အားကြီးသောတောင်ဖောက်နဂါး (ဒုတိယပိုင်း)
Vol. 30 Ch. 3.198
"ကျောင်းအုပ်ကြီး ဒါက ဘာကိုဆိုလိုတာလဲ"
အကြီးအကဲ လုံယွမ်သည် ကျောင်းအုပ်ကြီးက ထိုကဲ့သို့ ဆုံးဖြတ်ချက် ချလာမည်ဟု မမျှော်လင့်ထားဘဲ မျက်နှာပျက်သွားခဲ့သည်။
"ဘာပေါက်ကရတွေကို ပြောနေဦးမှာလဲ? အကြီးအကဲ အိုးယန်ရွှမ်း... ကျုပ်ခင်ဗျားကို ကူညီမယ်!"
စစ်သေနာပတိ ဟူရှောက်ကလည်း အကျယ်ကြီး အော်ဟစ်လိုက်ပြီး ရှေ့ကို လျှောက်သွားကာ အကြီးအကဲ လုံယွမ်ကို တိုက်ခိုက်ဖို့အတွက် အဆင်သင့် ပြင်ထားလိုက်သည်။
"ဟားဟား...အကူအညီ အတွက် ကျေးဇူးတင်ပါတယ်!"
သူ လှုပ်ရှားတော့မယ် ဆိုတာ မြင်လိုက်ရတော့ အိုးယန်ရွှမ်းလည်း ချီတုံချတုံ လုပ်မနေဘဲ အော်ဟစ်လိုက်ပြီး သူ့နောက်ကို လိုက်သွားခဲ့သည်။
ဝုန်း!
စွမ်းအားကြီး နှစ်ခု၏ တိုက်ခိုက်မှုများသည် မုန်တိုင်းတစ်ခုလို ချက်ချင်း ဖြတ်ကျော်လာခဲ့သည်။ ကောင်းကင်နှင့် မြေကြီးကြားမှ အားကြီးသော အင်အားသည် ကောင်းကင်မှ ဆင်းသက်ကာ အကြိမ်ပေါင်း တစ်ထောင်ကျော် ပြိုလဲကာ ထာဝရ ဖိနှိပ် ခံခဲ့ရတော့မလိုပင်။
"မင်းတို့...."
အကြီးအကဲ လုံယွမ်၏ အမူအရာလည်း ပြောင်းသွားတော့သည်။
၎င်းတို့နှစ်ဦးသည် အဆင့်၈ အလယ်အလတ်ကာလ စွမ်းအားရှင်များ ဖြစ်ပြီး ၎င်းတို့နှစ်ဦး ပေါင်းစည်းလိုက်ပါက တိုက်ခိုက်ရန် နေနေသာသာ မည်သူနှင့်မှ မယှဉ်နိုင်လောက်ပေ။
ခန္ဓာကိုယ်သည် တိုက်ခိုက်မှုကို ရှောင်ရှားရန် အရှိန်အဟုန်ဖြင့် ဆုတ်ခွာသွားသော်လည်း ၎င်းတို့နှစ်ဦးသည် လှုပ်ရှားပြီးသည်နှင့် စွမ်းအင်လှိုင်းက ပြင်းထန်စွာ လှုပ်ရှားသွားသည်။ ၎င်းတို့သည် လုံးဝ နောက်ဆုတ်ရန် မရည်ရွယ်ထားခဲ့ပေ။
ရှေ့၊နောက်၊ ဘယ်နှင့်ညာ အားလုံးနီးပါးကို နှစ်ဖက်စလုံးကို အင်အားကြီးသော တပ်ဖွဲ့များကဲ့သို့ ချိတ်ပိတ်ထားခဲ့သည်။
ဖူး!
အိုးယန်ရွှမ်း၏ လက်ဖဝါးသည် အကြီးအကဲ လုံယွမ်၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ရိုက်နှိပ်လိုက်ကာ ပါးစပ်မှ သွေးများ ပြင်းထန်စွာ ထွက်ကျလာစေခဲ့သည်။
သူသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈၏ အစောပိုင်း ကာလတွင်သာ ရှိခဲ့ပြီး အလယ်အလတ် ကာလရှိ စွမ်းအားရှင်များ၏ ပေါင်းစပ်မှုကို မခံနိုင်ချေ။
ဝုန်းဝုန်းဝုန်း!
