← Chapters

စွမ်းအားချွေတာခြင်း

Vol. 90 Ch. 1241

စွမ်းအားချွေတာခြင်း

Vol. 90 Ch. 1241

ချန်ရှင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။ သူက ဘာတွေတွေးနေတာလဲ။

ဝမ်ပေါင်လဲ့က ထိုအရာ၏ တစ်စိတ်တစ်ပိုင်းကိုသာ ခန့်မှန်းမိလေသည်။ သို့သော်လည်း ချန်ရှင်းသည် တစ်စုံတစ်ခုကို သက်သေပြလိုကြောင်း မှုန်ဝါးဝါး ခံစားချက်မျိုး ရရှိ၏။

ထိုအတွေး ပေါ်ထွက်လာသည်နှင့် ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်သည်။ သူက လူမှုအဖွဲ့အစည်း ၈၀၀၀ကျော် ပေါင်းစည်းထားသည့် နေအဖွဲ့အစည်းအတွင်း ရောက်ရှိလာသည်။

နေအဖွဲ့အစည်းက ယခုအခါ အင်မတန်ကြီးမားပြီး ကြယ်အရေအတွက်က တစ်သောင်းနီးပါး ရောက်ရှိနေပြီ ဖြစ်၏။ သို့သော်လည်း ထိုကြယ်များက အရံကြယ်များသာ ဖြစ်သည်။ ဂိုဏ်းကြီး ၅ဂိုဏ်း၏ ကြယ်များအတွက်လည်း အတူတူသာ ဖြစ်၏။ ပင်မကြယ်က ပြည်ထောင်စုကြီး၏ နေလုံးသာ ဖြစ်သည်။

ယခင်နှင့် ယှဥ်ပါက ပြည်ထောင်စုကြီး၏ နေလုံးသည် သိသိသာသာ ပြောင်းလဲသွားခဲ့၏။ ထိုအရာသည် အင်မတန် ကြီးမားလာကာ ကြယ်စင်စုနှင့်ပင် ယှဥ်နိုင်လေသည်။ ထိုအရာ၏ အလင်းရောင်က အဝေးအထိ ဖြာကျနေပြီး အထဲရှိ မီးတောက်က အနက်ရောင် ပြောင်းလုမတတ် ဖြစ်နေသည်။ ထိုအရာမှ ကြောက်မက်ဖွယ် ဖိအားကို ထုတ်လွှင့်နေ၏။

ထိုဖိအားက ထာဝရကြယ်အဆင့် ကျင့်ကြံသူများပင် အနီးကပ် သွားရဲသည့်အရာမျိုး မဟုတ်ပေ။ အကယ်၍ သူတို့သာ အဝေးကနေမြင်လျှင် စိတ်နှလုံး တုန်ယင်သွားလိမ့်မည်။ ထာဝရကြယ်အဆင့်အောက် သူများအတွက်လည်း အတူတူသာ ဖြစ်၏။ ကြယ်နယ်မြေအဆင့် ရောက်ထားသည့် ကျင့်ကြံသူများကသာ နေလုံးအနား ရောက်ရှိနိုင်လိမ့်မည်။

မဟာလက်ဝဲတာအိုနယ်မြေတစ်ခုလုံး၌ နေမင်းပေါ် ခြေချဖို့ အရည်အချင်း ပြည့်မှီသည့်သူ သုံးဦးသာ ရှိသည်။

ပထမတစ်ယောက်က မီးတောက်ခေါင်းဆောင်ကြီး ဖြစ်ပြီး နောက်တစ်ယောက်ကမူ နတ်ဆိုးမျက်လုံး ခေါင်းဆောင်ကြီး ဖြစ်၏။ သူတို့နှစ်ဦးကို စကြဝဠာတစ်ပိုင်းအဆင့်အဖြစ် သတ်မှတ်နိုင်သည်။ သူတို့က နေလုံးပေါ် အချိန်တစ်ခုမျှ နေနိုင်၏။

