ယင်းယန်ရေကန်အတွက်စာရင်းသွင်းခြင်း (ပထမပိုင်း)
Vol. 30 Ch. 3.188
"ယွမ်ချီကို သန့်စင်ရအောင်"
သစ်သားနှလုံးသားကို သူ့လက်ထဲတွင် အကြီးမားဆုံး ဝှက်ဖဲဖြင့် သန့်စင်ပြီးနောက် လုရွှမ်သည် လုံးဝမရပ်တန့်ဘဲ သူ၏စစ်မှန်သော ဝိညာဥ်စွမ်းအင်ကို အဆက်မပြတ် လည်ပတ်စေ၍ ယွမ်ချီကို သန့်စင်နေလိုက်သည်။
ယွမ်ယန်ကျင့်စဥ်သည် အဆင့်၂ အသေးစား အောင်မြင်မှုနယ်ပယ်သို့ ရောက်ရှိခဲ့ပြီး ယွမ်ချီ၏ အသွင်ပြောင်းမှု အရှိန်သည် ယခင်ကထက် နှစ်ဆနီးပါး တိုးလာခဲ့သည်။
ချိုင့်ဝှမ်းမှ ထွက်ခွာလာချိန်အတွင်း သူသည် နန်းတော်ပင်လယ်နှစ်ခု၏ ယွမ်ချီ ငါးပုံတစ်ပုံကျော်ကို သန့်စင်ပြီးပြီ ဖြစ်သည်။ ဤသို့ဖြင့် ယွမ်ချီနယ်ပယ်ရဲ့ အလယ်အလတ်အဆင့်ကို လွယ်လွယ်ကူကူ ရောက်သွားခဲ့သည်။
ယွမ်ချီနယ်ပယ်၏ အလယ်အလတ် အဆင့်တွင် ခွန်အားများ တိုးလာသည်မှာ ထင်ထင်ရှားရှား မဟုတ်ဘဲ ၁ သန်းခန့်သာ တိုးလာခဲ့သည်။
နှစ်ရက်ဆက်တိုက် လေ့ကျင့်ပြီးနောက် သုံးရက်မြောက်နေ့မှာ ဖန့်ဝူဆွေ့ နဲ့ တခြားသူတွေက အမြန်ပဲ ပြန်ရောက်လာခဲ့ကြသည်။ သူတို့ပြန်လာပြီး သိပ်မကြာခင်မှာပဲ ချိုင့်ဝှမ်းကြီးတစ်ခုလုံး ပိတ်သွားပြီး "ဝုန်း!" ဆိုတဲ့ အသံနဲ့အတူ အရာအားလုံး ပျောက်ကွယ်သွားခဲ့၏။
နောက်တစ်ကြိမ်ဖွင့်ရင် နောင်နှစ် တစ်ရာကျော်လောက်မှ ဖြစ်လိမ့်မည်။
"သူဌေး.... ကျွန်တော်အရင် ပြန်လိုက်မယ် သိပ်မကြာခင် သူဌေးကိုရှာဖို့ ပေရွှီးအင်ပါယာကို လာခဲ့မယ်!"
ထျန်ကျွင့်နမ်သည် လုရွှမ်ကိုရှာရန် ပေရွှီးအင်ပါယာမှ လူတိုင်းနောက်သို့ လိုက်လာခဲ့ပြီး လေးနက်သော ကတိတစ်ခုလည်း ပေးခဲ့သည်။
ချိုင့်ဝှမ်းတွင် ဝိညာဉ်နယ်ပယ်အဆင့် လေ့ကျင့်ရေး နည်းလမ်းများ အနည်းဆုံး တစ်ဒါဇင်ခန့် ရရှိခဲ့သည်။ ၎င်းတို့ကို မိသားစုထံ ပြန်ပို့ပါက သူ၏ အဆင့်အတန်းကို ထပ်မံ မြှင့်တင်ရန် လုံလောက်ပေလိမ့်မည်။
ထျန်ကျွင့်နမ် ထွက်သွားပြီးနောက် မုယန်ဖုန်းနှင့် အခြားသူများ ရှေ့သို့ရောက်လာပြီး ဤသခင်လေးသည် ကောင်းကောင်းမွန်မွန် ရှိရုံသာမကဘဲ ကြီးကြီးမားမား တိုးတက်လာသည်ကို တွေ့လိုက်ရသောအခါတွင် သူတို့အားလုံး ဂုဏ်ယူဝမ်းမြောက်သွားကြသည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က လူတွေ ရာနဲ့ချီပြီး လိုက်ဖမ်း သတ်ဖြတ်နေတာတောင် ဘာဒဏ်ရာမှ မရလာတဲ့ လူဆိုတာ ပေရွှီးအင်ပါယာ မပြောနှင့် တိမ်ပင်လယ်နယ်မြေ တစ်ခုလုံးမှာတောင် မကြားဖူးမှာ ကြောက်ရသည်။
ကြောက်စရာ ကောင်းချက်!
