← Chapters

သန့်စင်ခြင်း

Vol. 30 Ch. 3.187

သန့်စင်ခြင်း

Vol. 30 Ch. 3.187

"သွားပြီ!"

သစ်ကိုင်းခြောက်များသည် အနီးနား ပတ်ဝန်းကျင်ကို ပိတ်ထားလိုက်ပြီ။ တစ်နေရာမှ မခိုအောင်းနိုင်ဘဲ ဘယ်သွားသွား သူ့ခန္ဓာကိုယ်မှာ အခြားအကိုင်းအခက် တစ်ခုခုက အမြဲ ဖမ်းမိနေမှာကို တွေ့လိုက်ရတော့ လုရွှမ်ရဲ့နှလုံးသားက အေးခဲသွားတော့သည်။

တခြားသူသာဆိုရင် သေတဲ့အချိန်ကိုသာ စောင့်​နေရလိမ့်မည်။ သို့သော် လုရွှမ်ကတော့ မတူချေ။ သူဟာ ဘဝနှစ်ခုမှာ လူသားတစ်ယောက်ဖြစ်ခဲ့ပြီး သေဆုံးသွားခဲ့ရင်တောင် သူ့အရင်ဘဝက အတွေ့အကြုံတွေ အရမ်းများခဲ့သည်။

ပိုအန္တရာယ်များလေ သူ၏စွမ်းရည်ကို လှုံ့ဆော်နိုင်လေ သာမန်လူများထက် စီရင်ဆုံးဖြတ်နိုင်လေ ဖြစ်သည်။

"အကိုင်းခြောက်ခုက နေရာအားလုံးကို မပိတ်ထားဘူး... ဒါက တစ်ပေစတုရန်း အကွာအဝေးပဲ!"

စိတ်အလိုအတိုင်း အရှိန်ပြင်းပြင်းနဲ့ ပြေးသွားပြီး လုရွှမ် အလျင်အမြန် ဆုံးဖြတ်လိုက်သည်။

သစ်ကိုင်းခြောက်ခုသည် လမ်းအားလုံးကို ပိတ်ဆို့ မထားပေဖယ တစ်ပေခန့် စတုရန်းအကွာအဝေး ရှိပါသေးသည်။ သို့သော် ထိုသေးငယ်သော နေရာလေးသည် ဖီးနစ်အ​​တောင်နှင့် အရွယ်ရောက်ပြီးတဲ့ သူ့အတွက် ဖြတ်သန်း၍မရပေ။

"ကျောက်စိမ်းပြား!"

ခဏကြာတော့ သူ့စိတ်ထဲ အတွေးတစ်ခု ဝင်လာခဲ့သည်။

ဝူး!

နောက်အခိုက်အတန့်တွင် လူသည် အာကာသ မှော်လက်နက်ထဲသို့ ဝင်သွားခဲ့ပြီး အကိုင်းအခတ်များ ပိတ်ထားရာ၌ ကျောက်စိမ်းပြားလေး တစ်ချပ်သာ ရှိတော့သည်။

ဝုန်း!

ကျောက်စိမ်းပြားသည် တစ်ပေခန့်ရှိသော လမ်းကြောင်းကို ဖြတ်သွားကာ ၎င်းပတ်ပတ်လည်တွင် နေရာလွတ်များလည်း အက်ကြောင်းများစွာ ပွင့်သွားခဲ့သည်။

အုန်း!

နောက်အခိုက်အတန့်တွင် လုရွှမ်သည် တစ်ဖန်ပြန်ပေါ်လာပြီး အရှိန်မြှင့်ကာ အထက်သို့ ဆက်လက် ထွက်ပြေးသွားခဲ့သည်။

ကျောက်စိမ်းပြား၏ အကူအညီဖြင့် သူသည် သူ့အသက်ကို ခြိမ်းခြောက်နေသည့် အခြေအနေမှ လိမ္မာပါးနပ်စွာ ရှောင်ရှားနိုင်ခဲ့သည်။ ကျောက်စိမ်းပြားသည် လက်ဖဝါး အရွယ်သာရှိပြီး တိုက်ခိုက်ခြင်းကို ရှောင်ရှားရန် ပိုမိုလွယ်ကူသည်။

ကျန်တာတွေက အန္တရာယ်ရှိပုံ ပေါက်ပေမယ့် အတွေ့အကြုံကြောင့် ပိုလွယ်သွားလေပြီ။ သိပ်မကြာလိုက် ရှေးဟောင်းသစ်ပင်၏ လွှမ်းမိုးမှုအောက်မှာ လွတ်မြောက်လာခဲ့သည်။

"ချိုင့်ဝှမ်းပိတ်ချိန် နီးနေပြီ... အပြင်ထွက်ချိန် ရောက်ပြီ!"

