← Chapters

ငါလည်း သူ့ကို သတ်ချင်တယ်!

Vol. 30 Ch. 3.196

ငါလည်း သူ့ကို သတ်ချင်တယ်!

Vol. 30 Ch. 3.196

"မင်း ဘာပြောလိုက်တယ်? လုရွှမ်က ကျောင်းသား ဆယ်ယောက် ဆက်တိုက်ကို ဒဏ်ရာရအောင် လုပ်တယ်... ယင်းယန်အမိန့်ကိုပါ လုယူသွားပြီး ယင်းယန်ရေကန်ထဲကို တိုက်ရိုက် ပြေးသွားခဲ့တယ် ဟုတ်လား?"

ကျောင်းဝင်း ကျယ်ကြီးထဲမှာ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်း စားပွဲကို ရိုက်ချလိုက်ပြီး မယုံကြည်နိုင်စွာ မတ်တပ် ထရပ်လိုက်သည်။

ယင်ယန်ရေကန်အတွက် ခွဲတမ်းကို စီစဉ်ပြီးနောက် သူသည် လေ့ကျင့်ရန် ​ပြန်သွားခဲ့သည်။ ထွက်လာသည်နှင့် ဤအကြောင်းကို ကြားရမည်ဟု မထင်ထားချေ။

ဤသည်မှာ တိမ်ပင်လယ် နယ်မြေတစ်ခုလုံးကို ကောင်းမွန်စွာ ထိန်းကျောင်းထားသည့် ယင်းယန်ကျောင်းတော် ဖြစ်သည်။ ကျောင်းထဲသို့ဝင်လာသည့် သုံးလ မပြည့်သေးသော ကျောင်းသားတစ်ဦးသည် မမျှော်လင့်ဘဲ ပြင်းထန်စွာ တိုက်ခိုက်သဖြင့် ကျောင်းသား ဆယ်ဦး ဒဏ်ရာရသွား၏။

ထို့နောက် ၎င်းသည် အကြီးအကဲတွေ ရှေ့မှာတင် ယင်းယန်အမိန့်ပြားကို လုယူပြီး ယင်းယန်ရေကန်ထဲ ပြေးဝင်သွားခဲ့လေသည်။ လွန်ကဲစွာ တရားမဲ့မှုပင် ဖြစ်၏။

သူ့မျက်လုံးထဲမှာ တရားဥပဒေ ဆိုတာ ရှိရဲ့လား။ ယင်းယန်ကျောင်းတော် ဆိုတာရော ရှိသေးရဲ့လား။

"ဟုတ်​ပါတယ်​!"

အကြီးအကဲ အိုးယန်ရွှမ်းသည်​ မ​ဝေး​သော​ နေရာတွင်​ ရပ်​​နေသည်​။ သူ့​နောက်​တွင်​တော့ ရှောင်းယွင့်ထျန်းနှင့်​ အခြားသူများ အတန်းလိုက်​ ဒူး​ထောက်​လျက်ရှိကာ အသီးသီး အရှက်​ကွဲလာကြသူများ ဖြစ်လေ၏။

ဂုဏ်သိက္ခာရှိသော အတွင်းစည်းမှ ကျောင်းသားလေး တစ်ဦး၏ ခွဲတမ်းကို ကျောင်းသားသစ် တစ်ဦးမှ လုယက်ခံရခြင်းသည် ရှက်စရာကောင်းလွန်း​ပေသည်။

"ကျွန်တော်တို့အတွက် တရားမျှတစွာ ဆုံးဖြတ်ပေးဖို့ ကျောင်းအုပ်ကြီးကို တောင်းဆိုပါတယ်!"

အားလုံး တညီတညွတ်တည်း ဆိုကြသည်။

"ဒါက ကျောင်းရဲ့ အစွန်းအထင်း ဖြစ်သွားပြီ... သူ့ကိုမသတ်ရင် လူထုရဲ့ ဒေါသကို လျှော့လို့မရဘူး.... ဆက်ထိန်းထားရင် ကျောင်းစည်းကမ်းတွေက ဘယ်လိုလုပ် အရေးပါတော့မှာလဲ?"

အိုးယန်ရွှမ်းက ပြင်းထန်စွာ ဟစ်အော်လိုက်သည်။

"ယင်းယန်ရေကန်ကို ဦးစီးတဲ့ အကြီးအကဲ တစ်ယောက်အနေနဲ့ မင်းက ဘာလို့ သူ့ကို မတားတာလဲ?"

ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းက မျက်ခုံးပင့်လျက် မေး၏။

"ကျွန်တော် သူ့ကို ရပ်ခိုင်းပေမယ့် ဒီကောင်က သားရဲခန်းမရဲ့ ကျောထောက်နောက်ခံ ရှိ​နေပါတယ်... ဒါကို ကျောင်းအုပ်ကြီးလည် ဟိုးအရင်ကတည်းက သိထားမှာပါ! ဒီတစ်ခါတော့ သားရဲခန်းမကနေ အဆင့်၈ ပြီးပြည့်စုံတဲ့ကာလက သားရဲကြီး တစ်ကောင်ကိုတောင် ရခဲ့သေးတယ်... ကျွန်တော်က သူ့ပြိုင်ဘက်တောင် မဟုတ်ဘူး အသတ်ခံလု နီးပါးပဲ"

ဒါကိုပြောရင် အိုးယန်ရွှမ်းက ပိုလို့တောင် အရှက်ရလာပြီး ပြင်းထန်တဲ့ နာကြည်းမှုတွေက သူ့ကို ပူလောင်လာစေ၏။

သူက ဘယ်သူလဲ?

ပေရွှီးအင်ပါယာ ယင်းယန်ကျောင်းတော် တစ်ခုလုံးတွင် အဆင့်၈ စွမ်းအားကြီးသော အကြီးအကဲ ဆယ်ဦးထဲမှ တစ်ဦးဖြစ်ပြီး ကျောင်းသားအသစ်က ယူဆောင်လာသော သားရဲတစ်ကောင်မှ နှင်ထုတ် တိုက်ခိုက်ခြင်း ခံခဲ့ရသည်။

အကြီးအကဲ လုံယွမ်ကိုတောင် သူ့ကိုကယ်ပေးဖို့ တောင်းပန်ခဲ့ရသေးသည်။ ဒီမြင်ကွင်းက သူ့ကို ဘယ်တော့မှ ဖြေရှင်းလို့ မရနိုင်လောက်အောင် မုန်းတီးလာစေသည်။

"အဆင့်၈ ပြီးပြည့်စုံခြင်းကာလက သားရဲကြီး ဟုတ်လား"

ကျောင်းအုပ်ကြီး ချူဝမ့်ရှန်း ခဏလောက် ထိတ်လန့်သွားပြီး သူ့မျက်လုံးကို မှိတ်ထားလိုက်သည်။ ထို့နောက် တစ်ဖန် ပြန်ပွင့်ကာ။

"သားရဲခန်းမက ဘာကိုဆိုလိုတာလဲ? ငါတို့ ယင်းယန်ကျောင်းတော်ကို လုံးဝ ဆန့်ကျင် ချင်နေတာလား?"

"သားရဲခန်းမက ဘာကို ဆိုလိုချင်မှန်းကို မသိပါဘူး.... ဒါပေမဲ့ အကြီးအကဲလုံယွမ်နဲ့ လုရွှမ်တို့ အဖွဲ့ကို ကျွန်​တော့်မျက်စိနဲ့ သေချာမြင်ခဲ့တာ... သူတို့က ဂိုဏ်းချုပ်ပုံစံနဲ့ အတူတူ အလုပ်လုပ်နေကြတာ ... ကျောင်းအုပ်ကြီးကို တောင်မှ ဂရုမစိုက်ဘူး!"

အိုးယန်ရွှမ်းက ဆက်ပြော​လေသည်။

အကြီးအကဲ လုံယွမ်ကြောင့်သာ မဟုတ်ပါက တောင်ဖောက်နဂါး၏ ခြေသည်းအောက်၌ အစောကတည်းက သေဆုံးသွားပေလိမ့်မည်။ သို့သော် တစ်ဖက်လူက သူ့ကို ကယ်တင်ခဲ့သည်ဟု မထင်ဘဲ ဆန့်ကျင်ဘက်အနေနှင့် သူ့ကို ပို၍ပင် မုန်းတီးနေလေသည်။

လုရွှမ်နှင့် အကြီးအကဲ လုံယွမ်တို့ကြောင့် အရှက်ရမှုအားလုံးကို ခံစားခဲ့ရပြီဟူသည့် အတွေးက သူ့ကို ပို၍ပင် မုန်းတီးလာ​စေ၏။

"လုံယွမ်?"