ဒီသတင်း ထွက်တာနဲ့ တစ်တိုင်းပြည်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားမှာကို ကြောက်ရကာ ယင်းယန်ကျောင်းတော် ဌာနချုပ်ကတောင် တုန်လှုပ်သွားလိမ့်မည်။
ရှန့်ခုန်းမြို့ကို ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ ဖန့်ဝူဆွေ့ဟာ လူတိုင်းနဲ့အတူ ကျောင်းတော်သို့ ပြန်သွားခဲ့သည်။
သူတို့ လာတုန်းက အတွင်းစည်းက ကျောင်းသား ၅၀ ကျော် အပါအဝင် အပြင်စည်းက လူ ၈၀၀ ကျော် ရှိပေမယ့် အခု ကျောင်းသား ၂၀၀ အောက်ပဲ ကျန်တော့ပြီး အတွင်းစည်းက ကျောင်းသားဟာလည်း တစ်ဒါဇင်လောက်ပဲ ရှိပါတော့၏။
ဆုံးရှုံးမှုကို အင်မတန် များပြားသည်ဟု ဖော်ပြနိုင်သည်။
လုရွှမ်၏ ဂုဏ်သိက္ခာနှင့် တောင်ဖောက်နဂါးတို့နှင့်အတူ ၎င်းတို့၏အဖွဲ့သည် ဆုံးရှုံးမှုအနည်းငယ်သာ ကြုံတွေ့ခဲ့ရသည်။
တခြားဘာမှ ပြောမနေဘဲ နန်ဟိုင်အင်ပါယာ ယင်းယန်ကျောင်းတော် ဌာနခွဲရှိ ကျောင်းသားအားလုံးသည် အကြီးအကဲယွင်ထန်း သေဆုံးမှုကြောင့် လုရွှမ်၏ နောက်သို့ လိုက်ခဲ့ကြသော်လည်း ဧရာမ အလှည့်အပြောင်းကြောင့် ၎င်းတို့အားလုံး သေဆုံးသွားကြပြီး မည်သူမျှ အသက်ရှင် ကျန်ရစ်ခြင်း မရှိခဲ့ပေ။
ထူးချွန်ကျောင်းသား ထောင်ပေါင်းများစွာသည် ယင်းယန်ကျောင်းတော် ဌာနခွဲ တစ်ခုလုံးသို့ ရောက်ရှိလာသော်လည်း အားလုံး သေဆုံးသွားကြသည်။ ဤသတင်းသာ ကြားရပါက တစ်ခုလုံးသည် လုရွှမ်ကို လက်စားချေလိုသော ဆန္ဒဖြင့် ရူးသွပ်သွားပေလိမ့်မည်။
ဒါတွေနဲ့ ပတ်သက်ပြီး လုရွှမ်က ဂရုမစိုက်ဘဲ ပျံသန်းနေတဲ့ သားရဲရဲ့ နောက်ကျောမှာ တင်ပျဉ်ခွေထိုင်ကာ သူ့ရဲ့ ဝိညာဥ်ချီများကို အဆက်မပြတ် စုဆောင်း သန့်စင်နေ၏။
ဤသို့ဖြင့် ရက်နှစ်ဆယ် ကြာသွားခဲ့သည်။ ပေရွှီးအင်ပါယာသည် လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
ရက်ပေါင်း ၂၀ ကျော် အဆက်မပြတ် လေ့ကျင့်ပြီးနောက် နန်းတော်ပင်လယ် နှစ်စင်းရှိ စစ်မှန်သော ဝိညာဥ်ချီသည် လုံးဝနီးပါး အသွင်ပြောင်းသွားပြီး ယွမ်ချီနယ်ပယ် ပြီးပြည့်စုံမှု အဆင့်သို့ ရောက်ရှိလာခဲ့သည်။
စစ်မှန်သော ဝိညာဥ်ချီ၏ စွမ်းအားကို အားကိုးရုံဖြင့် ၎င်းသည် ၉ သန်းအထိ ရောက်ရှိသွားပြီ။