ဝမ်ပေါင်လဲ့ကသာ ထိုနေရာတွင် အချိန်တော်ကြာ နေနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်၏။

ထို့ကြောင့် သူသည် အင်္ဂါဂြိုဟ်မှ ပြည်ထောင်စုကြီး၏ နေလုံးပေါ် သီးသန့်ကျင့်ကြံရေးနေရာအဖြစ် ပြောင်းလဲလိုက်ခြင်း ဖြစ်၏။ ပြည်ထောင်စုကြီး၏ နေမင်းက မဟာလက်ဝဲတာအိုနယ်မြေရှိ တာအိုနန်းဆောင်အဖြစ် အသိအမှတ်ပြုခံလိုက်ရသည်။

ဝမ်ပေါင်လဲ့က အဆင့်တက်လှမ်းပြီးသည့်နောက်တွင် သူ့အာဏာကို ဖြန့်ကျက်ခဲ့သည်။ သူက တိရှန်း၏ အပြင်ရုပ်ခန္ဓာကို ဖန်တီးပြီး အဆုံးမဲ့မျိုးနွယ်မှ ဘေးကင်းကင်း ပြန်ရောက်လာသည်။ အဆုံးမဲ့မျိုးနွယ်က ဘာမှမလုပ်နိုင်ခဲ့ပေ။ ဤသည်မှာ မဟာလက်ဝဲတာအိုနယ်မြေအတွင်း ဝမ်ပေါင်လဲ့၏ ဂုဏ်သတင်းကို ကြီးမားသွားစေကာ နတ်ဘုရားတစ်ပါးလို ဖြစ်လာခဲ့သည်။

မဟာလက်ဝဲတာအိုနယ်မြေရှိ ဂိုဏ်းအသီးသီးနှင့် မျိုးနွယ်များကလည်း တုန်လှုပ်နေကြသည်။ နောက်ရက်ပိုင်းအတွင်း ပေါင်းစည်းဖို့ လာရောက်တောင်းဆိုကြသည့် လူများလည်း များစွာရှိနေသည်။ တစ်ချိန်တည်းဆိုသလို ဝမ်ပေါင်လဲ့၏ တာအိုသခင် အဆင့်အတန်းကြောင့် မဟာလက်ဝဲတာအိုနယ်မြေ၏ စည်းမျဥ်းအောက်တွင် မဟာလက်ဝဲတာအိုနယ်မြေက သူ့ဆန္ဒအတိုင်း ကြားနေဖြစ်လာကာ အဆုံးမဲ့မျိုးနွယ်၏ တိုက်ပွဲကွင်းပြင်ထံ မည်သည့်ကျင့်ကြံသူမှ မစေလွှတ်ကြတော့ပေ။

အဆုံးမဲ့မျိုးနွယ်ကလည်း ဘာမှမလုပ်ဘဲ တိတ်ဆိတ်လျက်သာ ကျန်ရှိနေသည်။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွား၏။ အမှောင်ဂိုဏ်းနှင့် အဆုံးမဲ့မျိုးနွယ်ကြားမှ တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားနေသည်။ သို့သော်လည်း ယခင်ကဲ့သို့သာ ဖြစ်၏။ သူတို့က သေချာသည့် အနေအထားတစ်ခုကို ထိန်းထားကြသည်။ အကယ်၍ တိုက်ပွဲကို သေချာလေ့လာကြည့်ပါက နှစ်ဖက်လုံး၏ အခြေအနေသည် ဖြည်းဖြည်းချင်း ထိန်းထိန်းသိမ်းသိမ်းဖြစ်လာကြောင်း မြင်ရလိမ့်မည်။ သူတို့သည် အင်အားချွေတာနေသလိုမျိုး ဖြစ်၏။

