← Chapters

အားကြီးသောတောင်ဖောက်နဂါး (တတိယပိုင်း)

Vol. 30 Ch. 3.199

အားကြီးသောတောင်ဖောက်နဂါး (တတိယပိုင်း)

Vol. 30 Ch. 3.199

တကယ်တော့ ချူဝမ့်ရှန်းသည် သတိလက်လွတ် ဖြစ်သွားတာ မဟုတ်ဘဲ မတိုင်ခင်က တောင်ဖောက်နဂါး၏ အရှိန်သည် မလျင်မြန်ခဲ့သလို သူ့တိုက်ကွက်ကိုလည်း ရှောင်တိမ်းသွားခြင်း မရှိလို့ ဒီသားရဲက တုံးအ​နေတယ်လို့ ထင်ခဲ့မိသည်။

ဒါက ဝိညာဥ်သားရဲဟာ သူ့ကို လှည့်စားနေတာ ဖြစ်နေမယ်လို့ မထင်ထားမိချေ။ တကယ်တော့ သူ့ရဲ့ အမြန်နှုန်းက ထင်ထားတာထက် အဆပေါင်းများစွာ ပိုမြန်နေ၏။

ထို့အတွက်ကြောင့် အဆုံးတွင် အရှိန်အဟုန်ဖြင့် နောက်ပြန်ဆုတ်၍ ရှောင်ခဲ့သော်လည်း သူ မလွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

"သေစမ်း... စိတ်ပျက်စရာပဲ!"

ချူဝမ့်ရှန်း ဒေါသအရမ်း ထွက်လာပြီး ပေါက်ကွဲတော့မတတ် ဖြစ်လာသည်။ သူ့ကို ဒေါသထွက်စေတဲ့ အရာက ဒဏ်ရာမရဘဲ ဝိညာဥ်သားရဲရဲ့ လှည့်စားတာကို ခံလိုက်ရလို့သာ ​ဖြစ်၏။

သာမာန်အင်အားအရ သူ့ကို ထိခိုက်နိုင်ရင်တောင် အနည်းဆုံးတော့ တိုက်ပွဲတွေ အများကြီး တိုက်ဖို့ လိုပေမယ့် တစ်ဖက်က သူ့တိုက်ကွက်ကို အသာရှောင်၍ အထင်သေးစွာ ပြန်တိုက်ခိုက်ခဲ့သည်။

"မင်းငါ့လက်ထဲမှာ သေလိုက်တော့!"

ဟောက်သံများဖြင့် ချူဝမ့်ရှန်း လေထဲသို့ ပျံတက်သွားပြီး သူ၏လက်ငါးချောင်းကို ဓါးသွားများကဲ့သို့ ဖြန့်ကာ သူ့ရှေ့ရှိ တောင်ဖောက်နဂါးကြီးဆီသို့ တည့်တည့် ပြေးသွားလေသည်။

ဝူး!

သူ၏ တိုက်ခိုက်မှုကို ထပ်မံရင်ဆိုင် ရသောအခါတွင်လည်း တောင်ဖောက်နဂါးသည် ရှောင်ဖို့ မကြိုးစားသေးဘဲ ယခင်အတိုင်းပင် တည့်တည့် ပြေးလာခဲ့ပြန်၏။

"ဒီလှည့်ကွက်ကို သုံးနေတုန်းပဲပေါ့.... မင်းရဲ့ အစွမ်းအစကို ငါသိပြီးပြီ... မင်းမရှောင်ရင် ငါ မင်းကို ဘယ်လို ဖြိုခွဲပစ်မလဲ စောင့်ကြည့်လိုက်!"

မတိုင်ခင်က ချူဝမ့်ရှန်းဟာ ရန်သူကို သူ့လက်ဖဝါးနဲ့ မရိုက်နိုင်ခဲ့ဘူး။ သူ့အမြင်အရတော့ သူဟာ ရန်သူကို လျှော့တွက်မိပြီး ဒီဝိညာဉ်သားရဲရဲ့ ခုခံမှုကိုပါ လျှော့တွက်ထားမိတာကြောင့်ပင်။ အခု သူ့ရဲ့ အစွမ်းရှိသမျှနဲ့ တိုက်ခိုက်နေတာကို ဝိညာဥ်သားရဲတစ်ကောင်က ဘယ်လိုလုပ် တားနိုင်မလဲ။ .