စိတ်ဝိညာဉ် စွမ်းအား၏ သန်း ၆၀ နှင့် ရုပ်ခန္ဓာ၏ ခွန်အားသန်း ၂၀ နှင့် ပေါင်းစပ်ပါက ၎င်းသည် ကြီးမားသော စွမ်းအားသန်း ၉၀ နီးပါးရှိပြီး ၎င်းသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅၏ သန်း ၈၀ ထက်ပင် ပိုမိုအားကောင်းနေ၏။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅ ဟဲလင်နယ်ပယ် ပြီးပြည့်စုံခြင်းကာလကို ရောက်ရှိပါက ဝိညာဥ်ချီကို ကန့်သတ်ထားသည်။ ယခုအချိန်တွင် ကျင့်ကြံသူများသည် ကမ္ဘာကြီး၏ ယေဘုယျလမ်းကြောင်းကို နားလည်ရမည်ဖြစ်ပြီး နက်နဲသောအရာများကို နားလည်မှသာ အောင်မြင်နိုင်မည် ဖြစ်သည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆ ကောင်းကင်တံတားနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကောင်းကင်တံတားနယ်ပယ်ကို ရောက်ရှိခြင်းဖြင့် ကောင်းကင်နှင့် မြေကြီး၏ တံတားကို သိရှိနားလည်သလို ကောင်းကင်နှင့်မြေကြီး၏ ယေဘုယျ လမ်းကြောင်းကို ဆွဲဆောင်နိုင်ပြီး ၎င်းသည် ရပ်တန့်၍ပင် မရပေ။
ဤယေဘုယျ လမ်းကြောင်း၏ အမျိုးအစားများစွာရှိပြီး တစ်ခုစီတွင် ၎င်းတို့၏ ဝိသေသ လက္ခဏာများ ရှိသည်။ ဥပမာအားဖြင့် အထပ်မြင့် အဆောက်အအုံများသည် သာမန်အတိုင်း လုံးဝရပ်တည်၍ မရနိုင်ပါ။
ဤယေဘုယျ လမ်းကြောင်းကို နားလည်သူများသည် လူများကို ဖိနှိပ်ရန်အတွက် အထပ်မြင့်အဆောက်အအုံများ၏ စွမ်းအားကို စုစည်းနိုင်သည်။ သစ်သားစွမ်းအားသည် လူတို့ကို သစ်သားကဲ့သို့ အသွင်အပြင် ဖြစ်စေနိုင်ပြီး ခိုင်ခံ့သော ကာကွယ်ရေးနှင့် စွမ်းအားသည် လမ်းကြောင်း အားလုံးကို စောင့်ကြပ်ပေးသည့် ကျောက်တုံးတစ်ခု ကဲ့သို့ဖြစ်သည်။
ယေဘုယျ လမ်းကြောင်း တစ်ခုစီတွင် ၎င်း၏ ကိုယ်ပိုင်ဝိသေသ လက္ခဏာများ ရှိလို့ ပိုမိုရိုးရှင်းလေ နားလည်ရ လွယ်ကူလေ ဖြစ်သည်။
ယေဘူယျ လမ်းကြောင်းကို နားလည်သဘောပေါက်မှသာလျှင် ကျင့်ကြံသူတို့သည် ပိုမိုအားကောင်းသော စွမ်းအားကို အသုံးချနိုင်မည် ဖြစ်သည်။
ထို့အတွက်ကြောင့် အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆သည် ခွန်အားမျဉ်းကို ပိုင်းခြား၍ ဖြတ်ကျော်သွားသည်နှင့် ၎င်းသည် တော်ဝင်အင်ပါယာ၏ အထွတ်အထိပ် တည်ရှိရာများ ကြားတွင် အမှန်တကယ် အဆင့် သတ်မှတ်နိုင်မည် ဖြစ်သည်။
