← Chapters

ယင်းယန်အမိန့်

Vol. 30 Ch. 3.191

ယင်းယန်အမိန့်

Vol. 30 Ch. 3.191

"ဟုတ်​ကဲ့!"

ရှောင်းယွင့်ထျန်း ခေါင်းညိတ်​လိုက်သည်​။

ဒီလမ်းမှာ ယင်ယန်ရေကန်ထဲမှာ လေ့ကျင့်ဖို့ သူ့ဆရာ ဆီကနေ စာကို လက်ခံရရှိခဲ့ပြီး သူပြန်လာတာနဲ့ ဒီနေရာကို ချက်ချင်းလာခဲ့တာ ဖြစ်သည်။

"ကောင်းပြီ... အားလုံးလည်း ရောက်ကြပြီ ယင်းယန်ရေကန်ကလည်း ပွင့်နေပြီ ဆိုတော့ ယင်းယန်ရေကန်ထဲကို ဝင်ပြီးရင် အားလုံး ဆက်ကြိုးစားကြပေါ့... မင်းတို့ ရေကူးကန်ထဲမှာ ကြာကြာနေနိုင်လေ အကျိုးအမြတ်က ပိုကြီးလေလေပဲ"

သူ့တပည့် ရောက်လာတာကို မြင်တော့ အိုးယန်ရွှမ်းက ပတ်ဝန်းကျင်ကို ကြည့်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

"ဟုတ်ကဲ့!"

"ကျွန်​​တော်​တို့ စည်းမျဥ်း​ စည်းကမ်း​တွေကို သိပါတယ်​.... တစ်​ခါက စီနီယာကျန်းရှောက်ထျန်း ချန်​ထားခဲ့တဲ့ တစ်​ရက်​စံချိန်​ကို ချိုးဖျက်​ပြမယ်​"

"ငါတို့ကြိုးစားရမယ်!"

ကျောင်းသား တော်တော်များများက တစ်ချိန်တည်းမှာ တုံ့ပြန်လာကြသည်။

"ကောင်းပြီ.... ယင်းယန်ရေကန် စပွင့်ပြီ!"

အိုးယန်ရွှမ်းက ကျယ်လောင်စွာ အော်လိုက်ပြီး သူ့လက်ကို မြှောက်လိုက်သော် သူ့ရှေ့က နန်းတော်တံခါးက ချက်ချင်း ပွင့်လာပြီး ယင်းနဲ့ ယန် ရောစပ်ထားတဲ့ အငွေ့အသက်တွေ ချက်ချင်း ထွက်လာပြီး လူတစ်ကိုယ်လုံး နူးညံ့တဲ့ ခံစားချက်တစ်ခုဖြင့် လွှမ်းခြုံပေးလာ၏။

ယင်းယန်ရေကန်သည် ယင်းနှင့် ယန်၏ စွမ်းအင်ကို ပေါင်းစပ်ထားသော ပေါင်းစပ်မှု တစ်ခုဖြစ်သည်။ ၎င်းကို ကျင့်​ကြံခြင်းနှင့် ယင်းယန် ဝိညာဥ်ချီများကို စုပ်ယူခြင်းဖြင့် လေ့ကျင့်သူများအား ၎င်းတို့၏ ကျင့်​ကြံမှုကို အားကောင်းစေပြီး ၎င်းတို့၏ စိတ်စွမ်းအားကို အာဟာရ ဖြစ်စေမည် ဖြစ်သည်။

ဝူး!

ယင်းယန်ရေကန်ကို ဖွင့်လှစ်လိုက်သည်နှင့် အပြင်မှာ စောင့်ဆိုင်းနေကြသော ကျောင်းသားများစွာသည် အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသည်။

"အထဲဝင်ရအောင်!"

