← Chapters

ဧရာမအလှည့်အပြောင်း (ဒုတိယပိုင်း)

Vol. 29 Ch. 3.184

ဧရာမအလှည့်အပြောင်း (ဒုတိယပိုင်း)

Vol. 29 Ch. 3.184

"ဟုတ်တယ်.... ဒါက နတ်ဆိုးပဲ"

ထိုစကားအတွက် အသက်ရှင်နေသေးသော လူရာပေါင်း များစွာသည် တစ်ချိန်တည်းတွင် အမှန်တကယ်ပင် ခေါင်းညိတ်လာခဲ့ကြသည်။

ထောင်ပေါင်းများစွာသော သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် စွမ်းအားရှင်များသည် အဓိပတိနယ်ပယ်ကို ဝိုင်းရံထားကြသည်။ ဦးနှောက်မရှိသော လူပင်လျှင် ရလဒ်ကို သိနိုင်သည်။

နောက်ဆုံး အဓိပတိနယ်ပယ် သေသွားလိမ့်မည်မှာ သေချာသော်လည်း လက်တွေ့မှာ ဆန့်ကျင်ဘက် ဖြစ်သွားသည်။

ရာနှင့်ချီသော လူတို့သည် သတ်ဖြတ်ခံလိုက်ရတာ အနည်းငယ်မျှသာ ကျန်တော့သည်။ မိမိတို့ကိုယ်တိုင် မျက်စိနှင့် မမြင်ခဲ့ရပါက ယုံနိုင်မည်ပင် မဟုတ်ချေ။

"အားလုံး မင်းတို့ငါ့ကို သတ်ချင်သေးရင်တော့ ငါ မင်းတို့နဲ့ ကစားပေးလို့ရတယ်!"

လူတိုင်း ရင်တုန်နေချိန်တွင် လုရွှမ် တည်ရှိရာ သဲသောင်ပြင်သည် ပြိုကျလာပြီး ဘယ်သောအခါမှ မပျက်စီးခဲ့ သကဲ့သို့ မြေပြင်ပေါ်တွင် ငြိမ်သက်စွာ ကြီးထွားလာခဲ့သည်။ လူငယ်သည် ​သောင်ထိပ်တွင် ရပ်ကာ လူတိုင်းကို တိတ်တဆိတ် ကြည့်၍ မျက်လုံးများက ငြိမ်သက်နေခဲ့သည်။

"အား... ငါတို့ မလုပ်ရဲပါဘူး!"

ဒါကိုကြားတော့ လူတိုင်းဟာ တုန်လှုပ် ခြောက်ခြားသွားကြသည်။

သူ့ကို သတ်ရဲပါ​တော့မ​လား?

ရှောင်းချင်ထျန်း၊ ချီကျန့်ယွင်၊ ကျင်းကျွိချိုး စတဲ့ လူတွေဟာ တော်ဝင်အင်ပါယာရဲ့ လက်ချိုးရေလို့ရတဲ့ လူတွေပဲ ဖြစ်သည်။

သခင်များစွာသည် သူတို့၏ မျက်စိရှေ့တွင် သေကုန်ကြသဖြင့် သနားစရာ ကောင်းသည့် ကျန်လူများမည်မျှပင် ရဲရင့်နေပါစေ သူတို့သည် ဤလူငယ်ကို နောက်တစ်ကြိမ် ထပ်မတိုက်ဝံ့တော့ပေ။

"ငါ့မှာ မင်းတို့လိုချင်တဲ့ ရတနာတွေ ရှိတယ်လေ.... မင်းတို့ငါ့ကို မသတ်တော့ဘူးဆိုတော့ ခိုးသွားချင်တာလား?"

လုရွှမ်ကက ပြုံးပြီး ပြောလိုက်သည်။

"မလုပ်ရဲပါဘူး.... မလုပ်ရဲပါဘူး!"

"ရတနာတွေက သီလရှိပါတယ်... လူကြီးမင်းလုရွှမ်ကသာ ပိုင်ဆိုင်ဖို့ ထိုက်တန်တာပါ.. ငါတို့က သူတို့အတွက် တိုက်ပွဲမဝင်ရဲပါဘူး"

ပြုံးနေသော လူငယ်ကို မြင်လိုက်တိုင်း လူတိုင်း ကြောက်လန့်တကြား ကြက်သီးတဖျင်းဖျင်း ထလာတော့သည်။

"မင်းတို့ မလိုချင်​ဘူး ဆိုမှတော့ ဘာလို့ မထွက်​သွား​သေးတာလဲ!"