လှုပ်ရှားမှု တစ်ခု အောင်မြင်ပြီးနောက် အိုးယန်ရွှမိးသည် လုံးဝမရပ်ဘဲ လေပြင်း မုန်တိုင်းကဲ့သို့ တစ်လုံးပြီးတစ်လုံး ဆက်တိုက်ခိုက်ခဲ့သည်။
အကြီးအကဲ လုံယွမ်မှာ အထပ်ထပ် နောက်ပြန် ဆုတ်သွားရ၏။ သူ့မျက်နှာသည် ဖြူဖျော့လာပြီး နောက်ဆုံးတွင် ဆက်မထိန်းနိုင်တော့ဘဲ မြေပေါ်လဲကျသွားပြီး ဒဏ်ရာအပြင်းအထန် ရသွားလေသည်။
"ကျောင်းအုပ်ကြီး... ဒီလိုမျိုး ဆုံးဖြတ်ချက် ချခဲ့တာကို နောင်တရလိမ့်မယ်"
သွေးများ တဟုန်းဟုန်း ထွက်ကျလာရင်း အကြီးအကဲ လုံယွမ်က သွားများကို အံကြိတ်လျက် ဟောက်လိုက်၏။
ဂုဏ်သိက္ခာရှိသော ကျောင်းအုပ်ကြီးသည် ဤမျှ မိုက်မဲသော ဆုံးဖြတ်ချက်ကို ချမှတ်လိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိပေ။
ထိုသို့သော ပါရမီရှင်ကောင်းကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ပြီး ဦးစားပေး ဆက်ဆံသင့်သည်။ သို့သော် အဆုံးတွင် သူသည် ဗီလိန်၏ ဆဲဆိုသံကို နားထောင်ကာ အေးအေးဆေးဆေး ရိုးရှင်းစွာ အရေးယူချင်ခဲ့သည်။
"ပါးစပ်ပိတ်ထား!"
အိုးယန်ရွှမ်းက သူ့ကို ရင်ဘတ်နဲ့ ကန်ကျောက်ပစ်လိုက်သည်။
ဝုန်း!
အကြီးအကဲ လုံယွမ် ခပ်ကြမ်းကြမ်း လွင့်သွားပြီး သူ့ကျောသည် ယင်းယန်ရေကန်၏ နန်းတော်နံရံနှင့် ထိမှန်သွားသည်။
"လုရွှမ်က ဒီယင်းယန် ရေကန်ထဲမှာ ရှိနေတာလား?"
အကြီးအကဲ လုံယွမ်ကို ဖယ်ရှားပြီးနောက် ဘုရင်မင်းမြတ် ချန်ရှုံသည် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းကို တစ်ချက် ကြည့်လိုက်သည်။
"အင်း... အိုးယန်ရွှမ်း သူ့ကို သွားဖမ်းလာခဲ့!! တခြားသူတွေ ကျင့်ကြံနေတာကိုတော့ မထိခိုက်စေနဲ့!"
ချူဝမ့်ရှန်း သူ့လက်ကြီးတွေကို ဝှေ့ယမ်းပြီး အမိန့်ပေးပြီးနောက် အိုးယန်ရွှမ်းဟာ တိုက်ရိုက် အပြေးအလွှား သွားလိမ့်မယ်လို့ သူထင်ခဲ့ပေမယ့် တုတ်တုတ်မှ မလှုပ်ဘဲ ရပ်နေတာကို တွေ့လိုက်ရသည်။
"ဘာဖြစ်နေတာလဲ"
"ကျောင်းအုပ်ကြီး"
အိုးယန်ရွှမိး အလျင်စလို လှည့်ပြီး ရှေ့တည့်တည့်ကို ညွှန်ပြလိုက်သည်။
"အဲဒါက လုရွှမ်ရဲ့ ဝိညာဥ်သားရဲပါ!"
"ဒါက အသွင်ပြောင်းခြင်း အဆင့်၈ ပြီးပြည့်စုံတဲ့ ကာလက ဝိညာဥ်သားရဲလား?"
