← Chapters

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင်၄ ကျိုချင်းနယ်ပယ်

Vol. 30 Ch. 3.195

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင်၄ ကျိုချင်းနယ်ပယ်

Vol. 30 Ch. 3.195

အခြားလူများ ယင်းယန်ရေကန်ထဲသို့ ဝင်သောအခါ ယင်းနှင့်ယန်၏ ချီကို ဖြည်းညှင်းစွာ စုပ်ယူပြီး ဖြည်းညှင်းစွာ သန့်စင်ကြသော်လည်း သူသည် ၎င်းကို ပြင်းပြင်းထန်ထန် ဝါးမျိုလိုက်ရာ အခြားသူများ သိသွားပါက သူတို့သည် နေရာတွင်ပင် သေချင်သွားမည်မှာ သေချာပါသည်။

သို့သော် လုရွှမ်သည် ဤအရာသည် မဆင်မခြင်မဟုတ်မှန်း သိသော်လည်း ဖြတ်ကျော်ဖို့အတွက်ပဲ အာရုံစိုက်ထားလိုက်သည်။

သူ၏ လက်ရှိ ခန္ဓာကိုယ်သည် သန်မာလွန်းလှသည်။ ပုံမှန် ကျင့်​ကြံမှုတွင် တိုးတက်ရန် အလွန်ခက်ခဲသောကြောင့် ဤ လွန်ကဲသော နည်းလမ်းကို အသုံးပြုမှသာ အောင်မြင်နိုင်မည် ဖြစ်သည်။

အရူးဧကရာဇ်​ကြီးသည် အအေးနှင့် အပူ၏ စွမ်းအင်ကို ဝါးမြိုပြီး ရုပ်ခန္ဓာသည် သည်းမခံနိုင်သော ကန့်သတ်ချက်သို့ ရောက်သည့်အထိ ကျင့်ကြံမှုကို မြှင့်တင်ထားလိုက်သည်။

"သန့်စင်မယ်!"

ကောင်းကင်မီးဖြင့် လောင်ကျွမ်းခဲ့သော ပြီးပြည့်စုံသည့် ခန္ဓာကိုယ်သည် အအေးဓာတ်နှင့် အပူ၏ စွမ်းအားကို အရူးအမူး စုပ်ယူကာ ကြွက်သားများကို အက်ကွဲသွားစေသော်လည်း ဒဏ်ရာမှာ အသက်ရှူမဝသေးခင် သက်သာသွားသည်။

ထပ်ခါတလဲလဲ တောင့်ထားလိုက် ဆက်ကျင့်ကြံလိုက်ဖြင့် အကြိမ်ပေါင်းမနည်း ချီများကို စုပ်ယူနေခဲ့သည်။ လုရွှမ်သည် လူမဆန်သော နာကျင်မှုများကို တောင့်ခံရင်း တူညီသော လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

နှစ်နာရီကြာပြီးနောက်။

ဗုန်း!

တစ်ကိုယ်လုံး ဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ခွန်းအားများ တစ်ဖန်ပြန်လည် တိုးပွားလာကာ လူတစ်ကိုယ်လုံးရှိ စိတ်ဓာတ်သည် အချိန်မရွေး ပြင်းထန်စွာ ထိုးနှက်ရန် အဆင်သင့် ဖြစ်နေသော ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင်ကဲ့သို့ တစ်ဖန် ထိုးတက်သွားသည်။

ဆင်သံချပ်ရွှေကိုယ်ထည်သည် အဆင့်၄ ကျွမ်းကျင်မှုကာလ ဖြစ်သည်။ ရုပ်ခန္ဓာကို အားကိုးရုံဖြင့် ခွန်အားသည် သန်း ၃၀ သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"တကယ် အလုပ်ဖြစ်သားပဲ!"

ရုပ်ပိုင်းဆိုင်ရာ၏ တိုးတက်မှုကို ခံစားရင်း လုရွှမ်က အနည်းငယ် ပြုံးလိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် တိုးတက်လာပြီး သူ၏ ခွန်အားသည်လည်း ကြီးမားသော အနားသတ်ဖြင့် တစ်ဖန်တိုးလာသည်။

စိတ်စွမ်းအား၏ သန်း ၆၀ နှင့် ဝိညာဥ်ချီ၉သန်း တို့နှင့်အတူ ပေါင်းစပ်ထားသော စုစုပေါင်းခွန်အားသည် သန်း ၁၀၀ နီးပါး ဖြစ်နေပြီ။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ ဟဲ့လင်နယ်ပယ် ပြီးပြည့်စုံသောကာလသည်ပင် အားကောင်းသော်လည်း သူတို့တွင် ထိုကဲ့သို့ အားကောင်းသည့် စွမ်းအား မရှိနိုင်ပါ။

ယေဘူယျ လမ်းကြောင်းကို အသုံးမပြုပါက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆ အစောပိုင်းကာလတွင် အားကောင်းသော သူများကို လက်သီးတစ်ချက်ဖြင့် အနိုင်ယူသွားနိုင်သည်။

"ဆက်သွားရအောင်!"