ဝမ်ပေါင်လဲ့တစ်ယောက်တည်းကသာ ထိုအရာကို သတိထားမိခြင်း မဟုတ်ပေ။ မဟာဒိဋ္ဌိနယ်မြေမှ ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် ကျင့်ကြံသူတချို့ကလည်း တစ်စုံတစ်ခုလွဲမှားနေကြောင်း သတိထားမိခဲ့ကြသည်။ အချိန်ကုန်လွန်လာသည်နှင့် အမှောင်ဂိုဏ်းနှင့် အဆုံးမဲ့မျိုးနွယ်ကြားက တိုက်ပွဲက တဖြည်းဖြည်း နည်းပါးလာသည်။ ကြည့်ရသည်မှာ မုန်တိုင်းမလာခင် လေငြိမ်နေသကဲ့သို့ ဖြစ်၏။

သို့သော်လည်း ထိုသို့ငြိမ်သက်နေမှုက အားလုံး၏ စိတ်ထဲ ဖိအားကို ဖြစ်စေသည်။

တကယ့်စစ်ပွဲက ဖြစ်လာတော့မှာလား …

ဝမ်ပေါင်လဲ့က ပြည်ထောင်စုကြီး၏ နေမင်းပေါ်တွင် တင်ပျဥ်ခွေထိုင်နေရင်း တွေးလိုက်မိသည်။ သူက အဆုံးမဲ့မျိုးနွယ်ဘက်ကို လှမ်းကြည့်ကာ သူ့ရှေ့၌ သင်္ကေတမှတ်များစွာ ပေါ်ထွက်လာလေ၏။

ထိုသင်္ကေတများက အားကောင်းသည့် မြေဓာတ်တာအိုစွမ်းအား ပါဝင်နေသည်။ သူတို့က ဝမ်ပေါင်လဲ့၏ ဦးခေါင်းကို ဝန်းရံထားလျက်ရှိ၏။ ထိုသင်္ကေတများ ဝန်းရံထားသည်က ဝမ်ပေါင်လဲ့အနေဖြင့် တိရှန်းဆီမှ ရရှိထားသည့် ရွှံ့တုံး ဖြစ်ပေသည်။

ယခင်တိုက်ပွဲမှ ပြန်ရောက်လာပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က သီးသန့်ကျင့်ကြံရေး မဝင်ရောက်ခင် အမိန့်တစ်ခု ထုတ်ပြန်ခဲ့သည်။ သူက မဟာလက်ဝဲတာအိုနယ်မြေရှိ လက်နက်သန့်စင်သူအားလုံးကို စုဝေးကာ သူ့အတွက် တစ်ပိုင်းတစ်စ ပြီးမြောက်ထားသည့် သင်္ကေတများစွာကို ဖန်တီးခိုင်းခဲ့သည်။

သူက ယခုအချိန်ထိ အကြိမ်များစွာ ကျရှုံးခဲ့၏။ သူ သုံးစွဲခဲ့ရသည့် သင်္ကေတ ပမာဏကလည်း အံ့သြတုန်လှုပ်ဖွယ်ဖြစ်သည်။ အကယ်၍ ဝမ်ပေါင်လဲ့သာ မဟာလက်ဝဲတာအိုနယ်မြေ၏ အရှင်သခင်တစ်ယောက် မဟုတ်ဘဲ အရင်းအမြစ်အားလုံးကို မစုစည်းနိုင်ပါက သူ့အနေဖြင့် ထိုကျရှုံးမှုများဖြင့် ဆက်လက်လုပ်ဆောင်ဖို့ ခက်ခဲလိမ့်မည်။

ကျရှုံးမှုတိုင်းက အရင်းအမြစ် အမြောက်အမြား ကုန်ကျလေသည်။

သို့သော်လည်း မဟာလက်ဝဲတာအိုနယ်မြေ၏ အရှင်သခင်တစ်ယောက်ဖြစ်နေသည့် ဝမ်ပေါင်လဲ့အတွက် ထိုဆုံးရှုံးမှုများက ဘာမှမဟုတ်ပေ။ သူတို့က သူ့အောက်ခြေစည်းမျဥ်းပင် မရောက်သေးပေ။ သူ့ကို တစ်ခုတည်းသော စိတ်ပူပန်စေသည့်အရာက ကျရှုံးမှု တစ်ခုပြီးတိုင်းတစ်ခုနောက်တွင် သူ့ရှုံးနှုန်းက မတည်ငြိမ်တော့သည့် လက္ခဏာများ ပြသလာခြင်း ဖြစ်၏။