တစ်ယောက်ပြီး တစ်ယောက် ချီတက်သွားတာကို မြင်တော့ လုရွှမ်က ခေါင်းကိုလှည့်၍ ပြောလိုက်ပြီး ခြေလှမ်းကြီးတွေနဲ့ လျှောက်သွားလေသည်။

"ခဏနေပါဦး မင်းတို့က ဘာလုပ်ချင်​နေတာလဲ"

မထင်မှတ်ပဲ လူငယ်က တိုက်ရိုက် ဝင်လာတာကို တွေ့တဲ့အခါ အိုးယန်ရွှမ်းရဲ့ မျက်နှာ မည်းမှောင်သွားပြီး သူ့လက်ကိုဆန့်လျက် တားထားလိုက်သည်။

"ညီလေးလုက ယင်းယန်ရေကန်ထဲ ဝင်ဖို့ အမိန့်ပြား လိုတာကို မသိဘူး ထင်တယ်...ခွဲတမ်းရှိတဲ့ ကျောင်းသားတွေကိုပဲ ကျောင်းက အမိန့်ပြား ထုတ်ပေးတာ... မဟုတ်ရင် ယင်းယန်စွမ်းအင်က မင်းခန္ဓာကိုယ်ကို မီးလောင်ကျွမ်းစေလိမ့်မယ်... ကံမကောင်းရင် အဲဒီနေရာမှာပဲ သေသွားလိမ့်မယ်..."

ကောင်လေး ဝင်သွားတော့မှာကို မြင်တော့ ရှောင်းယွင့်ထျန်း အေးစက်စွာ ပြုံးပြီး အဖြူအမည်းဝိုင်းထားတဲ့ ယင်းယန်အဝိုင်းပုံစံ ကျောက်စိမ်းသင်္ကေတ တစ်ခုကို ထုတ်လိုက်သည်။

"မင်းပြန်သင့်ပြီ ထင်တယ် ဒါမှမဟုတ်ရင်လည်း မင်းပြန်သွားအောင် အတင်းအကျပ် ထုတ်ပစ်ရမှာပဲ!"

လူငယ်သည် ချိုင့်ဝှမ်းထဲတွင် ရုန်းရင်းဆန်ခတ် ဖြစ်စေခဲ့သော်လည်း သူ့အမြင်အရ တစ်ဖက်လူသည် တောင်ဖောက်နဂါး၏ အင်အားနှင့် မြေနေရာ၏ အားသာချက်ကို အားကိုးနေခြင်းသာ ဖြစ်သည်။ ၎င်း၏အစွမ်းသတ္တိက သူ့နောက်တွင် ကျန်နေပါသေးသည်။

အခုကျောင်းကို ပြန်ရောက်​ပြီ ဆိုတော့ ပြင်ပ အင်အားစုတွေကို အားကိုး​နေတဲ့ ယောက်ျားလေး ဖြစ်နေရင်တောင် ဘာလုပ်နိုင်မှာလဲ။

ချက်ချင်းပင် သူသည် ယုံကြည်မှုများ ပြန်ရလာသည်။

"ယင်းယန်အမိန့်ကို လိုသေးတာလား? ငါတို့မှာ ဆက်ဆံရေးကောင်း ရှိခဲ့တယ်နော်... အဲဒါဆိုရင် မင်းအမိန့်ပြား ငါ့ကို ပေးလိုက်ရင်ရော?"

လုရွှမ်မှ ပြောလိုက်သည်။

"မင်းကိုပေးရမယ်?" ရှောင်းယွင့်ထျန်း ခဏလောက် အံ့အားသင့်သွားပြီး

"စိတ်မကောင်းပါဘူး... ဒီအမိန့်ပြားက အရမ်းတန်ဖိုး ရှိတယ်... တခြားသူတွေကို မပေးနိုင်ဘူး!"

"ဟားဟား.... ဒီကောင်က ဘယ်ကလာတာလဲ? သူများဆီကတောင် ယင်းယန်အမိန့်ပြားကို တောင်းနေတယ်တဲ့"

"ငတုံးပါကွာ... ကိုယ့်အဆင့်ကို မသိတဲ့ကောင်!"

"ယင်းယန်အမိန့်ပြားကို ရဖို့ ကျောင်းအုပ်ကြီးနဲ့ အကြီးအကဲတွေက ကျောင်းသား အရေအတွက်တွေကို သေချာသုံးသပ်ရတယ်... တခြားသူ ပိုင်တာကို တောင်းရအောင် ဒီကောင့်ဦးနှောက်က ပျက်နေတာများလား?"

"ဟာသပဲ!"