ရှေးဟောင်းသစ်ပင်၏ အကွာအဝေးကို ချန်ထားခဲ့ကာ နှစ်ရက်ဆက်တိုက် ပျံသန်းရင်း အတွေးတစ်ခု ဝင်လာခဲ့သည်။

ရှန့်ခုန်းချိုင့်ဝှမ်းက ဆယ်ရက်အတွင်း ပိတ်တော့မှာ ဖြစ်သည်။

ချိုင့်ဝှမ်းထဲမှာ ဝိညာဥ်တစ်ကောင် ရှိနေသရွေ့ ဒီသတင်းကို ချက်ချင်း သိသွားလိမ့်မည်။ ဒီအချိန်အတွင်းမှာ မထွက်ဘူး ဆိုရင်တော့ ဒီနေရာကို ပိတ်ဆို့ထားမှာ ဖြစ်ပြီး မထွက်ခွာနိုင်ခင် အထိ နှစ်တစ်ရာ ကျော်ကြာသွားမှာ ဖြစ်သည်။

နှစ်တစ်ရာကြာအောင် အသက်ရှင် နိုင်မလား ဆိုတာ မသေချာချေ။

လုရွှမ်အတွက် ဤချိုင့်ဝှမ်းသို့ သွားသောခရီးသည် ရိတ်သိမ်းကြီး တစ်ခု ဖြစ်လာခဲ့သည်။

အကျော်ကြားဆုံးသော ရတနာနှစ်ပါး ဖြစ်သည့် ရှေးသစ်ရွက်စိမ်း သစ်သားနှင့် ရွှေအရှိန်ကို ထည့်မပြောသေးဘဲ ရွှေငါးဝိညာဉ်၊ ဝူအဆင့်၁၀နှင့် မြို့သခင်စံအိမ် ရတနာတို့ကို တွက်ချက်လိုက်လျှင်ပင် အတော်များနေပြီ။

စည်းစိမ်တွေ အများကြီး ရလာပြီဆိုတော့ ဒီမှာဆက်နေဖို့ ဘာအကြောင်းမှ မရှိတော့ပေ။ အမြန်ဆုံး ထွက်သွားတာက ပိုကောင်းလေသည်။

ခုနစ်ရက်ကြာသော်။

၇ရက်ကြာသော် လုရွှမ် ရှန့်ခုန်းမြို့က ယင်းယန်ကျောင်းတော်၏ ဌာနခွဲသို့ ပြန်ရောက်လာခဲ့၏။ ဖန့်ဝူဆွေ့နှင့် အခြားသူများကတော့ ပြန်မရောက်ကြသေးချေ။

"အရွက်စိမ်း သစ်သားနှလုံးသားကို အရင်ဆုံး သန့်စင်လိုက်ရအောင်"

အခန်းထဲသို့ ပြန်ရောက်ပြီးနောက် စိတ်လှုပ်ရှားမှုများဖြင့် ကျောက်စိမ်း အတွင်းသို့ လျစ်ကနဲ ဝင်ရောက်လာခဲ့သည်။ အရွက်စိမ်းနှလုံးသားကို ရပြီးနောက် တောက်လျှောက်ပင် ပတ်ပြေးလာခဲ့ရတယ် မဟုတ်ခါး။

အရှည်သုံးပေ ခန့်သာရှိပြီး ဓားရှည် အရွယ်အစားခန့်သာ ရှိသော အရွက်စိမ်းနှလုံးသားသည် သူ့ထံသို့ ပျံလာပြီး သူ့လက်ကို ဆန့်၍ ဖမ်းထားလိုက်သည်။

"လေးလိုက်တာ"