တကယ်လို့ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် ကျရှုံးမှု အကြိမ်ရာချီ ပြီးသွားရင် ဒီရတနာရဲ့ မတည်ငြိမ်မှုက ပိုပြီးတော့ တိုးပွားလာနိုင်တယ် …

ဝမ်ပေါင်လဲ့က တုံ့ဆိုင်းနေမိသည်။ ထိုပစ္စည်းက ကျောက်ပြားကမ္ဘာ၏ အစစ်အမှန် တစိတ်တပိုင်းဖြစ်လျှင် ထိုအရာ၏ ခိုင်မာမှုက သူ့ကျရှုံးမှုကြောင့် သက်ရောက်မခံရသင့်ပေဟု ယုံကြည်ထားသည်။

သို့သော်လည်း သူ့အကဲဖြတ်ချက်က မှားယွင်းသွားပြီး ထိုပစ္စည်းက ကျောက်ပြားကမ္ဘာ၏ တစ်စိတ်တစ်ပိုင်း မဟုတ်လျှင် အကြိမ်ရာချီ ဆုံးရှုံးမှု ဖြစ်လာလိမ့်မည်။ အကယ်၍ ပစ္စည်း၏ မတည်ငြိမ်မှုက တိုးပွားလာသည်နှင့် ပစ္စည်း၏ အရည်အသွေးကလည်း ထိခိုက်သွားနိုင်သည်။ ထို့အပြင် ထိုအရာက သေချာသည့် အနေအထားတစ်ခုသို့ ပျက်စီးသွားပါက ထိုအရာကို တာအိုကို သယ်ဆောင်ထားသည့် ပစ္စည်းအနေဖြင့် အသုံးပြု၍ မရနိုင်လောက်တော့ပေ။

အစွန်းရောက်တာအိုရှစ်ပါး ကျင့်ကြံဖို့က အင်မတန် ခက်ခဲလှသည်။ ထိုအရာက စွမ်းအားအမြောက်အမြား ကုန်ဆုံး၏။ ဝမ်ပေါင်လဲ့က အသက်ပြင်းပြင်း ရှူလိုက်သည်။ သူက ချမ်းသာသည်ဟု မှတ်ယူ၍ ရသော်လည်း ကြီးမားသည့် ဆုံးရှုံးမှုမျိုးကို ခံစားနေရဆဲဖြ စ်၏။

သို့သော်လည်း သူ တတ်နိုင်သည့်အရာ မရှိပေ။ သူက မြေဓာတ်တာအိုမျိုးစေ့ကို အောင်အောင်မြင်မြင် ဖွဲ့စည်းရမယ်။ သူ အောင်မြင်သွားသည်နှင့် သစ်သားဓာတ်တာအိုနှင့် ရေဓာတ်တာအိုတို့ဖြင့် ပြီးပြည့်စုံသည့် စက်ဝိုင်းတစ်ခု မဖွဲ့စည်းနိုင်သေးသော်လည်း ထိုအရာက ဝမ်ပေါင်လဲ့၏ တိုက်ခိုက်စွမ်းရည်ကို ထပ်မံ မြှင့်တင်ပေးနိုင်လိမ့်မည်။

မြေဓာတ်တာအိုက ခိုင်မာကာ လေးလံလှသည်။ ထိုအရာက ဝမ်ပေါင်လဲ့၏ ခုခံနိုင်စွမ်းကို အံ့မခန်းအနေအထားသို့ တိုးမြှင့်ပေးနိုင်လိမ့်မည်။ ထိုအရာကို တောင်နှင့် ကျောက် တာအိုအဖြစ် ဖွဲ့စည်းပါက ထိုအရာ၏ စွမ်းအားသည်လည်း သိသိသာသာ တိုးပွားလာလိမ့်မည်။

