအားကိုးနေတဲ့ ရတနာလား?"

ခေါင်းလောင်းကို မြင်သောအခါ တစ်ဖက်မှ ကျီးကန်းလည်း အံ့သြသွားသည်။

ဤအရာသည် အဆင့်နိမ့်ပုံ မပေါ်ပါ။ ထို့ကြောင့် ၎င်းသည် ရတနာတစ်ခု ဖြစ်နိုင်သည်။ သို့သော် ၎င်းကို သိန်းနှင့်ချီသော သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်က လူများကို သတ်ရန် အသုံးပြုလိုပါက မလုပ်နိုင်လောက်ပေ။

လုရွှမ်သည် မေးခွန်းထုတ်နေသည့် ကျီးကန်းကို လျစ်လျူရှု၍ ခေါင်းလောင်းကို လှည့်ကာ စောစောက သူတွေ့ခဲ့သော အပေါက်ဆီသို့ ယူဆောင်သွား​တော့​သည်။

ကျီးကန်း အောက်ကို ငုံ့ကြည့်ကာ ထူးဆန်းသောသဲကွက်သည် သူ့လက်ထဲတွင်ရှိသော ခေါင်းလောင်းနှင့် လုံး၀ အံဝင်ခွင်ကျ ဖြစ်နေကြောင်း သိလိုက်ရသည်။

"အားလုံး အဆုံးသတ်လိုက်ရအောင်.... ငါ့ကို သတ်ချင်တဲ့ လူတွေကိုတော့ သတ်ခံရမှာပဲ!"

လက်ဖဝါးကို အလင်းတချက်ဖြင့် ဖျတ်ခနဲ တစ်ချက် နှိပ်လိုက်ခြင်းဖြင့် ခေါင်းလောင်းကို ချောင်းထဲသို့ တစ်ချက်ချင်း သွင်းလိုက်သည်။ ၎င်းသည် သော့ကို သော့အိမ်ထဲသို့ ထည့်လိုက်သလိုမျိုး ပြီးပြည့်စုံစွာ အံဝင်ခွင်ကျ တိုးဝင်သွား၏။

ရွှမ်း!

ခေါင်းလောင်းသံ ကြားလိုက်တာနဲ့ သဲကန္တာရ တစ်ခုလုံး တုန်ခါသွား​လေသည်။ မူလအစိုင်အခဲမြေပြင်ဟာ မျက်စိတစ်မှိတ် အတွင်းမှာပဲ ပြင်းထန်တဲ့ ပါးစပ်​ကြီးအဖြစ် ပြောင်းလဲသွားပါတော့သည်။ ကီလိုမီတာ သောင်းနဲ့ချီတဲ့ အချင်းဝက် အတွင်းမှာ ကောင်းကင်ကြီးဟာ ပြိုကျလာသလို လောက၏ အဆုံးသို့ ဝင်ရောက်သွားသလို ခံစားလိုက်ရသည်။

"အား? ဘာဖြစ်နေတာလဲ?"

"ဘာဖြစ်တာလဲ?"

"ငလျင်လှုပ်တာလား? မဟုတ်ဘူး!! ဒါ လုရွှမ်နဲ့ ဆက်စပ်နေရမယ်"

ပတ်ဝန်းကျင်၏ အပြောင်းအလဲကို ခံစားရတဲ့ လူတိုင်းရဲ့ အမူအရာများမှာ ပြောင်းလဲသွား၏။

"မင်းသေချင်နေတာလား!"

ရှောင်းချင်ထျန်းသည် လုရွှမ်နှင့် ဆက်စပ်နေရမည်ကို သိရှိပြီးနောက် အော်ဟစ်ကာ ပြေးဝင်သွားခဲ့သည်။

ဘိ!

