← Chapters

ဧရိယာ၃

Vol. 30 Ch. 3.194

ဧရိယာ၃

Vol. 30 Ch. 3.194

"တကယ် ကိုယ့်အဆင့်ကို မသိတဲ့ လူသစ်တစ်ယောက်ပဲ.... ချိန်ညှိမှုတောင် မလုပ်ဘဲ ယင်းယန်ရေကန်ထဲကို တိုက်ရိုက် ပြေးဝင်သွားတယ်တဲ့... သူ သေများသေချင်နေတာလား!"

"ရှောင်းယွင့်ထျန်းကို သူ အနိုင်ယူနိုင်ပေမယ့် ဒီမှာ လုပ်နိုင်မယ်လို့ မဆိုလိုပါဘူး....ယင်းယန်ရေကန်က ယင်းနဲ့ယန် ဝန်းရံထားပြီး အအေးဓာတ်နဲ့ အပူတွေကို ထိပ်တိုက် တွေ့နေရတာ... သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆က လူတောင်မှ ဒီကိုလာပြီး အဆင်သင့် မဖြစ်ခဲ့ရင် ဆုံးရှုံးရမှာပဲ.... ဒီအတိုင်း တိုက်ရိုက် ဝင်သွားတာက ဘယ်လို အသက်ရှင်မယ် ဆိုတာ တကယ် မသိတဲ့ပုံပဲ!"

"ဟာသပဲ!.... ဒီမောက်မာတဲ့ ကောင်က ဘယ်အထိ ရောက်နိုင်မလဲ ဆိုတာ ကြည့်လိုက်ရအောင်!"

"ခဏကြာရင် ရှက်သွားမှာ ကြောက်ရတယ်!"

လုရွှမ်သည် မဆိုင်းမတွ ဧရိယာ၉ ထဲသို့ ဝင်ရောက်လာသည်ကို မြင်လိုက်ရသဖြင့် ကျောင်းသားများစွာသည် တပြိုင်နက်တည်း လှောင်ပြောင်လိုက်ကြသည်။

ယင်းယန်ရေကန်ကို လွယ်လွယ်ကူကူ ချိုးဖျက်နိုင်ခဲ့လျှင် ကျောင်းတည်ထောင်ပြီးသည့် နှစ်ပေါင်းရာနှင့်ချီ အတွင်း ကျန်းရှောက်ထျန်း တစ်ဦးသာ ဧရိယာ၆ကို ဝင်နိုင်လိမ့်မည် မဟုတ်ပေ။း

သူတို့ရဲ့ ကျောင်းသားဟောင်း တော်တော်များများက ဒီကို အကြိမ်ပေါင်းများစွာ ရောက်ဖူးခဲ့ကြပြီး သူတို့က ဧရိယာ၉မှာ လှည့်လည်နေကြတာပဲ မဟုတ်လား?

တစ်ခါမှ အတွေ့အကြုံ မရှိဖူးသေးတဲ့ လူငယ်လေး တစ်ယောက်က သေခြင်းတရားကို ရှာဖွေဖို့ ပြေးဝင်သွားခဲ့တယ်လား။

လူတိုင်း လုရွှမ်ကို ကြည့်လိုက်တော့ အပူအအေးကို မခံနိုင်ခြင်း မရှိသည့်အပြင် လုံးဝမရပ်ဘဲ ဧရိယာ၈ ထဲကို လျှောက်သွားနေတာ တွေ့လိုက်ရသည်။

"ဘာ? ဧရိယာ၈ ထဲကို ဝင်သွားတာလား?"

"သေလမ်းရှာနေပြန်ပြီ!"

လူတိုင်းသည် ခဏမျှ အေးခဲသွားပြီးနောက် လူအများကဟာလည်း လှောင်ပြောင်လာကြသည်။

သို့သော် လူတိုင်း မမျှော်လင့်ထားသည်မှာ ကောင်လေးသည် ဧရိယာ၈တွင် ငြိမ်သက်စွာ ရပ်နေကာ အဆင်မပြေမှု တစ်စုံတစ်ရာ မရှိသလိုပင်။

"ပထမဆုံးအကြိမ် ဧရိယာ၈ကို ပြေးဝင်သွားတာလား? ဒီကောင်က လူရော ဟုတ်ရဲ့လား?"