ရေနှင့် သစ်သားဓာတ်တာအိုတို့က ပြုလွယ်ပြောင်းလွယ် ဖြစ်၏။ ရေဓာတ်တာအိုတွင် ရေခဲတာအို ပါဝင်နေသော်လည်း ရေဓာတ်တာအိုကြောင့် ယူဆောင်လာမည့် တိုက်ခိုက်စွမ်းရည်က များပြားနေဆဲ ဖြစ်၏။

ယခု ဝမ်ပေါင်လဲ့က သုံးသပ်လိုက်သည်။ အဆုံးမဲ့မျိုးနွယ်၏ နတ်ဧကရာဇ် တိရှန်းကို ပြောနေစရာ မလိုတော့ပေ။ သူက ရွှမ်ဟွား၏ စိတ်ထဲတွင် စိတ်နတ်ဆိုးကို ထည့်သွင်းပေးထားခဲ့သည့်အတွက် အရုပ်ကြိုးပျက်လုနီးပါး ဖြစ်နေလေသည်။ ကွမ်းမင်အတွက်မူ သူ့လက်ရှိ တိုက်ခိုက်စွမ်းရည်က သူ့ကို ဖျက်ဆီးပစ်ဖို့ရာ ခက်ခဲလိမ့်မည် မဟုတ်ပေ။

ဝမ်ပေါင်လဲ့က ကျိကျားနှင့် မတိုက်ခိုက်ဖူးသော်လည်း သူအဆုံးမဲ့မျိုးနွယ်တွင် ရှိစဥ်အခါက တစ်ဖက်လူသည် အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီး၏ ကိုယ်ပွားတစ်ခုသာဖြစ်ကြောင်း အာရုံခံမိခဲ့သည်။ သူ့တိုက်ခိုက်စွမ်းရည်က အံ့မခန်းဖြစ်၏။ သူသည် တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်သော်လည်း သူ အနိုင်ရရှိလိမ့်မည်ဟု မသေချာပေ။ သူတို့က လက်ရည်ယှဥ်နိုင်သည့် အနေအထားတစ်ခုသို့ ရောက်ရှိနိုင်သည်။

မြေဓာတ်တာအိုကို ကျင့်ကြံပြီးသည့်နောက်တွင် ကျိကျားက သူ့အတွက် ပြိုင်ဘက် မဟုတ်တော့ပေ။

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ထဲ၌ အဆုံးမဲ့တာအိုနယ်မြေရှိ အားကောင်းသည့် ကျင့်ကြံသူများကို စီရီလိုက်မိသည်။

အားအကောင်းဆုံးသူက အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီးနှင့် ချန်ရှင်း ဖြစ်၏။ သူတို့က ပြီးပြည့်စုံသည့် စကြဝဠာအဆင့်ဖြစ်ကာ သူတို့နောက်တွင် ရှဲ့မျိုးနွယ် ခေါင်းဆောင်ကြီး၊ ကျိကျားနှင့် ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးတို့ ဖြစ်သည်။ သူတို့က ထိပ်သီး အလယ်အလတ် စကြဝဠာအဆင့် ဖြစ်ကြ၏။ သို့သော် နှောင်းပိုင်းအဆင့်ကို မရောက်ရှိသေးပေ။

ငါကလည်း အဲဒီအဆင့်ကို ရောက်နေတာ …

ရွှမ်ဟွားနှင့် တခြားသူများအတွက်မူ အစောပိုင်းအဆင့်သာ ရှိသေး၏။

ဝမ်ပေါင်လဲ့က အတွေးနက်နေရင်း သူ့စိတ်ထဲ စိုးရိမ်ပူပန်မှုတစ်ခု ထွက်ပေါ်လာသည်။ သူက စကြဝဠာထဲရှိ အမှောင်တာအိုသည် ပိုမိုအားကောင်းသထက် အားကောင်းလာကြောင်း ခံစားမိလိုက်သည်။ ထိုစွမ်းအားသည် အမှောင်ဂိုဏ်းက ပြင်ဆင်မှုများ ပြီးမြောက်သွားကြောင်း ကိုယ်စားပြုနေ၏။

