← Chapters

တကယ်ပဲ အရမ်းရက်စက်တာလား?

Vol. 30 Ch. 3.192

တကယ်ပဲ အရမ်းရက်စက်တာလား?

Vol. 30 Ch. 3.192

တစ်နှစ်အတွင်း မြင့်မားသော အဆင့်ကို လေ့ကျင့်နိုင်သော အခြားသူများသည် ရည်မှန်းချက် ပြည့်ဝပြီး ဉာဏ်ကြီးရှင်များဟု လူသိများကြသည်။ သူ၏ သခင်​လေးကတော့ ဘီလူးတစ်ကောင်နှင့် တူနေပါ၏။

အဆင့်တက်ခြင်းသည် ထမင်းစား ရေသောက်ကဲ့သို့ပင် လွယ်ကူနေသည်။ တကယ်ကို ဘယ်လို လေ့ကျင့်နည်းတွေကို သုံးနေမှန်း မသိတော့ချေ။

သူနဲ့သိရတာ တစ်နှစ်တောင် မပြည့်သေးပါ။ ဝူအဆင့်ကနေ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် ဒုတိယအဆင့်ကို ရောက်တဲ့အထိ လေ့ကျင့်နိုင်သွားပြီတဲ့လေ။

"သူ.... လူရော ဟုတ်သေးရဲ့လား?"

မုယန်ဖုန်းသာမက လင်ရှောင်းရှောင်း၊ မင်းသမီး လော့ရုံ၊ ဟန်ရွှယ်နှင့် အခြားသူများကလည်း တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ရှုံ့မဲ့စွာပြုံးလိုက်ကြသည်။

ရှေးဟောင်းမြို့မှာ အခွင့်အလမ်း ကောင်းတွေရခဲ့လို့ သူတို့ရဲ့ ကျင့်ကြံမှုဟာလည်း အလွန်တိုးတက်လာခဲ့ပြီး အားလုံးက အဓိပတိနယ်ပယ် ပြီးပြည့်စုံတဲ့ကာလကို ရောက်ရှိသွားခဲ့သည်။ လုရွှမ်က ပိုမြန်တဲ့ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်ကို ဖြတ်ကျော်သွားနိုင်မယ်လို့ ထင်ပင်မထင်ထားခဲ့ချေ။

"အတင့်ရဲလိုက်တာ!"

လူတိုင်းက အံ့သြသွားနေကြစဥ် အိုးယန်ရွှမ်းကတော့ ရူးတော့မလို ဖြစ်သွားသည်။

သူသည် ကျောင်းတော်၏ အကြီးအကဲ ဆယ်ပါးထဲမှ တစ်ဦးဖြစ်ပြီး ယင်းယန်ရေကန်ကို ဖွင့်လှစ်ရန် တာဝန်ယူနေသူ ဖြစ်သည်။ သူ့ရှေ့တွင် ဤလူငယ်သည် ယင်းယန်အမိန့်ကို လုယူသွားကာ သူ့တပည့်ကိုပင် ဒဏ်ရာရစေခဲ့သည်။

ထိုအချက်က သူ့အား အလွန်အမင်း ဒေါသထွက်သွားစေ၏။

"ငါ့ရှေ့မှာ လူသတ်ရဲတယ်ပေါ့!! ဒါ ခွင့်မလွှတ်နိုင်တဲ့ ရာဇ၀တ်မှုပဲ"

ဟောက်သံနှင့်အတူ တုနှိုင်းမရသော ရောင်ဝါတစ်ခု ထွက်ပေါ်လာပြီး ယင်းယန်ရေကန် တစ်ခုလုံးကို လွှမ်းခြုံသွား​တော့သည်။

သူ၏ ရောင်ဝါနှင့် ယှဉ်လျှင် ရှောင်းယွင့်ထျန်း၏ အငွေ့အသက်သည် နေနှင့် ယှဉ်နေသော ဖယောင်းတိုင်မီးကဲ့သို့ ရယ်စရာ ကောင်းလှသည်။

"အိုးယန်ရွှမ်း... မင်း ဘာလုပ်မလို့လဲ"

သူ လှုပ်ရှားတော့မယ် ဆိုတာကို မြင်တော့ အကြီးအကဲလုံယွမ်မှ အရှေ့မှာ ကမန်းကတန်း ပြေးရပ်လိုက်သည်။

