← Chapters

အရွက်စိမ်း​သစ်ပင်ရဲ့နှလုံးသား

Vol. 30 Ch. 3.186

အရွက်စိမ်း​သစ်ပင်ရဲ့နှလုံးသား

Vol. 30 Ch. 3.186

"အသက်တစ်ရာ?"

လုရွှမ်၏ အမူအရာမှာ မကောင်း​တော့ပေ။

ရှေးဟောင်းသစ်ပင်၏ အကိုင်းအခတ်များက မိုင်ထောင်နှင့်ချီ၍ ဖုံးလွှမ်းနေသည်။ ထိုကဲ့သို့သော အကွာအဝေးမှာ အချိန်တိုအတွင်း မည်သို့လွတ်မြောက်နိုင်မည်နည်း။ အရှိန်က မြန်နေရင်တောင် လွတ်ဖို့ ခက်လိမ့်မည်။

ရှေးဟောင်းသစ်ပင်ရဲ့ နှလုံးသားကို ထုတ်ယူသည့် အချိန်ကို ပေါင်းထည့်လိုက်ပါက ဘာပဲဖြစ်ဖြစ် ပြီးမြောက်ရန် ခက်ခဲသော အလုပ်တစ်ခုလိုပင် ဖြစ်သွားပြီ။

"အရွက်စိမ်းနှလုံးသားက သစ်ပင် ပင်စည်ရဲ့ အလယ်ဗဟို အနီးနားမှာရှိတယ်... သူ့အကိုင်းအခတ်တွေက ကျယ်ဝန်းတဲ့ ဧရိယာကို ဖုံးအုပ်ထားတယ် ဆိုတော့ ငါတို့အပေါ်ကို ပြေးရင် လွတ်မြောက်နိုင်တယ်.... သစ်ပင် ဖုံးလွှမ်းထားတဲ့ ဧရိယာကနေ ထွက်သွားနိုင်သမျှ ကာလပတ်လုံး သူငါတို့ကို ဘာမှ လုပ်မပေးနိုင်ဘူး"

ကျီးကန်းက ပြောသည်။

"အင်း!" လုရွှမ်လည်း တုံ့ပြန်သည်။

​ရှေးဟောင်းအရွက်စိမ်း အပင်သည် အလွန်ကျယ်ပြန့်ကာ အလျားလိုက် လွတ်မြောက်ရန် ခက်ခဲသော်လည်း အထက်သို့ ဆန်တက်၍ လွတ်မြောက်လိုပါက အကွာအဝေးသည် အလွန်မကြီးသောကြောင့် အလွယ်တကူ လွတ်မြောက်နိုင်မည် ဖြစ်သည်။

ကျီးကန်းသည် ထူထပ်သော သစ်ပင်ပင်စည်များ တစ်လျှောက် လိုက်ကာ အထက်သို့ ဆက်လက် ပျံသန်းသွားခဲ့သည်။ တစ်နာရီခန့် ပျံသန်းပြီးနောက် နောက်ဆုံးတွင် ၎င်းတို့သည် ထိပ်ပိုင်းနှင့် အနီးဆုံးနေရာကို ရောက်ရှိလာခဲ့သည်။

"အဲဒါ အရွက်စိမ်းနှလုံးသားပဲ!"

ကျီးကန်း မျက်လုံးများက ရှေ့တည့်တည့်ကို စူးစိုက် ကြည့်နေ၏။

လုရွှမ်သည် နောက်မှလိုက်၍ ရှေးဟောင်း သစ်ပင်ကြီး၏ ကိုယ်ထည်ပေါ်တွင် ငြိမ်သက်စွာရပ်နေသော သစ်သားချောင်း တစ်ချောင်းကို တွေ့လိုက်ရသည်။ ၎င်း၏မျက်နှာပြင်သည် အရွက်တစ်ရွက်မျှ မရှိဘဲ ချောမွေ့နေ၏။

