← Chapters

အားလုံးကို သတ်ပစ်လိုက်တာ!

Vol. 30 Ch. 3.200

အားလုံးကို သတ်ပစ်လိုက်တာ!

Vol. 30 Ch. 3.200

တောင်ဖောက်နဂါးသည် မူလကတည်းက လုရွှမ်၏ အမိန့်ကိုသာ လိုက်နာပြီး နန်းတော်အပြင်ဘက်တွင် မည်သူ့ကိုမျှ ဝင်ခွင့်မပြုခဲ့ချေ။ ယင်းယန်ရေကန်နားသို့ မရောက်သရွေ့ ၎င်းနှင့် ဘာမှမဆိုင်ကြောင်း ပြသသလို အနှောင့်အယှက် မပေးခဲ့ပေ။

ဒီကောင်နှစ်ယောက် ရောက်တာနဲ့ လာတိုက်ခိုက် နေမယ်ဆိုတာ ဘယ်သူက သိမှာလဲ? ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေပါတော့မလဲ။

သူ့၏​ဒေါသ အမျက်အောက်တွင် ဘုရင်မင်းမြတ် ချန်ရှုံနှင့် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းသာမက ၎င်းတို့နှစ်ဦးသည်လည်း သူ့မျက်လုံးထဲတွင် ကြံရာပါများ ဖြစ်သည်။

"သွားပြီ ပြေးတော့!"

တောင်ဖောက်နဂါးထံမှ ဒေါသတကြီး စိုက်ကြည့်နေတာကို မြင်လိုက်ရတဲ့အခါ စစ်သေနာပတိ ဟူရှောက်နှင့် အိုးယန်ရွှမ်းတို့သည် ကြောက်လန့်တကြား လှည့်ထွက်ပြေးသွားကြသည်။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ပြီးပြည့်စုံတဲ့ ကာလက ဘုရင်မင်းမြတ် ချန်ရှုံနှင့် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းပင်လျှင် မခုခံနိုင်ဘဲ သူတို့က မည်ကဲ့သို့ ​ပြိုင်ဘက် ဖြစ်နိုင်မည်နည်း။

ဝုန်း!

သို့သော် ထွက်ပြေးဖို့ စဉ်းစားနေတာကပင် နောက်ကျနေပြီ ဖြစ်သည်။ တောင်ဖောက်နဂါးသာ သူတို့ကို ဒီအတိုင်း ပြန်လွှတ်လိုက်မယ်ဆိုရင် အဲဒီသခင် နှစ်ယောက်ကို အနိုင်ယူပစ်ဖို့ မဖြစ်နိုင်လောက်ပေ။

ဝုန်း! ဝုန်း!

စစ်သေနာပတိ ဟူရှောက်နှင့် အိုးယန်ရွှမ်းတို့ လူသားသဲအိတ် နှစ်လုံးသည် အသံကို တုံ့ပြန်ရန် အချိန်မရသေးဘဲ ခွာသွားများဖြင့် ထိမှန်ပြီး လွင့်သွားကြသည်။ ထို့နောက် ချက်ချင်းပင် အရိုးများ ကွဲအက်ကာ သွေးရှင်ရှင်များ တဟုန်ထိုး ထွက်ကျလာသည်။

အခြားသူများ၏ အမြင်တွင် သေမျိုး အသွင်ပြောင်းခြင်း နယ်ပယ်၏ အလယ်အလတ် ကာလများသည် မယှဉ်နိုင်သော်လည်း ခြေထောက်တစ်ဖက်နှင့် ခြေသည်းတစ်ချက်တည်းဖြင့် အနိုင်ယူနိုင်သော တောင်ဖောက်နဂါး၏ ရှေ့တွင်တော့ အားနည်းနေသော ပုရွက်ဆိတ်များသာ ဖြစ်သည်။

တောင်ဖောက်နဂါး ကိုယ်တိုင်က အစွမ်းထက်လို့သာ မဟုတ်ရင် သားရဲခန်းမရဲ့ ခန်းမသခင်ဖုန်းဟာ ၎င်းကို ဖမ်းဖို့ ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းခဲ့မှာ မဟုတ်ဘူးလေ။

ထို့နောက်တွင် လုရွှမ်သည် ၎င်းအား နဂါးသွေးလမ်းကြောင်းသို့ အရောက်လှမ်းနိုင်ရန် ကူညီပေးခဲ့ပြီး ၎င်းသည် ချူဝမ့်ရှန်းထက် မနည်းသော ခွန်အားကို ပိုင်ဆိုင်ထားပြီးသား ဖြစ်သည်။