ဗုန်း!

လက်ချောင်းထိပ်များမှ ပစ်လွှတ်လိုက်သော ယွမ်ချီများသည် တောင်ဖောက်နဂါးကြီး၏ ထူထဲသော အကြေးခွံများကို ထိုးဖောက်သွား၏။

ဇိဇိဇိဇိဇိ

မီးပွားများ ပေါက်ကွဲထွက်လာပြီး အလင်းရောင်များ ဖြာထွက်သွားသည်။

"ဘာ?"

အစတွင် သူသည် ပြိုင်ဘက်၏ ခန္ဓာကိုယ်ထဲသို့ သေချာပေါက် ထိုးဖောက် ဝင်ရောက်သွားမည်ဟု သူထင်ခဲ့သည်။ သူဆန့်ထားသော လက်က သွေးတွေ ထွက်လာမည်ဟု မထင်ခဲ့ချေ။ ထိုအချိန်မှပင် ချူဝမ့်ရှန်းသည် သူ့တွက်ချက်မှုက မှားယွင်းသွားကြောင်း သိလိုက်ရသည်။

ပြိုင်ဘက်ရဲ့ ခံစစ်က တကယ့်ကို ကြောက်စရာကောင်းလောက်အောင် ပြင်းထန်နေ၏။ သူ့လက်ချောင်းတွေက ဖောက်ထွက်ဖို့ ဖျက်စီးပစ်ရုံတင် မကဘဲ တုန်လှုပ်ခြောက်ခြားစရာ ကောင်းပေသည်။

ဗုန်း!

နောက်အခိုက်အတန့်တွင် တောင်ဖောက်နဂါး၏ ဦးခေါင်းသည် ချူဝမ့်ရှန်း၏ ရင်ဘတ်ကို ဝင်တိုက်ပစ်လေသည်။

ဝုန်း ဝုန်း!

ဒီတစ်ကြိမ်မှာတော့ ပြီးခဲ့တဲ့ အကြိမ်ကလောက် ကံကောင်းခြင်း မရှိတော့ချေ။ အရိုးတွေ ကွဲအက်သံနဲ့ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းတစ်ယောက် ​​ပြင်းထန်တဲ့ ဝေဒနာကို ခံစားလိုက်ရပြီး မျက်စိတစ်မှိတ် အတွင်းမှာ နံရိုးတစ်ဒါဇင်ကျော် ကျိုးသွားခဲ့သည်။

သွေးများကို ထိုးအန်ချလိုက်ရင်း လူတစ်ကိုယ်လုံး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ထိုးကျသွားပြီး အပေါက်ကြီးတစ်ခုပင် ပေါက်သွားလေ၏။

"ကျောင်းအုပ်ကြီး!"

အိုးယန်ရွှမ်းသည် အလျင်အမြန် ပြေးချလာရင်း တောင်ဖောက်နဂါးကို ထိတ်လန့်သော မျက်လုံးများဖြင့် တစ်ဖန် ကြည့်လိုက်သည်။

ဟိုအရင်တုန်းကတော့ တစ်ဖက်က သာမန် သေမျိူးနယ်ပယ် အဆင့်၈ ပြီးပြည့်စုံတဲ့ကာလက ဝိညာဥ်သားရဲပဲလို့ အမြဲတွေးခဲ့မိသည်။ ကျောင်းအုပ်ကြီးရဲ့ ခွန်အားနဲ့ လှုပ်ရှားနေသမျှ အလွယ်တကူ ဖမ်းနိုင်တော့မှာ သေချာသည်။

သို့သော် နှစ်ကြိမ်ဆက်တိုက် တိုက်ခိုက်ခံရပြီး ဒဏ်ရာပြင်းထန်စွာ ရခဲ့မည်ဟု မတွေးခဲ့မိပေ။ ဒါက ကြောက်စရာ ကောင်းလွန်းလှသည်။

ကြောက်စရာကောင်းတဲ့ ဝိညာဉ်သားရဲ တစ်ကောင်က ယွမ်ချီနယ်ပယ်မှာ ရှိတဲ့ ကောင်လေးတစ်ယောက်ရဲ့ စကားကို ဘယ်လိုလုပ် နားထောင်နိုင်ရတာလဲ?