အဝေးကကြည့်လျှင် ကျောက်စိမ်းတုံး တစ်တုံးကို ထွင်းထုထားသကဲ့သို့ အစိမ်းရင့်ရောင် အဆင်း ရှိ​လေသည်။

လုရွှမ် တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။

ကျီးကန်းသည် သစ်သားနီပင် လုံးဝ တုနှိုင်းမရတဲ့ အကြောင်း ပြောနေစဥ်က လှောင်ပြောင်ခဲ့တာ အံ့သြစရာ မဟုတ်တော့ချေ။ ၎င်းကိုကြည့်ရုံဖြင့် အမှန်ဖြစ်ကြောင်း သူသိလိုက်ပြီ။

ဝူး!

လူတစ်​​ယောက်​နှင့်​ ကျီးကန်းတစ်​​ကောင်းသည် ၎င်း၏ရှေ့​သို့ ရောက်​လာခဲ့သည်​။

"အရွက်စိမ်းနှလုံးသားက ယူဖို့ အရမ်းခက်တယ်.... မင်း ရှေးဟောင်းမြို့က ရတနာတွေ အများကြီး ရခဲ့ရင်တောင် သူ့ကို ဖြတ်ယူဖို့ မဖြစ်နိုင်ဘူး!"

ကျီးကန်းက ဆိုလေသည်။

"ဒါဆို ငါတို့ ဘယ်လိုလုပ်သင့်လဲ"

ရှေး​ဟောင်းသစ်ပင်ကို စမ်းသပ် ကြည့်ပြီးနောက် ဒါက အမှန်​ဖြစ်ကြောင်း သဘောပေါက်ခဲ့ရာ ထိုရတနာနဲ့ ပတ်သက်ပြီး သံသယတွေ ပြည့်နှက်လာခဲ့သည်။

ရှေးဟောင်းမြို့၏ မြို့သခင် စံအိမ်တွင် တန်ခိုးကြီးသော လက်နက်များစွာကို သိမ်းဆည်းရခဲ့ပြီး တချို့မှာ သူတော်စင် ပုံစံများပင် ပါရှိလေသည်။ ထိုပစ္စည်းများကို သုံးလျှင်ပင် ခုတ်ထစ်၍မရဟု ကျီးကန်းက ပြောလာသောကြောင့် အခြားနည်းလမ်း မရှိတော့ပေ။

"ဖီးနစ် အမွေး!"

ကျီးကန်း မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် ဆိုလာသည်။

"ဖီးနစ်အမွေး?"

"ဟုတ်တယ်... ဖီးနစ်အမွေးက ​​ရှားပါး ရတနာစာရင်းမှာ အဆင့်မမြင့်ပေမယ့် အဆင့်၁၈ရှိတဲ့ တကယ့်ရှားပါး ရတနာတစ်ခုပဲ... ဒါက မင်းရဲ့ခန္ဓာကိုယ်မှာ လက်ရှိ အဖိုးတန်ဆုံး အရာဆိုတော့... သစ်ရွက်စိမ်း နှလုံးသားကို ဖြတ်ပစ်ဖို့က သူနဲ့ပဲ ဖြစ်နိုင်တယ်"

ကျီးကန်းက ပြော၏။

"ငါဘယ်လိုလုပ်ရမလဲ"

တစ်ဖက်လူ ပြောသည့် စကားက မှန်ကြောင်းသိ လိုက်ရသဖြင့် လုရွှမ် မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။

"ခဏနေ မင်းကို နန်းတော်ပင်လယ်ထဲက ဖီးနစ်အမွေးတွေကို ဘယ်လိုထုတ်ရမလဲ သင်ပေးမယ်... ပြီးတော့ အရွက်စိမ်းနှလုံးသားကို တိုက်ရိုက် ဖြတ်ပစ်လိုက်.... မင်း ရပြီဆိုတာနဲ့ သန့်စင်ဖို့ အလျင်စလို မလုပ်နဲ့ အရင်ဆုံး ကျောက်စိမ်းပြားထဲမှာ သိမ်းထားလိုက်ပြီး တတ်နိုင်သမျှ အမြန်ဆုံးသာ ပြေးတော့!"