သူဒဏ်ရာ လုံးဝ မရသွားတာကို မြင်တော့ လူတော်တော် များများက မယုံနိုင် ဖြစ်သွားကြသည်။

ဧရိယာ၈ကို ဝင်ရောက်နိုင်သူများသည် ယင်းယန်ရေကန်ကို အကြိမ်များစွာ ရောက်ဖူးကြသူများ ဖြစ်ပြီး ၎င်းတို့၏ ခွန်အားသည် အနည်းဆုံး ကျိုချင်းနယ်ပယ်ကို ရောက်ရှိထားသည်။

ဤလူငယ်မှာ ယွမ်ချီနယ်ပယ်သာ ရှိတဲ့ လူငယ်လေးက ဧရိယာ၈ကို ရောက်သွားတယ်တဲ့လား။ အဲဒါက ဧရိယာ၈နော်။

လုရွှမ် ဝင်လိုက်တာနဲ့ အဆုံးမရှိတဲ့ အပူလှိုင်းတွေက ချွေးပေါက်တွေ တစ်လျှောက် သူ့ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားလေသည်။

ကိုးခုမြောက် ဧရိယာရှိ အအေးနှင့်အပူ၏ အလှည့်အပြောင်းသည် ဆယ်မိနစ်လျှင် တစ်ကြိမ်ခန့် ဖြစ်ပြီး ခုနစ်မိနစ်လျှင် တစ်ကြိမ် ပြောင်းလဲသည့် ဧရိယာရှစ်တွင် သိသိသာသာ ပိုမြန်လာသည်။

"ဧရိယာရှစ်ကို ရောက်လာတော့ အပူချိန် ကွာခြားမှုကလည်း နည်းနည်း တိုးလာတယ်"

ဤနေရာသို့ ဝင်လာသည်နှင့် တပြိုင်နက် ချက်ချင်းပင် ထူးခြားမှုကို ခံစားလိုက်ရသည်။

ရှစ်ခုမြောက် ဧရိယာတွင် အပူချိန် မြန်ရုံသာမက အပူစီးဆင်းမှု ပိုလာကာ အအေး လျှပ်စီးကြောင်းကလည်း ပိုအေးလာ၍ အအေးနှင့် အပူကြား ကွာဟမှုက ပိုကြီးလာ၏။

ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက် မရောက်သေးလို့ ရှေ့ကို ဆက်သွားလိုက်သည်။ ခုနစ်ခုမြောက် ဧရိယာရှိ အပူချိန် ကွာခြားမှုသည် ပို၍ပင် ကြီးမား​လေသည်။

"အထဲကို ဝင်ရလေ ပိုခက်လေ ဖြစ်နေတာ မဆန်းပါဘူး... !"

လုရွှမ်က တိတ်တိတ်လေး ခေါင်းညိတ်နေလိုက်သည်။

အပူချိန် ပြောင်းလဲချိန် တိုလေလေ ခက်ခဲလေလေ ဖြစ်သည်။ အပူချိန် ကွာခြားမှု ပိုကြီးလာပါက အခက်အခဲသည် အဆတိုးလာမည်ဖြစ်သည်။ ဤယင်းယန်ရေကန်၏ စွမ်းအင်နိယာမမှာ ရိုးရှင်းလွန်းသည်ဟုပင် ထင်မိလာ၏။

ယင်းယန်ကျောင်းတော်တွင် ဤနှစ်များစွာအတွင်း ကျောင်းသား တစ်ဦးတည်းသာ ဧရိယာ၆ကို ရောက်ရှိခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။

"ယင်းနဲ့ယန်ရဲ့ စွမ်းအားကို မစုပ်ယူဘဲ ငါ့ရဲ့ ကျင့်​ကြံမှုကို အားမကိုးဘဲ ငါ့ရဲ့ ခန္ဓာကိုယ် ခွန်အား တစ်ခုတည်းကိုပဲ အားစိုက်နေတာတောင် ဧရိယာ၇က ငါ့အပေါ် အများကြီး လွှမ်းမိုးမှု မရှိဘူး!"