လုရွှမ် မျက်​ခုံးပင့်​ကာ ​အော်​လိုက်​သည်​။

"ဟုတ် ဟုတ်ကဲ့!"

"မြန်မြန် သွားရအောင်!"

ဒါကိုကြားတော့ ထိတ်လန့် တုန်လှုပ်နေတဲ့ လူတွေက မခံနိုင်တော့ဘဲ လှည့်ထွက်ပြေးသွားကြတော့သည်။ ဒီအချိန်မှာ နောက်ကျတဲ့ ခြေထောက်က သစ္စာဖောက်ပါပဲ။

ယွမ်ချီနယ်ပယ် အစောပိုင်း​ကာလက လူငယ်ကို ပယ်ပယ်နဲနဲဲ ကြိမ်းမောင်းခဲ့သည့် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က သခင်များ လှည့်ထွက်ပြေးသွားသည်ကို အခြားသူများ သိပါက အသတ်ခံရရင်တောင် မယုံလောက်ပေ။

ကံမကောင်းစွာနဲ့ ဒါက အမှန်တရား ဖြစ်လို့နေသည်။

လုရွှမ်ရဲ့ နည်းလမ်းက သူတို့ ဉာဏ်ရည်အရ လုံးဝ ထိတ်လန့်စေခဲ့သည်။ နောက်ထပ် အသက် ဆယ် ​ချောင်းလောက် ပေးရင်တောင်မှ လူငယ်ကို တိုက်ခိုက်ဝံ့မှာကိုတောင် ကြောက်ရပေ၏။

"ဘာဖြစ်ကုန်တာလဲ?"

လူသတ်ဖို့ ပြေးလာသူတိုင်း အလျင်အမြန် ပြေးထွက်သွားသည်ကို မြင်သော် ကျီးကန်းမှယ မတတ်နိုင်ဘဲ မေးလိုက်သည်။

လုရွှမ်သည် မြေကြီး နစ်မြုပ် တုန်ခါသွား​စေရန် မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သည်ကို မသိရသေးဘဲ ဤလူများအား အမြောက်အများ သေဆုံးသွားခဲ့သည်။

"ဒါက ရိုးရှင်းပါတယ်.... ပြောရရင် စကားတစ်ခွန်းပဲ ရှိတယ်!" လုရွှမ် သက်ပြင်းချရင်း

"ဧရာအ ဘီလူးကြီးရဲ့ နောက်ပြန်လှည့်စေတဲ့ ရွှေခေါင်းလောင်းလေ!"

"ဧရာမဘီလူးကြီးရဲ့ နောက်ပြန်လှည့်စေတဲ့ ရွှေခေါင်းလောင်း?"

ကျီးကန်းက မျက်တောင်ခတ်လိုက်သည်။

"တကယ်တော့ ဒီစာ​ကြောင်းကို ပြောင်းပြန်လှန်သင့်တယ်.... ဆိုလိုတာက စိမ်းစိုနေတဲ့ ရွှေခေါင်းလောင်းကြီးက ဧရာမလူ​ကြီးကို နောက်ပြန်လှည့်စေ လိမ့်မယ်လို့လေ... ဒီရွှေခေါင်းလောင်းကို ရထားသရွေ့တော့ ဧရာမလူကြီးကိုတောင် နောက်ပြန်လှည့် ပြေး​စေလိမ့်မယ်!"

"ဒဏ္ဍာရီထဲမှာ ကောင်းကင်လူသား ခေါ်တဲ့ ဧရာမလူသား ရှိခဲ့တယ်လို့ ပြောကြတယ်.. သူတို့အရပ်က ကီလိုမီတာ သောင်းနဲ့ချီ ရှည်လျားပြီး သူတို့တစ်ကြိမ် အသက်ရှူရင် သဲကန္တာရ ရှစ်ခုကို ဖြတ်သန်း ရှူရှိုက်နိုင်တယ်။ ပြည်နယ် လေးခုကို ကြေမွပြီး ပျက်စီးသွား​စေနိုင်တ​ယ်.... နောက်ပိုင်းမှာ ခေါင်းဖြတ်ခံရတယ် တိမ်ပင်လယ် နယ်မြေထဲက ပညာရှင်တွေက သူတို့ကို ရှန့်ခုန်းချိုင့်ဝှမ်းထဲမှာ မြှုပ်နှံထားခဲ့တာလေ... ဧရာမအကောင်ကြီး သေဆုံးသွားပေမယ့် သူရဲကောင်း စိတ်ဓာတ်ကတော့ ရှိနေတုန်းပဲ... တစ်စုံတစ်ယောက်က ဒီရွှေခေါင်းလောင်းကို ရှာတွေ့ပြီး သူ့ပါးစပ်ထဲ ထည့်ထားသရွေ့ လေဟာနယ် ကင်းကွာမှု အလှည့်အပြောင်းကြီး ဖြစ်ပေါ်လာလိမ့်မယ်"

"လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်သောင်းက... ၂၇၃ ​ယောက်မြောက် ရွှမ်ချင်ဂိုဏ်းရဲ့ အကြီးအကဲက အဖွဲ့တစ်ဖွဲ့ကို ဝင်ဖို့ ဦးဆောင်ခဲ့တယ်... ရလဒ်အနေနဲ့ သူတို့ဟာ ဧရာမလူသားရဲ့ အလှည့်အပြောင်း ဆိုတဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်နဲ့ ကြုံခဲ့ရပြီး တစ်ဖွဲ့လုံးကို သုတ်သင်ပစ်လုနီးပါး ဖြစ်သွားခဲ့တယ်.... အဲဒါနဲ့ ပတ်သက်ပြီး စာအုပ်ထဲမှာ ဖတ်ခဲ့ဖူးတယ်.... ငါက ရှန့်ခုန်းမြို့မှာ လျှောက်ကြည့်တုန်း တိုက်ဆိုင်စွာနဲ့ ဒီရွှေခေါင်းလောင်းကို ရခဲ့တာ!"

"ဒီလိုမျိုးလည်း ရှိသေးတယ်လား?"

ကျီးကန်းမှာ မယုံနိုင်အောင် ဖြစ်နေသည်။

"ဟုတ်တယ်.... ပြောရမယ်ဆိုရင် ဒီလို ဧရာမ အလှည့်အပြောင်းက တကယ်တော့ မြေမျက်နှာသွင်ပြင်နဲ့ မြေထုပုံစံကို အချိန်တိုအတွင်း ပြောင်းလဲပစ်တာပဲ... ချိုင့်ဝှမ်းထဲမှာ နေထိုင်သူတွေ သေဆုံးရတဲ့ အကြောင်းရင်းက တကယ်တော့ ဒီလိုမျိုး ကြုံတွေ့ခဲ့ရလို့ပဲ.... သူတို့ရှေ့မှာ ကမ္ဘာမြေကြီး ပြောင်းလဲသွားလို့ သူတို့ ရှင်သန်နိုင်ဖို့ တိုက်ခိုက်နိုင်ပေမယ့် ကံမကောင်းတာက မင်း အခု မြင်ပြီးပြီပဲ..... ဒီလို ပြောင်းလဲမှုမျိုးကို သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ပြီးပြည့်စုံခြင်းကာလက လူတောင် သေဖို့တစ်လမ်းပဲ ရွေးချယ်နိုင်ခဲ့တယ်လေ"

လုရွှမ်က ရှင်းပြသည်။

"ဧရာမ ဘီလူးကြီးရဲ့ ရွှေခေါင်းလောင်း အကြောင်း သိနေလို့ သူတို့အာရုံကို တမင် ဆွဲဆောင်ခဲ့တာလား"

ကျီးကန်းမှာ နောက်ဆုံးတော့ နားလည်လိုက်ပါပြီ။

"အင်း! ငါ ရွှေခေါင်းလောင်းကို ရထားပေမယ့် အစတုန်းကတော့ မသုံးဖို့ မရည်ရွယ်ထားဘူး... ဒီလူတွေက ငါ့ကို သတ်ချင်နေတာ ဆိုတော့ ငါ့ဆန္ဒ ပြည့်သွားအောင် ဝူအဆင့်၁၀ကို ထိုးဖောက်ပြီး စမ်းကြည့်လိုက်တာလေ"

လုရွှမ်လည်း ခေါင်းညိတ်လိုက်သည်။

အရာအားလုံးသည် သူ့တွက်ချက်မှုများ အတွင်းသာရှိ၍ ဤအချက်ကြောင့်ပင် ပြိုင်ဘက်သည် အဆင့် (၈) အဆင့်သို့ ရောက်နေပြီ ဖြစ်သော်လည်း လေဟာနယ် ကင်းကွာမှုကဲ့သို့ အလှည့်အပြောင်းကြောင့် သေရုံကလွဲလို့ ရွေးချယ်စရာ မရှိတော့ချေ။

"လတ်စသတ်တော့ အဲ့လိုကိုး...."