ကျောင်းအုပ်ကြီး ချူဝမ့်ရှန်း၏ မျက်နှာသည် မှောင်မိုက်သော တိမ်မည်းကြီး တစ်ခုကဲ့သို့ မှုန်ကုပ်ကုပ် ဖြစ်သွားသည်။

"အခုချိန်ကစပြီး အကြီးအကဲ လုံယွမ်ကို သူ့ရာထူးကနေ ဖယ်ရှားပြီး တံခါးပိတ် သုံးသပ်စေ"

"ဟုတ်ကဲ့!"

ဤပြစ်ဒဏ်ကို ကြားရသည်နှင့် အိုးယန်ရွှမ်း၏ မျက်လုံးများသည် စိတ်လှုပ်ရှားစွာ တောက်ပလာ၏။

သူသည် အကြီးအကဲ လုံယွမ်ကို နှစ်ပေါင်းများစွာ ရန်လိုနေခဲ့ပြီး သူ၏ အသက်ကြီးခြင်းနှင့် ထိတွေ့ခွင့်ရခြင်းသည် တိုးတက်မှုတစ်ခုဖြစ်သည်။

"အဲဒီသစ္စာဖောက် လုရွှမ်ကိုရော ဘယ်လို လုပ်လိုက်ရမလဲ?"

အကြီးအကဲ လုံယွမ်ကို ပြစ်ဒဏ်ချမှတ်ပြီးနောက် အိုးယန်ရွှမ်းက ဆက်မေးလိုက်သည်။

"အဲဒီသစ္စာဖောက်က ကျောင်းအမိန့်ကို နှောင့်ယှက်ပြီး ဥပဒေမဲ့တယ်... သူက ခွင့်မလွှတ်နိုင်တဲ့ ရာဇ၀တ်မှု တစ်ခုကို ကျူးလွန်ခဲ့တာပဲ အကြီးအကဲ အိုးယန်ရွှမ်း....ကျုပ်အခုချက်ချင်း ယင်းယန်ရေကန်ကို လိုက်ပြီး သူ့ကို သတ်ပစ်မယ်"

ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းက သူ့လက်ကို ဒေါသတကြီး ဝှေ့ယမ်းလိုက်သည်။

"ကောင်းပြီ!"

အိုးယန်ရွှမ်းလည်း စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။

လုရွှမ်ကို သတ်ရန် ယင်းယန်ရေကန်သို့ သွားဖို့ စီစဉ်နေကြစဥ် ဆရာတစ်ဦး ဖြတ်ဝင်လာသည်ကို တွေ့လိုက်ရသည်။

"ကျောင်းအုပ်ကြီးကို သတင်းပို့ပါတယ်... ဘုရင်မင်းမြတ်ချန်ရှုံနဲ့ အင်ပါယာစစ်တပ်ရဲ့ စစ်သေနာပတိ ဟူရှောက်တို့ ခြံအပြင်ဘက်မှာ အရေးကြီးကိစ္စရှိလို့ ဆိုပြီး ဆွေးနွေးဖို့ စောင့်နေပါတယ်"

ထိုဆရာက လက်သီးဆုပ်လျက် ပြောလာ၏။

"ဘုရင်မင်းမြတ် ချန်ရှုံနဲ့ စစ်သေနာပတိ ဟူရှောက် ဟုတ်လား?? သူတို့က ဒီကို ဘာလာလုပ်​ကြတာလဲ"

ချူဝမ့်ရှန်း မျက်မှောင်ကြုတ်ကာ လက်ကိုဝှေ့ယမ်းပြီး

"မြန်မြန်ဖိတ်လိုက်!"

ဘုရင်မင်းမြတ် ချန်ရှုံနှင့် စစ်သေနာပတိ ဟူရှောက်တို့သည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ပညာရှင်များ ဖြစ်ကြပြီး အထူးသဖြင့် အရှေ့ကလူသည် ပို၍ အင်အားကြီးလေသည်။

သူ၏ ခွန်အားက သာလွန်ရုံသာမက ပေရွှီးအင်ပါယာ၏ စွမ်းအားကိုလည်း ထိန်းချုပ်ထား​သေးသည်။ စကားလုံး တစ်လုံးတည်းဖြင့် မရေမတွက်နိုင်သော သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် စွမ်းအားရှင်များသည် သူ့အတွက် ဦးခေါင်းနှင့် သွေးများကို ဖြတ်ပေးနိုင်ကြသည်။

သူသည် ယင်းယန်ကျောင်းတော်၏ အကြီးအကဲ ဖြစ်လျှင်ပင် သူ့ကို စော်ကားဝံ့မည် မဟုတ်ပေ။ .

"ကျောင်းအုပ်ကြီးချူ!"