လုရွှမ်၏ လက်ရှိ အခြေအနေဖြင့် သူသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅ အလွယ်တကူ သတ်နိုင်သော်လည်း ခိုးဝင်တိုက်ခိုက်ခြင်း မရှိဘဲ အဆင့်၆ကို ထိပ်တိုက်တိုက်ခိုက်မည် ဆိုပါက အနိုင်ယူရန် အလွန်ခက်ခဲနေသေးသည်။
ကမ္ဘာကြီး၏ ယေဘုယျ လမ်းကြောင်းကို ဆွဲဆောင်ခြင်းနှင့် စွမ်းအားရှိခြင်းမှာ မတူညီသည့်အရာ နှစ်ခုဖြစ်သည်။ ၎င်းသည် သန်မာသော လူတစ်ဦး ဖြစ်သော်ငြား ရေတွင်းထဲသို့ မျောပါသွားခြင်း ကဲ့သို့ပင်။ မည်မျှအစွမ်းထက်သည်ဖြစ်စေ ရေကိုမည်သို့ အသုံးပြုရမည်ကို မသိပါက ၎င်းမှာ အသုံးမဝင်နိုင်ပေ။
ကမ္ဘာကြီးရဲ့ ယေဘူယျ လမ်းကြောင်းကို နားလည်ချင်ရင် စိတ်စွမ်းအားက အဓိကပင်။ စိတ်ဝိညာဉ်စွမ်းအားရဲ့ အတိုင်းအတာက ပိုမြင့်လေ လောကရဲ့ စည်းမျဉ်းတွေကို ပိုနားလည်လာလေ ဖြစ်ပြီး ထိန်းချုပ်နိုင်စွမ်းကလည်း ပိုအားကောင်းလေ ဖြစ်သည်။
လုရွှမ်၏ လက်ရှိ ခွန်အားသည် ယွမ်ချီနယ်ပယ် ပြီးပြည့်စုံသော ကာလတွင်သာ ရှိသော်လည်း သူ၏ စိတ်စွမ်းအား အတိုင်းအတာသည် ၁.၃ သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အသွင်ပြောင်းခြင်း နယ်ပယ် အစောပိုင်းကာလတွင် သန်မာသော လူတစ်ဦးနှင့် တွေ့ပါက တိုက်ပွဲကို အနိုင်ယူရန် ခက်ခဲလိမ့်မည် ဖြစ်သော်လည်း သူ့အသက်ကို ကယ်တင်ရန် နည်းလမ်းများ ရှိပါသေးသည်။
"သုံးလရှိပြီ.... ယင်းယန်ရေကန် ဖွင့်ဖို့အချိန်ရောက်ပြီ!"
ပျံသန်းနေသော သားရဲ၏ နောက်ကျောတွင် ထိုင်နေသော လုရွှမ်သည် သူ့ရှေ့တွင် တဖြည်းဖြည်း ကြီးမားကျယ်ပြန့် လာနေသော ပေရွှီးမြို့တော်ကို ကြည့်ရင်း အနည်းငယ် ပြုံးလိုက်သည်။
ဒီကနေ ထွက်ခွာချိန်က ၉လပိုင်းမှာသာ ရှိသေးသော်လည်း အခုတော့ ၁၂လပိုင်းကို ရောက်နေပြီ ဆိုတော့ ယင်းယန်ရေကန်ကို ဖွင့်ဖို့ အချိန်ကျနေပြီ။
ပေရွှီးအင်ပါယာ ယင်းယန်ကျောင်းတော်၏ အကြီးအကဲခန်းမ၌။
"ယင်းယန်ကျောင်းတော်က ကျောင်းမှာ အရေးကြီးဆုံး နေရာဖြစ်ပြီး ယင်းယန် စွမ်းအင်တွေ ပေါင်းစပ်ထားတဲ့ နေရာပဲ.... အဲဒီနေရာမှာ လေ့ကျင့်တာက စိတ်စွမ်းအားနဲ့ ကျင့်ကြံမှုကို အများကြီး အကျိုးရှိစေတယ်.... ကျင့်ကြံမှုအတွက် အမြင့်မြတ်ဆုံး နေရာပဲ ဒီလုရွှမ်က အဓိပတိနယ်ပယ်ပဲ ရှိသေးတယ် ဒါက ဘာလဲ?? ယင်းယန်ရေကန်ထဲကို ဘယ်လို အရည်အချင်းတွေနဲ့ ဝင်ခွင့်ရှိနေလို့လဲ!"
