← Chapters

ယင်းယန်ရေကန်အတွက်စာရင်းသွင်းခြင်း (ဒုတိယပိုင်း)

Vol. 30 Ch. 3.189

ယင်းယန်ရေကန်အတွက်စာရင်းသွင်းခြင်း (ဒုတိယပိုင်း)

Vol. 30 Ch. 3.189

မကြာခင်မှာပဲ ခန်းမထဲက အကြီးအကဲ ထက်ဝက်ကျော်ဟာ အကြီးအကဲလုံယွမ် ရဲ့ အကြံပြုချက်ကို ငြင်းပယ်ခဲ့ကြလေသည်။

"ခင်ဗျားပြောတာကို ကျုပ်သဘောမတူဘူး... သူ ကျောင်းထဲကိုရောက်တာ လေးလ မပြည့်သေးဘူး ဆူညံသံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပြီ... အတွင်းစည်းက ကျောင်းသားတွေတောင် သူက ဂရုမစိုက်ဘူး။ ခွန်အားနဲ့ အလားအလာ ရှိတယ်! ဒီလိုအရည်အချင်းတွေ ရှိတာ​တောင် ယင်းယန် ရေကန်ထဲကို ဝင်ဖို့အခွင့်အရေး မရရင် ကျုပ်တို့ကျောင်းမှာ အရည်အချင်း ရွေးချယ်ခြင်းလို့ ခေါ်တဲ့အဓိပ္ပာယ်က ဘာအရေးပါတော့မလဲ?"

အကြီးအကဲလုံယွမ် လူအုပ်ကြားထဲက ဆွေးနွေးမှုများကို ဝင်နှောင့်ယှက်လိုက်သည်။

"ဒါ့အပြင် သားရဲခန်းမနဲ့ ဆေးဥယျာဉ်က သူ့ကို ထောက်ပံ့​ပေးထားတယ်.... ဒီခွဲတမ်းကို မပေးဘူးဆိုရင် အဲဒီအင်အားကြီး နှစ်ခုကို စော်ကားမိရာ ကျသွားမှာ မဟုတ်ဘူးလား?"

"ဟေး... အကြီးအကဲလုံယွမ် ခင်ဗျားက ဘာကိုဆိုလိုတာလဲ? ကျုပ်တို့ ယင်းယန်ကျောင်းတော်က သူတို့ရဲ့ သားရဲခန်းမနဲ့ ဆေးဥယျာဉ်တွေကို ကြောက်ရမှာလား?"

အကြီးအကဲ တစ်ဦးကလည်း ထပြောလိုက်သည်။

"ကျုပ်ပြောတာ အဲ့သ​ဘော မဟုတ်ဘူးဆိုတာ ခင်ဗျားသိပါတယ်" အကြီးအကဲလုံယွမ်လည်း မျက်မှောင် ကြုတ်လိုက်သည်။

"ဟမ်.... ခင်ဗျား ဘာဆိုလိုတာလဲ မသိဘူး... သားရဲခန်းမနဲ့ ဆေးဥယျာဉ်က အစွမ်းထက်တယ် ဆိုရင်တောင် ကျုပ်တို့က သူတို့နဲ့ ဘာဆိုင်လို့လဲ? ကျုပ်တို့ ယင်းယန်ကျောင်းတော်က ယင်းယန်ရေကန်ထဲကို ဝင်ချင်တဲ့သူတွေကို ကျုပ်တို့ရဲ့ စည်းကမ်းအတိုင်းပဲ သတ်မှတ်တယ်.... သူတို့ စွက်ဖက်ခွင့် မရှိဘူး!"

အကြီးအကဲတစ်ယောက်က အေးစက်စွာ ဟစ်အော်လိုက်သည်။

"ဟုတ်တယ်.... လုရွှမ်သာ ယင်းယန်ရေကန်ထဲကို ဝင်ခဲ့မယ်ဆိုရင် စည်းကမ်းတွေ ဖောက်ဖျက်ရုံ တင်မကဘူး... ကျုပ်တို့ကျောင်းက သူတို့ရဲ့ သားရဲခန်းမနဲ့ ဆေးဥယျာဉ်ကိုတောင် ကြောက်​နေရတယ်လို့ အပြင်လူတွေက အထင်လွဲသွားကြလိမ့်မယ်"

"ပါရမီရှင်ကတော့ ပါရမီရှင်ပါပဲ... ဒီကလေးက အရမ်း ထက်မြက်တယ် ဆိုရင်တောင် ချိုင့်ဝှမ်းက ပြန်လာဖို့ ခက်မှာကို ကြောက်ရတယ်.... လူတွေတောင် ပြန်မလာသေးဘူး ဒီစကားတွေ အများကြီး ပြောနေတာ ဘာအကျိုးရှိမှာလဲ?"