သူ၏ရုပ်ခန္ဓာ ခွန်အား တိုးတက်လာသည်နှင့်အမျှ တတိယဧရိယာသည် သူ့အပေါ် သက်ရောက်မှု မရှိ​တော့ပေ။

ဇိဇိဇိဇိ

ဤနေရာရှိ အအေးနှင့် အပူ ပြောင်းလဲမှုများ၏ အရှိန်သည် ဆယ်စက္ကန့်တိုင်း တစ်ကြိမ်ရောက်ရှိနေ၏။ ခန္ဓာကိုယ်သည် လောင်ကျွမ်း​နေသော အပူနှင့် လိုက်လျောညီထွေ မဖြစ်မီတွင် ရေခဲလို အအေးဓာတ်က ရောက်ရှိလာပြန်သည်။

လုရွှမ်၏ ဆင်သံချပ်ရွှေကိုယ်ထည်သည် အဆင့်၄ ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသွားသော်လည်း သူ နည်းနည်းတော့ မခံနိုင်သေးပေ။

"ယင်းနဲ့ ယန်ရဲ့ စွမ်းအားကို မျိုချပြီး ခွန်အားတွေ စီးဆင်းသွားစေရမယ်!"

ရုပ်ခန္ဓာ တစ်ခုတည်းသာ ဤနေရာရှိ အအေးဓာတ်နှင့် အပူဒဏ်ကို ခံနိုင်ရည် မရှိတော့ကြောင်း သိလိုက်ရသဖြင့် လုရွှမ်သည် နည်းနည်းလေးမှ တုံ့ဆိုင်းမနေဘဲ သူ၏ ယွမ်ချီများကို တိုက်ရိုက် ပျံ့နှံ့သွား​စေလိုက်သည်။

ယွမ်ယန်ကျင့်စဥ်မှ ဖွဲ့စည်းထားသော ယွမ်ချီသည် ခန္ဓာကိုယ်၏ မျက်နှာပြင်ပေါ်တွင် စီးဆင်းသွားပြီး အစွမ်းထက်သော ခန္ဓာကိုယ်နှင့်ပေါင်းစပ်ကာ သည်းမခံနိုင်သော နာကျင်မှုကို ချက်ချင်း သက်သာလာစေသည်။

"သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၃ကို ဖြတ်ကျော်ဖို့ အခွင့်အရေး ရယူရမယ်"

ယင်းနှင့် ယန်တို့၏ ဝိညာဥ်ချီတို့သည် သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသည်ကို ခံစားရပြီး လုရွှမ် မျက်ခုံးပင့်လျက် ရေရွတ်လိုက်သည်။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၃ ယင်းယန်နယ်ပယ်သည် ခန္ဓာကိုယ် အတွင်းရှိ ယင်းနှင့် ယန်ကို အဆက်မပြတ် အတူတကွ ကြီးထွားလာစေပြီး ယင်းယန်ရေကန်ထဲက ဂုဏ်သတ္တိများနှင့် တိုက်ဆိုင်နေပါသည်။

ယခုအခါ ရုပ်ခန္ဓာ၏ ခွန်အားကို ချုပ်ငြိမ်းသွားစေရန် အဆင့်မြှင့်တင်ဖို့ အချိန်ကျရောက်ပြီ ဖြစ်သည်။

ဝူး ဝူး ဝူး!

