← Chapters

အားကြီးသော တောင်​ဖောက်နဂါး (ပထမပိုင်း)

Vol. 30 Ch. 3.197

အားကြီးသော တောင်​ဖောက်နဂါး (ပထမပိုင်း)

Vol. 30 Ch. 3.197

"ကောင်းပြီ.... အဲဒီလုရွှမ်က ငါ့သား မင်းသားချန်ရှင်းနဲ့ အင်ပါယာစစ်တပ်ရဲ့ လက်ထောက်တပ်မှူး ယန့်ဖုံးကို ရှန့်ခုန်းချိုင့်ဝှမ်းမှာ သတ်ပစ်လိုက်တာ.... သူက ငါ့ရဲ့ ပေရွှီးအင်ပါယာ ဘုန်းအာနုဘော်ကို စိန်ခေါ်နေတာပဲကွ။ သူ့ကို မသတ်လိုက်ရင် ငါ့တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ငါဘယ်လို ထိန်းသိမ်းရ​တော့မလဲ"

ဘုရင်ကြီး ချန်ရှုံက ကျယ်လောင်စွာ ဟောက်လိုက်သည်။

မင်းသားချန်ရှင်း၊ ယန့်ဖုံးနှင့် အခြားသူများ သေဆုံးသွား သောအခါ လုရွှမ်က ၎င်းတို့ကို သတ်ခဲ့ကြောင်း သိသော်လည်း အတွင်း၌ ဖြစ်ပျက်ခဲ့သည်များကို တိတိကျကျ သူ မသိပေ။

"သူက မင်းသားချန်ရှင်းကို တကယ် သတ်လိုက်တာလား?"

ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းနှင့် အိုးယန်ရွှမ်းတို့ တစ်ချိန်တည်းမှာ ထိတ်လန့်သွားပြီး နားလည်သွားကြသည်။ ဘယ်သူပဲဖြစ်ဖြစ် သူ့သားကို သတ်ရင် ဒေါသဖြစ်မှာ သေချာပါသည်။ ဘုရင်မင်းမြတ်လည်း အပါအဝင်ပင်။

မင်းသားတစ်ပါးကို ပြောင်ပြောင်တင်းတင်း သတ်ခဲ့သည်။ နောက်ထပ် အရေးယူမှု မပြုပါက တော်ဝင်မိသားစု တစ်ခုလုံး မည်သို့ရပ်တည် ရတော့မည်နည်း။

ပေရွှီးအင်ပါယာကို ထပ်မံထိန်းချုပ်ရန် အခွင့်အာဏာ မည်သို့ ရှိ​တော့မည်နည်း။

"ဟုတ်တယ်... အဲဒီလုရွှမ်က ဥပဒေမဲ့တဲ့ သူပဲ။ သူက မင်းသားချန်ရှင်းနဲ့ ဒုတပ်မှူး ယန့်ဖုံးကို သတ်ရုံတင်မကဘူး... ငါ့မြေး ချန်တုံးကလည်း သူ့ဆီက နှိပ်စက်ခံရတယ်။ အခု သူသေတာထက် ပိုဆိုး​စေမယ့်ဘဝက ခံစားခိုင်းလိုက်စမ်းပါ...."

စစ်သေနာပတိ ဟူရှောက်ကလည်း ဝင်ပြောလိုက်သည်။

"ဒါဆို ကျောင်းအုပ်ကြီးချူကို မတားတော့ပါဘူး.... ငါတို့ ဒီကလေးကို တရားစီရင်ပြီး တခြားသူတွေကို စံနမူနာပြဖို့ သေသေချာချာ သတ်ပစ်လိုက်ရမယ်!"

"လူ​ကြီးမင်းတို့ နှစ်ယောက် စိတ်ပူနေဖို့ မလိုပါဘူး.... အိုးယန်ရွှမ်းက အခုနက ကျုပ်ပြောခဲ့ပြီးကတည်းက လုရွှမ်ကို သေဒဏ်ပေးဖို့ ရည်ရွယ်ထားပြီးသားပါ.... အားလုံးက သဘောတူတဲ့အတွက် သူ့ကို ဘယ်သူသတ်သတ် အတူတူပါပဲ!"