လုရွှမ်ရဲ့ လုပ်ရပ်တွေက အရမ်းမိုက်လွန်းတယ်လို့ ခံစားမိပေမယ့်လည်း သူ မတုံ့ဆိုင်းဘဲ လုရွှမ်ဘေးနားမှာ ရပ်နေမိဆဲပင်။

သူစိတ်ထဲရှိတာက လွန်ခဲ့တဲ့ သုံးလလောက်ကမှ အဓိပတိနယ်ပယ် ပြီးပြည့်စုံသောကာလမှာ ရှိနေခဲ့သူက အခု သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၂ ယွမ်ချီနယ်ပယ် ပြီးပြည့်စုံသောကာလကို ရောက်နေသည့်အပြင် ကျိုချင်းနယ်ပယ်က လူကိုလည်း တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်တဲ့ အကြောင်းကို ကျောင်းအုပ်ကြီးအား ပြေး၍ ပြောပြခြင်းနေခြင်းပင်။

ဤလုရွှမ်၏ ပင်ကိုယ်စွမ်းရည်သည် ယင်းယန်ရေကန်ထဲသို့ ဝင်ရန် အရည်အချင်း ပြည့်မီလွန်းသည်။

"မင်းကငါ့ကို တားချင်နေတာလား?" အိုးယန်ရွှမ်းက မျက်ခုံးပင့်လိုက်ပြီး သူ့မျက်လုံးတွေက လူသတ်ချင်စိတ်တွေ အပြည့်နဲ့

"ငါ့ရှေ့က ဖယ်လိုက်.... မဟုတ်ရင် မင်းကိုပါ သင်ခန်းစာ အတူတူ သင်ပေးလိုက်မယ်!"

ထိပ်တန်း အကြီးအကဲ ၁၀ယောက်မှာ အားမနည်းကြသော်လည်း အကြီးအကဲလုံယွမ်သည် အိုးယန်ရွှမ်းနဲ့ ယှဥ်ရင်တော့ သိသိသာသာ အားနည်းနေဆဲပင်။

"အကြီးအကဲလုံယွမ် ခင်ဗျား ဝင်စွက်ဖက်ဖို့ မလိုပါဘူး!"

လုရွှမ်လည်း သူ့လက်ကို ဝှေ့ယမ်းပြီး သူ့ရှေ့တည့်တည့်က အိုးယန်ရွှမ်းကို ကြည့်လိုက်ပြီး

"မင်း ငါ့ကို သတ်ချင်နေတာလား?"

"ကျောင်းတော်က ကျောင်းသားတစ်ယောက် အနေနဲ့ စည်းကမ်းကို ဖောက်ဖျက်ပြီး အတန်းဖော်တွေကို ဒဏ်ရာအနာတရ ဖြစ်စေတဲ့အပြင် ယင်းယန်အမိန့်ကို လုယူတာကလည်း ခွင့်မလွှတ်နိုင်တဲ့ အပြစ်တစ်ခုပဲ.... မင်းကို ဒီနေ့မသတ်ရရင် တခြားကျောင်းသားတွေ အေးအေးချမ်းချမ်း ဖြစ်မှာ မဟုတ်တော့ဘူး"

အိုးယန်ရွှမ်းက ကျယ်လောင်စွာ အော်ဟစ်လေသည်။

"ကောင်းပြီ!"

တစ်ဖက်လူရဲ့ ဟောက်သံကို ကြားတဲ့အခါ လုရွှမ် အသာအယာ ခေါင်းခါပြီး လက်ညှိုးကို ဆွဲလိုက်သည်။

"သူငါ့ကိုသတ်ချင်နေတာ ဆိုတော့ သူ့ကို သတ်ပစ်လိုက်တော့!"

ဝူး!