ခုနစ်ခုမြောက် ဧရိယာတွင် တစ်နာရီခန့်ကြာအောင် ရပ်ပြီးနောက် လုရွှမ် ခေါင်းယမ်းလိုက်ပြန်သည်။

ဤဧရိယာရှိ အပူချိန် ကွာခြားချက်မှာ ကြီးမားပြီး ပြောင်းလဲမှုနှုန်းသည် ငါးမိနစ်လျှင် တစ်ကြိမ် ရောက်ရှိနေသော်လည်း ၎င်းသည် သူ့အပေါ် များစွာ အကျိုးသက်ရောက်မှု မရှိသေးပါ။

သူ့ရဲ့ ကျင့်ကြံမှုနဲ့ တောင့်ခံနေစရာ မလိုဘဲ ခန္ဓာကိုယ်ကို အားကိုးရုံနဲ့ ဘယ်လောက်ကြာကြာ ရပ်နေပါစေ ထိခိုက်မှာ မဟုတ်ချေ။

"ဆက်သွားကြည့်ရအောင်!"

ဝူး!

လုရွှမ်သည် ခြေထောက်ကို မြှောက်လိုက်ပြီး ဧရိယာ၆သို့ လျှောက်သွားခဲ့သည်။

"ဒါ...."

လုရွှမ်ဟာ ရှစ်ခုမြောက် ဧရိယာထဲကို ဝင်သွားတဲ့အတွက် အံ့သြမိပေမယ့် သူတို့မေးစေ့များကို ပြန်မတင်ရ​သေးခင်မှာ လုရွှမ်ဟာ ဧရိယာ ထဲကို လျှောက်သွားနေတာကို တွေ့လိုက်ရ၏။ သူ ဒီ့ထက်ပိုပြီးတက်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောလာတော့မယ့် အခိုက်မှာပဲ ဧရိယာ၇ကို ကျော်သွားတာ တွေ့လိုက်ရသည်။

"သူက ဒီကိုတစ်ခါမှတောင် မရောက်ဖူးဘဲ ဧရိယာ၆ကို တိုက်ရိုက် ဝင်သွားပြန်ပြီလား?"

"သေစမ်း! ငါမျက်စိများ ကန်းသွားတာလား?"

"သူက တကယ်ပဲ ယွမ်ချီနယ်ပယ်က လူရော ဟုတ်ရဲ့လား?"

လူတိုင်း တံတွေးများ သီးလုနီးပါး အံ့သြသွားကြသည်။ လုရွှမ်ကို မာနကြီးနေသည်ဟု ထင်နေကြသူများ အားလုံးလည်း ပါးစပ်ပိတ်သွားကြသည်။

"ကြည့်စမ်း.... အဲဒီလုရွှမ်က သူ့အစွမ်းအစကို အသုံးမချသေးဘူး ထင်တယ်!"

"တကယ်ပါပဲကွာ... သူက ယွမ်ချီနယ်ပယ်နဲ့ ဧရိယာ၆ ထဲကို ဝင်ခဲ့တာလား? သူ ဘယ်လိုများ လုပ်လိုက်တာလဲ"

"သူ့ခန္ဓာကိုယ်က အရမ်း အစွမ်းထက်နေ တာများလား"

"မသိဘူး... ဘာပဲဖြစ်ဖြစ် မင်းရဲ့ ယွမ်ချီစွမ်းအင်ကို အသုံးချရင် ခန္ဓာကိုယ်ထဲမှာ ယင်းနဲ့ ယန် စွမ်းအားတွေ ပေါ်လာလိမ့်မယ်။ နောက်ပြီး မင်းရဲ့အသက်ရှူမှုကို ထိန်းညှိရမယ်.... သူက တောက်လျှောက် မရပ်မနား ဧရိယာ၆ကို ပြေးဝင်သွားတာ သေချာပေါက် ယွမ်ချီတောင် ရှိမှာ မဟုတ်ဘူး!"