"ဒါအမှန်ပဲ... ယင်းယန်ရေကန်က မကြာခင် ဖွင့်တော့မယ်.... သူတို့ပြန်မလာသေးတဲ့အတွက် အချိန် မမီနိုင်တော့ဘူး.... အဲဒါကို ပြောဖို့ မလိုဘူး!"

နောက်ထပ် အကြီးအကဲတွေကလည်း ဝင်ဆွေးနွေးလာသည်။

"လုရွှမ်က ဘေးကင်းစွာ ပြန်ရောက်လာတဲ့ အကြောင်းကို အကြီးအကဲဖန့်ဆီကနေ ကျုပ်သတင်း ရထားပြီးပြီ... ယင်းယန်ရေကန် မဖွင့်ခင် တစ်နာရီအတွင်း ကျောင်းကို ပြန်ရောက်လာနိုင်မှာပါ!"

အကြီးအကဲ လုံယွမ်က လူတိုင်းရဲ့ စကားကို ဝင်၍ အနှောင့်အယှက် ပေးလိုက်သည်။

"အကြီးအကဲ လုံယွမ်က သူ့ကို ယင်းယန်ရေကန်ထဲကို အရမ်းဝင်စေချင်နေတာ အကြောင်း တစ်ခုခုများ ရှိလို့လား? ကျုပ်မှတ်မိတာသာ မမှားဘူးဆိုရင် ခင်ဗျားရဲ့သားက သူနဲ့ ရွှေချတဲ့ လုပ်ငန်းကို လုပ်ချင်နေပုံရတယ်"

ရှေ့က ပြောခဲ့သော အကြီးအကဲက ညည်းညူပြန်သည်။

"အိုးယန်ရွှမ်း... ခင်ဗျား စကားပြော ဆင်ခြင်ပါ.. ကျုပ်က လုရွှမ်ရဲ့ အလားအလာကို အခြေခံပြီး ငါရဲ့ အသိစိတ်အပေါ် သူ့အရည်အချင်းတွေကို အသိအမှတ်ပြုလို့ အကြံပေးတာ!"

တစ်ဖက်က ဒီလိုပြောလာမယ်လို့ မမျှော်လင့်ထားတဲ့ အကြီးအကဲလုံယွမ်ရဲ့ မျက်နှာက နီမြန်းသွားလေသည်။

"ဟားဟား... ဟုတ်လား မဟုတ်လား ကျုပ်မသိဘူး... ဘာပဲဖြစ်ဖြစ် လုရွှမ်အတွက်တော့ ကျုပ် သဘောမတူဘူး.... ယင်းယန်ရေကူးကန်ထဲ ဝင်ချင်ရင် အကြီးအကဲ ထက်ဝက်ကျော်ရဲ့ ထောက်ခံ့မှုကိုတော့ ရှာရလိမ့်မယ် ဒါထက်ပိုပြီး ကျုပ်ပြောစရာ မရှိတော့ဘူး"

အိုးယန်ရွှမ်းဟု ခေါ်သော လူကြီးသည် ကြီးကျယ်ခမ်းနားသော အသံကို ကြားသောအခါ သူ့စကားကို အဆုံးသတ်လိုက်ရ၏။

"အကြီးအကဲတွေ ဒီလောက် ဆူညံနေတာ ဘယ်လို ကိစ္စကောင်းများ ရှိလို့လဲ?"

အသံကြားရာ လမ်းကြောင်းမှာ မုတ်ဆိတ်ဖြူနှင့် အဖိုးအိုတစ်ဦး လျှောက်လှမ်းလာပြီး သူ့မျက်ခုံးတော်မှ ဘုန်းအာနုဘော် အရောင်အဝါတို့ဖြင့် လူအား ဖိနှိပ်ချုပ်ချယ်မှုကို ပြင်းပြင်းထန်ထန် ခံစားရစေသည်။

"ကျောင်းအုပ်ကြီးကို ဂါဝရပြုပါတယ်"

"ကျောင်းအုပ်ကြီး!"