လုရွှမ်နှင့် ရှောင်းယွင့်ထျန်းတို့ရဲ့ စကားဝိုင်းကို ကြားတော့ အနီးနားရှိ ကျောငသား အားလုံးက တစ်ချိန်တည်း ရယ်မောလိုက်ကြသည်။

ယင်းယန်ရေကန်ကို ဝင်ခွင့်ရသူ အယောက် ၁၀၀သည် နှစ်စဉ်ခွဲတမ်းကို ကျောင်းမှ သတ်မှတ်ထားပြီး မည်သူမျှ ၎င်းကို ပြောင်းလဲ၍ မရချေ။ နေရာများကို အမှန်တကယ် ပေးချင်ရင်တောင် မဖြစ်နိုင်ပေ။

ထိုသို့လုပ်ဆောင်ခြင်းသည် ကျောင်း၏ စည်းကမ်းများကို ဖောက်ဖျက်ခြင်းနှင့် တူတာကြောင့် ပြင်းထန်စွာ အရေးယူခြင်း ခံရမည်ဖြစ်သည်။

"လုရွှမ်... ဒီခွဲတမ်းကို အဲ့လို ပေးလို့မရဘူး"

သူ့ပတ်ဝန်းကျင်က လှောင်ပြောင်သံတွေကို ကြားတော့ အကြီးအကဲလုံယွမ် ရှေ့ကို ပြေးသွားပြီး အသံတိုးတိုးနဲ့ ရှင်းပြလိုက်သည်။

"မရဘူးလား? ဒါပေမဲ့ အစ်ကိုရှောင်းကတော့ သေချာပေါက် လက်လွှတ်​ပေးမယ်လို့ ထင်တယ်!"

လူတိုင်းရဲ့ လှောင်ပြောင်မှုကို လျစ်လျူရှုထားတဲ့ လုရွှမ်က ခပ်ဖျော့ဖျော့ပြုံးပြီး ရှောင်းယွင့်ထျန်း ရှေ့ကို ခြေလှမ်းနှစ်လှမ်း လှမ်းပြီး လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။

ဟူး!

ရှောင်းယွင့်ထျန်း မတုံ့ပြန်နိုင်ခင်မှာ သူ့လက်ထဲက ယင်းယန်အမိန့်ပြားသည် တစ်ဖက်လူ၏ လက်ဖဝါးပေါ် ရောက်နေလေပြီ။

"မင်းဘာလုပ်တာလဲ?"

မထင်မှတ်ပဲ သူ့လက်ထဲမှာရှိတဲ့ ပစ္စည်းကို လုယက်သွားတာ တွေ့သော် ရှောင်းယွင့်ထျန်းရဲ့ မျက်နှာဟာ အလွန်ရုပ်ဆိုးသွားတော့သည်။

"ကိုယ့်အဆင့်ကို မသိတဲ့ကောင်! ငါ့ပစ္စည်းကို ခိုးရဲတယ်ပေါ့?? ဘယ်လိုအသက်ရှင်ရမှန်း မသိဘူးပဲ"

ဝုန်း!

တစ်ချက် လှုပ်ရှားလိုက်တာနဲ့ သူ့ရဲ့ကျင့်ကြံမှု အဆင့်က ချက်ချင်းပဲ ပေါ်ထွက်လာသည်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၄ ကျိုချင်းနယ်ပယ် အစောပိုင်းကာလ!

ရှန့်ခုန်းချိုင့်ဝှမ်းသို့ ခရီးထွက်ခြင်းမှ များစွာအကျိုး ခံစားခဲ့ရပုံ ရသည်။ သူသည် ယင်းယန်နယ်ပယ်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး သူ၏ခွန်အားသည် ပိုမိုမြင့်မားလာခဲ့သည်။

ဤအနေအထားတွင် ခန္ဓာကိုယ်တွင်းရှိ စွမ်းအားသည် ကြည်လင်ပြီး စိမ်းနေကာ ပို၍ အားကောင်းလာပြီ။ ၎င်းသည် အစောပိုင်းကာလတွင်သာ ရှိသော်လည်း စွမ်းအားသည် ၁၀ သန်းအထိ ရောက်ရှိနေပြီ ဖြစ်သည်။

လေးထောင့်ပုံစံ ယင်းယန်ရေကန်ရဲ့ အရှေ့ဘက်မှာ ချက်ချင်းကြီး ကြီးကျယ်ခမ်းနားတဲ့ စွမ်းအားတွေနဲ့ ပြည့်နှက်လာပြီး အသက်ရှူရတာကိုပင် ခက်ခဲလာစေသည်။

"ကျိုချင်းနယ်ပယ်?"