ရှန့်ခုန်း ရှေးဟောင်းမြို့ထဲသို့ ဝင်ပြီးနောက် မင်းသမီး​လော့ရုံ၊ လင်ရှောင်းရှောင်း နှင့် အခြားသူများအတွက် အကျိုးသက်ရောက်မှု များပြားလာရုံ သာမက သူသည် ပို၍ပင် အကျိုးရလဒ်များ ရရှိခဲ့သည်။

ကောင်းကင် သားရဲလေးကောင်ထဲမှ နဂါးမျိုးရိုးမှ ဆင်းသက်လာသောကြောင့် တောင်ဖောက်နဂါးသည် ချင်းလုံ (စိမ်းပြာနဂါး)၏ အငွေ့အသက်များကို အနည်းငယ် စုပ်ယူလာခဲ့လို့ သူ့သွေးက ပိုသန့်လာခဲ့သည်။

ယခုဆို သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉နှင့် ခြေတစ်လှမ်းသာ ကွာတော့၍ အချိန်မရွေး ကျော်တက်သွားနိုင်သည်။

ရှေးဟောင်းမြို့ အပြင်ဘက်တွင် ၎င်းသည် ​တော်ဝင်အင်ပါယာ၏ အင်အားကြီး ထိပ်စာရင်းတွင် နံပါတ် ၁၇ နေရာတွင် ရှိနေသော ရှောင်းချင်ထျန်း၏ ပြိုင်ဘက် မဖြစ်နိုင်သော်လည်း ယခုထိူလူ ပြန်လည် ရှင်သန်လာပါကပင် သူ့အား အနိုင်ယူရန် ခက်ခဲပေလိမ့်မည်။

ဤလူ အနည်းငယ်ကို စကားထဲပင် ထည့်ပြောစရာမလိုချေ။

သို့သော် သူတို့လေးဦးစလုံး ဒဏ်ရာအပြင်းအထန် ရခဲ့သော်လည်း ဘုရင်မင်းမြတ် ချနိသည် အင်ပါယာတစ်ခု၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသေးသည်။ သေချာတာကတော့ အစောကအတိုင်း တိုက်ခိုက်ရင် တောင်ဖောက်နဂါးကို အနည်းငယ်တော့ ဒဏ်ရာရစေလိမ့်မည်။

"ဒါ...."

ယခင်က ဒဏ်ရာရခဲ့သော အကြီးအကဲ လုံယွမ်သည် ဤမြင်ကွင်း အားလုံးကို သူ့မျက်လုံးထဲ သေသေချာချာ မြင်လိုက်ရပြီးနောက် လုံးဝ အံသြသွားခဲ့သည်။

အိုးယန်ရွှမ်းနဲ့ စစ်သေနာပတိ ဟူရှောက်က သူ့ကို အခုလေးတင် ဒဏ်ရာရသွားတဲ့အခါ လုရွှမ်ဟာ ဒီအချိန်မှာ တကယ်ပဲ အဆုံးသတ်သွားပြီ ဖြစ်ပြီး သူ့ကို ဘယ်သူကမှ မကယ်တင်နိုင်ဘူးလို့ သူထင်ခဲ့သည်။

သူ့ရဲ့ ထင်ရှားတဲ့ ဝိညာဥ်သားရဲက ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေး စွမ်းအားတွေ ရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ အိပ်မက်မမက်ခဲ့ဖူးချေ။

ဒီလူလေးယောက်က ဘယ်သွားသွား လူတွေကို ကြောက်လန့်​စေနိုင်ပြီး အဆင့်အတန်း မြင့်တဲ့ အင်ပါယာတွေကို ဖျက်စီးပစ်နိုင်တဲ့ တိုက်ပွဲစွမ်းအားတွေတောင် ရှိထားကြသည်လေ။

ယခုမူ ၎င်းတို့သည် သားရဲတစ်ကောင်ကို ကိုင်တွယ်ဖြေရှင်းရန် ပူးပေါင်းခဲ့ကြသော်လည်း အားလုံးဟာ သူ့ထက် အဆများစွာ ပြင်းထန်သော ဒဏ်ရာများကိုသာ ရရှိခဲ့ကြသည်။

တကယ်ကြီးလား?

လုရွှမ့ရဲ့ အစွမ်းထက်တဲ့ ဝိညာဥ်သားရဲက ဘယ်ကလာတာလဲ? ဒီလိုသားရဲကို လုရွှမ် ဘယ်လိုများ ထိန်းကျောင်းခဲ့တာလဲ?