မျက်စိ​ကောင်းသော လူအုပ်ထဲမှ တစ်ယောက်က ပြဿနာကို မြင်လိုက်သည်နှင့် သူတို့ ပါးစပ်ကို ဖွင့်၍ လူတိုင်းကြားအောင် အော်ပြောလိုက်ကြသည်။

အအေးနဲ့ အပူတွေ ခဏခဏ လှည့်ပတ်နေတဲ့ ယင်းနးယန်ရေကန်ဟာ ခွန်အားကိုတောင် အသုံးမပြုဘဲ ဧရိယာ၆ထဲ ပြေးဝင်သွားရတယ် ဆိုတာဟာ နတ်သားရဲများပင်လျှင် ဤမျှလောက် အစွမ်းထက်သော ခန္ဓာကိုယ် မရှိနိုင်ချေ။

ဒီမြင်ကွင်းကို မြင်သူတိုင်း ခဏတာ မူးဝေသွားကြသည်။

အရင်က မာနနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ အားလုံးဟာ ဒီအချိန်မှာ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားခဲ့ကြသည်။

"ကြည့်လိုက်.... သူ ဧရိယာ၅ထဲ ဝင်တော့မယ်နဲ့ တူတယ်"

လူတိုင်းက ထိတ်လန့်မှုတို့ အပြည့်အ၀ မကုန်သေးခင် အချိန်လေးအတွင်းမှာ ဧရိယာ၆မှာ ငြိမ်သက်စွာနေခဲ့တဲ့ လုရွှမ်ဟာ နောက်တစ်ကြိမ် လှုပ်ရှားသွားခဲ့ပြန်သည်။

ဝူး!

ရေသံနှင့်အတူ ခြေကိုမြှောက်၍ ဧရိယာ၅သို့ လျှောက်သွားလေ​တော့၏။

ဇိဇိဇိဇိ

အတွင်းထဲ ရောက်တာနဲ့ အပူတွေ တဖန်ပြန်တက်လာပြီး အရေပြားရဲ့ မျက်နှာပြင်မှာ ပူလောင်တဲ့ ခံစားမှုတစ်ခု ထွက်ပေါ်လာခဲ့သည်။

"မဆိုးဘူး... သက်ရောက်မှုတွေ ရှိတယ်!"

ဧရိယာ၅မှ သယ်ဆောင်လာသော အပူနှင့်အအေးကို ခံစားရင်း လုရွှမ် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ကျန်းရှောက်ထျန်း မှတ်တမ်းတွေ ချန်ထားခဲ့တဲ့ ဧရိယာ၆ဟာ သူ့ကို အများကြီး မကူညီနိုင်သေးချေါ အရေပြားကို ပူစေပေမယ့် ကျင့်​ကြံမှုအပေါ် အများကြီး သက်ရောက်မှု မရှိချေ။ ဒီနေရာကတော့ အနည်းငယ် ပိုကောင်းလေသည်။

သူ၏ ယွမ်ချီများကို အသုံးမချသေးဘဲ သူ့ခန္ဓာကိုယ်၏ ချွေးပေါက်များ ရုတ်တရက် ပွင့်လာပြီး မရေမတွက်နိုင်သော လေပူများက ချက်ချင်း ဆိုသလိုပင် သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် စိမ့်ဝင်သွားစေသည်။

သိပ်မကြာခင်မှာပဲ လေအေးကလည်း အရိုးတွေကို ဖောက်ဝင်တော့မယ့် ပုံစအတိုင်း အေးခဲလာ၏။ လုရွှမ်၏ မျက်နှာသည် မပြောင်းလဲဘဲ အေးစက်သော လေကို စုပ်ယူရန် သူ့ချွေးပေါက်များကို ဖွင့်ထားဆဲ ဖြစ်သည်။

အအေးဓာတ်က ခန္ဓာကိုယ်ထဲမှာ ရောထွေးပြီး ကြွက်သားတွေ သန်မာလာပြန်၏။ အကျိုးသက်ရောက်မှုက ကြီးကြီးမားမား မဟုတ်ပေမယ့် သူ့နေရာနဲ့သူ အားကောင်းနေဆဲပင်။

နာရီဝက်ခန့် စုပ်ယူပြီးနောက် လုရွှမ် ခေါင်းခါလိုက်သည်။

"ဒီနေရာက အားနည်းနေသေးတယ်!"