အဆုံးမဲ့မျိုးနွယ်အနေဖြင့် ထိုအရာကို မပြင်မဆင်နေလိမ့်မည်ဟု မဖြစ်နိုင်ပေ။ သူတို့ကလည်း ကောင်းမွန်စွာ ပြင်ဆင်ထားလိမ့်မည်။ ကိစ္စများ ဖွံ့ဖြိုးတိုးတက်လာပုံအရ အမှောင်ဂိုဏ်းနှင့် အဆုံးမဲ့မျိုးနွယ်ကြားရှိ တကယ့်တိုက်ပွဲက ဖြစ်လာဖို့ သိပ်မကြာတော့ပေ။

နှစ်ဖက်လုံးက ကျင့်ကြံသူများကြား သေခြင်းရှင်ခြင်း တိုက်ပွဲနှင့် မိုးကောင်းကင်တာအို စည်းမျဥ်းဝါးမျိုခြင်းအပြင် ချန်ရှင်းနှင့် အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီးတို့ကြားက တိုက်ပွဲသည်လည်း ပိုမိုသက်ရောက်မှု ရှိလိမ့်မည်။

ဝမ်ပေါင်လဲ့က နောက်ဆုံးတိုက်ပွဲတွင် ဝင်ရောက်ဖို့ အရည်အချင်း မပြည့်မှီသေးပေ။ သို့သော်လည်း သူနှင့် ချန်ရှင်းကြားတွင် ပဋိပက္ခတစ်ခု ရှိနေသော်လည်း သူ့စိတ်ထဲ၌မူ ပါဝင်ဆင်နွှဲလိုမိသည်။ အကယ်၍ ချန်ရှင်းသာ ကျရှုံးသွားပါက ဝမ်ပေါင်လဲ့သည် တစ်ဖက်လူ သေဆုံးသွားပြီး ပျောက်ကွယ်သွားမည်ကို ဤအတိုင်း ထိုင်ကြည့်မနေနိုင်ပေ။

သို့သော်လည်း မြေဓာတ်တာအိုမျိုးစေ့ ဖွဲ့စည်းဖို့က အင်မတန် ခက်ခဲလှသည်။

သစ်သားဓာတ်တာအိုက မခက်ခဲသည်မှာ ဝမ်ပေါင်လဲ့သည် အနက်ရောင် သစ်သားချောင်းဖြစ်နေ၍ ဖြစ်၏။ ရေဓာတ်တာအိုက ဆုတောင်းပုလင်း၏ ကောင်းချီးကို ရရှိထားသည့်အတွက် သိပ်မခက်ခဲခဲ့ပေ။

မြေဓာတ်တာအိုအတွက်မူ ဝမ်ပေါင်လဲ့က သူ့ကိုယ်ပိုင်စွမ်းအားကိုသာ မှီခိုပြီး ထပ်ခါထပ်ခါ ကြိုးစားနေရသည်။ သူက အောင်မြင်ဖို့ရာအတွက် အကြိမ်မည်မျှ ကြိုးစားဖို့လိုကြောင်း မသိပေ။

“ငါ ဒီလိုဆက်စောင့်နေလို့တော့ မဖြစ်တော့ဘူး။ ချန်ရှင်းနဲ့ အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီးတို့ကြားက တိုက်ပွဲမတိုင်ခင် တစ်ခုခုလုပ်မှဖြစ်မယ်။” ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

ခဏအကြာတွင် ဝမ်ပေါင်လဲ့က လက်ဟန်တစ်ခုကို ဖွဲ့စည်းပြီး အဆုံးမဲ့မျိုးနွယ်ထံ လက်ညှိုးထိုးလိုက်သည်။

“ရွှမ်ဟွား”

All Chapters