ကျီးကန်းက နည်းလမ်းကို ထပ်ရှင်းပြသည်။

"ကောင်းပြီ!"

လုရွှမ်လည်း သူ့ကို သစ်ပင်ဝိညာဥ်က ရှာတွေ့ပြီးတာနဲ့ လွတ်မြောက်ဖို့ ခက်ခဲမယ်ဆိုတာ သိလိုက်တဲ့အတွက် ခေါင်းညိတ်လိုက်သည်။

သူ့အသက်ရှုသွင်းမှုနှင့် အာရုံစူးစိုက်မှုတို့ကို ချိန်ညှိလိုက်ရာ နန်းတော်ပင်လယ်ထဲတွင် လွင့်မျောနေသော ဖီးနစ်စွမ်းအင်၏ အမှုန်အမွှားများသည် မကြာမီတွင် လောင်မြိုက်နေသော မီးလုံး တစ်လုံးကဲ့သို့ တဖြည်းဖြည်း လွင့်ထွက်သွားသည်။

"ပြတ်စေ!"

ငှက်မွှေးကို သူ၏လက်ချောင်းများဖြင့် ကိုင်လျက် ရှေးဟောငိး အရွက်စိမ်း နှလုံးသားဆီသို့ လျှောက်သွားကာ ခုတ်ထစ်ပစ်လိုက်သည်။

ဇိဇိဇိဇိဇိ။

မီးတောက်များသည် ဖီးနစ်အမွေး၏ မျက်နှာပြင်ပေါ်တွင် စီးဆင်းသွားပြီး ကျောက်စိမ်းနှင့်တူသော သစ်သားချောင်းနှင့် ထိတွေ့လိုက်သည်နှင့် ချက်ချင်း ဆိုသလိုပင် သံမဏိနှင့် ဓားနှင့် ပုဆိန်တို့ ထိမိသံများလို ထွက်ပေါ်လာခဲ့သည်။

"အရမ်းကြမ်းတယ်!"

ဒီအသံကိုကြားတော့ လုရွှမ် မျက်ခုံးပင့်လိုက်သည်။

ဖီးနစ်အမွေးသည် ကမ္ဘာပေါ်တွင် ဆယ့်ရှစ်ခုမြောက် အရှားပါးဆုံး ရတနာဖြစ်သည်။ သူတော်စင် ပုံစံပါသော လက်နက်တစ်ခုသည် ၎င်းနှင့် ထိလိုက်လျှင်ပင် သံသွန်းပြီးသလို ချက်ချင်းပင် ပြောင်းလဲသွားမည် ဖြစ်သည်။

၎င်းကို သစ်သား အပိုင်းအစအား ခုတ်ထစ်ရန် အသုံးပြုသော်လည်း အလွန်ကြောက်စရာ ကောင်းသော အသံမျိုး ထွက်ပေါ်လာခဲ့၏။

"အမ်... အရာလေးပဲ ထင်တယ်?? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

အချိန်အတော် ကြာပြီးနောက် ဖီးနစ်အမွေးကို ပြန်ရုတ်လိုက်တဲ့အခါ ၎င်းကို တစ်ချက်ကြည့်လိုက်ရာ သူ့သူအိမ်ငယ်များ တုန်ယင်လာသည်။

အပေါက်တစ်ခုကို ဖြတ်သွားမယ် ဒါမှမဟုတ် အပိုင်းအစတစ်ခု ဖြတ်သွားမယ်လို့ တွေးထားသော်လည်း အဖြူရောင် အမှတ်အသားလေးပဲ ကျန်ခဲ့သည်။

ဒါက ကြောက်စရာ ကောင်းလွန်းပေ၏။

ကံကောင်းထောက်မစွာနဲ့ ဖီးနစ်အမွေးကို အသုံးပြုခဲ့သည်။ အခြားအရာများကို အသုံးပြုခဲ့မည်ဆိုလျှင် အဖြူရောင် အမှတ်အသားကိုပင် ချန်ထားခဲ့နိုင်မည် မဟုတ်ပေ။

“မြန်မြန်!” ကျီးကန်းက တိုက်တွန်းလာသည်။

"အင်း!"