ထိုလူကို တွေ့သောအခါ ငြင်းခုံနေကြ သူတိုင်းဟာ တစ်ချိန်တည်းမှာ ထရပ်ပြီး တစ်ခဲနက် ဦးညွှတ်ကြလေ၏။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်၏ အဆင့်၈ ပြီးပြည့်စုံခြင်းကာလ ပညာရှင်ဖြစ်သော ပေရွှီးအင်ပါယာ ယင်းယန်ကျောင်းတော်၏ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်း ဖြစ်ပေသည်။

"ဘာဖြစ်နေတာလဲ? ငါရောက်တာနဲ့ ငြင်းခုံသံတွေကို ကြားလိုက်ရတယ်!"

ချူဝမ့်ရှန်းက အလယ်မှာ ထိုင်လိုက်ပြီး ပတ်ပတ်လည်ကို တစ်ချက် ကြည့်လိုက်သည်။

"ကျောင်းအုပ်ကြီးကို တင်ပြပါတယ်.... ယင်းယန်ရေကန်က မကြာခင်ဖွင့်တော့မှာ.... ဒါက ဒီနှစ်အတွက် နေရာ ၁၀၀ ပါ!"

အိုးယန်ရွှမ်း၏ မျက်လုံးများ တောက်ပသွားသည်။

"ခုနက ကျုပ်တို့ အငြင်းပွားရတဲ့ အကြောင်းရင်းက အကြီးအကဲလုံယွမ်က အဓိပတိနယ်ပယ်က ကောင်လေး တစ်ယောက်ကို ဝင်ခွင့်ပေးဖို့ ပြောနေလို့ပါ.... အဲဒါ ကျုပ်တို့ သဘောမတူပါဘူး....အဲ့ကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွားနေခဲ့တာပါ"

"အဓိပတိနယ်ပယ်?"

ချူဝမ့်ရှန်း မျက်မှောင် ကြုတ်လိုက်သည်။

ယင်းယန်ရေကန်၏ အရေးပါမှုသည် ယင်းယန်ကျောင်းတော်တွင် ထင်ရှားပါသည်။ အ​​မြင့်ဆုံးမှာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၃ ယင်းယန်နယ်ပယ် ရှိနေသူအတွက် ဖြစ်သည်။

အဓိပတိနယ်ပယ်က ဘာမလို့လဲ?

"မှန်ပါတယ်.... အဲဒီကလေးရဲ့ နာမည်က လုရွှမ်ပါ.... သူက အဓိပတိနယ်ပယ်မှာပဲ ရှိသေးတယ် ပြီးတော့ ဒါက သူ့အချက်အလက်တွေပါ!"

အိုးယန်ရွှမ်းသည် ကျောင်းရွှမ်၊ ပိုင်ရှောင်း၊ လုံယိဖျင်၊ ကျန်းရှောက်ချန်နှင့် အခြားလူများကို သတ်ဖြတ်ပြီး မင်းသား ချန်ရှင်းကိုပါ စော်ကားပြီး လုရွှမ်လုပ်ခဲ့သော အရာများစွာကို ရေးသားထားသည့် စာရွက်တစ်ရွက်ကို ချူဝမ့်ရှန်းထံ ပေးလိုက်သည်။

ဟူရှောက်သည် လူများစွာ ဦးဆောင်ခဲ့ပြီး ရလာသမျှ သတင်း အရာအားလုံးနီးပါးကို မှတ်တမ်းတင်ထားခဲ့သည်။

သို့သော် တောင်ဖောက်နဂါးကို ယဉ်ပါးစေ​ခြင်းနှင့် နှလုံးစပျစ်နွယ်ပင်ကို ကုသရန် ကူညီပေးသည့်ကိစ္စနှင့် ပတ်သက်၍ သားရဲခန်းမနှင့် ဆေးဥယျာဉ်က သတင်းဝှက်ထားသဖြင့် မည်သူမျှ သတင်းမရရှိပေ။

"အဓိပတိနယ်ပယ်က တကယ်ပဲ ဒီလောက်ကြီးမားတဲ့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်အောင် လုပ်ခဲ့တာလား?"