ကျီးကန်းက ခေါင်းတဆက်ဆက် ညိတ်လိုက်သည်။

ကျင့်​ကြံမှုဟာ ဘယ်တော့မှ မချောမွေ့ခဲ့ပေ။ ကမ္ဘာကြီးရဲ့ အထွတ်အထိပ်ကို ရောက်နိုင်တဲ့ သန်မာတဲ့ ယောက်ျားတွေထဲက ဘယ်သူကများ မရေမတွက်နိုင်တဲ့ လူတွေရဲ့ သွေးကို သူတို့လက်ထဲမှာ မစွန်းထင်းခဲ့ဘူးဆို​တာ ရှိလို့လဲ?

တစ်စုံတစ်ယောက်ကို သတ်ချင်ရင် သတ်ပစ်ရမှာပဲ။ လုရွှမ်မှာဟာ ဒီနည်းလမ်းတွေ မရှိခဲ့ရင် အခုသေဆုံးသွားသူက သူကိုယ်တိုင်သာ ဖြစ်သွားနိုင်သည်။

"ဒီတိုက်ပွဲပြီးရင် ချိုင့်ဝှမ်းထဲမှာ ဘယ်သူမှ ငါ့ကို ထပ်နှောက်ယှက်ဝံ့မှာ မဟုတ်ဘူးလို့ ခန့်မှန်းရတာပဲ!"

လုရွှမ်သည် ပေါ့ပေါ့ပါးပါး ပြုံးကာ ဖီးနစ်၏ အတောင်ပံများကို ဖြန့်လိုက်သည်။

"ရှေးဟောင်း သစ်ရွက်စိမ်းကို ရှာကြရအောင်"

"ကောင်းပြီ!"

ကျီးကန်းလည်း ခေါင်းညိတ်ပြပြီး အနီးကပ် လိုက်သွားခဲ့သည်။

"မင်း ဘာပြောလိုက်တယ်? လုရွှမ်က အဲဒီလူတွေကို သတ်လိုက်တာ ဟုတ်လား?"

"ဒါက ဘယ်လိုဖြစ်တာလဲ?"

"သူဘယ်လို နည်းလမ်းကို သုံးသွားလိုက်မှန်း မသိဘဲ ရှောင်းချင်ထျန်းနဲ့ တခြားသူတွေ အကုန်လုံး အသတ်ခံခဲ့ရတယ်ပေါ့?? ဒါ...."

"ကြောက်စရာ ကောင်းလွန်းတယ်.... ဒီလောက် မာနကြီး​နေတာ အံ့သြစရာ မဟုတ်​တော့ပါဘူး.... သူ့မှာ မာနကြီးဖို့ အရင်းအနှီး တကယ် ရှိနေတာပဲ!"

"ငါမလိုက်သွားတာ ကောင်းသွားတယ် မဟုတ်ရင် ငါလည်း သေမှာပဲ"

မကြာခင်မှာပဲ လုရွှမ်ဟာ မရေမတွက်နိုင်တဲ့ သခင်တွေကို ခေါင်းဖြတ်သတ်လိုက်တဲ့ သတင်းဟာ လုံးလုံးလျားလျား ပြန့်နှံ့သွားပြီး ချိုင့်ဝှမ်းထဲမှာ ရှိနေသူတိုင်း အံ့အားသင့်စွာဖြင့် မယုံနိုင်အောင် ဖြစ်သွားကြ​လေသည်။

"သခင်လေးက အဆင်ပြေမှာပါလို့ ငါမပြောခဲ့ဘူးလား!"

မုယန်ဖုန်းက ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

"ဒါက အစွမ်းထက်လွန်းတယ်!"

