← Chapters

ယင်းယန်ရေကန်ထဲဝင်ခြင်း

Vol. 30 Ch. 3.193

ယင်းယန်ရေကန်ထဲဝင်ခြင်း

Vol. 30 Ch. 3.193

"ရက်စက်လွန်းတယ်"

"ဒီကောင်လေးက ဒီနှစ်ထဲမှာ ကျောင်းကို ရောက်လာတာရော ဟုတ်ရဲ့လား? ငါက ဘာလို့ ငါ့ကိုယ်ငါ လူသစ်တစ်ယောက်လို ခံစား​နေရတာလဲ?"

"အကြီးအကဲတွေကို မျက်စိထဲ မထည့်ဘူး.... ကျောင်းရဲ့ စည်းကမ်းတွေကိုလည်း လျစ်လျူရှုထားတယ်... ဒါက မိုက်လွန်းတယ်!"

"အနာဂတ်မှာ ငါ ဒီကောင်လေးကို အပြစ်ပြုမိတာထက် ကျန်းရှောက်ထျန်းကိုပဲ စော်ကားလိုက်ချင်တော့တယ်"

ဤမြင်ကွင်းကို မြင်လိုက်ရသူ ကျောင်းသားအများစုမှာ အံ့သြတုန်လှုပ်သွားပြီး လျှို့ဝှက်စွာ ဆုံးဖြတ်ချက် ချခဲ့လိုက်ကြ​လေသည်။

ယင်းယန်ကျောင်းတော်သည် တိမ်ပင်လယ်နယ်မြေ တစ်ခုလုံးတွင် လူသိများသော အင်အားစု တစ်ခုမှ ပိုင်ဆိုင်ထားပြီး ၎င်းတွင် ထူးခြားသော စည်းမျဉ်းများရှိသည်။ စည်းမျဉ်းများနှင့် စည်းမျဉ်းများကို လျစ်လျူရှုကာ ဝိညာဉ်တစ်ကောင်နှင့်အတူ ပြေးလွှားနေသည့် ဤလူငယ်ကိုတော့ မမြင်ဖူးခဲ့ချေ။

လူ ဆယ်​​ယောက်​​ ရှိရင်တောင်​ ဒီလိုလူ​တွေကို စော်ကားဝံ့မှာ မဟုတ်​ဘူး။ ကြောက်ရွံ့နေတဲ့သူတွေ ရှိသလို သဘောထား ကွဲလွဲတဲ့သူတွေလည်း ရှိပါသေးသည်။

"ဒါက ဝိညာဉ်သားရဲကို အားကိုးနေတာပဲ... ကျောင်းကအဲဒါကို ကိုင်တွယ်ချင်တယ် ဆိုရင်တော့ အဆင့်၈ ဝိညာဥ်သားရဲလည်း ခံနိုင်မှာ မဟုတ်ဘူး!"

"သူက အကြီးအကဲ အိုးယန်ရွှမ်းနဲ့ စီနီယာရှောင်းယွင့်ထျန်းကို စော်ကားပြီး ကျောင်းရဲ့ စည်းကမ်းတွေကို ဖောက်ဖျက်လိုက်တာလေ... အခု မာနကြီးနေပေမယ့် ကြာကြာ အသက်မရှင်နိုင်တော့ပါဘူး!"

"ဒါက ယင်းယန်ကျောင်းတော်ရဲ့ အကိုင်းအခက်တစ်ခုပဲ ဆိုရင်တောင် လူတိုင်းက မနှိုးဆွနိုင်ဘူး.... တကယ့်ကို မဆင်မခြင် လုပ်ချက်ပဲ!"

တချို့ လူတွေကလည်း လှောင်ပြောင်ကြလေသည်။

ယင်းယန်ကျောင်းတော်ကို နှစ်ပေါင်းများစွာ တည်ထောင်လာခဲ့ပြီး လူများ လေးစားအားကျရသည့် အချက်မှာ အကြီးအကဲ ဆယ်ယောက်စလုံး သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ သို့ ရောက်ရှိသွားသောကြောင့် မဟုတ်ဘဲ ပိုအရေးကြီးသည်မှာ ၎င်းတို့၏ အလားအလာ စွမ်းအားပင် ဖြစ်သည်။