သို့သော် သဲသောင်ခုံများဆီသို့ မရောက်မီတွင် အဖြူရောင် အလင်းတန်းများ ချက်ချင်း လင်းလက်သွားကာ သဲသဲခုံများကို ဖုံးအုပ်သွားသည်။ သဲခုံများသည် လူ့လောကနှင့် ကွဲကွာသွားသကဲ့သို့ သူမည်သို့ပင် တိုက်ခိုက်လာပါစေ လုရွှမ်ကို မထိမှန်နိုင်ပေ။

လူတစ်​​ယောက်​နှင့်​ ကျီးကန်းတစ်​​ယောက်​သည်​ အခြား​နေရာ အခြားကမ္ဘာတစ်​ခုသို့ ဝင်​သွားသကဲ့သို့ပင်​။

"လေဟာနယ် ကင်းကွာမှု?"

ကျီးကန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ၎င်း၏အမြင်သည် လက်ရှိ လူတိုင်းထက် မြင့်မားနေပြီး ပြဿနာကို ချက်ချင်း မြင်နိုင်သည်။

သဲသောင်ပြင်တစ်ဝိုက်တွင် ပေါ်လာသော အဖြူရောင် အလင်းတန်းများသည် သဲကန္တာရ တစ်ခုလုံးကို အနှောင့်အယှက် မဖြစ်စေဘဲ ကမ္ဘာနှစ်ခြမ်း ကွဲသွားသကဲ့သို့ သဲကန္တာရ တစ်ခုလုံးကို ခွဲထွက်သွားစေသည်။

​လေဟာနယ်ကို ခွဲထုတ်နိုင်စေရန် စိတ်စွမ်းအား အတိုင်းအတာသည် အနည်းဆုံး ၄.၀ သို့မဟုတ် ထို့ထက် ပိုနေရမည်။

ဝုန်း!

ခေါင်းကို လှည့်ကာ သဲသောင်ပြင်ကို လှမ်းကြည့်လိုက်သည်။

သဲကန္တာရ တစ်ခုလုံး ငရဲအဖြစ်သို့ ပြောင်းလဲသွားသလို မြေကြီးများ အက်ကွဲကာ သဲတောင်များလည်း ပြိုကျကာ ကောင်းကင်နှင့် မြေကြီးလည်း ပျက်စီးနေ၏။

လုရွှမ်ကို လိုက်ဖမ်းခဲ့တဲ့ ထောင်ပေါင်းများစွာသော လူတွေဟာ ဒီအချိန်မှာ ရေနွေးပူပူထဲက ပုရွက်ဆိတ် လေးတွေလိုပဲ သူတို့ လွတ်မြောက်ဖို့က တောင်းဆိုချင်တာက လွဲလို့ ရွေးချယ်စရာ မရှိတော့ချေ။

"မဟုတ်ဘူး"

"ငါ မသေချင်သေးဘူး!"

"ဆရာကြီးလုရွှမ် ကျွန်တော် မှားသွားပါတယ်... ကျေးဇူးပြုပြီး ခွင့်လွှတ်​ပေးပါ"

"တစ္ဆေဝင်ပူးနေသလို မင်းကို သတ်ချင်နေခဲ့မိတာ.... အခု ငါမှားနေပြီဆိုတာ သိပြီမို့ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ"

လောကကို လွန်မြောက်စေသော တန်ခိုးသည် ပျံ့လွင့်သွားကာ သဲကန္တာရသည် ဧရာမ အလှည့်အပြောင်းကဲ့သို့ အောက်ဘက်သို့ ပြိုကျသွားသည်။ သဲကန္တာရပေါ်တွင် ရပ်နေသော မရေမတွက်နိုင်သော အင်အားကြီးသော လူတို့သည်လည်း အောက်ခြေမရှိသော တွင်းထဲသို့ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားပြီး လေထဲတွင် ရုန်းကန်နေသူများလည်း အချည်းနှီး ပေါက်ကွဲသွားသည်။

"မဟုတ်ဘူး.... ဒါက ဘာတွေဖြစ်နေတာလဲ?"