"ဘာဖြစ်တာလဲ?"

"ဘယ်လိုဖြစ်နေတာလဲ?"

"တစ်ယောက်ယောက်က ငါ့ယင်းယန်ကျောင်းတော်ကို တိုက်ခိုက်နေတာလား?"

ဤနေရာရှိ တိုက်ပွဲ၏ လှုပ်ရှားမှုသည် ကြီးမားလွန်းသဖြင့် မရေမတွက်နိုင်သော သန်မာသော ကျင့်​ကြံသူများ၏ အာရုံကို စွဲဆောင်နိုင်သွားသည်။ ဟိန်းဟောက်သံနှင့်အတူ အကယ်ဒမီ အကြီးအကဲ ဆယ်ယောက်ဟာ တစ်ယောက်ပြီး တစ်ယောက် ပြေးလာကြ​လေသည်။

ပြောရတာ ရှက်စရာ ကောင်းပေမယ့် တကယ်တမ်း ပြောရရင် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်း၊ ဘုရင်မင်းမြတ် ချန်ရှုံနဲ့ တခြားသူတွေဟာ ယင်းယန်ရေကန်ကို ရွှံ့နွံလို အရိုက်ခံရတဲ့ အချိန်ကနေစပြီး တိုက်ပွဲ တစ်ခုလုံး အသက်ရှူချိန် ၂၀မှ ၃၀အထိသာ ကြာခဲ့သည်။

တိုက်ပွဲ၏ အတက်အကျကို ခံစားပြီးနောက် ဤစွမ်းအားရှင်များသည် ပြေးလွှား လာကြသော်လည်း ၎င်းတို့သည် ယခုမှ ရောက်လာကြခြင်း ဖြစ်သည်။

"ကျောင်းအုပ်ကြီး"

"ဒါ ဘုရင်မင်းမြတ် ချန်ရှုံ မဟုတ်ဘူးလား?"

"စစ်သေနာပတိ ဟူရှောက်နဲ့ အကြီးအကဲ အိုးယန်ရွှမ်းတို့လည်း ရှိတယ်?? ဘာဖြစ်နေကြတာလဲ? ဘာလို့ ဒီမှာ တိုက်ခိုက်နေကြတာလဲ"

ပြေးလာကြသော လူများသည် မြေပြင်ပေါ်တွင် ရှုပ်ယှက် ခတ်နေသည်ကို တွေ့လိုက်ရသည်။ ကျောင်းအုပ်ကြီး နှင့် ပေရျွီးဘုရင်တို့ နှစ်ယောက်လုံး ဒဏ်ရာ ပြင်းထန်စွာဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေတာ မြင်လိုက်ရသဖြင့် အားလုံး ထိတ်လန့်သွားကြသည်။

ဘာဖြစ်တာလဲ?

"အကြီးအကဲ လုံယွမ်... ဘာဖြစ်နေတာလဲ? မင်းကရော ဘာလို့ ဒဏ်ရာပြင်းထန်နေတာလဲ"

အကြီးအကဲ ဖန့်ဝူဆွေ့နှင့် အကြီးအကဲ လုံယွမ်တို့သည် အမြဲတမ်း ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့ကြသည်။ သူ့ကပါ မြေပြင်ပေါ်တွင် လဲလျောင်းနေသည်ကို မြင်လျှင် သူ့ထံ အမြန်ပြေးသွားခဲ့သည်။

ကျောင်းကို ပြန်ရောက်တဲ့ အချိန်တုန်းက ကျောင်းအုပ်ကြီးက တံခါးပိတ် ကျင့်ကြံသွားကြောင်း ကြားလိုက်ရသည်။ ထို့ကြောင့် တစ်ဖက်လူကို အခုအချိန်အထိ မတွေ့ရသေးချေ။

"ဘာဖြစ်တာလဲ?"

အဝေးက ဘုရင်ကြီး ချန်ရှုံနဲ့ ကျောင်းအုပ်ကြီး ချူဝမ့်ရှန်း လဲနေတာကို မြင်လိုက်ရတော့ ဖန့်ဝူဆွေ့လည်း မထိန်းနိုင်ဘဲ မေးလိုက်သည်။

"ဘုရင်မင်းမြတ် ချန်ရှုံနဲ့ စစ်သေနာပတိ ဟူရှောက်ကို ကျောင်းအုပ်ကြီးနဲ့ အိုးယန်ရွှမ်းက လုရွှမ်ကိုသတ်ဖို့ ခေါ်လာခဲ့တာ.... ဒါပေမဲ့ သူတို့အားလုံးက လုရွှမ်ရဲ့ ဝိညာဥ်သားရဲကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့ကြတာ"

အကြီးအကဲ လုံယွမ်မှ ပြောလိုက်သည်။

"ကျောင်းအုပ်ကြီးက လုရွှမ်ကို သတ်ချင်နေတာလား?"