တစ်ဖက်လူက ဘာကိုဆိုလိုသည်ကို သိလိုက်သဖြင့် ချူဝမ့်ရှန်းက သူဘာကို ဆိုလိုသည်ကို ဖုံးကွယ်မထားဘဲ လက်ကို ဝှေ့ယမ်းလိုက်ပြီး

"ဒါပေမဲ့ ဒီကလေးက အခု ယင်းယန်ရေကန်ထဲကို ဝင်သွားပြီ... သူ့ကို သတ်ချင်ရင် ကိုယ့်ဘာသာသွားမှ အဆင်​ပြေလိမ့်မယ်"

"ဒါက ရိုးရှင်းပါတယ်... ငါတို့ မင်းနဲ့ အတူတူ သွားကြမယ်!"

ချူဝမ့်ရှန်းက မကန့်ကွက်ဘဲ လုရွှမ်ကို သတ်ချင်နေတာ ကြားတော့ ဘုရင်ကြီး ချန်ရှုံနဲ့ စစ်သေနာပတိ ဟူရှောက်က တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။

သူတို့ ဒီကိုမလာခင်မှာ အကြောက်ဆုံး အရာက ယင်းယန်ကျောင်းတော်က အပြင်းအထန် ကာကွယ်နေမှာကိုပဲ။

အကယ်၍ ၎င်းတို့သည် ပေရွှီးအင်ပါယာတွင် သြဇာအရှိဆုံး လူနှစ်ဦး ဖြစ်လျှင်ပင် သူတို့အတွက် အတင်းအကြပ် ဆက်လက် လုပ်ဆောင်ရန် ခက်ခဲ​နေမည် ဖြစ်သည်။

အမှန်တော့ ဤယင်းယန်ကျောင်းတော်သည် ဌာနခွဲ တစ်ခုသာ ဖြစ်ပြီး ဌာနချုပ်တစ်ခုလုံးသည် မည်သည့် အင်ပါယာအတွက်မဆို ကြီးမားသော နေရာတစ်ခု ဖြစ်သည်။ အဆင့်မြင့်အင်ပါယာ တစ်ခုပင်လျှင် ၎င်းကို အလွယ်တကူ မထိဝံ့ချေ။

"ဘုရင်မင်းမြတ် ချန်ရှုံနဲ့ စစ်သေနာပတိ ဟူရှောက် ကျေးဇူးပြုပြီး ကြွပါ!"

လူပေါင်းများစွာ၏ ဆွေးနွေးမှု အပြီးတွင် သဘောထားများသည် တညီတညွတ်တည်း ဖြစ်ခဲ့ကြသည်။ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းက ခြံဝင်းထဲမှ ဦးစွာ ထွက်ခွာသွားကာ အကြီးအကဲ အိုးယန်ရွှမ်းက ၎င်းတို့နှစ်ဦးကို ယင်းယန်ရေကန်ဆီသို့ ဦးဆောင် ခေါ်သွားခဲ့သည်။

"တကယ် ကိုယ့်ကိုယ်ကို နှိပ်စက်​နေတာပဲ!"

သူတို့ ထွက်သွားတာကို မြင်တော့ ရှောင်းယွင့်ထျန်းနဲ့ တခြားသူတွေက မတ်တပ်ထရပ်ပြီး သူတို့ရဲ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုတွေကြောင့် လင်းလတ်လာခဲ့သည်။

ကျောင်းအုပ်ကြီး တစ်ယောက်နဲ့ ပေရွှီး တော်ဝင်မိသားစုကသာ အလွယ်တကူ သတ်နိုင်တာကြောင့် ဒီလူက သေမှာ သေချာလေပြီ။

"ငါတို့ အခု ဘာလုပ်ကြမလဲ?"

"ဘာလုပ်ရမှာလဲ? အပျော်ကြီး ကြည့်ဖို့ သွားရမှာပေါ့... အဲဒီလုရွှမ် သေတော့မှာ သေချာတယ်.... ငါတို့က သူ့ကို ငါတို့လက်နဲ့ မသတ်နိုင်ပေမယ့် သူ့ရဲ့ နောက်ဆုံးရလဒ်ကို မြင်ရတာလည်း ကောင်းပါတယ်"

ရှောင်းယွင့်ထျန်း၏ မျက်နှာသည် စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ပြောလိုက်သည်။

"ကောင်းပြီ!"