အထောက်အပံ တစ်ခုအနေနဲ့ အဆင့်၈ ဝိညာဥ်သားရဲတစ်ကောင် ရှိတာက အရမ်း အစွမ်းထက်ပါသည်။ သို့ပေမယ့် ကျောင်းရဲ့ အောက်ခြေလိုင်းကို လုံးဝ မထိမိပါစေနှင့်။ ထိလိုက်တာနဲ့ သတ်ပစ်ဖို့က အရမ်းလွယ်သွားလိမ့်မည်။

ဤလူများ၏ အမြင်တွင် လုရွှမ်ဟူသည့် ဤလူငယ်သည် ယခု သောင်းကျန်းနေသော်လည်း သူသည် သေခြင်းတရားအတွက် အုတ်မြစ်ချထားပြီး ဖြစ်၍ အချိန်တိုအတွင်း ခေါင်းဖြတ်သတ်ခံရ​တော့မည် ဖြစ်သည်။

"အထဲဝင်ရအောင်!"

ယင်းယန်အမိန့်ပြား ရပြီးနောက် ယင်းယန်ရေကန်ထဲသို့ ဝင်နိုင်လေပြီ။ လုရွှမ်သည် အခြားသူများ ပြောသည်ကို ဂရုမစိုက်သောဘဲ ခေါင်းကိုလှည့်ကာ မုယန်ဖုနနှင့် အခြားသူများကို သူနှင့်အတူ ခေါ်ဆောင်သွား၏။

ခြေလှမ်းနှစ်လှမ်း လှမ်းပြီးသည်နှင့် ခေါင်းကို တစ်ဖန်လှည့်ကာ တောင်ဖောက်နဂါးကို ကြည့်လိုက်သည်။

"မင်းဒီမှာနေ.... ဖောက်ဝင်ချင်တဲ့ သူတိုင်းကို ကန်ထုတ်ပစ်လိုက်!"

"ဝူး!"

တောင်ဖောက်နဂါးက ခေါင်းညိတ်ပြပြီး ချက်ချင်း ထိုင်​နေလိုက်သည်။ ကောင်လေးရဲ့ အမိန့်ကိုကြားတော့ လူတော်တော်များများရဲ့ မျက်ခုံးတွေ တုန်လှုပ်သွားလေ၏။

ဖောက်ဝင်ချင်တဲ့ လူတိုင်းကို ကန်ထုတ်ပစ်ရမယ်??။ တကယ်လို့ ကျောင်းအုပ်ကြီး ကြွလာရင်ရော ကန်ထုတ်ပစ်မှာလား။

မိုက်မဲပြီး ရက်စက်လွန်းပေ၏။ ဒါက ယင်းယန်ကျောင်းတော် တစ်ခုလုံးကို ဆန့်ကျင်တဲ့ စည်းချက်ပဲ။

ယင်းယန်ရေကန်ကို ဖုံးအုပ်ထားတဲ့ နန်းတော်ဟာ ကျယ်ပြောလှသည်။ ဝင်လိုက်တာနဲ့ ယင်ယန်ရဲ့ လေထုဟာ သူ့​မျက်နှာဆီကို ပျံ့နှံ့လာပြီး ချွေးပေါက်တွေကိုပါ ပွင့်သွားစေသည်။

ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် မျက်လုံးရှေ့တွင် ရေကန်ကြီးတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ ပွက်ပွက်ဆူနေပြီး နေရာတိုင်းတွင် အပူလှိုင်းများ ရှိနေသည်ကို တွေ့လိုက်ရသည်။

သို့သော် မျက်စိတစ်မှိတ် အတွင်းမှာပဲ အေးခဲလာပြီး ဆံပင်တွေကိုပါ အဆုံးထိ တောင့်ခဲသွားစေသည်။ အအေးနဲ့ အပူတွေ တလှည့်စီ ဖြစ်ပေါ်နေသည်မှာ ခြားနားမှု မရှိသလို ကိုယ့်မျက်စိနဲ့သာ မမြင်ခဲ့ရဘူးဆိုရင် ယုံရခက်လိမ့်မည်။

ယခုအချိန်တွင် ကျောင်းသားများ အများအပြား ဝင်လာကြပြီး ၎င်းတို့ရှေ့တွင် ရေကန်ကျယ်ကြီးထဲတွင် ရပ်နေသော ကျင့်​ကြံသူများ အများအပြား ရှိနေသည်။ သို့သော် အားလုံးနီးပါးသည် အစွန်အဖျားတွင် ရှိနေကြပြီး နက်ရှိုင်းသော နေရာကို မည်သူမျှ မဝင်ရောက်ကြပေ။