ဖြတ်ရခက်လေ ဤအရွက်စိမ်း သစ်သားနှလုံးသားသည် ပို၍ အဖိုးတန်လေ ဖြစ်ကြောင်း သိလိုက်သဖြင့် လုရွှမ်သည် ဖီးနစ်အမွေးကို ထပ်မံထုတ်ကာ အရွက်စိမ်းနှလုံးသားကို ဖြတ်ပစ်ရန် မတွန့်ဆုတ်​တော့ပေ။

ဝုန်း ဝုန်း!

ဖီးနစ်အမွေးရဲ့ စွမ်းအင်ကို အမြင့်ဆုံးသို့ တွန်းပို့ခဲ့ပြီး မီးတောက်များသည် ကမ္ဘာကြီးကို ဖျက်ဆီးစေတော့မယ့်နှယ် တဟုန်းဟုန်း တောက်လောင်နေ၏။

ဇိဇိဇိဇိဇိ

တောက်လောင်နေသော မီးတောက်သည် စိမ်းစိုနေသော ရှေးဟောင်းအရွက်စိမ်း နှလုံးသားကို တောက်လောင်စေကာ လောင်ကျွမ်းနေသော အနံ့ကို ထုတ်လွှတ်လိုက်သော်လည်း ရလဒ်မှာ ကျေနပ်စရာ မရှိ​သေးပေ။ အသက်ရှူချိန် ၃၀ ကျော်ပြီးနောက် ငါးပုံတစ်ပုံပင် ပြတ်တောက်သွားခြင်း မရှိပေ။

"ဒါက အလုပ်မဖြစ်ပါဘူး.... အသက်တစ်ရာ ကျော်သွားပြီလား မသိဘူး!"

လုရွှမ်၏ မျက်နှာပင် ရုပ်ဆိုးလာသည်။

ဒီရှေးဟောင်းအပင် ဘယ်လောက်ကြာကြာ ရှင်သန်နေလဲ အတိအကျ မသိသလို ကျီးကန်းကလည်း တုန်လှုပ်နေသောကြောင့် အရမ်းကြောက်ဖို့ ကောင်းမှာ သေချာ၏။

သူ့အသက်တစ်ရာ ပြည့်တဲ့အထိ အဆက်မပြတ် ဖြတ်လိုက်မယ်ဆိုရင် နောင်အနာဂတ်မှာ ချောင်ပိတ်မိနေတော့မှာ ဖြစ်ပြီး လွတ်မြောက်ဖို့ လမ်းလည်း မရှိနိုင်တော့ချေ။

"ယွမ်ယန်ရဲ့ စစ်မှန်တဲ့ ဝိညာဥ်စွမ်းအင်ကို ထည့်သွင်းပြီး.... ဖီးနစ်အမွေး ငါ့အတွက် ခုတ်ပိုင်းနိုင်စေ!"

သူ့မျက်နှာမှာ အေးခဲသွားပြီး ခန္ဓာကိုယ်အတွင်းရှိ ယွမ်ယန်ဝိညာဥ်ချီကို မထိန်းချုပ်နိုင်တော့ဘဲ ဖီးနစ်အမွေးထဲသို့ အရူးအမူး လောင်းထည့်လိုက်သည်။

ဗုန်း!

သူ၏ ဝိညာဥ်ချီကို အရူးအမူး ထိုးသွင်းလိုက်သည်နှင့်အမျှ ဖီးနစ်အမွေးပေါ်ရှိ မီးတောက်များက ပိုပူလာပြီး ရှေးဟောင်းအရွက်စိမ်း နှလုံးသားကို ဖြတ်တောက်လိုက်သည့် အရှိန်မှာ ပိုမြန်လာ၏။

ဝုန်း!