"စီနီယာရှောင်းကို ၂လလောက် မတွေ့တာနဲ့ ဒီအဆင့်ထိ ရောက်သွားမယ်လို့ မထင်ထားဘူး"

"အင်း... ချိုင့်ဝှမ်းထဲမှာ တကယ်ကောင်းတဲ့ အခွင့်အရေး တစ်ခု ရရှိခဲ့ပုံပဲ!"

"သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၃ ယင်းယန်နယ်ပယ်နဲ့ အဆင့်၄ ကျိုချင်းနယ်ပယ်က ခြေတစ်လှမ်းပဲ ကွာတော့တယ်... စီနီယာရှောင်းက တကယ့်ကို မြန်မြန်ဆန်ဆန် ဖြတ်ကျော်သွားနိုင်တဲ့ ပါရမီရှင် တစ်ယောက်ပဲ!"

"ဒီလုရွှမ်က ဘယ်လို အသက်ရှင်ရမှန်းကို တကယ် မသိဘူး ထင်ပါတယ်ကွာ.... ကျိုချင်းနယ်ပယ်မှာ ရှိတဲ့ သန်မာတဲ့ လူတစ်ယောက်ဆီက ယင်းယန်အမိန့်ပြားကို လုယူဖို့ သတ္တိရှိနေတယ်ပေါ့လေ"

ရှောင်းယွင့်ထျန်းရဲ့ တိုက်ခိုက်နိုင်စွမ်းကို မြင်လိုက်ရတော့ ယင်းယန်ရေကန်ထဲကို မဝင်ဖူးသူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

ရှောင်းယွင့်ထျန်းကို မျက်နှာဖြူ ကျောင်းသားလေးလို့ လူသိများပြီး သူ့မိသားစု နောက်ခံနဲ့ အတွင်းစည်းထဲမှာတောင် လူသိများလေသည်။

လုရွှမ်သည် မကြာသေးမီက ကျော်ကြားမှုများစွာ ရရှိခဲ့သော်လည်း လူတိုင်း၏ အမြင်တွင် သူနှင့်နှိုင်းယှဉ်ပါက ကွာဟချက် အချို့ရှိနေဆဲ ဖြစ်သည်။

"ငါ့တပည့်လို့ကို မပြောရဘူး!"

ဘေးက အိုးယန်ရွှမ်းဟာ သူ့တပည့်က ကန့်သတ်ချက်တွေကို ဖြတ်ကျော်ပြီး ကျိုချင်းနယ်ပယ်သို့ အမြန် ရောက်ရှိထားတာ တွေ့တော့ ကျေနပ်စွာ ခေါင်းညိတ်လျက် သူ့မျက်လုံးတွေက ချီးမွမ်းမှုအပြည့်နဲ့ တောက်ပနေ၏။

"ကျေးဇူးပြုပြီး သက်ညှာပေးပါ"

လုရွှမ်သည် ရှောင်းယွင့်ထျန်း၏ ယင်းယန်အမိန့်ပြားကို လုယူရန် ရှေ့တိုးသွားကာ တစ်ဖက်က ပြန်လှုပ်ရှား လိုက်သော်လည်း ၎င်းသည် အသက်ရှူချိန် ၂ကြိမ်မျှသာ ကြာ၏။ အကြီးအကဲလုံယွမ်က ထိုလူငယ်အား ဤမျှမဆင်မခြင် ပြုမူလာမည်ဟု မမျှော်လင့်ထားဘဲ လန့်ဖျပ်သွားကာ အလျင်စလို ထွက်အော်လိုက်သည်။

လုရွှမ်ရဲ့ အရည်အချင်းက အဓိပတိနယ်ပယ်မှာသာ ရှိသေးသည်။ နှစ်ယောက် ရန်ဖြစ်လိုက်သည်နှင့် ယခင်က လူများကဲ့သို့ မလွဲမသွေ အသတ်ခံရမည် ဖြစ်သည်။

သို့သော် သူ့အော်သံမဆုံးခင်မှာ လုရွှမ်သည် ငြိမ်သက်​နေသော မျက်နှာဖြင့် တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့သည်။ သူက ရှောင်မပြေးဘဲ တစ်ပတ်လှည့်၍ တစ်ဖက်လူကို ကန်ထုတ်ပစ်လိုက်သည်။

ဗုန်း!