ချူဝမ့်ရှန်း မှိန်းနေသော တောင်ဖောက်နဂါးကို ကြည့်သည်။
တောင်ဖောက်နဂါးသည် ယင်းယန်ရေကန်၏ အ၀င်ဝတွင် မှိန်းနေပြီး အခြားသူများကို ဝင်ခွင့်မပြုရန် လုရွှမ်ထံမှ အမိန့်ရထားသည်။ အကြီးအကဲ လုံယွမ် ရိုက်နှက်ခံရရုံ မကလို့ အသတ်ခံရရင်တောင် ၎င်းနှင့် ဘာမှမဆိုင်သလို မျက်လုံးပင် ဖွင့်မကြည့်ခဲ့ချေ။
"ဟုတ်ပါတယ်!"
ဒီဝိညာဥ်သားရဲက လက်သည်းတစ်ချက်တည်းနဲ့ သူ့ကို လွင့်ထွက်သွားစေခဲ့လို့ သူ့နှလုံးသားထဲမှာ အရိပ်ဆိုး တစ်ခုအနေနဲ့ မှတ်ထားမိရာ အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
"သေမျိုးနယ်ပယ် အဆင့်၈ ပြီးပြည့်စုံတဲ့ ကာလက ဝိညာဥ်သားရဲ ဆိုတော့ရော ဘာဖြစ်လဲ? ကိုယ်ခံပညာမတတ် တိုက်ခိုက်ရေး နည်းလမ်းတွေကိုလည်း မသိဘူးလေ... ဘယ်လောက်ပဲ သန်မာနေပါစေ ငါ့လက်တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်လို့ရတယ်"
ချူဝမ့်ရှန်းက လှောင်ပြောင်လေသည်။
ဝိညာဉ်သားရဲများသည် ရုပ်ပိုင်းဆိုင်ရာ သန်မာပြီး ခုခံအားနှင့် တုံ့ပြန်မှု အမြန်နှုန်းကို ပိုင်ဆိုင်ထားသော်လည်း ဤကမ္ဘာသည် လူသားများ၏ ကမ္ဘာ ဖြစ်သည်။ ၎င်းတို့တွင် လေ့ကျင့်နိုင်သော ကိုယ်ခံပညာနှင့် လေ့ကျင့်ခန်းများရှိသည်။ အချို့သော သခင်များသည်လည်း တူညီသောအဆင့်ရှိ ဝိညာဉ်သားရဲများထက် များစွာသာလွန်ကြသည်။
တခြားဘာမှ မကြည့်ဘဲ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းကိုပဲ ကြည့်ရလျှင် သူသည် အင်ပါယာအင်အားကြီး ထိပ်သီးစာရင်းတွင် မပါဝင်သော်လည်း ယင်းယန်ကျောင်းတော်ရဲ့ အဖွဲ့ဝင် ဖြစ်နေသေးသည်။
ထို့အပြင် သူ့ရဲ့ခွန်အားက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ထဲ၌ ထိပ်တန်းဟု သေချာပေါက် ရေတွက်နိုင်လေသည်။
သာမာန်အသွင်ပြောင်း နယ်ပယ်က အဆင့်၈ ပြီးပြည့်စုံသောကာလမှ ဝိညာဉ်သားရဲများသည် ပြိုင်ဘက်လုံးဝ မဟုတ်ဘဲ အလွယ်တကူ သတ်ဖြတ်နိုင်သည်။
ထို့အတွက်ကြောင့် သူသည် တောင်ဖောက်နဂါးကို ငုံ့ကြည့်ကာ လှုပ်ရှားနေသရွေ့ ၎င်းကို ဖမ်းမိနိုင်မည်ဟု သေချာပေါက် တွေးလိုက်မိသည်။
"မင်းရဲ့အရည်အချင်းက မနိမ့်ဘူးလို့ ငါထင်ပါတယ်.... မင်း ငါ့အပေါ် သစ္စာရှိမယ်ဆိုရင် ဒီနေ့ မင်းကိုသတ်ဖို့ မလိုဘူး!"
ခြေလှမ်း အနည်းငယ် လှမ်း၍ တောင်ဖောက်နဂါးရှေ့သို့ ရောက်လာပြီးနောက် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းက ၎င်းကို လက်ကြီးဖြင့် ဝေ့ယမ်းလိုက်ရာ သခင်တစ်ယောက်၏ အငွေ့အသက်သည် သူ့ခန္ဓာကိုယ်မှ အလိုလို ထွက်ပေါ်လာ၏။
အဆင့်၈ ပြီးပြည့်စုံသောကာလက ဝိညာဉ်သားရဲကို ရှာတွေ့ရန်မှာ အလွန်ခက်ခဲပြီး တစ်ကောင်စီသည် အလွန်အဖိုးတန်သည်။ ထို့ကြောင့် ၎င်းကို ယဉ်ပါးအောင် ထိန်းထားနိုင်လျှင် သူ့အတွက် သေချာပေါက် အထောက်အကူ ဖြစ်လာပေလိမ့်မည်။
"ဝူး?"
တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသဖြင့် တောင်ဖောက်နဂါးက သူ့မျက်ခွံများကို ပင့်တင်လိုက်သည်။
"ငါက သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈က ကျွမ်းကျင်သူဖြစ်ပြီး ယင်းယန်ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး ဆိုလည်း ဟုတ်တယ်.... မင်းရဲ့သစ္စာခံမှုက အဲဒီကောင်လေးထက် အများကြီး သာလွန်နေရမယ်။ အဲဒီ ကျောင်းသားလေးက ဘာပေးနိုင်မှာ မလို့လဲ... အစားအသောက်နဲ့ တည်းခိုဖို့အတွက် စိတ်မပူရဘူးလို့ ကတိပေးတယ် မင်းလိုချင်တာ အကုန် ရနိုင်ပါတယ်!"
စုံစမ်းနှောင့်ယှက်ခြင်း ခံရသည်ဟု ထင်ကာ ကျောင်းအုပ်ကြီးက ဆက်ပြောလိုက်သည်။
"ဝူး!"
ဒီလူက တတွတ်တွတ် ပြောပြီး သူအိပ်နေတာကို လာနှောင့်ယှက်နေတာ မြင်တော့ တောင်ဖောက်နဂါးမှာ အနည်းငယ် စိတ်မချမ်းသာ ဖြစ်သွားလေသည်။ သူ့ခန္ဓာကိုယ်ကို ခါယမ်းလိုက်ပြီး မတ်တပ်ရပ်လိုက်ကာ ဟိန်းလိုက်သည်။
"ကိုယ့်အဆင့်ကို မသိတဲ့ကောင်!! မင်းက သေချင်နေတော့လည်း ငါမင်းကို ကူညီပေးရတော့မှာပေါ့"
သူသည် သားရဲဘာသာစကားကို နားမလည်သလို သားရဲလေ့ကျင့်ပေးသူ မဟုတ်သည့်အပြင် ဝိညာဉ်သားရဲများနှင့်လည်း မဆက်သွယ်နိုင်သော်လည်း တောင်ဖောက်နဂါး၏ သဘောထားကို သူမြင်နေရဆဲ ဖြစ်သည်။
ဒီကောင်က လက်မပေးတော့ သတ်ပစ်လိုက်တာပဲ ကောင်းပါတယ်။
မည်သို့ပင်ဆိုစေကာမူ သူ့အတွက် သေမျိုးနယ်ပယ် အဆင့်၈ ပြီးပြည့်စုံသော ကာလက ဝိညာဉ်သားရဲ တစ်ကောင်ကို သတ်ခြင်းသည် ကြက်တစ်ကောင်ကို ခေါင်းဖြတ်ခြင်းလောက်ပင် ရှိသည်။
"ဝူး?"
ဤလူသည် အမှန်တကယ် လှုပ်ရှားလာသည်ကို တွေ့လိုက်ရသဖြင့် တောင်ဖောက် နဂါးကြီးက သံသယစိတ်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် ရှေ့ကို လှမ်းခုန်လိုက်သည်။
လှည့်ကွက်မရှိ၊ မရှောင်မှုလွှဲဘဲ၊ ရှေ့သို့ အလျင်စလို သွား၍ တိုက်ခိုက်ရန် ရိုင်းစိုင်းသော စွမ်းအားကို အားကိုးရုံသာ ရှိသည်။
"ဝိညာဥ်သားရဲက ဝိညာဥ်သားရဲပါပဲ!"
ချူဝမ့်ရှန်းက အေးစက်စွာ ပြုံးလိုက်သည်။
ဒီလောက်ပြင်းထန်တဲ့ တိုက်ပွဲဝင် စွမ်းအားကို သူ့အနေနဲ့ သရုပ်ပြထားပြီးသားပင်။ လက်ဖဝါးတစ်ဖက်တည်းနဲ့ တောင်တွေကို ပြိုကျနိုင်တာတောင် ဒီဝိညာဥ်သားရဲက နောက်မဆုတ်ဘူးဆိုတော့ တကယ်ကို မိုက်မဲတာပဲ။
ဗုန်း!