"ယင်းယန်ရေကန်မှာ ယင်းနဲ့ယန် စွမ်းအင်ဖြစ်တဲ့ အပူနဲ့အအေးတွေ ရောယှက်နေတာ... အပြင်ဘက် ဧရိယာကို ဧရိယာကိုးကနေ အတွင်းဘက်အထိ ဧရိယာကိုးခုအနေနဲ့ ပိုင်းခြားထားတယ်... အပြင်ဘက် အကျဆုံး ဧရိယာက အနိမ့်ဆုံးယင်းယန် စွမ်းအင်တွေရှိပြီး အတွင်းအကျဆုံး ဧရိယာက အပြင်းထန်ဆုံးပဲ.... ရောက်လာတဲ့ ကျောင်းသားအားလုံး နီးပါးက အပြင်ဘက်ဆုံး ဧရိယာကနေ စကြတယ်... အတွင်းဘက် အလွှာ၇အထိ ရောက်တဲ့သူဆိုရင် တော်တော် အစွမ်းထက်နေပြီ.... ​ပေရွှီးအင်ပါယာ ယင်းယန်ကျောင်းတော်မှာ ဆိုရင် ဧရိယာ၆မှာ တစ်နေကုန် နေနိုင်ခဲ့တဲ့ ဒဏ္ဍာရီမျိုးဆက်က ကျန်းရှောက်ထျန်းပဲ"

လျောက်ချင်းသည် သူ့ထံသို့ တိတ်တဆိတ် လျှောက်လာပြီး အသေးစိတ် မိတ်ဆက်ပေးသည်။

ယခု သူသည် လုရွှမ်၏ မျက်လုံးနှင့် နားများ ဖြစ်သောကြောင့် သဘာဝကျကျ အရာရာကို ကောင်းမွန်စွာ လုပ်ဆောင်ရပေတော့မည်။ ဤကျောင်း၏ အရေးအကြီးဆုံး အစိတ်အပိုင်းမှာ အလွန်ရိုးရှင်းပြီး သတင်းကို သိရန် လွယ်ကူသည်။

"ဧရိယာ၉ခု?"

လုရွှမ်သည် သူ့ရှေ့ရှိ ယင်းယန်ရေကန်ကို ကြည့်လိုက်သည်။ ဟုတ်ပါ၏။ စက်ဝိုင်းပုံစံ ယင်းယန်ရေကန်ကို အတွင်းပိုင်းကနေ အပြင်ဘက်အထိ ဧရိယာကိုးခု အဖြစ် ခွဲထားလေသည်။

အတွင်းအကျဆုံး ဧရိယာသည် အစပိုင်းတွင် အေးသော်လည်း မျက်စိတစ်မှိတ် အတွင်းမှာပဲ အပူအဖြစ်သို့ ပြောင်းလဲသွားသည်။ အအေးနှင့် အပူ၏ ပြောင်းလဲမှုမှာ အလွန်လျင်မြန်၏။

ပြင်ပဧရိယာ၏ အရှိန်သည် အလွန်နှေးကွေးသည်။ အပြင်ဘက်ဆုံး အလွှာမှာ ဥပမာအားဖြင့် ပြောရလျှင် အအေးနှင့် အပူ တလှည့်စီ ပြောင်းသည့်ကြာချိန်မှာ ၁၀မိနစ်ခန့် ကြာလေ၏။

"အအေးနဲ့ အပူက အသက်ရှုတိုင်း တစ်လှည့်စီ တစ်ခါပြောင်းတယ်.... အလယ်အလတ်အဆင့် ဝိဉာဉ်နယ်ပယ်က လက်နက်ကို ပစ်ချလိုက်ရင်တောင် ကွဲသွားမှာ ကြောက်ရတယ်!"