ရှောင်းယွင့်ထျန်းထံမှ အရိုးကွဲအက်သံကို မကြားရမီ ဇောက်ထိုး လွင့်ထွက်သွားကာ မီတာဆယ်ဂဏန်း အကွာလောက်အထိ ရောက်သွားသည်။

"ဘာ?"

အကြီးအကဲ လုံယွမ် လန့်သွားသည်။

ကောင်လေးကို ပထမဆုံး စတွေ့တုန်းက သူသည် အဓိပတိနယ်ပယ်တွင်သာ ရှိသေးသည်။ သူ၏ဓားစွမ်း ထက်မြက်မှုမှာ ပြိုင်ဘက်မရှိသော်လည်း သူ့ကိုယ်ပိုင် လေ့ကျင့်မှုမှာ အလွန်နည်းနေသေးသည်။ ခြားနားမှုတစ်ခုကို ဖန်တီးနိုင်သော်လည်း ဝိညာဥ်ချီ စုဆောင်းရန် အချိန်ယူရဦးမည်။

အခု ဘယ်လောက် ကြာသွားပြီလဲ။ သုံးလပဲ ကြာသေးတာတောင် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၄ ကျိုချင်းနယ်ပယ်ကို ခုခံဖို့ ခွန်အားတောင် မရှိခဲ့ဘူးလား?

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? သူဘယ်လို လုပ်လိုက်တာလဲ။

"ယွမ်ချီနယ်ပယ်က ပြီးပြည့်စုံခြင်းကာလ??"

ကောင်လေးရဲ့ ခန္ဓာကိုယ်ထဲက ဝိညာဥ်ချီတွေကို မတိုင်ခင်က သူခံစားမိခဲ့ပြီး ၎င်းမှာ ယွမ်ချီနယ်ပယ် အဆင့်၂ ပြီးပြည့်စုံခြင်းကာလကို ရောက် နေပြီဆိုတာ မြင်လိုက်ရသည်။

သုံးလအတွင်း သူသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကို ဖြတ်ကျော်နိုင်ရုံ သာမကဘဲ ယွမ်ချီနယ်ပယ် အဆင့်၂ ပြီးပြည့်စုံမှုကာလကိုလည်း ရောက်ရှိသွားခဲ့သည်။

ယင်းယန်ကျောင်းတော်ရဲ့၏ သမိုင်းတစ်လျှောက် အစွမ်းထက်ဆုံး ပါရမီရှင် ဖြစ်သည့်တိုင် ၎င်းတို့၏ တိုးတက်မှုနှုန်းသည် ဤမျှ မြန်ဆန် လွန်းလှသည်တော့ မဟုတ်ပေ။

"သခင်လေး... ထပ်ပြီး ထိုးဖောက်ပြန်ပြီလား?"

မုယန်ဖုန်းနှင့် အခြားသူများသည် ဤမြင်ကွင်းကို မြင်ရသောအခါ ပါးစပ်ထောင့်များပင် တုန်လှုပ်သွားကြသည်။

ချိုင့်ဝှမ်းထဲက ထွက်လာပြီးတဲ့ နောက်မှာတော့ သခင်​လေး လှုပ်ရှားခဲ့တာမျိုး မတွေ့ခဲ့ရချေ။ သူက အဓိပတိနယ်ပယ်မှာပဲ ရှိနေသေးတယ်လို့ ထင်ခဲ့တာ။

အခုချိန်မှာတော့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် ကြီးမားတဲ့ အဆင့်ကို ဖြတ်ကျော်သွားခဲ့ပြီ ဆိုတာ သိလိုက်ရလေပြီ။ ယခု ယွမ်ချီနယ်ပယ် အဆင့်၂ ပြီးပြည့်စုံခြင်းကာလကိုပင် ရောက်နေပြီ ဖြစ်သည်။

ဤတိုးတက်မှု အရှိန်အဟုန်က သူတို့ အားလုံးကို စကားမပြောနိုင်ဘဲ ဆွံ့အသွားစေသည်။

All Chapters