ဖန့်ဝူဆွေ့၏ သူအိမ်ငယ်များ ကျုံ့ဝင်သွားကာ သူ့တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွား​တော့သည်။ ချိုင့်ဝှမ်းထဲမှာ ဒီမြင်ကွင်းကို သူ အရင်က မြင်ဖူးခဲ့၏။

ထိုစဥ်က ရာနှင့်ချီသော သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ စွမ်းအားများရှိပြီး ၎င်းတို့တွင် ကျောင်းအုပ်ကြီး ချူဝမ့်ရှန်းနှင့် ဘုရင် ချန်ရှုံတို့ထက် အားကောင်းသူများလည်း ရှိ​ကြသည်။ နောက်ဆုံးတွင် အကုန်လုံး သုတ်သင်ရှင်းလင်းခဲ့ပြီး ဆံပင်တစ်ပင်မျှပင် မကျန်ခဲ့ချေ။

အဲဒီအခင်းအကျင်းကို မြင်ဖူးသူတိုင်း သေတဲ့အထိ ရိုက်နှက်ခံရရင်တောင် လုရွှမ်ကို ထပ်ပြီး ဒုက္ခပေးရဲမည် မဟုတ်။ ကျောင်းအုပ်ကြီးက ဘာဖြစ်နေတာလဲ။

တံခါးပိတ် ကျင့်ကြံတယ်ဆိုပြီး ကျင့်ကြံရာက ထွက်လာပြီးနောက် သူ့ကို သတ်ဖို့ ကြိုးစားနေတာက သေကြောင်းရှာနေတာ မဟုတ်ပါလား။

"မင်း မင်းလည်း လုပ်ခဲ့တာလား?"

ထိတ်လန့်မှု အပြည့်နဲ့ ဖန့်ဝူဆွေ့မှာ အကြီးအကဲ လုံယွမ်ကို မကြည့်ဘဲ မနေနိုင်ခဲ့ချေ။

သူသည် ကျောင်းအုပ်ကြီးကို မထိန်းချုပ်နိုင်သလို ဘုရင်မင်းမြတ် ချန်ရှုံကိုလည်း မထိန်းနိုင်သော်ငြား သူ့သူငယ်ချင်းဟောင်းကိုတော့ ဖျောင်းဖျချင်သေးသည်။

"လုရွှမ်ရဲ့ ဝိညာဥ်းသားရဲကြောင့် ငါထိခိုက်ခဲ့တာ မဟုတ်ဘူး.... လုရွှမ်ကို ကာကွယ်နေတယ်လို့ ထင်ခဲ့တဲ့ အိုးယန်ရွှမ်းနဲ့ စစ်သေနာပတိ ဟူရှောက်ကြောင့်ပဲ"

အကြီးအကဲ လုံယွမ်သည် ယခင်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို အကျဉ်းချုံး၍ ပြောပြလိုက်သည်။

"မင်းလုပ်တာ အရမ်း မှန်တယ်!"

လုရွှမ်ရဲ့ ဝိညာဥ်းသားရဲကြောင့် သူ့သူငယ်ချင်းဟောင်းက ထိခိုက်ဒဏ်ရာ မရရှိခဲ့သလို လုရွှမ်ကို သတ်ပစ်ဖို့လည်း မစီစဉ်ထားဘူးလို့ ကြားတော့မှ ဖန့်ဝူဆွေ့ သက်ပြင်းချကာ လေးလေးနက်နက် ပြောပြလိုက်သည်။

"လုရွှမ်ကို မင်း မစော်ကားမိစေနဲ့.... မင်း သူနဲ့ မိတ်ဆွေပဲ ဖွဲ့ရမယ်"

"မင်း တစ်ခုခု သိထားလို့လား?"