ခန္ဓာကိုယ်ထဲသို့ ပျံဝဲနေသော ယင်းနှင့် ယန်ချီတို့ကို စုပ်ယူလိုက်ရာ ဒန်တီယန်သည် ဝူးကနဲ အော်ဟစ်သံကို ထုတ်လွှတ်လိုက်ပြီး စွမ်းအားကြီးမားသော စွမ်းအားသည် ယွမ်ချီနယ်ပယ်၏ အတားအဆီးကို ထိမှန်သွားခဲ့သည်။

ယင်းယန်ရေကန်မှာ မျှော်လင့်ထားသည့်အတိုင်း ပြင်ပကမ္ဘာထက် ဝိညာဥ်ချီ ပိုမိုအားကောင်း​လေသည်။ ပြင်းထန်သော ယန်ချီနှင့် ရှေးရိုးဆန်သော ယင်းချီတို့နှင့်အတူ ၎င်းတို့နှစ်ခု၏ ပေါင်းစပ်မှုသည် ရိုးရှင်းစွာ အောင်မြင်မှုအတွက် အမြင့်မြတ်ဆုံး ရတနာတစ်ခုလို ဆိုနိုင်သည်။

အတားအဆီးသည် မည်မျှပင် ခက်ခဲစေကာမူ အအေးနှင့် အပူ၏ ထပ်ခါတလဲလဲ ရိုက်ခတ်မှုအောက်တွင် ကြာရှည်​တောင့်ခံရန် ခက်ခဲလိမ့်မည်။

ဗုန်း!

ဥခွံတစ်ခု ကွဲသွားသလိုမျိုး ကျယ်လောင်စွာ ဟောက်သံတစ်ခု ထွက်ပေါ်လာပြီး ယွမ်ချီနယ်ပယ်ရဲ့ အတားအဆီးဟာ ချက်ချင်းဆိုသလို ကွဲအက်သွားသည်။ မရေမတွက်နိုင်သော ဝိညာဥ်ချီ၏ အသံများက လုရွှမ်ဆီသို့ အရူးအမူး ပြေးချလာခဲ့သည်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၃ ယင်းယန်နယ်ပယ်သို့ ရောက်ရှိသွားလေပြီ။

"ဆက်သွားကြည့်ရအောင်!"

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် တတိယအဆင့်ကို ဖြတ်ကျော်ပြီးနောက် လုရွှမ်သည် လုံးဝမရပ်တန့်ဘဲ သူ၏ကျင့်စဥ်ကို တိုးတက်စေရန် ယင်းနှင့်ယန် စွမ်းအင်ကို ဆက်လက် စုပ်ယူ​နေခဲ့သည်။

ပြင်ပကမ္ဘာက ယင်းယန်နယ်ပယ်ကို ဖြတ်ကျော်လိုလျှင် အလွန်​ပြဿနာပေးသည့် ယင်းယန်ချီကို သန့်စင်ရန် လိုအပ်သော်လည်း ဤနေရာတိုင်းတွင် စုပ်ယူထားသရွေ့ ဒန်တီယန်သည် ခိုင်ခံ့လာနိုင်သည်။

နန်းတော်ပင်လယ် နှစ်ခုရှိ ဝိညာဥ်ချီများသည် ယင်းနှင့်ယန်တို့ဖြင့် ဝန်းရံထားပြီး အလွှာတစ်ခုပြီး တစ်ခု ထပ်တိုးလာ၏။

ဝုန်း!

နှစ်နာရီ မပြည့်မီတွင် ယင်းယန်နယ်ပယ်၏ အစောပိုင်းကာလကို ထိုးဖောက်သွားပြီး အလယ်အလတ်ကာလသို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့သည်။

လုရွှမ်သည် ဆက်လေ့ကျင့်ရန် ဒုတိယ ဧရိယာထဲသို့ ဝင်လိုက်သည်။ ဘေးနားက ထိုမြင်ကွင်းကို မြင်လိုက်ရသော ကျောင်းသားများ အားလုံးမှာ ရင်တထိတ်ထိတ်နှင့် ရူးသွားတော့မလို ဖြစ်နေကြလေပြီ။

ဒါက ဒုတိယဧရိယာနော်။

တခြားသူတွေက ဧရိယာ၆ကိုတောင် မဝင်နိုင်ကြဘူး။ ဧရိယာ၅ကို တွန်းလှန်ရရင် ချက်ချင်း ဝိုင်းအော်ပြီး ထွက်ပြေးကြလိမ့်မည်။ အသက်တစ်ချက် ရှူပြီးနောက် ဒုတိယဧရိယာကို ပြေးသွားပြန်ပြီ။

သူဘယ်လိုများ လုပ်ခဲ့တာလဲ။

လူရော ဟုတ်ရဲ့လား?

"ဒီကောင်က ဝိညာဥ်သားရဲ အဖြစ်ကနေများ အသွင်ပြောင်းလာတာလား?"