စကားအဆုံးတွင် ကြောက်စရာကောင်းသော ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာပြီးနောက် တောင်​ဖောက်နဂါးကြီးသည် လျှပ်စီးကဲ့သို့ အဝေးမှ ဖြတ်ပြေးလာလေသည်။

လုရွှမ်သည် ပေရွှီးအင်ပါယာသို့ ပြန်လာပြီးနောက် ​မော့ချုံနှင့်အတူ သားရဲခန်းမသို့ မသွားသေးတာကြောင့် တောင်ဖောက်နဂါးက သူနှင့်အတူ လိုက်လာခဲ့သည်။ ယခုအချိန်တွင် အမိန့်ကို ကြားသောအခါ ချီတုံချတုံ ဖြစ်မနေဘဲ အိုးယန်ရွှမ်းထံသို့ တစ်မှိတ်အတွင်း ရောက်ရှိသွားခဲ့သည်။

ခွာများနှင့် ခြေသည်းများကို မြှောက်လျက် လေချွန်သံ တစ်ချက်အတွင်း ရိုက်ချပစ်တော့သည်။

"အဆင့်ရှစ် ပြီးပြည့်စုံတဲ့ကာလက ဝိညာဥ်သားရဲလား?"

ဒီစွမ်းအားကို ခံစားလိုက်ရတော့ အိုးယန်ရွှမ်း ရဲ့ အမူအရာက ပြောင်းလဲသွားပြီး အထိတ်တလန့်ဖြင့် ကြောက်လန့်သွားသည်။

အဆင့်၈ ဝိညာဉ်သားရဲသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ကျင့်ကြံသူနှင့် ညီမျှသည်။ ပြီးပြည့်စုံသောကာသို့ ရောက်ပါက ကျောင်းအုပ်ကြီးပင်လျှင် ပြိုင်ဘက်ဖြစ်နိုင်မည် မဟုတ်ပေ။ ဤလုရွှမ်သည် ဤမျှလောက် အစွမ်းထက်သော ဝိညာဥ်သားရဲကို ဘယ်မှာ ရှာတွေ့လာခဲ့သနည်း။

စိတ်ထဲမှာ ထိတ်လန့်သွားပြီး ချက်ချင်း လက်နှစ်ဖက်နဲ့ ပြန်ခုခံထားလိုက်သည်။

ဝှစ်! ဝှစ်!

ခွာများနှင့် ခြေသည်းများက သူ့လက်ဖဝါးကို ထိလိုက်သည်နှင့် သူ မတုံ့ပြန်နိုင်မီတွင် ပြတ်သားသော အသံများ ဆက်တိုက်ကြားရပြီး သူ့လက်နှင့် လက်ဖျံရိုးများ ကွဲကြေသွားကာ ခွန်အားက ရင်ဘတ်အထိ တိုက်ရိုက် ပြေးဝင်လာခဲ့သည်။

ဖူး!

နှုတ်ခမ်းမှ သွေးတွေ တဟုန်ထိုး ထွက်ကျသည်။

သူသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ကျင့်ကြံသူတစ်ယောက် ဖြစ်သော်ငြားလည်း အလယ်အလတ် ကာလတွင်သာ ရှိသေးသည်။

ဝူး!

ထိုးနှက်ချက် တစ်ချက်ကြောင့် အိုးယန်ရွှမ်း ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည်။ တောင်ဖောက်နဂါးက တဖန်လှုပ်ရှား၍ ခွာနှင့်ခြေသည်းများကို မြှောက်၍ ဦးခေါင်းကို ဆုပ်ကိုင်လိုက်ပြန်သည်။

ဒီအချိန်မှာ သူဖမ်းမိသွားရင် သူ့ဦးနှောက်တွေ ပေါက်ကွဲထွက်ပြီး အသက်ရှင်ဖို့ မဖြစ်နိုင်ဘူး ဆိုတာ ရှင်းရှင်းလင်းလင်းကို ခန့်မှန်းလို့ရသည်။

"အကြီးအကဲလုံယွမ်... ကျုပ်ကို ကူညီပါဦး"

အိုးယန်ရွှမ်းသည် တကယ်ကို ထိတ်လန့်သွားပြီး ကြောက်လန့်တကြား အော်ဟစ်ကာ အလျင်စလို အကူအညီ တောင်းလိုက်၏။

ယခု သူ့ကို ကယ်တင်နိုင်သူမှာ အကြီးအကဲ လုံယွမ်သာ ဖြစ်သည်ကို သူသိသည်။ လူငယ်လေး၏ ဘာမှမထူးခြားသော အမူအရာကြောင့် သူ့ကိုသတ်ခြင်းသည် အလွန်ရိုးရှင်းသော ကိစ္စဖြစ်လိမ့်မည်။

"လုရွှမ်..."