သတင်းကြားတော့ မင်းသမီးလော့ရုံရဲ့ မေးရိုးက မြေပြင်ပေါ် ပြုတ်ကျလုနီးပါး ဖြစ်သွားပြီး စကားပြောဖို့ အချိန်အတော်ကြာ ငြိမ်သက်နေခဲ့ရသည်။

ဟန်ရွှယ်၊ လင်ရှောင်းရှောင်းနဲ့ တခြားသူတွေကလည်း ထိုနည်းတူစွာ ဆွံ့အနေခဲ့ကြသည်။

အကြီးအကဲ ဖန့်ဝူဆွေ့မှာလည်း အလွန်ထိတ်လန့်သွားပြီး သူ့မျက်နှာမှာ ချွေးသီးချွေးပေါက်များဖြင့် ဖြည့်နေ၏။

"ရတနာအဆောက်အအုံ သခင်ကျန့်က ဒီစွမ်းရည်ကို သဘောကျ​နေတာ အံ့သြစရာ မရှိ​တော့ပါဘူး"

ကံကောင်းထောက်မစွာ သူသည် တောင်းပန်ရန် အစပြုခဲ့ပြီး တစ်ဖက်ကလည်း ခွင့်လွှတ်​ပေးခဲ့သည်။ မဟုတ်ပါက ဤလူငယ်သည် အဘယ်လှည့်ကွက်များကို သုံးနိုင်သည်ကို အမှန်တကယ် မသိဘဲ သူပါရော၍ သေသွားရနိုင်သည်။

၎င်းတို့သည် ထောင်ပေါင်းများစွာသော သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် စွမ်းအားများ ဖြစ်သည်။ ၎င်းတို့သည် မည်သည့် အင်ပါယာကို မဆို ကျူးကျော် တိုက်ခိုက်ပါက သုတ်သင်ရှင်းလင်းခြင်း မပြုမီ နှစ်ရက်ခန့်သာ ကြာနိုင်ဖွယ် ရှိသည်။

ကိုယ့်နားနဲ့သာ မကြားရရင် အိပ်မက်လားလို့ပင် သံသယ ဖြစ်မိလိမ့်မည်။

"ဟမ့် စိတ်ပျက်စရာပဲ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ရှောင်းယွင်ထျန်း၏ တုန်လှုပ်သွားပြီး သူ့မျက်နှာမှာ မယုံနိုင်စရာများ ပြည့်နှက်သွားခဲ့သည်။

သူသည် လုရွှမ်ဟာ ဒီအချိန်မှာ သေတော့မယ်လို့ မူလက ထင်ခဲ့ပြီး သူပြန်အသက် မရှင်နိုင်တော့ဘူးလို့ ထင်ခဲ့သည်။ သူ့ကိုသတ်ဖို့ လိုက်ဖမ်းနေတဲ့ ထောင်ပေါင်းများစွာသော လူတွေအားလုံး သုတ်သင်ခံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးထားခဲ့ဖူးချေ။

"ဒါဟာ ချိုင့်ဝှမ်းမှာရှိတဲ့ နေရာကောင်းကို မှီခိုနေတာပဲ... ဒီကနေ ထွက်သွားတဲ့အခါ မင်းဘာတွေ လုပ်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"

သူ့စိတ်ထဲတွင် ထိတ်လန့် တုန်လှုပ်သွားသော်လည်း ကြောက်ရွံ့မှုကို မခံစားရပေ။ သူ့အမြင်အရတော့ လုရွှမ်သည် လူပေါင်းများစွာကို သတ်နိုင်ရခြင်း အကြောင်းရင်းမှာ ချိုင့်ဝှမ်း၏ အထူး အနေအထားကို ဖမ်းမိထားသောကြောင့်ဖြစ်သည်။

သူတစ်ယောက်တည်းဆို ဘယ်လိုလုပ် လုပ်နိုင်မှာလဲ? သေချာပေါက် လက်စားချေရမယ်!

"မင်း အကယ်ဒမီကို ပြန်ရောက်တဲ့အခါ မင်းဘာကို အားကိုးနိုင်ဦးမလဲ ကြည့်ရသေးတာပေါ့... ပြီးရင် မင်းကို သင်ခန်းစာတစ်ခု ပေးရမယ်"

သူ့မျက်လုံးထဲတွင် အလင်းတန်း များနှင့်အတူ ရှောင်းယွင်ထျန်း၏ မျက်လုံးများသည် မှုန်မှိုင်းနေပြီး အေးစက်နေ၏။

All Chapters