ကျောင်းသား တစ်ယောက်က တုန်လှုပ်စွာဖြင့်် ဆိုလိုက်သည်။

ဝိညာဉ်သားရဲများသည် သတ်မှတ်ထားသောအဆင့်သို့ ရောက်ရှိပါက လူသားများ အဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ မည်မျှပင် အစွမ်းထက်သော လူသားများပင် ဖြစ်ပါစေ ၎င်းတို့ကို မယှဥ်နိုင်ပေ။

ထိုကဲ့သို့သော အစွမ်းထက်သော ကိုယ်ခန္ဓာဖြင့် ဤလူငယ်သည် ပထမဆုံးအကြိမ် ဝင်ရောက်လာပြီး ဒုတိယဧရိယာသို့ ပြေးဝင်သွားခဲ့သည်။ လူသားသာဆိုလျှင် အမှန်တကယ် အောင်မြင်နိုင်ပါ့မလား။

"ကြည့်! သူ ယင်းယန်နယ်ပယ်ကို ထိုးဖောက်နေပြန်ပြီ!"

လူတစ်ယောက်က ထအော်လေ၏။

ကျောင်းသားများသည် လျင်မြန်စွာ လှည့်ကြည့်ကြသော် လုရွှမ်သည် ဒုတိယဧရိယာတွင် ငြိမ်သက်စွာ ရှိနေသည်ကို တွေ့လိုက်ရပြီး သူ့တစ်ကိုယ်လုံး ခွန်အားများ တဟုန်ထိုး ခုန်တက်လာကာ ကန့်သတ်ထားသော အလွှာများကို အဆက်မပြတ် တိုက်ခိုက်နေ၏။

"နယ်ပယ်ကို ဖြတ်ကျော်ဖို့ဆိုရင် အာရုံစူးစိုက်ဖို့ လိုတယ်.... ယင်းယန်ရေကန်က ယင်းနဲ့ယန် ရောနှောနေတာ ဒီအတိုင်းတောင် ခံရခက်နေတာကို သူက ထိုးဖောက်ဦးမယ်ပေါ့?"

"အရူး.... တကယ်​ရူး​နေတာပဲ ဖြစ်မယ်!"

မရေမတွက်နိုင်သော လူများ အော်ဟစ်ကြ​လေသည်။

ယင်းယန်ရေကန်ထဲသို့ ဝင်သွားသောအခါ ယင်းယန်၏ ချီကို စုပ်ယူကာ ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင် သိမ်းဆည်းထားရသည်။ ထွက်ခွာသွားပြီးနောက် ဖြည်းညှင်းစွာ သန့်စင်ကြ၏။ ဤလူသည်ကား ယင်းယန်၏ ချီကို ရူးသွပ်စွာ စုပ်ယူလိုက်ရုံတင် မကဘဲ တိုက်ရိုက်ဖြတ်ကျော်ဖို့ပင် သတ္တိရှိနေ၏။

အရှိန်အဟုန်နဲ့ အအေးဓာတ်က အမြဲပြောင်းလဲနေတဲ့ ယင်ယန်ရေကန်ထဲမှာ ခန္ဓာကိုယ်ထဲ ဖောက်ထွင်း ဝင်ရောက်လာတဲ့ အပူအအေးကြောင့် ကျင့်ကြံသူတွေဟာ စိတ်ရောကိုယ်ပါ ခွန်အားရော စွမ်းအားရော တောင့်ခံထားရဆုံး အ​ခြေအနေ ဖြစ်ကြောင်း သိထားရမည်။

သို့သော် လူတိုင်း၏ ထိတ်လန့်မှု မပြီးဆုံးမီတွင် ၎င်းတို့၏ မျက်လုံးများတွင် ရူးချင်လာသည့် အငွေ့အသက်များ တဖြည်းဖြည်း မြင့်တက်လာသည်ကို တွေ့လိုက်ရသည်။

နှစ်နာရီ ကြာပြီးနောက် ထိုလူသည် ယင်းယန်နယ်ပယ် နှောင်းပိုင်းကာလကို ရောက်ရှိသွားလေပြီ။ ဤသို့ဆိုလျှင် နောက်ထပ် နှစ်နာရီအတွင်း ယင်းယန်နယ်ပယ်၏ အထွတ်အထိပ် ကာလသို့ ရောက်ရှိ​တော့မည် ဖြစ်သည်။

နောက်ထပ် နှစ်နာရီ ထပ်ကြာသော် ယင်းယန်နယ်ပယ်က ပြီးပြည့်စုံသော ကာလသို့ ရောက်ရှိသွားလေပြီ။

ဝုန်း!