အော်ဟစ်သံကို ကြားတော့ အကြီးအကဲ လုံယွမ်လည်း တကယ်ကို စိုးရိမ်တကြီးဖြင့် လုရွှမ်ကို ကြည့်နေခဲ့သည်။

ကျောင်းတော်၏ အကြီးအကဲ တစ်ဦးအနေဖြင့် သူသည် အ​ကြီးအကဲဖြစ်သည့် အိုးယန်ရွှမ်း သတ်ဖြတ် ခံရခြင်းကို သဘာဝအတိုင်း မမြင်ချင်ပေ။

"ကောင်းပြီ အရင် နောက်ဆုတ်လိုက်!"

သူဘာကိုဆိုလိုသည်ကို သိလိုက်သဖြင့် လုရွှမ် တောင်ဖောက်နဂါးကို အချက်ပြလိုက်သည်။ ဤအိုးယန်ရွှမ်ယသည် သူ့မျက်လုံးထဲတွင် ဖော်ပြရန်ပင် မထိုက်တန်ချေ။ သူ့ကို သတ်သည်ဖြစ်စေ မသတ်သည်ဖြစ်စေ အရေးမကြီးပါ။

"ဝူး!"

အမိန့်ကို ကြားပြီးနောက် တောင်​ဖောက်နဂါးသည် လုရွှမ်၏ နောက်သို့ ပြန်ရောက်လာခဲ့သည်။

အိုးယန်ရွှမ်းကတော့ မတ်တပ် ရပ်နိုင်ရန်ပင် အသည်းအသန် ရုန်းကန်ခဲ့ရပြီး ထိုမှပင် သူ၏ နောက်ကျောသည် အေးစက်သော ချွေးများဖြင့် စိုရွှဲနေသည်ကို ခံစားလိုက်ရသည်။

သူသည် နှစ်ရာနှင့်ချီ၍ နေထိုင်ခဲ့ပြီး ယင်းယန်ကျောင်းတော် တွင်လည်း ကျော်ကြားခဲ့သည်။ ကျောင်းသားတစ်ဦး၏ လက်ချက်ကြောင့် သေဆုံးလုနီးပါး ဖြစ်သွားမည်ဟု တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။

"စိတ်ပျက်ဖို့ ကောင်းတယ်!"

သူ့မျက်နှာက မှုန်ကုပ်ကုပ်နဲ့ သူ့လက်သီးတွေကို ဆုပ်ထားသော်လည်း သူဘာမှ ပြန်မလုပ်နိုင်တာတော့ သိသာလေသည်။

"ကောင်းပြီ မင်းတို့က ငါ့ကို ကောင်းကောင်းကြီး ကြိမ်းမောင်းနေခဲ့တာ မဟုတ်လား? ယင်းယန်အမိန့်ကို လွှဲပေးလိုက်... ဒါဆို ငါလည်း ဘာမှလှုပ်ရှားစရာ မလိုဘူး!"

ဒဏ်ရာ အပြင်းအထန် ရနေပြီဖြစ်သော အိုးယန်ရွှမ်းကို လျစ်လျူရှုရင်း လုရွှမ်သည် သူ့အား ရယ်မောနေခဲ့သော လူငယ်တချို့ကို ကြည့်ရန် ခေါင်းလှည့်လိုက်သည်။

"အစ်ကိုထျန်း" နှင့် "အစ်ကိုရှောင်း" ဟုခေါ်၍ ၎င်းတို့သည် မတိုင်ခင်က အလွန်ပျော်ရွှင် နေခဲ့ကြပြီး ရှောင်းယွင့်ထျန်းနှင့် အိုးယန်ရွှမ်းတို့ကို ကိုင်တွယ် ဖြေရှင်းပြီးနောက် ယင်းယန်အမိန့်ကို တောင်းယူခြင်းသည် သူ့အတွက်ဆော့ သဘာဝကျပါ၏။

နောက်ဆုံးတော့ မုယန်ဖုန်း နှင့် အခြားသူများ ဤအရာကို လိုအပ်နေသေးသည်လေ။

"မင်း"

"လုရွှမ်.... မင်း လူတွေကို အရမ်းကြီး အနိုင်ကျင့်မနေနဲ့!"