ဤအကိုင်းအခက်သည် ကြီးမားပုံ မပေါ်သော်လည်း အလွန်လေးလံလှသည်။ ခန္ဓာကိုယ် ခွန်အား သန်း ၂၀ ၏ စွမ်းအားဖြင့်ပင် ၎င်းကို ကောက်ယူရန် အလွန်ခက်ခဲ​ပေသည်။

ခွန်အားသန်း ၂၀ ဆိုသည်မှာ တောင်ကြီးတစ်ခုကို အလွယ်တကူ ဆွဲယူနိုင်သော်လည်း ထိုကဲ့သို့ အကိုင်းအခက်ကို ကောက်ယူရန် ခက်ခဲနေ၏။ သူကိုယ်တိုင်သာ မျက်စိဖြင့် မမြင်ရပါက မယုံနိုင်စရာပင်။

အင်အား မသုံးထားဘဲ ပေါ့ပေါ့တန်တန် ပစ်ချလိုက်ရင် တောင်ကြီးကို အလွယ်တကူ ဖျက်ဆီးနိုင်ပြီး မြေကြီးပေါ်မှာ နက်နဲတဲ့ လျှိုမြောင်တစ်ခု ဖန်တီးနိုင်မယ်လို့ပင် ထင်ရသည်။

"စိတ်စွမ်းအားနဲ့ စမ်းကြည့်ရအောင်!"

ဤရတနာသည် အလွန်လေးလံနေမှန်း သိပြီးနောက် လုရွှမ် သူ၏စိတ်ဝိညာဉ် စွမ်းအားကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

စိတ်စွမ်းအား ၁.၃ သို့ ရောက်သောအခါ ၎င်းသည် ခန္ဓာကိုယ်တွင်းမှ ထွက်ခွာ၍ တိုက်ခိုက်နိုင်နေပြီ ဖြစ်သည်။ အကွာအဝေးသည် မဝေးလှသော်လည်း ယခင်ကထက် ပိုမိုအားကောင်းလာ၏။

ဝှစ်!

စွမ်းအားကြီးသော စိတ်စွမ်းအားသည် ရေစီးကဲ့သို့ အရွက်စိမ်း သစ်သားနှလုံးသားကို ဖြတ်ကျော်သွားသည်။ သူ့ရှေ့ရှိ သစ်သားချောင်းထဲသို့ သူ၏ စိတ်ဝိညာဉ် စွမ်းအားကို အပြည့်အဝ ပေါင်းစပ်လိုက်တော့ နွေးထွေး နှစ်သိမ့်သော ခံစားမှုကို ပေးစွမ်းနိုင်သည့်နှယ် ခံစားလိုက်ရသည်။

"စိတ်စွမ်းအားကို အပြည့်အ၀ ပါဝင်နိုင်ရုံသာမက ဝိညာဉ်စွမ်းအားကိုလည်း ကာကွယ်ပေးနိုင်တယ်.... သစ်သားနီနဲ့ တကယ့်ကို နှိုင်းယှဥ်လို့ မရဘူးပဲ"

သစ်သားနှလုံးသား၏ စွမ်းအင်ကို ခံစားလိုက်ရသဖြင့် လုရွှမ် အံ့အားသင့်သွားသည်။

သစ်သားနှလုံးသားသည် စိတ်စွမ်းအားများ ပါ၀င်ပြီး ဝိညာဉ်စွမ်းအားတွင် တွယ်ကပ်နိုင်သည်။ ခံနိုင်ရည် အတိုင်းအတာ မြင့်မားလေ ဝိညာဉ်သခင်အတွက် အကူအညီ ပိုကြီးလေ ဖြစ်သည်။

လုံ့လဝီရိယများဖြင့် သန့်စင်ထားသော မှော်လက်နက်နှင့် အတူတူပင် ဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအားသည် မှော်လက်နက်ဖြင့် ပေါင်းစပ်ထားရပြီး အခြားလက်နက်များနှင့် တိုက်ခိုက်သောအခါ ပေးပို့သော စွမ်းအားသည် စိတ်ဝိညာဉ်ကို ထိခိုက်စေနိုင်သည်။

မှော်လက်နက် ဖျက်ဆီးခံရပါက ဝိညာဉ်စွမ်းအား အလွန်ပျက်စီးသွားပြီး ပြန်လည်ရယူရန် ခက်ခဲလိမ့်မည်။