အချိန်မည်မျှ ကြာသွားသည်မသိ ကောင်လေး၏ တစ်ကိုယ်လုံး တုန်ခါသွားလေသည်။ သူ့မျက်လုံးများသည် လျှပ်စီးလက်နေသလို၊ သူ့တစ်ကိုယ်လုံးရှိ အသက်ရှုသံများက ပေါက်ကွဲသံများလို တိုးပွားလာ​နေသည်။

သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၄ ကျိုချင်းနယ်ပယ်။

ယင်းယန်ရေကန်ထဲသို့ ဝင်ပြီး တစ်ရက်အကြာတွင် မယုံနိုင်စရာ ကောင်းလောက်အောင် လူငယ်လေးသည် ယွမ်ချီနယ်ပယ်မှ အဆင့်၄ ကျိုချင်းနယ်ပယ်သို့ အမှန်တကယ် ဖြတ်ကျော်သွားခဲ့သည်။

"လွန်ခဲ့တဲ့ သုံးလ သူ ကျောင်းကို ​ရောက်လာတုန်းက အဓိပတိနယ်ပယ်မှာပဲ ရှိသေးတယ်လို့ ငါကြားတယ်"

"သုံးလအတွင်း... အဓိပတိနယ်ပယ်ကနေ သေမျိုး အသွင်ကူးပြောင်းခြင်း နယ်ပယ် စတုတ္ထအဆင့် ကျိုချင်းနယ်ပယ်အထိ ရောက်သွားတာပေါ့?"

"အမေရေ! ငါမမှားဘူးလား? ဒီလောက် မြန်မြန်ဆန်ဆန် လေ့ကျင့်နိုင်တဲ့သူ တကယ် ရှိရဲ့လား"

"သေလိုက်ပါတော့... ငါတို့ ဘယ်လို မကောင်းဆိုးဝါးနဲ့များ တစ်ကျောင်းတည်း အတူတူ ရှိနေရတာလဲ?"

ကျင့်ကြံမှုကို ထမင်းစား ရေသောက်လို လေ့ကျင့်သွားတဲ့ လူငယ်လေးရဲ့ အထပ်ထပ် အခါခါ ထိုးဖောက်သွားတဲ့ မြင်ကွင်းက အပြင်စည်းအတွင်းရှိ ကျောင်းသား အားလုံးကို ဆံပင်များပင် ထောင်တက်သွားစေသည်။

သူလေ့ကျင့်တာကို မြင်ပြီးမှသာ သူတို့အရင်ကဂုဏ်ယူခဲ့တဲ့ အရည်အချင်းတွေက ဘယ်လောက်ကလေးဆန်ပြီး ရယ်စရာကောင်းတယ် ဆိုတာ နားလည်သွားခဲ့၏။

ယွမ်ချီနယ်ပယ် အစောပိုင်းကာလကနေ ကျိုချင်းနယ်ပယ်သို့ ဖြတ်ကျော်ရန် တစ်ရက်ကျော်သာ အချိန်ယူခဲ့ရသည်။ ၎င်းသည် မကောင်းဆိုးဝါး ဟူသည့် စကားလုံးဖြင့်ပင် ဖော်ပြရန် မလွယ်လောက်တော့ချေ။

"ကြည့်စမ်း.... သူလှုပ်နေ​ပြန်ပြီ!"

"သူက ပထမဧရိယာကို ထိုးဖောက်ချင်​နေ သေးတာလား?"

"ဒါက မဖြစ်နိုင်ဘူးမလား? ပထမဧရိယာကို ယင်းယန်ရေကန်ရဲ့ နှလုံးသားလို့ ခေါ်တယ်လေ... ကြောက်စရာလည်း အကောင်းဆုံး နေရာပဲ။ သူကျိုချင်းနယ်ပယ်ကို ဖြတ်ကျော်သွားရင်တောင်မှ ခံနိုင်မှာ မဟုတ်ဘူး!"

အားလုံးက သေချင်လောက်အောင် ထိတ်လန့်သွားချိန်မှာပဲ ဒုတိယဧရိယာမှာ တစ်ရက်နီးပါး တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေခဲ့တဲ့ လူငယ်လေးဟာ မတ်တပ်ရပ်ပြီး ပထမဧရိယာကို လျှောက်သွားလိုက်လေသည်။

All Chapters