နာရီဝက်လောက် စုပ်ယူပြီးနောက် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဟာ ဒီနေရာနဲ့ လုံးဝလိုက်လျောညီထွေ ဖြစ်သွားပြီး ကြာကြာနေလည်း အသုံးမဝင်တော့ချေ။ ထို့ကြောင့် ဧရိယာ၄ဆီ ဆက်ကူးလိုက်သည်။

ဟုန်းဟုန်း!

ဤနေရာသို့ ဝင်လာသည်နှင့် တပြိုင်နက် မီးတောက်များ အပြည့်ရှိသော စစ်မြေပြင်သို့ ရောက်သွားသလို ခံစားလိုက်ရသည်။ ခဏကြာပြီးနောက်တွင် သူသည် ရေခဲနှင့် နှင်းကမ္ဘာထဲသို့ ရောက်သွားသလို ခံစားလိုက်ရ​ပြန်သည်။

အပူအအေး အလှည့်အပြောင်း အရှိန်က ပိုမြန်လာပြီး အပူချိန်လည်း ပိုမြန်လာသည်။ ဧရိယာငါးနှင့် လိုက်လျောညီထွေ ရှိခဲ့သော သူ၏အရေပြားသည် ချက်ချင်း အက်ကွဲသွားခဲ့သည်။

"နဂါးပုံစံ!"

စိတ်ပြောင်းသွားသည်နှင့် တပြိုင်နက် သူ့ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် နဂါးပုံစံများ ပေါ်ထွက်လာသည်။

နဂါးပုံစံ ပေါ်လာသော် အက်ကွဲနေသော အသားအရည်သည် နဂိုအတိုင်း ဖြစ်လာပြီး ခန္ဓာကိုယ်သည် ယင်နှင့်ယန်၏ စွမ်းအားကို တစ်ဖန်မျိုချလိုက်၏။

တစ်နာရီခန့် ကြာသော်။

ဧရိယာ၄နှင့် လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်သွားပြန်တာကြောင့် လုရွှမ်သည် ဧရိယာ၃သို့ ဝင်ရောက်ခဲ့သည်။

ထိုနေရာသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် အပူသည် သိသိသာသာ ကြီးလာပြီး လေအေးသည် ပို၍ လေးလံလာသည်။

"ယင်းယန် စွမ်းအင်ကို စုပ်ယူစေ!"

မျက်ခုံးနှစ်ဖက်ကို ပင့်တင်လိုက်ရင်း လုရွှမ်၏ မျက်လုံးများသည် လျှပ်စီးများ လက်နေသလို သူ့ခန္ဓာကိုယ်၏ ချွေးပေါက်များသည် ပွင့်နေဆဲဖြစ်ပြီး ရေကူးကန်အတွင်းရှိ အအေးဓာတ်နှင့် အပူစွမ်းအင် အားလုံးကို သူ့ခန္ဓာကိုယ်ထဲသို့ အပြင်းအထန် မျိုချလိုက်သည်။

ဝုန်းဝုန်းဝုန်း!

အပူနှင့် အအေးတို့ ပေါင်းစပ်လိုက်သည်နှင့် ခန္ဓာကိုယ်၏ မျက်နှာပြင်ပေါ်ရှိ အရေပြားသည် တစ်ပြိုင်နက် သည်းမခံနိုင်တော့ဘဲ အက်ကွဲကြောင်းများ ထွက်ကာ သွေးရှင်ရှင်များပါ စိမ့်ထွက်လာခဲ့သည်။

All Chapters