ထို့ကြောင့် မှော်လက်နက် ရွေးချယ်မှုမှာလည်း အလွန်အရေးကြီးပြီး မှော်လက်နက် ပို၍ ခံနိုင်ရည်ရှိလေ ၎င်းတို့သည် ပို၍ အဖိုးတန်လေ ဖြစ်သည်။

ခံနိုင်ရည်ဟူသည် ပြိုင်ဘက်၏ တိုက်ခိုက်မှုက မိမိထက် ကျော်သွားလျှင်ပင် စိတ်စွမ်းအားသည် အတွင်း၌ ဖုံးကွယ်ထားသည်ဟု အဓိပ္ပာယ် ရသည်။

ခံနိုင်ရည် ညံ့ဖျင်းသော မှော်လက်နက်များသည် သာမန် သံချပ်ဝတ်တန်ဆာနှင့် တူ​လေသည်။ ၎င်းသည် ပြိုင်ဘက်၏ဓားကို ခံနိုင်ရည်ရှိသော်လည်း ၎င်းတွင်ပါရှိသော စွမ်းအင်ကြောင့် ဒဏ်ရာရရှိနိုင်၏။

ခံနိုင်ရည် မြင့်မားသော မှော်လက်နက်သည် စစ်သင်္ဘောနှင့် တူ​ပေသည်။ ရန်သူ၏ တိုက်ခိုက်မှုသည် မည်မျှပြင်းထန်နေပါစေ အတွင်း၌ ပုန်းအောင်းနေသမျှ စစ်သင်္ဘော လုံးဝပျက်စီးသွားသည် အထိ သူ့ကို ထိခိုက်နိုင်မည် မဟုတ်ပေ။

ဤရှေးဟောင်းအရွက်စိမ်း သစ်သားနှလုံးသားသည် စစ်သင်္ဘောနှင့် တူပြီး ၎င်းထဲသို့ ဝင်သော ဝိညာဉ်စွမ်းအားပါရှိကာ ပိုမိုပြင်းထန်သောစွမ်းအားကို အသုံးချနိုင် ရုံသာမက အခြား အန္တရာယ်မှလည်း ကာကွယ်ပေးနိုင်သည်။

"သန့်စင်ရအောင်!"

ဤရတနာ၏ စွမ်းအားကို သိလိုက်သဖြင့် လုရွှမ်သည် လုံးဝမရပ်တန့်ဘဲ သူ၏ စိတ်စွမ်းအားများကို စီးဆင်းသွား​စေပြီး ၎င်းကို အလျင်အမြန် သန့်စင်လိုက်သည်။

ဝူး!

သစ်သားချောင်းသည် သူ့ရှေ့တွင် ပေါ့ပေါ့ပါးပါး ရပ်တန့်နေ၏။

"အားစိုက်ရမယ်!"

လုံးဝ သန့်စင်ထား​ပြီးသော်လည်း ဤရှေးဟောင်းအရွက်စိမ်း သစ်သားနှလုံးသားသည် လေးလံနေဆဲ ဖြစ်သည်။ စိတ်စွမ်းအား ၁.၃ နှင့် ခွန်အား သန်း ၆၀ ရှိသော အင်အားကြီးမားသည့်တိုင် ပျံသန်းရန် အနည်းငယ် ခက်ခဲဆဲပင်။

"သစ်သားနီလို လွယ်လွယ်ကူကူ သုံးချင်ရင် စိတ်စွမ်းအား အတိုင်းအတာကို ထပ်ပြီး မြှင့်တင်ဖို့ လိုတယ်"

စမ်းသပ်ပြီးနောက် သစ်သားနှလုံးသား၏ ပျံသန်းမှု အမြန်နှုန်းသည် စိတ်စွမ်းအား၏ ပံ့ပိုးမှု အောက်တွင်ပင် မမြန်သေးချေ။ အခြားသူများကို ခိုးဝင်တိုက်ခိုက် သတ်ဖြတ်လိုပါက သစ်သားနီ၏ အကျိုးသက်ရောက်မှုလောက်ပင် ကောင်းမွန်မည် မဟုတ်ပေ။