ခန်းမဆောင်ကြီးထဲမှာ အဘိုးကြီး တစ်ယောက်က သူ့လက်ထဲက စာရင်းတွေကို တစ်ချက်ကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်လေသည်။
"အကြီးအကဲ ခင်ဗျားအဲ့လို ပြောလို့ မရဘူး.... လုရွှမ်ရဲ့ အစွမ်းက မမြင့်ပေမယ့် သူ့ရဲ့ဓားသိုင်းက လူသားနဲ့ဓား ပေါင်းစည်းမှုအဆင့်ထိ လေ့ကျင့်ထားပြီ... အဲဒါကို ထပ်ပြီးတော့ လေ့ကျင့်ဖို့ ထိုက်တန်တယ် သူ သေချာပေါက် ဝင်ဖို့ အရည်အချင်း ရှိတယ်!"
အကြီးအကဲ လုံယွမ်က ကျယ်လောင်စွာ ပြောလိုက်သည်။
လုရွှမ်ကို ကျောင်းတက်ခွင့်ပေးရန် ယင်ယန်ရေကန်ကို အကြောင်းပြချက်အဖြစ် သူအသုံးပြုခဲ့သည်။ ဤအသေးအဖွဲ့ ကိစ္စလေးများကိုပင် ဂုဏ်မပြုနိုင်ပါက ဂုဏ်သိက္ခာရှိသော လူကြီးကို မည်သို့ ရှင်းပြနိုင်မည်နည်း။
"လူနဲ့ဓားပေါင်းစပ်မှုက အစွမ်းထက်ပေမယ့် အဓိပတိနယ်ပယ်ဆိုတဲ့ အဆင့်က နိမ့်ပါးလွန်းပြီး သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကိုတောင် မရောက်သေးဘူး.... သူဝင်သွားရင်တောင် ခွဲတမ်းက ဖြုန်းတီးနေတာပဲမလား ငါသဘောမတူဘူး!"
"ငါလည်း သဘောမတူဘူး!"
"ကျောင်းတော်မှာ ရေကန်ဖွင့်ချိန်က တစ်နှစ်ကို နေရာတစ်ကြိမ်ပဲ ရှိပြီး ပိုအသုံးဝင်တဲ့ ကျောင်းသားတွေ အတွက် သီးသန့်ထားသင့်တယ်.... အဓိပတိနယ်ပယ်က ဝင်ခွင့်ရတယ် ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး.... ကျုပ် ကန့်ကွက်ပါတယ်"
ချက်ချင်းပင် ခန်းမထဲတွင် အကြီးအကဲအများအပြား ကန့်ကွက်လာခဲ့ကြသည်။
"လုရွှမ်က ကျောင်းရဲ့ စည်းမျဥ်းစည်းကမ်းကို လျစ်လျူရှုပြီး ကျောင်းကို ရောက်တာနဲ့ သူ့အတန်းဖော်တွေကို သတ်လိုက်တယ်လို့ ကြားမိတယ်.... သူက ရိုးရိုးရှင်းရှင်းနဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ အမြင့်တွေကို မသိဘဲ စည်းကမ်းမဲ့တဲ့ ကျောင်းသားမျိုးပဲ.... ပိုလေ့ကျင့်လေ နောင်မှာ ဒုက္ခပိုကြီးလေ မဟုတ်ရင် ကျုပ်တို့ ယင်းယန်ကျောင်းတော်ကို ဘေးဒုက္ခ ရောက်စေလိမ့်မယ်.... ယင်းယန်ရေကန်ထဲကို သူဝင်တာကို ငါသဘောမတူဘူး!"
"အကြီးအကဲတွေရဲ့ အမြင်ကို ကျွန်တော်သဘောတူပါတယ်.... ဒီကလေးအကြောင်း ကျွန်တော်လည်း ကြားဖူးပါတယ်။ သားရဲခန်းမနဲ့ ဆေးဥယျာဉ်ရဲ့ ပံ့ပိုးမှုကို အားကိုးပြီး အတွင်းစည်းထဲက ကျောင်းသားတွေကို မထီမဲ့မြင် ပြုတာတောင် သေသေချာချာ အပြစ်ပေး မခံခဲ့ရဘူး.... ယင်ယန်ရေကန်ထဲကိုပါ ဝင်ခွင့်ပြုလိုက်ရင် ပြည်သူတွေကို ဘယ်လို မျက်နှာပြတော့မလဲ??"
တခြား အကြီးအကဲ တစ်ယောက်ကပါ ကျယ်လောင်စွာ ပြောလာသည်။