ရှောင်းချင်ထျန်းလည်း ထိတ်လန့် ခြောက်ခြားသွားပြီး သူ့အသက်အတွက် လွတ်မြောက်လိုစိတ်ဖြင့် ဟိုပြေးသည်ပြေးဖြင့် ရှောင်နေခဲ့သည်။

မိုင်ထောင်သောင်းချီ အချင်းဝက်ရှိတဲ့ မြေကြီးက နစ်မြုပ်​နေလို့ သနားစရာ ကောင်းလိုက်တာက သူလွတ်ချင်ရင်တောင် ဘယ်ကနေ လွတ်မြောက်နိုင်ရမလဲ မသိတော့ချေ။ ခဏလောက် အားထုတ်ပြီးနောက် သူ့ခြေထောက်တွေ ပျော့လာပြီး တခြားသူတွေလိုပဲ လဲကျသွားသည်။

ဝုန်း!

မတော်တဆမှု အများအပြား ဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း လူများလည်း လေထဲတွင် အပိုင်းပိုင်း ကွဲသွားခဲ့သည်။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ဖြစ်သော အင်အားကြီး ထိပ်သီးစာရင်းတွင် ရှိသော ပညာရှင်များပင် ၎င်းတို့ရှေ့တွင်ရှိ သဘာဝဘေးဒဏ်ကို ခုခံနိုင်စွမ်း မရှိနိုင်ဘဲ အလွယ်တကူ သေဆုံးသွားတော့မလို ဖြစ်နေသည်။

"အား.... ငါမသေချင်သေးဘူး မင်းသားချန်ရှင်း ကျွန်မကိုကယ်ပါ"

သခင်မဟိုင်ထန်သည် ပထမဆုံး ဝါးမျိုခံလိုက်ရပြီး စူးစူးဝါးဝါး အော်ဟစ်သံများက ကောင်းကင်ယံအထိ ကျယ်လောင်စွာ ထိုးတက်သွားသည်။ သူမ သေခါနီး အချိန်အထိ ဒီအဖြစ်အပျက်ကို မယုံနိုင် ဖြစ်သွားခဲ့သည်။

ဤတစ်ကြိမ်တွင် သူတို့သည် ကြိုတင်ပြင်ဆင်မှု အားလုံးကို ပြုလုပ်ထားခဲ့ပြီး သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ရှိ လူကိုပင် လုရွှမ်ကို ဖမ်းဆီးရန် ခေါ်ဆောင်လာခဲ့သည်။ မထင်မှတ်ဘဲ တစ်ဖက်လူသည် ကောင်းကောင်းမွန်မွန် အသက်ရှင်နေပြီး သူတို့ကတော့ သေရတော့မည်။

"ငါမသေချင်သေးဘူး.... ငါ ရာဇပလ္လင်ကို အမွေမဆက်ခံ ရသေးဘူး... ငါ ပေရွှီးအင်ပါယာရဲ့ ဘုရင်ဖြစ်ဖို့ ရည်မှန်းထားတာ ဘုရင်မင်းမြတ်က ဒီမှာ ဘာလို့ သေရမှာလဲ!"

မင်းသား ချန်ရှင်း၏ မျက်လုံးများသည် သွေးစွန်းနေသော သဲကန္တာရကို ကြည့်နေလျက် အင်မတန် တုန်လှုပ်နေ၏။ သူ လျင်မြန်စွာ လှည့်ပတ်ပြေးသော်လည်း ရှောင်းချင်ထျန်းပင် မရှောင်နိုင်ရာ သူ့လို ယွမ်ချီနယ်ပယ်က ဘယ်လိုလုပ် ရှောင်နိုင်ပါ့မလဲ။

နောက်အခိုက်အတန့်မှာတော့ သူလဲကျသွားပြီး သူ့ခန္ဓာကိုယ်ကလည်း အမှုန့်အဖြစ် ပြောင်းလဲသွားလေ၏။

"ငါ့ကိုမသတ်ပါနဲ့"

"ငါစောစောသိရင် ဒီကိစ္စမှာ မပါဝင်ခဲ့ပါဘူး!"