"ဘုရင်ကြီးချန်ရှုံ... ဒီသားရဲကို အတူတူ သုတ်သင်ဖို့ ကူညီပေးပါ!"

အိုးယန်ရွှမ်း၏ ဆွဲထူပေးနေသော လက်များကို တွန်းထုတ်ရင်း ချူဝမ့်ရှန်းသည် တစ်ဖန် မတ်တတ် ပြန်ထလာကာ သူ့မျက်လုံးများသည် အရူးတစ်ယောက်လို နီရဲလာသည်။

သူက ဘယ်သူလဲ?

ယင်းယန်ကျောင်းတော်ရဲ့ ဂုဏ်သိက္ခာရှိသော ကျောင်းခွဲရဲ့ ကျောင်းအုပ်ကြီးပင်။ ကျောင်းကြီးကို ဦးဆောင်ခဲ့သည့် အလွန်အားကောင်းသော အမျိုးသားသည် ယခုအခါ နံရိုးကျိုးပြီး သွေးအန်တဲ့အထိ ဝိညာဥ်သားရဲဆီက ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။

"ကောင်းပြီ!"

ဘုရင်ကြီး ချန်ရှုံသည် ယခုအခိုက်အတန့်တွင် တောင်ဖောက်နဂါး သန်မာသည်ကို မြင်သောကြောင့် တွေဝေမနေဘဲ ခေါင်းညိတ် သဘောတူကာ ခြေတစ်လှမ်းနင်းလျက် ပြေးထွက်သွားလေသည်။

တစ်ချိန်တည်းမှာပင် ချူဝမ့်ရှန်းကလည်း အနီးကပ် လိုက်လာခဲ့၏။

သူဒဏ်ရာရနေပြီ ဖြစ်သော်လည်း သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ကျင့်ကြံသူ တစ်ဦးအနေဖြင့် ကျိုးသွားသောနံရိုး အနည်းငယ်ကို ထိန်းထားနိုင်ပြီး ၎င်းသည် သူ၏တိုက်ခိုက်မှုအပေါ် ကြီးကြီးမားမား သက်ရောက်မှု မရှိပေ။

ထို့အပြင် ယင်းယန်ကျောင်းတော်၏ ကျောင်းအုပ်ကြီး အနေဖြင့် သူ့တွင် မရေမတွက်နိုင်သော အရင်းအမြစ်များ ရှိပါသည်။ သူ၏ယခု ဒဏ်ရာများမှာ ပြင်းထန်သော်လည်း သူ့အသက်အန္တရာယ် မကျရောက်သေးသရွေ့ အချိန်တိုအတွင်း ​ပြန်ကောင်းမွန်လာနိုင်၏။

ဗုန်း!

အဆင့်၈ လူနှစ်ယောက်သည် သူတို့၏ တိုက်ကွက်များကို တစ်ချိန်တည်း ပစ်ခတ်လိုက်ရာ ယင်းယန်ရေကန်ရှေ့ရှိ ရင်ပြင်တွင် လေထုသည် ချက်ချင်း ထူထပ်လာပြီး လူများကို ကြီးမားသော ဖိနှိပ်မှုကြောင့် မသက်မသာ ဖြစ်လာစေသည်။

သေသေချာချာ ပြောရရင်တော့ ဘုရင်မင်းမြတ် ချန်ရှုံရဲ့ အစွမ်းက ချူဝမ့်ရှန်းထက် အဆပေါင်းများစွာ သာလွန်၏။ တောင်ဖောက်နဂါးရဲ့ စွမ်းအားကို သိထားတာမို့ သူက ခွန်အားအားလုံးကို မလျှော့ဘဲ အသုံးပြုထားသည်။

ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး တောင်ဖောက်နဂါးသည် ဘုရင်မင်းမြတ် ချန်ရှုံအား အလွန်သန်မာစွာ ရိုက်ချလာခဲ့သည်။ ဘုရင်မင်းမြတ် ချန်ရှုံလည်း ကမန်းကတမ်း နောက်ပြန် ဆုတ်လိုက်ရသည်။

"ဝူး!"