ကြီးမားသော စွမ်းအားများ ပါဝင်သော လက်ဝါးတစ်ချက်သည် တောင်ဖောက်နဂါး၏ နောက်ကျောပေါ်သို့ ကျရောက်သွားသည်။
သူ့ရှေ့က ဝိညာဥ်သားရဲက ချက်ချင်း အရိုက်ခံရလိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် ခဏကြာတော့ တစ်ခုခု မှားနေပြီဆိုတာကို သတိထားမိလိုက်သည်။
သူ၏ အားကြီးသော လက်ဖဝါးဖြင့် တိုက်ခိုက်ခြင်း ခံရသော်လည်း ဤဝိညာဥ်သားရဲသည် ၎င်းကို မခံစားရသကဲ့သို့ အမှန်တကယ် ဂရုမစိုက်ပေ။
"မဟုတ်ဘူး.... ဒါက သာမန် အဆင့်၈ ပြီးပြည့်စုံတဲ့ကာလက သာမာန် ဝိညာဉ်သားရဲ မဟုတ်ဘူး"
သူ့သူအိမ်ငယ်များ ကျဥ်းမြောင်းသွားကာ ချူဝမ့်ရှန်းလည်း တစ်ခုခု မူမမှန်တော့ဘူး ဆိုတာ သိလိုက်၏။
သာမာန် သေမျိုးနယ်ပယ် အဆင့်၈ရှိ ဝိညာဉ်သားရဲဆိုလျှင် ယခုလက်ဖဝါးသည် ၎င်း၏အတွင်းပိုင်း အင်္ဂါများကို ကွဲအက်စေကာ တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။ ယခုမူကား ၎င်း၏ရှေ့တွင်ရှိ ဝိညာဥ်သားရဲမှာ လုံးဝ မလှုပ်ဘဲ သူ့လက်ဖဝါးမှာ ဘာအကျိုး သက်ရောက်မှုမှ ရှိပုံမပေါ်ပေ။
"နောက်ဆုတ်!"
သာမာန် ဝိညာဥ်သားရဲ မဟုတ်မှန်း သိလိုက်ရတော့ သူ့ခြေဖဝါးတွေက မြှောက်လျက် အလျင်အမြန် နောက်ပြန်ဆုတ်လိုက်၏။
သို့သော်လည်း တောင်ဖောက်နဂါးက တိုက်ခိုက်ပြီးပြီးလေ။ သူဘယ်လိုလုပ် ထွက်သွားနိုင်မှာလဲ? သူ့ခန္ဓာကိုယ်က ရှေ့ကို ဆက်သွားနေပြီး လျှပ်စီးကဲ့သို့ တခဏချင်း အရှိန်တက်လာသည်။
ဗုန်း!
သူ့ရင်ဘတ်ကို ထိမှန်သွားသော ကျောက်တုံးကွဲအက်သည့် သံနှင့်အတူ ချူဝမ့်ရှန်း၏ မျက်နှာသည် ဥက္ကာပျံနှင့် ထိမှန်သွားသကဲ့သို့ နီရဲသွားလေသည်။
ခြေလှမ်း ခုနစ်လှမ်း ရှစ်လှမ်းလောက် ဆက်တိုက် နောက်ပြန်ဆုတ်ပြီးနောက် ချူဝမ့်ရှန်း၏ လည်ချောင်းသည် ညှိနံ့များ ထွက်လာကာ ပါးစပ်မှ သွေးများ ပြင်းထန်စွာ ထွက်ကျလာတော့သည်။
"ကောင်းပြီ အယုတ်တမာ သားရဲကောင်!! အခုနက ငါသတိပေါ့သွားအောင် တမင် နှောင့်နှေးနေခဲ့တာပေါ့လေ"
ချူဝမ့်ရှန်း ရှုံ့မဲ့ကာ အော်လိုက်၏။
လတ်ဆတ်သော သွေးများကို အန်ထုတ်ပစ်လိုက်ပြီးမှ ရင်ဘတ်ထဲတွင် ပိုသက်တောင့်သက်သာ ခံစားလာရလေသည်။