ခဏအကြာတွင် အရပ်ရှည်ရှည်နဲ့ လူနှစ်ယောက် ဝင်လာသည်။

ရှေးဦးစွာ ဝင်လာသူသည် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးဖြစ်ပြီး သူရဲကောင်းဆန်သော မျက်ခုံးမွှေးနှင့် တပ်သားထောင်ပေါင်းများစွာကို ထိန်းချုပ်ထားသကဲ့သို့ လှုပ်ရှားမှုတိုင်းတွင် သာလွန်ကောင်းမွန်သော ရောင်ဝါကို ဖြန့်ကျက်ထား၏။

တွေးရုံမျှဖြင့် မရေမတွက်နိုင်သော ခေါင်းများသည် သူ့လက်အောက်၌ မြေပြင်ပေါ်သို့ ကျရောက်ရလိမ့်မည်။

၎င်းမှာ မင်းသားချန်ရှင်း၏ ဖခင် ဘုရင်မင်းမြတ် ချန်ရှုံပင်။

"ချူဝမ့်ရှန်း... ဘုရင်မင်းမြတ်နဲ့ စစ်သေနာပတိ ဟူရှောက်ကို ဂါဝရပြုပါတယ်"

ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းက ဦးညွတ်လိုက်ပြီးနောက်။

"နှစ်ယောက်သား ကျွန်တော်တို့ ယင်းယန်ကျောင်းတော်ကို ဘာကိစ္စနဲ့များ ရောက်လာတာလဲ မသိဘူး??"

"ဘာကိစ္စရှိလဲ ဟုတ်လား?" ဘုရင်မင်းမြတ်၏ မျက်နှာမှာ မည်းမှောင်သွားပြီး

"ကျောင်းအုပ်ကြီးချူဆီက ကျောင်းသား တစ်ယောက်ကို လိုချင်လို့ ရောက်လာတာပါ... ကျောင်းအုပ်ကြီးက သူ့ကို ထုတ်ပေးနိုင်မလား မသိဘူး!"

"ထုတ်ပေးရမယ်?? ဘယ်ကျောင်းသားများလဲ? ဘုရင်မင်းမြတ် လူကိုယ်တိုင် လာရောက်တဲ့အထိ အနှောင့်အယှက် ပေးနိုင်တဲ့လူကို ခေါ်ဖို့ တစ်ယောက်​ယောက်ကို အခုချက်ချင်း စေလွှတ်ပေးနိုင်ပါတယ်"

ချူဝမ့်ရှန်းက ခဏလောက် ထိတ်လန့်သွားပြီး မထိန်းနိုင်ဘဲ ပြောလိုက်သည်။

အဲဒီလူက ဘယ်သူများလဲ။

ပေရွှီး ဘုရင်မင်းမြတ်သည် အဆင့်အတန်းမြင့်သော နိုင်ငံကို ချုပ်ကိုင်ထားပြီး သူ၏ခွန်အားသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်၏ အဆင့်၈ ပြီးပြည့်စုံသော ကာလသို့ပင် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ကျောင်းသားတစ်ဦးကို တောင်းရန် ဤနေရာသို့ လူကိုယ်တိုင် လာရခြင်းသည် မျက်နှာကြီးလှနေပြီ ဖြစ်သည်။ သူလိုချင်ရင် ထုတ်ပေးမှ ဖြစ်တော့မည်။

"အဲဒီလူရဲ့ နာမည်က လုရွှမ်.... သူက ဒီနှစ်ထဲ မင်းရဲ့ကျောင်းက ခေါ်ယူထားတဲ့ ကျောင်းသားတစ်ယောက်ပဲ"

ဘုရင်ကြီး ချန်ရှုံသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"လုရွှမ်??"

ချူဝမ့်ရှန်း နှင့် အိုးယန်ရွှမ်းတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြလေ၏။

ဒီကလေးအကြောင်း ပြောပြီး သတ်ပစ်ဖို့ ကြံစည်ပြီးတာနဲ့ ဘုရင်ကြီး ချန်ရှုံက လူတစ်ယောက်ကို လာတောင်းဖို့ လာခဲ့၏။ ဒီကောင်လေးက သားရဲခန်းမ၊ ဆေးဥယျာဥ်သာမက ပေရွှီးတော်ဝင် မိသားစုကပါ ကျောထောက်နောက်ခံ အဖြစ် ရှိနေတာလား?