နောက်ဆုံးတော့ ရှေးဟောင်းသစ်ပင်၏ အရွက်စိမ်းနှလုံးသားမှာ ပြတ်တောက်သွားလေပြီ။

နန်းတော်ပင်လယ် နှစ်စင်းထဲရှိ လုရွှမ်၏ ဝိညာဥ်ချီများသည် အံ့ဩစရာ​​ကောင်းသော်လည်း ယခုအချိန်တွင် ကုန်ခမ်းလုနီးပါး ဖြစ်လာကာ အောက်အထိ ထိုးကျသွားတော့မည့် အတိုင်းပင်။

"ပြေးတော့!"

စိတ်လှုပ်ရှားမှုများဖြင့် သစ်ရွက်စိမ်းသစ်သားနှလုံးသားကို ကျောက်စိမ်းပြား၏ နေရာလွတ်ထဲကို ထည့်လိုက်သည်။ အခြားအရာများကို ဂရုမစိုက်​တော့ဘဲ ဖီးနစ်အတောင်ပံများကို ဖြန့်ကာ ဖြောင့်တန်းစွာ ပျံသန်းသွားခဲ့သည်။

ဝုန်း!

သူထွက်သွားသည်နှင့် တပြိုင်နက် ရှေးဟောင်းသစ်ပင် တစ်ပင်လုံး ပြင်းထန်စွာ တုန်လှုပ်သွားကာ အကိုင်းအခက်များ၊ သစ်ရွက်များနှင့် နွယ်ကြီးများသည် လုရွှမ်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်လာတော့သည်။

"သွားပြီ.... အချိန်​​ရေတွက်​တာ မှား​သွားပြီ ထင်ထားတဲ့ အချိန်​​ထက် စော​နေပြီကွ ထွက်​​ပြေးတော့!"

ကျီးကန်းသည် အော်ဟစ်ကာ တက်ကြွစွာဖြင့် ကျောက်စိမ်း​ပြားထဲသို့ ဝင်သွားလေ၏။

"ဒီကောင်!!"

ဒီကျီးကန်းက ဒီလောက် ယုတ်မာမယ်လို့ မမျှော်လင့်ထားချေ။ ထိတ်လန့်တကြားနဲ့ ကျောက်စိမ်း​ပြားထဲကိုပင် ဝင်သွားလေပြီ။ လုရွှမ်ဟာ စကားမပြော​တော့ဘဲ သူ့လက်ကောက်ဝတ်ကို လှည့်၍ သူ့လက်ဖဝါးမှာ ဓားရှည်တစ်လက်ကို ထုတ်ယူလိုက်သည်။

တစ်ချက် ဝေ့ယမ်းလိုက်သည်နှင့် ဓားအလင်းသည် ရှေ့တည့်တည့်သို့ ပြေးထွက်သွားသည်။

ရွှင်း!

ရှေ့မှာ ပိတ်ဆို့ထားတဲ့ မရေမတွက်နိုင်တဲ့ သစ်ကိုင်းတွေကို ဓားတစ်ချောင်းနဲ့ ဖြတ်ပစ်လိုက်သည်။

ရှေးဟောင်း သစ်ရွက်စိမ်းများနှင့် အရွက်နှလုံးသားသည် ဖျက်ဆီးရန် ခက်ခဲသော်လည်း ဤသာမန် အကိုင်းအခက်များနှင့် အရွက်များကတော့ ရိုးရှင်းလှသည်။ လုရွှမ် အထက်သို့ ပျံသန်းလာစဉ်တွင် ရှုပ်ထွေးနေသော အရွက်များကို ရှင်းလင်းပစ်လိုက်သည်။

ဖြောင်း!

မရေမတွက်နိုင်သော သစ်ကိုင်းများနှင့် သစ်ရွက်များ ပြိုလဲကျသွားသည်။ လုရွှမ် မျက်ခုံးပင့်လျက် လျင်မြန်စွာ လွတ်မြောက်တော့မည့်အရေး တွေးနေမိသည်။

ဝူး!