လူအများအပြားသည် တစ်ချိန်တည်းတွင် ခေါင်းညိတ်ပြကာ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်း နောက်သို့ အလျင်အမြန် လိုက်ကာ ယင်းယန်ရေကန်ဆီသို့ လျှောက်သွားကြသည်။

ယင်းယန် ရေကန် အပြင်ဘက်၌။

အကြီးအကဲ လုံယွမ်သည် အပြင်ဘက်တွင် ရပ်နေပြီး ထွက်ပေါက်ကို စိုက်ကြည့်နေ၏။

"ယင်းယန်ရေကန်ကို တစ်ကြိမ်မှာ သုံးရက်ပဲ ဖွင့်တယ်... ခဏနေဆို ထွက်လာသင့်ပြီ!"

လုရွှမ်နှင့် အခြားသူများသည် ယင်းယန်ရေကန်ထဲသို့ ဝင်ရောက်ခဲ့သည်မှာ သုံးရက်ရှိပြီဖြစ်သည်။

ထိုကာလအတွင်း သူသည် နေ့တိုင်း စောင့်ကြည့်လာခဲ့သည်။ သို့သော် ယင်းယန်ရေကန် တစ်ခုလုံးကို တင်းတင်းကြပ်ကြပ် အလုံပိတ်ထားပြီး မတော်တဆမှု တစ်ခုမျှ ဖြစ်ပွားခဲ့ခြင်း မရှိပေ။ ယခင်က ထွက်ခွာသွားသော အိုးယန်ရွှမ်သည်လည်း ပျောက်ကွယ်သွားကာ ပြဿနာရှာရန် ဆက်လက် မလုပ်ဆောင်ခဲ့ပေ။

လုရွှမ်၏ ဝိညာဥ်သားရဲကတော့ ယင်းယန်ရေကန် တံခါးဝတွင် လဲလျောင်းနေပြီး တစ်မှေးအိပ်နေကာ အချိန်မရွေး အိပ်ပျော်သွားတော့မလို ဖြစ်သည်။

"အဆင်​​ပြေပါတယ်​... အိုးယန်ရွှမ်းက လက်​စား​ချေတတ်တဲ့ လူတစ်​​ယောက်​ပဲ သူလာပြီး ပြဿနာ ရှာမှာကို ကြောက်​နေရတာ... လုရွှမ်ရဲ့ ဝိညာဥ်သားရဲက သူ့ကို ဖိအား​တွေ အများကြီး ​ပေး​နေတာမို့ သူ ဒီကို လာမှာ မဟုတ်​ဘူး!"

သက်ပြင်းချရင်း စိတ်ခံစားမှုနှင့်အတူ အကြီးအကဲ လုံယွမ် အနည်းငယ် ပြုံး၍ သူ့နေအိမ်သို့ ပြန်ခါနီးတွင် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်း၊ အိုးယန်ရွှမ်း၊ ဘုရင်မင်းမြတ် ချန်ရှုံနှင့် စစ်သေနာပတိ ဟူရှောက်တို့ အတူတူ ဖြတ်လျှောက်လာသည်ကို တွေ့လိုက်ရသည်။

"ဘာလို့ သူတို့က အတူတူ ရှိနေကြတာလဲ?"

အကြီးအကဲ လုံယွမ် မျက်မှောင် ကြုတ်လိုက်သည်။

သူတို့၏ ယင်းယန်ကျောင်းတော် ဌာနခွဲသည် ပေရွှီးအင်ပါယာတွင် တည်ရှိသော်လည်း ၎င်းသည် တော်ဝင်မိသားစုနှင့် ယေဘုယျအားဖြင့် ဆက်ဆံရေး ရှိထား​ကြသည်။

ယင်ယန်ကျောင်းတော်လို ဧရာမကြီးက ပေရွှီး တော်ဝင်မိသားစုနဲ့ ပြိုင်ဖို့ ရည်ရွယ်ချက် မရှိရင်တောင် အမြဲတမ်း နိုးကြားနေရလိမ့်မည်။

ထို့အတွက်ကြောင့် သူတို့နှစ်ခုကြား ဆက်ဆံရေးကို အလယ်အလတ်ဟုသာ မှတ်ယူနိုင်သည်။ ယခုအခါတွင် ဘုရင်ချန်ရှုံ ကိုယ်တိုင် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းနှင့် အတူ လျှောက်လာခဲ့ရာ မယုံနိုင်လောက်အောင် အံ့သြနေမိသည်။