ဤအခိုက်အတန့်တွင် တောင်ဖောက်နဂါးမှာ အမှန်တကယ်ပင် ဒေါသ ထွက်နေလေပြီ။ ရူးသွပ်သော ဟောက်သံနှင့်အတူ ၎င်း၏ထူထဲသော ခွာများသည် မြေပြင်ပေါ်သို့ နင်းလိုက်ကာ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။

ချူဝမ့်ရှန်းက အားနည်းပြီး ဒဏ်ရာ အပြင်းအထန် ရသွားတာကိုလည်း သိထားတာကြောင့် တောင်ဖောက်နဂါးသည် ပျော့ပြောင်းသော ပန်းသီးကို အရင်ရွေးချယ်လိုက်၏။

"မင်း"

ချူဝမ့်ရှန်းမှာ တောင်ဖောက်နဂါးက ဒေါသတကြီး ဟိန်းဟောက်ပြီး သူ့ကိုတိုက်ရိုက် ပစ်မှတ်ထားလိုက်မယ်လို့ မမျှော်လင့်ထားပေ။ ဘုရင်မင်းမြတ် ချန်ရှုံအတွက်တော့ သူ့နောက်ကွယ်တွင် တိုက်ခိုက်မှု ရှိမရှိကို ဂရုမစိုက်ဘဲ ကျောချသွားခဲ့သည်။

သို့သော် သူအလျင်အမြန် နောက်ဆုတ်သွားတာထက် တောင်ဖောက်နဂါးက ပိုမြန်နေ၏။ ဒီတစ်ခါမှာ ခေါင်းနဲ့ ဝင်မတိုက်တော့ဘဲ သူ့လက်တွေကို မြှောက်လျက် ဝေ့ယမ်းပစ်လိုက်သည်။

ခြေသည်း အရှိန်မှာ လျင်မြန်လွန်းသဖြင့် ၎င်းကို ကာကွယ်ရန် မဖြစ်နိုင်ပေ။ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းမှာ ၎င်းအား ပိတ်ဆို့ရန် သူ၏လက်ဖဝါးများကို လှုပ်ရှားဖို့သာ တတ်နိုင်တော့သည်။

ဝှစ် ဝှစ်!

ဆက်တိုက်ဆိုသလို ပြတ်သားသော အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ကျောင်းအုပ်ကြီး ချူဝမ့်ရှန်း၏ လက်နှစ်ဖက်စလုံးသည် တစ်ချိန်တည်းတွင် ကျိုးကြေသွား​လေ၏။

အင်အားကြီးသော ခွာများနှင့် ခြေသည်းများက သူ့လက်ဖဝါးကို ကြေမွသွားသော်လည်း တောင်ဖောက်နဂါးက မရပ်တန့်သေးဘဲ ချူဝမ့်ရှန်း ရင်ဘတ်ကို ထပ်မံ ရိုက်ထုတ်ပစ်လိုက်သည်။

ဖူး....!

သွေးရှင်ရှင်များ ဆက်တိုက် စီးကျလာပြီးနောက် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းသည် ယခင်ကဲ့သို့ သတ္တိမရှိတော့ဘဲ ဖုန်မှုန့်များ ဖုံးလွှမ်းနေသော အကြီးအကဲ လုံယွမ်ကဲ့သို့ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် လဲကျသွား​တော့သည်။

ဝုန်း!

တောင်ဖောက်နဂါး၏ ခွာများနှင့် ခြေသည်းများသည် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းကို တိုက်ခိုက်ပြီးနောက် ၎င်း၏နောက်ကျောတွင် ဘုရင်မင်းမြတ် ချန်ရှုံက ရုတ်တရက် ပေါ်လာ၏။

ဒီလောက်ကောင်းတဲ့ အခွင့်အရေးကောင်းကို ဘယ်လိုလုပ် လက်လွှတ်ခံနိုင်ပါ့မလဲ။

ဝုန်း!