အကြီးအကဲ လုံယွမ်သည် သူ့သူငယ်ချင်းဟောင်း၏ လေးနက်သော ရှင်းပြချက်ကို မြင်ပြီးနောက် မမေးနိုင်ဘဲ မနေနိုင်ခဲ့ပေ။

"ငါ"

ဖန့်ဝူဆွေ့ လက်သီးများကို တင်းတင်းဆုပ်ထားကာ သူ့ခန္ဓာကိုယ်က အလိုအလျောက် တုန်လှုပ်သွားသည်။

လုရွှမ်က သူ့ကို မပြောရန် တားမြစ်ထားခြင်း မရှိသော်လည်း ထိုအချိန်က မြင်ကွင်းကို တွေးရင်း ထိတ်လန့်တကြားဖြင့် တုန်လှုပ်လာမှုကို ခံစားလိုက်ရသည်။

၎င်းကို ကိုယ်တိုင်ကိုယ်ကျ မတွေ့ကြုံဘဲနဲ့တောင် ဤလုရွှမ်သည် မည်မျှ ကြောက်စရာကောင်းသည်ကို စိတ်ကူးကြည့်ရုံဖြင့် လုံးဝ သိနိုင်သည်။

ရှန့်ခုန်းချိုင့်ဝှမ်းကို ရက်ပေါင်း ၂၀ ကျော်သာ ဖွင့်သော်လည်း စွမ်းအားကြီး လူထောင်ပေါင်းများစွာကို လုရွှမ် သုတ်သင် ရှင်းလင်းပစ်သော သတင်းသည် သူ့ရင်တွင်းမှပင် ထိတ်လန့်လာစေသည်။

ပြောချင်ပေမယ့် မပြောရဲချေ။

"ဘာဖြစ်တာလဲ?"

သူ့ပုံစံကို ဒီလိုမြင်တော့ အကြီးအကဲ လုံယွမ်မှာ စိုးရိမ်စိတ်တွေ အပြည့်နဲ့ ထပ်မေးလိုက်ရသည်။

"ကျိုတန်တော်ဝင် အင်ပါယာ ရှောင်းမိသားစုရဲ့ မိသားစုခေါင်းဆောင် ရှောင်းချင်ထျန်း... ချင်းရွှမ်အင်ပါယာ ချီကျန့်ယွင်၊ ဟုန်ယွမ်ဧကရာဇ် အင်ပါယာက အခင်းအကျင်း အဖွဲ့ခေါင်းဆောင် ကျင်းကျွိချိုးနဲ့ နန်ဟိုင်အင်ပါယာ လျိုမိသားစုက လျိုယွင်ထန်း... အဲဲဒီလူတွေ အားလုံးကို မင်းကြားဖူးမှာပါ...."

ဖန့်ဝူဆွေ့က မဖြေသေးဘဲ ခေါင်းငုံ့လျက် ဆိုလိုက်သည်။

"အင်း... ရှောင်းချင်ထျန်းက အင်ပါယာ ထိပ်သီးစာရင်းမှာ အဆင့် ၁၇ နဲ့ ရပ်တည်နေပြီး သူ့ရဲ့ စွမ်းအားက ဘုရင်မင်းမြတ် ချန်ရှုံထက် အဆပေါင်းများစွာ အားကောင်းတယ်... ချီကျန့်ယွင်ကလည်း အားမနည်းဘူး..... အားလုံးက တော်ဝင်အင်ပါယာမှာ လူသိများ​ကြတယ်.... မင်းသူတို့ကို ဘာအတွက်​​ ထည့်ပြော​နေတာလဲ ?ဒီလူ​တွေက လုရွှမ်နဲ့ မိတ်​​ဆွေ​တွေလား? သူ့​နောက်ကနေ ထောက်​​ပံ့​​ပေးနေတာလား?"

အကြီးအကဲ လုံယွမ် ထိတ်လန့်သွားပြီး တစ်စုံတစ်ခုကို တွေးမိသွားပြီးနောက် မယုံနိုင်အောင် ဖြစ်သွားလေသည်။

ဒီအင်အားကြီးတဲ့ လူတွေအားလုံး လုရွှမ်နဲ့ ဆက်ဆံရေး ကောင်း​နေရင် ဒီလူငယ်လေးဟာ သူတို့ထင်ထားတာထက် အစွမ်းထက်လွန်း နေလိမ့်မည်။

"ဒါက လုရွှမ်ကို ထောက်ပံ့ပေးနေတာ မဟုတ်ဘူး... အဲဒီလူတွေက သူ့ကို သတ်ချင်နေတာ!"

ဖန့်ဝူဆွေ့ရဲ့ မျက်လုံးတွေက ထိတ်လန့်မှုတွေနဲ့ ပြည့်နှက်လာ၏။

"သူက အဲဒီလူအားလုံးကို သတ်ပစ်လိုက်တာ!"

All Chapters