မှတ်တမ်းများကို ဖတ်ပြီးနောက် ချူဝမ့်ရှန်းက မျက်မှောင်ကြုတ်လိုက်သည်။

"ဟုတ်ပါတယ်.... ယင်းယန်ရေကန်က အနာဂတ်မှာ ကျောင်းအတွင်း တာဝန်ထမ်းနိုင်တဲ့ အရည်အချင်း ရှိသူတွေ အားလုံးကို ပြုစုပျိုးထောင်ပေးတာပါ.... သူ့စရိုက်နဲ့ဆို နေရာတိုင်းမှာ ဒုက္ခပေးနေမှာ ဒီကောင်လေးက အနာဂတ်မှာ ကျောင်းကို ပုန်ကန်လာနိုင်တယ်... သူဝင်ဖို့ အရည်အချင်း လုံးဝမရှိဘူးလို့ ခံစားရပါတယ်"

အိုးယန်ရွှမ်းက ပြော​လေသည်။

"မှန်ပါတယ် ကျောင်းအုပ်ကြီး.... ကျုပ်တို့က ပါရမီရှင်တွေကို ပြုစုပျိုးထောင်ရရုံတင် မဟုတ်ဘူး သူတို့ရဲ့ စရိုက်ကိုလည်း ကြည့်ရမယ်.... ပါရမီရှင်ရဲ့ စရိုက်က မကောင်းရင် နောင်မှာ ဘေးဒုက္ခက ပိုကြီးလာမှာကို ကြောက်ရတယ်... အဲ့လိုဆိုရင် ကျုပ်တို့ ယင်းယန်ကျောင်းတော်က ရှုပ်ကုန်လိမ့်မယ်!"

နောက်ထပ် လူကြီးတစ်ယောက်က ရှေ့တိုး၍ ဆိုလာသည်။

"ကျောင်းအုပ်ကြီး"

ကျောင်းအုပ်ကြီးကို တစ်ဖက်လူက တိုက်ရိုက် ပြောချ​နေတာကို ကြားတော့ အကြီးအကဲ လုံယွမ်လည်း စိုးရိမ်တကြီးနဲ့ ရှေ့ကို လှမ်းတက်လိုက်ပြီး

"လုရွှမ်က အဓိပတိနယ်ပယ်ပဲ ဆိုပေမယ့် လူနဲ့ဓား ပေါင်းစပ်ခြင်းနယ်ပယ်ကို နားလည်နေပါပြီ... ဒါကိုလည်း ကျုပ် သေချာစုံစမ်းပြီးပါပြီ... အဲဒါက သူတို့တွေက လုရွှမ်ကိုအရင် ပြဿနာသွားရှာကြလို့ လုရွှမ်အပြစ်လို့ ရိုးရိုးရှင်းရှင်း ပြောလို့ မရပါဘူး"

"​တော်လောက်ပြီ!"

ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"အကြီးအကဲအိုးယန်ရွှမ်း ပြောတာ မှန်တယ်.... ယင်းယန်ရေကန်ထဲကို ဝင်ချင်ရင် အရည်အချင်းကိုတင် မကဘူး သူ့ရဲ့ ပင်ကို စရိုက်ကိုပါ စမ်းသပ်ရမယ်... မင်းကငါ့ရဲ့ ယင်းယန်ကျောင်းတော်ကို သစ္စာမစောင့်သိဘဲ သူ့အတွက် အခွင့်အလမ်းတွေ ဖန်တီးပေးနေတာ တရားမျှတမှု ရှိရဲ့လား... မင်းက ရန်သူ ဖြစ်ချင်​နေတာလား?"