ခဏလောက် ကြည့်ပြီးနောက် လုရွှမ် ရေရွတ်လိုက်သည်။

အအေးဓာတ်နှင့် အပူဓာတ်သည် ဖြည်းဖြည်းချင်း ပြောင်းလဲသွားပြီး သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရှိ လေ့ကျင့်သူများသည် ၎င်းနှင့်အပြည့်အဝ လိုက်လျောညီထွေ ရှိနိုင်သော်လည်း ပြောင်းလဲမှုသည် မြန်ဆန်လွန်းပါက ၎င်းတို့သည်လည်း မခံနိုင်ကြပေ။

အပူပေးထားသော လက်နက်ကို မီးငြိမ်းသတ် လိုက်သလိုပင်။ အပူနဲ့အအေး ပြောင်းလဲမှုက ဝိညာဉ်နယ်ပယ်က လက်နက်တစ်ခုတောင် ခံနိုင်ရည် မရှိဘဲနေမှာ ကြောက်ရသည်။

ဧရိယာ၉ကို ဘယ်သူမှ မဝင်နိုင်တာ အံ့သြစရာတော့ မဟုတ်ချေ။ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်နဲ့ အပူအအေးကို ထိန်းချုပ်နိုင်စွမ်းမရှိပဲ အပူအအေး အပြောင်းအလဲရဲ့ အရှိန်ကို လုံးဝ သည်းမခံနိုင်မှာ မဟုတ်ပေ။

"မင်းတို့ သတိထားကြ.... တတ်နိုင်သမျှ ဧရိယာများများ ဝင်နိုင်အောင် ကြိုးစားကြည့် အတင်းအကြပ်တော့ မလုပ်နဲ့ မဟုတ်ရင် အသုံးမဝင် ရုံသာမက ကိုယ့်ကိုပါ ပြန်ထိခိုက်စေလိမ့်မယ်!"

ယင်းယန်ရေကန်၏ နိယာမများကို သိလိုက်သဖြင့် လုရွှမ် လှည့်၍ မုယန်ဖုန်း၊ ဟွာချောင်၊ မင်းသမီးလော့ရုံနှင့် အခြားသူများကို ပြောလိုက်သည်။

ယခုတစ်ကြိမ်တွင် မင်းသမီးလော့ရုံ၊ လင်ရှောင်းရှောင်း၊ ဟန်ရွှယ်၊ မုယန်ဖုန်း၊ ဟွာချောင်၊ လျောက်ချင်း၊ ဝမ်ယန်၊ လျိုခိုင်နှင့် ကျောင်းဟောက်တို့ပါ ရောက်ရှိလာပြီး ခွန်အားသည် အဓိပတိနယ်ပယ် ပြီးပြည့်စုံသောကာလ၌သာ ရှိသည်။

မုယန်ဖုန်းပင် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၁ အလယ်အလတ် ကာလတွင်သာ ရှိလို့ ယုတ္တိနည်းအရ ဤအင်အားမျိုးသည် ယင်ယန်ရေကန်ထဲသို့ ဝင်ရောက်ရန် အရည်အချင်း မပြည့်မီပေ။

သို့သော် လုရွှမ်ကြောင့် သူတို့အားလုံး ဒီကိုရောက်လာရတဲ့ အတွက် သတိပေးရမည်။ ဒီလိုမှမဟုတ်ရင် ဒီစွမ်းအားတွေက ပိုမြင့်တဲ့နေရာကို အရူးအမူး ရောက်သွားရင် ခန္ဓာကိုယ်က သည်းမခံနိုင်တဲ့ဝန်ကို ထမ်းနေရသလို လွယ်လွယ်ကူကူနဲ့ ပြင်းထန်တဲ့ ဒဏ်ရာတွေကိုသာ ရသွားလိမ့်မည်။

"ဟုတ်ကဲ့!"

အားလုံးကလည်း ခေါင်းညိတ် သဘောတူကြသည်။

ယင်းယန်ရေကန်၏ ထူးဆန်းမှုကိုလည်း တွေ့လိုက်ရပြီး သူတို့အားလုံးမှာ ရင့်ကျက်သော မျက်နှာထားများ ရှိကာ စကားများများ မပြောကြတော့ပေ။

"သခင်လေး...ကျွန်တော်တို့ အရင်စလိုက်တော့မယ်!"