"ယင်းယန်အမိန့်ကို ကျောင်းကပေးတာ.. ငါတို့မှာ ခွဲတမ်း ရှိထားပြီးသား... မင်း အခုလို လုယူတာက စည်းကမ်းတွေကို ဖောက်ဖျက်တာပဲ... မင်း အမှားကြီးကို လုပ်ချင်​နေတာလား?"

"အားကောင်းမောင်းသန် ဝိညာဥ်သားရဲ တစ်ကောင်ရှိတာနဲ့ မင်းကိုယ်မင်း အရမ်းဟုတ်နေပြီလို့ မထင်လိုက်နဲ့.... မင်းကောင်းလွန်းရင် ကျောင်းရဲ့ ပြစ်ဒဏ်ကိုပဲ သတိထားနေလိုက်"

ကောင်လေးက ယင်းယန်အမိန့်ကို တောင်းလိမ့်မယ်လို့ လူငယ် အနည်းငယ်မှာ မမျှော်လင့်ထားဘဲ အားလုံးရဲ့ အမူအရာက ပြောင်းသွားပြီး သွားတွေ ကြိတ်လိုက်ကြသည်။

လုရွှမ်၏ ဝိညာဥ်သားရဲ၏ အစွမ်းသတ္တိကို သူတို့ ရှင်းရှင်းလင်းလင်း မြင်ထားပြီးပြီ။ အကြီးအကဲ အိုးယန်ရွှမ်းပင် မယှဉ်နိုင်ရာ သူတို့က မည်သို့ ခုခံနိုင်မည်နည်း။

"စကားများလွန်းတယ်!"

သူ့ခေါင်းကို ခါယမ်းလိုက်ပြီး လုရွှမ်သည် လက်ဖဝါးများကို အထပ်ထပ် ဝေ့ယမ်းလိုက်လေ၏။

ဖြောင်း ဖြောင်း ဖြောင်း!

စူးရှသော အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ယခုလေးတင် သူ့ကို ကြိမ်းမောင်းနေသူများ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ဖက်ထုပ်တွေလို ပျံတကိသွားကာ ရှောင်းယွင့်ထျန်းကဲ့သို့ ခေါင်းစောင်းကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

"ဒါ မင်းတို့ရဲ့ ယင်းယန်အမိန့်ပဲ!"

လက်ဖဝါးကို ဝေ့ယမ်း၍ သူတို့၏ ယင်းယန်အမိန့်ကို မုယန်ဖုနိးနှင့် အခြားသူများထံ ပစ်​ပေးလိုက်သည်။

"ဟုတ်​ကဲ့ သခင်​လေး!"

ယင်းယန်အမိန့်ကို လက်ခံပြီးနောက် မုယန်ဖုန်းနှင့် လျောက်ချင်းတို့ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။ ဤလူငယ်ကို သူတို့သခင်ဖြစ်ကြောင်း ယုံကြည်ထားပြီး တစ်ဖက်လူ၏ လုပ်ဆောင်မှုကို နာခံရန်သာ လိုအပ်သည်။

ဟွာချောင်၊ ဟန်ရွှယ်နဲ့ တခြားသူတွေကတော့ ပါးစပ်ပိတ်ဖို့ ခဲယဉ်းပါ၏။ တစ်ယောက်ကို တစ်ယောက် ကြည့်ကာ တစ်ချိန်တည်းမှာပဲ ပြုံးရွှင်သွားကြသည်။

ဤသည်မှာ ယင်းယန်ကျောင်းတော်ရဲ့ တည်ထောင်ပြီးကတည်းက အရိုင်းစိုင်းဆုံးနှင့် အရူးအမူးဆုံး လှုပ်ရှားမှု ဖြစ်နိုင်သည်။

ယင်းယန်ရေကန်ကို ဖွင့်ဖို့ တာဝန်ယူနေတဲ့ လူကြီးကို ဒဏ်ရာရစေပြီး ကျောင်းသားတွေရဲ့ ယင်းယန်အမိန့်ကို လုယူခဲ့သည်။ တစ်ဖွဲ့လုံး ယင်းယန်ရေကန်ထဲကို ရင်တုန်တုန်ယင်ယင်နဲ့ လျှောက်သွားခဲ့သည်။

လုရွှမ် တကယ်ပဲ ဒီလောက်တောင် ရက်စက်တာလား?

All Chapters