"ကျောင်းအုပ်ကြီး"

အကြီးအကဲလုံယွမ်ခငယမျာ သူ့စိတ်ထဲတွင် "သွားကြိတ်သံတွေ!" ထွက်သွားပြီး စကားဆက်ချင်သော်လည်း စကားမပြောနိုင်ခင် ချူဝမ့်ရှန်းက ထပ်မံ နှောက်ယှက်လိုက်ပြန်သည်။

"ပြောစရာ မလို​တော့ဘူး.... သူက ပါရမီ ပါပေမယ့် သူငါတို့ရဲ့ ကျောင်းတော်ကို သိပ်မကြာသေးခင်ကမှ ​ရောက်လာပြီး ကုသိုလ်ကောင်းမှု လေး တစ်ခုမှ မလုပ်သေးဘူး.... ဒီနည်းနဲ့ သူ့ကို တစ်နှစ် အချိန်ပေးပြီး ကောင်းမှုဆောင်ပြီး ကျောင်းတော်ကို ထောက်ပံ့ခိုင်းရမယ်.... နောက်နှစ် ဒီအချိန် ကောင်းကောင်း လုပ်ထားနိုင်ရင် ငါသူ့ကို ဝင်ခွင့် ပေးလို့ရတယ်"

"ဒါပေမဲ့ ကျောင်းအုပ်ကြီး... ဒီလိုမျိုး ပါရမီရှင်မျိုးက အထူးနည်းလမ်းနဲ့ ဆက်ဆံရမှာမလား.... ဒါက သူ့စိတ်ကို မကျေမနပ် ဖြစ်စေမှာကို ကြောက်မိတယ်... မဟုတ်လို့ သူကျောင်းက ထွက်သွားရင် ကျုပ်တို့ ကျောင်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်လာလိမ့်မယ်"

အကြီးအကဲ လုံယွမ်က ကမန်းကတန်း ထပြောလိုက်သည်။

"ကျောင်းက ထွက်တာလား? ဟားဟား... အကြီးအကဲလုံယွမ်ရဲ့ စကားကို ကျုပ်တော့ နားထောင်ရ ခက်တယ်ဗျာ... သူက အမှိုက်လို ကျောင်းသားလေးပါပဲ.... သူ့မှာ အရည်အချင်း ရှိရင်တောင် ဘာမလို့လဲ? တိမ်ပင်လယ် နယ်မြေကြီး တစ်ခုလုံးမှာ ထင်ရှားကျော်ကြားတဲ့ အင်အားကြီး ယင်းယန်ကျောင်းတော်က နှစ်တိုင်း ပါရမီရှင်တွေကို စုဆောင်းနိုင်ပြီးသား... သူလာချင်တိုင်း ထွက်သွားချင်တိုင်း ထွက်သွားရင် ကျုပ်တို့ကျောင်းရဲ့ ဂုဏ်သိက္ခာက ဘာဖြစ်သွားတော့မလဲ?"

အိုးယန်ရွှမ်းက ပြောလေ၏။

"သူလိုချင်လို့ ထွက်သွားချင်တယ် ဆိုရင် ရှင်းရှင်းလင်းလင်း ပြောလိုက်ပါ... ထွက်သွားလို့ ရတယ် ဒါပေမဲ့ သူ့ရဲ့ ကျင့်​ကြံမှုကို ချန်ထားခဲ့ရမယ်.... မဟုတ်ရင်လည်း ကျုပ်တို့စကားကို နာခံမှုရှိရှိ စောင့်ရမယ်.... အဲ့လိုမှ မဟုတ်ရင် လူတိုင်းက အသိပညာကို သင်ယူပြီး လှည့်ထွက်သွားရင် ကျုပ်တို့ကျောင်းက ဘာဖြစ်သွားမလဲ? တည်းခိုခန်းလား?"

"ဒီလိုလူမျိုးကို ဆက်ဆံဖို့ အထူးနည်းလမ်း ရှိပါတယ်.... ပြောရရင်တော့ ကောင်းကောင်း သင်ခန်းစာ ပေးသင့်ပြီး ကိုယ့်နေရာကို သိအောင် လုပ်ပေးရမယ်... မဟုတ်ရင် ကျုပ်တို့ ယင်းယန်ကျောင်း ဂုဏ်သိက္ခာကို ဘယ်သွားထားတော့မလဲ? သူ့လို လူလေးက ဘာမှမဟုတ်ပါဘူး....ကျောင်းထဲမှာ သူလုပ်ချင်တာကို လုပ်ခွင့်ပေးထားလို့ ဘယ်ဖြစ်မလဲ?"

အိုးယန်ရွှမ်း ဘက်မှ အကြီးအကဲ တစ်ဦးကလည်း ပြောလာခဲ့သည်။

All Chapters