ဒီလိုဖြစ်ရင် သူ့ကိုသတ်ချင်ရင်တော့ လှုပ်ရှားဖို့ ခက်သွားမှာ ကြောက်ရလေသည်။

"ဘုရင်မင်းမြတ်က လုရွှမ်ကို ဘာအကြောင်းကြောင့်များ လိုချင်တာလဲ မသိဘူး? အဲဒီကောင်လေးက ကျောင်းရဲ့ စည်းကမ်းတွေကို ချိုးဖောက်ထားလို့ ကျောင်းအုပ်ကြီးက သူ့ကို တရားစီရင်ဖို့ ဆုံးဖြတ်ထားတာပါ"

ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အိုးယန်ရွှမ်းက အစမ်းသဘောနဲ့ မေးလိုက်သည်။

"ကျောင်းရဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ထားတာလား?"

ဘုရင်မင်းမြတ် ချန်ရှုံ အံ့အားသင့်သွားကာ စူးစူးရှရှ မျက်လုံးများသည် မီးရောင်များကဲ့သို့ တောက်ပလာလေ၏။

"ဟုတ်ပါတယ်!"

အိုးယန်ရွှမ်းက အံကြိတ်ရင်း

"သူဟာ ကျောင်းရဲ့ စည်းကမ်းတွေကို လျစ်လျူရှုပြီး လူတွေကိုလည်း သတ်ပစ်တယ်... သူ့အတန်းဖော်တွေကို သက်သက်မဲ့ တိုက်ခိုက်ပြီး ယင်းယန်ရေကန်ထဲကို အတင်းအဓမ္မ ဖောက်ထွင်း ဝင်ရောက်သွားခဲ့ပါတယ်... သူက ဥပဒေမဲ့ပြီး ခွင့်လွှတ်လို့ မရနိုင်တဲ့သူပါ... ဒါကြောင့် ဌာနမှူးက အခုမှပဲ လုပ်လိုက်တာ။ သူ့ကို သတ်ဖို့ ဆုံးဖြတ်ချက် ချလိုက်ရတာပါ.... ဘုရင်မင်းမြတ်က အဲဒီလူကို လိုချင်ရင်တော့...."

"ဟားဟား.... မလိုပါဘူး မင်းတို့ကျောင်းက ဆုံးဖြတ်ချက် ချပြီးပြီဆိုတော့ ငါ သိပ်အနှောက်အယှက် ပေးစရာ မလို​တော့ဘူး! အမှန်အတိုင်း ပြောရရင် ငါကသူ့ကို ကယ်တင်ဖို့ လာတာမဟုတ်ဘူး.... တစ်ယောက်ယောက်ကို သူ့ကိုသတ်ပေးဖို့ လာတောင်းဆိုတာ!"

ဘုရင်ကြီး ချန်ရှုံက ပြောလိုက်သည်။

ဘုရင်မင်းမြတ် အနေဖြင့် ယခင်က မည်သည့်အရာကိုမျှ မမြင်ဖူးခြင်း မရှိချေ။ အိုးယန်ရွှမ်းရဲ့ စမ်းသပ်စကားတွေကို ကြားပြီးတာနဲ့ ခဏအတွင်းမှာ နားလည်လိုက်သည်။

အိုးယန်ရွှမ်းသည် အကြီးအကဲ တစ်ဦးသာ ဖြစ်ပြီး ရာထူးနိမ့်သေးသည်။ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းက ဤသို့ပြောလာပြီ ဆိုရင်တောင် သူ့ရာထူးနှင့် လုရွှမ်ကို ကယ်တင်လိုပါက သူ့စိတ်အား ပြောင်းလဲရန် အခွင့်အရေးရှိမည် မဟုတ်ပေ။

ထို့ကြောင့် အိုးယန်ရွှမ်းက စကားလုံးများဖြင့် စမ်းသပ်နေခြင်း ဖြစ်သည်။

"သူ့ကို သတ်ချင်နေတာလား?"

ချူဝမ့်ရှန်း နှင့် အိုးယန်ရွှမ်းတို့သည် တစ်ချိန်တည်းတွင် မယုံနိုင်လောက်အောင် အံ့သြသွားကြသည်။

တစ်ဖက်လူက တစ်စုံတစ်ယောက်ကို ကယ်တင်ဖို့ ဒီကို ရောက်လာတယ်လို့ ထင်ခဲ့တာ။ အဲဒီလုရွှမ်က ဘာတွေများ လုပ်ခဲ့လို့ ဘုရင်ကိုယ်တိုင် ရောက်လာပြီး လူသတ်ဖို့ တိုက်တွန်းနေရတာလဲ။

All Chapters