ရွှေစီးဆင်းမှု အရှိန်က ထပ်တိုးလာပြီး လူတစ်ကိုယ်လုံး အလျားလိုက် ရွေ့လျားသွားသည်။

သူ ရှောင်တိမ်းနေချိန်မှာပဲ သူရပ်နေတဲ့ အရပ်ကိုလာနေတဲ့ ထူထဲတဲ့ သစ်ကိုင်း အခက်အလက်တွေကို မြင်လိုက်ရပြီး သူ့ရှေ့က နေရာဟာ မှန်လို ကွဲအက်သွားလေ၏။

အမှန်မှာ သူရှင်းလင်းခဲ့သော သစ်ကိုင်းများအစား နောက်ထပ် သစ်ကိုင်းတွေ အစားထိုးဝင်လာခြင်းပင်။

"ဒါ...."

လုရွှမ် မျက်မှောင်ကြုတ်သွားသည်။

အကယ်၍ သူသည် နှစ်သက်တာလုံးက မှတ်ဉာဏ်များ ရှိသော လူသားတစ်ဦး မဟုတ်ခဲ့ဘဲ အန္တရာယ်ကို အာရုံမခံမိပါက သူသည် ပြာမှုန်အဖြစ်သို့ ပြောင်းလဲသွားပြီး နောက်တစ်ကြိမ် ထပ်မံ သေဆုံးသွားနိုင်သည်။

ဤသစ်ကိုင်း၏ ခြိမ်းခြောက်မှုကို သိလိုက်ရသဖြင့် လုရွှမ်သည် ရပ်တန့်ရန် အလွန်ထိတ်လန့်​နေခဲ့ပြီး အထက်သို့ အရှိန်မြှင့်ကာ ပျံသန်းလိုက်သည်။

ဖြောင်း!

ခပ်လှမ်းလှမ်းသို့ ပျံသန်းပြီးနောက်တွင် အခြားသစ်ကိုင်းတစ်ကိုင်းဟာ တစ်ဖက်မှ ထွက်ပေါ်လာ၏။ ယခုတစ်ကြိမ်မှာတော့ ကံမကောင်းခဲ့ပေ။ သူသည် ရှေ့မျက်နှာစာ ရိုက်ခတ်မှုကို ရှောင်ရှားခဲ့သော်လည်း သစ်ကိုင်း၏ ဘေးတိုက် တိုက်ခိုက်ခံရမှု၏ နောက်ဆက်တွဲ အနေဖြင့် သုတ်သင်ခံရဆဲ ဖြစ်သည်။

ဖူး!

ပါးစပ်မှ သွေးများ တဟုန်ထိုး စီးကျကျလာသည်။

"လွတ်မြောက်ရမယ်"

သူ့ခန္ဓာကိုယ်က ပြင်းထန်သော နာကျင်မှုကို မျိုသိပ်ထားရင်း လုရွှမ်သည် သူဒီအထဲမှာ ကြာလေ ပြုတ်ကျနိုင်ခြေ ပိုများလေဖြစ်ကြောင်း သိလိုက်သောကြောင့် ရပ်တန့်မနေရဲဘဲ ရှေ့ကို ဆက်ပြေးသွားခဲ့သည်။

ဝုန်း!

မီတာတစ်ရာကျော် ပျံသန်းပြီးနောက်မှာ သူ့ခန္ဓာကိုယ်ပေါ်က အမွှေးအမျှင်တွေ ထောင်တက်လာတာကိာ ရုတ်တရက် ခံစားလိုက်ရသည်။ လုရွှမ် ခေါင်းကို ကမန်းကတန်း လှည့်လိုက်တော့ သူ့သူအိမ်ငယ်များ ကျုံ့သွားလေသည်။

အရှေ့၊ နောက်၊ ဘယ်၊ ညာ၊ အရှေ့၊ နေရာအနှံ့မှ အကိုင်းများသည် တစ်ချိန်တည်း တိုက်ခိုက်လာ၏။

All Chapters