မုယန်ဖုန်းသည် ရေကန်ဆီသို့ ဦးစွာလျှောက်သွားသော်လည်း သူသည် ဧရိယာ၉ထဲကို တိုက်ရိုက်မဝင်ဘဲ ရေကန်၏အစွန်းတွင် တင်ပျဉ်ခွေထိုင်ကာ အသက်ရှုချိန်ကို ထိန်းညှိလိုက်သည်။ ထို့နောက် လေထဲတွင် လွင့်မျောနေသော ယင်းနှင့် ယန်၏ စွမ်းအင်ကို စုပ်ယူလိုက်သည်။

သူ၏ ကျင့်​ကြံမှုသည် သေမျိုးအသွင် ကူးပြောင်း​ခြင်း နယ်ပယ်သို့ ရောက်ရှိသွားသော်လည်း အတွင်းစည်း အတွင်း၌ဆိုပါက အပျော့ဆုံး လူအဖြစ် သတ်မှတ်ခံရဆဲ ဖြစ်သည်။

ကိုးခုမြောက် ဧရိယာတွင် အအေးဓာတ်နှင့် အပူသည် ဖြည်းဖြည်းချင်း ပြောင်းလဲသွားသော်လည်း တစ်ချိန်တည်း ဆိုလျှင် မခံနိုင်တော့ပေ။ တိုက်ရိုက်အလျင်စလို မဟုတ်ဘဲ လုံလောက်သော ယင်းယန်စွမ်းအင်ကို စုပ်ယူရန်၊ ခန္ဓာကိုယ်ကို ထိန်းညှိပေးပြီး ပထမခြေလှမ်းကို လှမ်းရန် နည်းလမ်းရှာဖို့ ဖြစ်သည်။

မင်းသမီးလော့ရုံ နဲ့ တခြားသူတွေက သူလုပ်သွားတာကို မြင်တဲ့အခါ ချက်ချင်း နားလည် သဘောပေါက်သွားကြပြီး ရေကန်ထဲကို အလျင်စလို မဆင်းဘဲ နောက်ကနေ လိုက်ကာ တင်ပျဉ်ခွေ ထိုင်လိုက်ကြသည်။

"မဆိုးဘူး!"

လူတိုင်းသည် ၎င်းတို့၏ ခွန်အားကို မြှင့်တင်ရန် စိတ်အားထက်သန် ကြသော်လည်း ၎င်းတို့သည် မဆင်မခြင် မဖြစ်နေကြသည်ကို တွေ့ရသောအခါ လုရွှမ်က ကျေနပ်စွာ ခေါင်းညိတ်ကာ သူ့ရှေ့ရှိ ရေကန်ဆီသို့ လျှောက်သွားလိုက်သည်။

ဒီလူတွေဟာ သူတို့ရဲ ကျင့်​ကြံမှုနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ယင်းနဲ့ ယန်ရဲ့ စွမ်းအားကို စုပ်ယူဖို့ လိုအပ်ပေမယ့် သူကတော့ မလိုအပ်တော့ပေ။

သူ၏ ကျင့်​ကြံမှုသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၂ ယွမ်ချီနယ်ပယ်ကို ရောက်ရှိထား​ပြီ။ ခန္ဓာကိုယ်ကလည်း ဆင်သံချပ် ရွှေကိုယ်ထည်၏ စတုတ္ထအဆင့်သို့ ရောက်ရှိထားခဲ့သည်။

၎င်းသည် ထိပ်တန်းအဆင့် ဝိညာဉ်နယ်ပယ် လက်နက် တစ်ခုကို ပြောင်းလဲစေနိုင်သည့် နှေးကွေးစွာ ပြောင်းလဲနေသော ယင်းယန်ရေကန်မှ ရေသည် သူ့အား အန္တရာယ်မပြုနိုင်ပေ။

ဤကဲ့သို့သော အစွမ်းထက်သော ခွန်အားနှင့် ကာယကိုယ်ခန္ဓာဖြင့် အစွန်းဘက်တွင် အချိန်ဖြုန်းနေရန် မလိုအပ်ချေ။

ဝုန်း!

ကိုးခုမြောက် ဧရိယာသို့ လှမ်းလိုက်သည်။

"ဘယ်နေရာကို တိုက်ရိုက် ဝင်နိုင်မလဲ စမ်းကြည့်ရအောင်!"

ဧရိယာ၉ရှိ ရေကန်၏ ရေသည် အနည်းငယ် အကျိုးသက်ရောက်မှု ရှိသည်ကို ခံစားရသဖြင့် လုရွှမ်၏ မျက်လုံးများ တောက်ပလာပြီး ရှေ့ကို မျှော်ကြည့်လိုက်သည်။

All Chapters