ဤလက်ဖဝါးဖြင့် ပြင်းပြင်းထန်ထန် ထိမှန်ခြင်း ခံရသောအခါ တောင်ဖောက်နဂါးသည် ခံနိုင်ရည်အား ကောင်းသော်လည်း ရုတ်တရက် ရှောင်ချိန်မရလိုက်ပေ။

ဝူး!

ခန္ဓာကိုယ်တွင် ဒဏ်ရာရရှိပြီးသော်လည်း တောင်ဖောက်နဂါး၏ တိုက်ပွဲစွမ်းအားမှာ အားနည်းမသွားဘဲ ၎င်း၏ အမြီးထူထူကြီးကို ပြင်းထန်စွာ ​ဝေ့ယမ်းပစ်သည်။

သာမန် သားရဲပဲဖြစ်ဖြစ် ဝိညာဥ်သားရဲပဲဖြစ်ဖြစ် အပြင်းဆုံး တိုက်ခိုက်မှုကတော့ ပါးစပ်ပြီးရင် နောက်မှာ အမြီးပါပဲ။

အမြီးသည် ပေါင်ထက် အချင်းပိုထူကာ ခိုင်ခံ့မှုအား ခန့်မှန်းလို့ မရသော်ငြား ဝေ့ယမ်းလိုက် သောအခါ ကြာပွတ်ကဲ့သို့ပင် ၎င်းသည် အရှိန် ပိုမြန်နေ၏။

ဖြောင်း!

အမြီး၏ အရှိန်သည် လျှပ်တစ်ပြက်ကဲ့သို့ မြန်လွန်းလှသည်။ ဘုရင်ကြီးချန်ရှုံ ကြိုတင်ကာကွယ် ထားသော်လည်း မရှောင်တိမ်းရသေးခင် တစ်ချက်တည်းဖြင့် ရင်ဘတ်ကို ထိမှန်သွားသည်။

ဝုန်း!

လွန်စွာ ကျယ်လောင်သော အသံက ဘုရင်ကြီး ချန်ရှုံ မခုခံလိုက်နိုင်ဘဲ အမြောက်ကျည်ဆန်များကဲ့သို့ ပျံထွက်သွားကာ နံရံကို နောက်ပြန် ဝင်တိုက်မိရင်း အခန်းပေါင်း တစ်ဒါဇင်ကျော် ဆက်တိုက် ပြိုကျသွားခြင်း ဖြစ်သည်။

"ဖူး!"

သူ့ရင်ဘတ်ရှိ နံရိုးသည် ချူဝမ့်ရှန်းကဲ့သို့ အနည်းဆုံး ခုနစ်ချောင်း သို့မဟုတ် ရှစ်ချောင်း ကျိုးသွားသည်ကို ခံစားလိုက်ရပြီး သူ၏အတွင်းအင်္ဂါများလည်း ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။

"ဘာ?"

"ဘုရင်မင်းမြတ်နဲ့ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းတို့ အတူတူ ပေါင်းတိုက်တာတောင် ရှုံးသွားတာလား"

ဤမြင်ကွင်းကို သူတို့မျက်လုံးထဲ မြင်လိုက်ရတော့ အိုးယန်ရွှမ်း နှင့် စစ်သူကြီး စစ်သေနာပတိ ဟူရှောက်တို့မှာ တို့သည် အလွန်ထိတ်လန့်သွားပြီး ချော်လဲလုမတတ် ဖြစ်သွားကြသည်။

ဒီလူနှစ်ယောက်ဟာ ပေရွှီးမြို့ရဲ့ တိုက်ခိုက်ရေး စွမ်းအား အမြင့်ဆုံးကို ကိုယ်စားပြုသည့် လူများဖြစ်သော်ငြား ဝိညာဥ်သားရဲ တစ်ကောင်ကိုတောင် အနိုင်မယူနိုင်ခဲ့ကြချေ။

"ဝူး!"

တိုက်ပွဲ တစ်ခုတည်းနဲ့ သခင်နှစ်ယောက်ကို ဒဏ်ရာရစေခဲ့သော တောင်​ဖောက်နဂါးကြီးသည် လျှပ်စီးကဲ့သို့ ဒေါသတကြီး တောက်လောင်နေသော မျက်လုံးများဖြင့် အလန့်တကြား အော်ဟစ်လာတဲ့ လူနှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။

All Chapters