"လုံယွမ်... ကျောင်းအုပ်ကြီးနဲ့ ဘုရင်မင်းမြတ် ချန်ရှုံကို ဂါဝရပြုပါတယ်"

သူ့စိတ်ထဲတွင် ထူးဆန်းသော်လည်း ကျင့်ဝတ်သိက္ခာကို ပေါ့ဆမနေဝံ့ဘဲ အရှေ့သို့ အလျင်အမြန် ခြေတစ်လှမ်းတိုးကာ လက်သီးများကို ဆုပ်၍ ဦးညွှတ်လိုက်သည်။

"အင်း! လုံယွမ် မင်းအပြစ်ကို သိလား"

အကြီးအကဲလုံယွမ်သည် ဤနေရာတွင် အမှန်တကယ် စောင့်ကြပ်နေသည်ကို တွေ့လိုက်ရသဖြင့် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်း၏ မျက်နှာသည် ရုတ်တရက် မည်းမှောင်သွားပြီး မိုးကြိုးနှင့် လျှပ်စီးကြောင်းများ ပေါက်ဖွားလာသကဲ့သို့ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

"ကျုပ်? ကျုပ်မှာ ဘာအပြစ်ရှိလို့လဲ? ကျေးဇူးပြုပြီး ကျောင်းအုပ်ကြီးက ​ထောက်ပြပေးပါ"

အကြီးအကဲ လုံယွမ်လည်း အံ့အားသင့်သွားသည်။

ကျောင်းအုပ်ကြီးက ဒီမေးခွန်းကို ရုတ်တရက် မေးမယ်ဆို တာကို မသိထားပေမယ့် အိုးယန်ရွှမ်းနဲ့အတူ လမ်းလျှောက် လာနေတာကို မြင်လိုက်တဲ့ အခါကတည်းက အဲဒီထဲက တစ်စိတ်တစ်ပိုင်းကို ခန့်မှန်းနိုင်လေသည်။

လုရွှမ် ယင်းယန်ရေကန်ထဲ ဝင်သွားတာကို မတားနိုင်ခဲ့ဘူး။ ဒါပေမဲ့ ဒီကိစ္စကို သူဘယ်လိုလုပ် လွယ်လွယ်နဲ့ သည်းခံနိုင်ပါ့မလဲ။

"သစ္စာဖောက် လုရွှမ်က ယင်းယန်ရေကန်ထဲကို ဖောက်ထွင်း ဝင်ရောက်သွားပြီး ကျောင်းသားတွေကိုလည်း ဒဏ်ရာရစေခဲ့တယ်... အကြီးအကဲ တစ်ယောက်အနေနဲ့ သူ့ကို မတားခဲ့ရုံတင် မကဘူး လူဆိုးတွေလို သူ့ကို မတော်မတရား ပြုကျင့်ဖို့ပါ ကူညီပေးခဲ့တယ်။ အဲဒါက ကြီးကျယ်တဲ့ ပြစ်မှုတစ်ခုပဲ.... အခုကစပြီး မင်းရဲ့အကြီးအကဲ ရာထူးကို ရုတ်သိမ်းလိုက်ပြီ... မင်းအိမ်ကိုပြန်! တံခါးပိတ်ပြီး မင်းရဲ့အမှားတွေကို တွေးတောပြီး ဌာနချုပ်ကနေ ပေးလာမယ့် ပြစ်ဒဏ်ကိုသာ စောင့်နေလိုက်တော့"

ဤကျောင်းတွင် သူ တစ်ဦးတည်းသာ ဘုန်းတန်ခိုးကြီးသောကြောင့် လက်ကို ဝှေ့ယမ်းလိုက်သည်။

"ကျုပ်က လူဆိုးကို ကူညီပေးတယ်?? ပြစ်မှုတွေ??"