"လုရွှမ်က ရတနာကို လုယူပြီး လူသတ်ခဲ့ရင်တောင်... ဘာလို့ တခြားသူတွေရဲ့ စကားကို နားထောင်ပြီး ဒီကို မလာခဲ့သင့်ဘူး"

"ငါနောင်တရနေပါပြီ... လုရွှမ် ငါတို့ကို ထွက်သွားခိုင်းတုန်းက ငါတို့ထွက်သွားသင့်တယ်"

အော်ဟစ်သံ အမျိုးမျိုးတို့သည် အဆုံးမရှိပေ။ ရာနှင့်ချီသော ခွန်အားကြီးသော လူတို့သည် နောက်ဆုံးတွင် လုရွှမ်သည် သူတို့လာရန် စောင့်ဆိုင်း​နေရသည့် အကြောင်းရင်းကို နောက်ဆုံးတွင် နားလည်သွားကြသည်။

တစ်ဖက်လူမှာ ဒီလိုမျိုး နည်းလမ်းတွေ ရှိမှန်း ဘယ်သူမှ မသိလိုက်ရတဲ့ အတွက် နောက်ဆုံးတော့ သနားစရာ အကောင်းဆုံး အခြေအနေ တစ်ခု ဖြစ်သွားလေသည်။

ဝုန်း!

အော်ဟစ်သံများ တဖြည်းဖြည်း လျော့ပါးလာပြီး အသက်ရှင် ကျန်ရစ်သူလည်း နည်းပါးလာခဲ့သည်။ ကမ္ဘာမြေကြီးသည် ဧရာမ အလှည့်အပြောင်း တစ်ခုကဲ့သို့ လုံးလုံးလျားလျား ပြောင်းလဲသွား၏။

မူလကန္တာရသည် ကြီးမားသော မြက်ခင်းပြင်ကြီး အဖြစ်သို့ ပြောင်းလဲသွားကာ တောင်တန်းများ မြစ်များအဖြစ်သို့ ကမ္ဘာကြီးသည် တခဏချင်း ဘေးဒုက္ခများ ပျက်ပြယ်သွားသလို ပြောင်းလဲသွားခဲ့လေသည်။

အချိန်မည်မျှ ကြာသွားသည် မသိသော်လည်း နောက်ဆုံးတွင် မြေပြင်၏ အဆက်မပြတ် တုန်ခါမှုသည် ရပ်တန့်သွားခဲ့သည်။

"ငါတို့မသေဘူးလား?"

"ငါတို့ အသက်ရှင်နေတုန်းပဲကွ!"

လုရွှမ်ကို ပြင်းပြင်းထန်ထန် သတ်ဖို့ ရောက်လာတဲ့ ​သောင်းချီခဲ့တဲ့ လူတွေဟာ အခုတော့ တစ်ထောင်အောက်ပဲ ကျန်ခဲ့သည်။ ဒီလူတွေဟာ တခြားသူတွေလို ကံကောင်းလို့ ချောက်ထဲကို မပြုတ်ကျဘဲ ရှင်သန်နိုင်ခဲ့သူများ ဖြစ်သည်။

သို့သော် အသက်ရှင်နေသော်လည်း လုရွှမ်ကိုတော့ ဘာမှလုပ်ဝံ့မည် မဟုတ်​တော့ပေ။

တစ်ဖက်လူဟာ ရယ်ရယ်မောမော ပြောဆိုနေခဲ့သော်လည်း တစ်ချိန်တည်းမှာ ထောင်နဲ့ချီတဲ့ သန်မာတဲ့ လူတွေကို သတ်ပစ်ခဲ့ပြီး အခု ရာဂဏန်းပဲ ရှိတော့သည်လေ။

"သူက နတ်ဆိုးပဲ!"

အချိန်အတိုင်းအတာ တစ်ခုအထိ သတိပြန်မဝင်သေးသော လူတစ်ယောက်သည် နောက်ဆုံးတွင် တုန်တုန်ယင်ယင်နှင့် အော်ဟစ်လိုက်၏။

All Chapters