ဒီသစ်သားနှလုံးသားက ကောင်းပေမယ့် လေးလံလွန်းသည်။

စိတ်ဝိညာဉ်စွမ်းအား ၁.၃သည် ပျော့သည်ဟု မထင်ရသော်လည်း ဤအရာသည် လေးလံ၍ တန်ဖိုးကြီးသော ရတနာအတွက် ဝေးကွာနေပါ​သေးသည်။

သစ်သားနီကဲ့သို့ လွယ်ကူသော လက်တံလို မောင်းနှင်လိုပါက စိတ်စွမ်းအားသည် အနည်းဆုံး ၂.၀ သို့မဟုတ် ထို့ထက်မက ရှိရလိမ့်မည်။

"ဒါပေမဲ့ ဒီက ကြည့်လိုက်ရင် အရမ်းရိုးရှင်းတယ်လို့ ထင်ရပေမယ့် သစ်သားနီလောက်တော့ မရိုးရှင်းဘူး.... လူတွေကို တိုက်ခိုက်ဖို့ လက်နက်တစ်ခု အနေနဲ့တော့ သုံးနိုင်တယ်..."

ဝိညာဥ်သခင်များသာလျှင် သစ်သားနီကို အသုံးပြုနိုင်ပြီး ၎င်းတွင် အင်္ဂါရပ် တစ်ခုပါရှိသည်။ ၎င်းကိုဖယ်ရှားလိုက်သရွေ့ ဝိညာဉ်သခင်၏ လျှို့ဝှက်ချက်များကို သိရှိသူမည်သူမဆို မည်သူမည်ဝါ ဖြစ်ကြောင်း ခန့်မှန်းနိုင်သွားပြီ။

သစ်ရွက်စိမ်း နှလုံးသားကတော့ မတူချေ။ ၎င်းသည် အပြင်က ကြည့်လျှင် ကျောက်စိမ်းချောင်းလို အသွင်အပြင်မျိုး ရှိကာ ဤလက်နက်မျိုးသည် လက်တွေ့တွင်မူ အဆန်း မဟုတ်ပေ။ ၎င်းကို လက်ထဲတွင် ကိုင်ဆောင်ကာ သာမန်လက်နက်အဖြစ် အသုံးပြုနိုင်သည်။

ခွန်အား သန်း၂၀ဖြင့် ဤအရာကို ကောက်ယူရန် အနည်းငယ် ခက်ခဲနိုင်သော်လည်း ၎င်းတွင် စိတ်ဝိညာဉ်စွမ်းအားကို တိတ်တဆိတ် ပေါင်းထည့်ပါက ပိုမိုလွယ်ကူလာမည် ဖြစ်သည်။

နှစ်ခုကို ပေါင်းစပ်ပြီး သူ့ရဲ့ အမြင့်ဆုံး ဓားသိုင်းနဲ့ ပေါင်းစပ်လိုက်တော့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၆ စွမ်းအားရှင်တွေတောင် တိုက်ခိုက်နိုင်လေသည်။ ကံကောင်းလျှင် တိုက်ပွဲမှာတောင် အနိုင်ရသွားနိုင်၏။

ထို့အပြင် အရေးကြီးဆုံး အချက်မှာ သစ်ရွက်စိမ်း သစ်သားနှလုံးသားသည် အလွန်အားကောင်းနေခြင်း ဖြစ်သည်။ ဖီးနစ်အမွေးနဲ့တောင် သူ့ကို ဖြတ်တောက်ဖို့ အချိန်အတော်ကြာ ယူခဲ့ရသည်။

သာမန်လက်နက်ဖြစ်သည့် ထိပ်တန်း ဝိညာဉ်နယ်ပယ်က လက်နက်တစ်ခုပင်လျှင် တိုက်ရိုက် ကွဲကြေသွား​စေမှာ ဖြစ်လို့ တစ်ချက်ထိုးရုံနဲ့ လုံးဝ သည်းမခံနိုင်လောက်ချေ။

"ဒီသစ်သားနှလုံးသာက အခုချိန်ကစပြီး ငါ့ရဲ့ အကြီးမားဆုံး ဝှက်ဖဲ ဖြစ်လာလိမ့်မယ်!"

လုရွှမ် အနည်းငယ် ပြုံးလိုက်သည်။

All Chapters