ပြစ်မှုဆိုတဲ့ အသံကို ကြားတဲ့အခါ အကြီးအကဲ လုံယွမ်လည်း မူးဝေသွားပြီး

"ကျောင်းအုပ်ကြီး ဘာကိုဆိုလိုတာလဲ? ကျုပ် သိပ်နားမလည်ဘူး... ပြီးတော့ လုရွှမ်က အဓိပတိနယ်ပယ် မဟုတ်တော့ဘူး... သူအခု သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၂ ပြီးပြည့်စုံတဲ့ကာလကို ရောက်နေပြီ... ဒါက ယင်းယန်ရေကန်ထဲကို ဝင်ဖို့ အရည်အချင်း ပြည့်မီနေပြီ မဟုတ်လား? သူ့အပြုအမူက နည်းနည်း လွန်ပေမယ့် အံ့ဖွယ်ပါရမီရှင် တစ်ယောက်အနေနဲ့ မာနကြီးကို သူများတွေကို ငြင်းပယ်တာ ဖြစ်သင့်ပါတယ်"

ဒီကိစ္စ ပြီးသွားတဲ့ အခါမှာတော့ ကျောင်းအုပ်ကြီးကို ရှင်းပြပေးဖို့ တောင်းဆိုချင်ပေမယ့် ကျောင်းအုပ်ကြီးက တံခါးပိတ် ကျင့်ကြံသွားတဲ့ အတွက် မပြောခဲ့ရချေ။

လုရွှမ်သည် အနည်းငယ် လွန်ကဲစွာ လုပ်ဆောင်ခဲ့သော်လည်း သုံးလအတွင်း သူသည် အဓိပတိနယ်ပယ်မှ ယွမ်ချီနယ်ပယ် ပြီးပြည့်စုံမှု ကာလဆီသို့ ရောက်သွားခဲ့သည်။

ဤကဲ့သို့သော ခွန်အားဖြင့် သူသည် အသွင်ပြောင်းခြင်း အဆင့်လေးဆင့်သို့ ရောက်ရှိသွားသော ရှောင်းယွင့်ထျန်းကိုပင် အနိုင်ယူခဲ့သည်။ ဒါက သူ့ရဲ့ ခွန်အားနဲ့ စွမ်းဆောင်ရည်ကို ပြသဖို့ လုံလောက်ပါ၏။

ထိုသို့သော လူများကို ကောင်းစွာ ပြုစုပျိုးထောင်သင့်ပြီး မနှင်ထုတ်သင့်ချေ။

ကောင်းကင်ကို အန်တုခြင်းဟု ဖော်ပြနိုင်သည့် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကြီးနှစ်ခု၏ ထူးချွန်စွာ ခုန်ပျံကျော်လွှားနိုင်ခဲ့သည်။ ထို့အတွက်ကြောင့် သူအမှား လုပ်မိသည်ဟု မခံစားရပေ။

"ကြည့်လိုက်ပါ... ကျောင်းအုပ်ကြီး ... အကြီးအကဲ လုံယွမ်က ဘယ်တုန်းကမှ စိတ်ပြောင်းမသွားဘဲ သစ္စာဖောက် လုရွှမ်အတွက် ပြောနေတုန်းပဲ.... သူ့ကို အရေးယူပြီး နှိမ်နှင်းခွင့်ပေးပါ!"

အိုးယန်ရွှမ်းက လျင်မြန်စွာ အော်ဟစ်လိုက်သည်။

"ကောင်းပြီ....အကြီးအကဲ လုံယွမ်က အမှားအမှန် မသိဘဲ သစ္စာဖောက်ကို ကူညီပေးနေတယ်... ကျေးဇူးပြုပြီး အကြီးအကဲ အိုးယန်ရွှမ်းက လှုပ်ရှားပြီး သူ့ကို ဘယ်အရာက မှန်တယ် ဘာက မှားတယ် ဆိုတာ သိအောင် လုပ်ပေးလိုက်ပါ!"

ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းကလည်း ဆိုလိုက်သည်။

"ဟုတ်ကဲ့!"

ကျောင်းအုပ်ကြီးထံမှ ခွင့်ပြုချက်ကို ရရှိသောအခါ အိုးယန်ရွှမ်း၏ မျက်လုံးများသည် စိတ်လှုပ်ရှားစွာ တောက်ပလာ၏။

"အကြီးအကဲ လုံယွမ်... မင်းလက်ကို နာနာခံခံ ထုတ်ပေးပြီး အဖမ်းခံလိုက်တာ ပိုကောင်းမယ် ထင်တယ်!"

All Chapters