ဉာဏ်ကောင်းသော
Vol. 90 Ch. 1243
အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီးက ထောင်ချောက်တစ်ခုကို ဆင်နေခဲ့သည်။ သူက မဟာတာအိုအတွက် ထောင်ချောက်တစ်ခုကို ဆင်နေခဲ့ခြင်း ဖြစ်၏။ ဤသည်မှာ သူက ဝမ်ပေါင်လဲ့၏ အပြုအမူများကို အကြိမ်ရေတချို့ သည်းခံခဲ့သည့် အကြောင်းအရင်းလည်း ဖြစ်ပေသည်။ သူက အဆုံးမဲ့မျိုးနွယ်၏ အားနည်းလာမှုနှင့် ဂုဏ်သတင်းများအကြောင်းကိုပင် လျစ်လျူရှုထားခဲ့သည့် အကြောင်းအရင်းက ရှေ့တစ်ခုရော နောက်တစ်ခုပါ သူ့အတွက် အရေးမကြီး၍ ဖြစ်သည်။
ဝမ်ပေါင်လဲ့အတွက် … သူ ကျင့်ကြံသည့်တာအိုက ထူးကဲနေလျှင်ပင်၊ သူ့လမ်းကြောင်းက ပြင်ပတာအိုကြောင့် စွက်ဖက်ခံထားရသည်ဖြစ်စေ၊ သူ့ဇစ်မြစ်က ထူးဆန်းနေခြင်းဖြစ်စေ မည်သည့်တစ်ခုကမှ အရေးမပါပေ။ သူ့အမြင်တွင် ဝမ်ပေါင်လဲ့၏ တာအိုက အံ့သြဖို့ကောင်း၏။ သို့သော် တစ်သမတ်တည်း ဖြစ်နေသည်။ ထို့ကြောင့် သူ့အစီအစဥ်သာ အောင်မြင်သွားသည်နှင့် ကျန်သည့်ကိစ္စများက အရေးမကြီးတော့ပေ။
အဆုံးမဲ့မျိုးနွယ်က ပိုမိုပင် အရေးမကြီးပေ။ ဤသည်က တကယ့်အစစ်အမှန် အဆုံးမဲ့စကြဝဠာ မဟုတ်ပေ။ ဤနေရာရှိ အဆုံးမဲ့မျိုးနွယ်၏ တစ်ခုတည်းသောတန်ဖိုးက သူ့တာအိုကို ပြီးပြည့်စုံစေဖို့သာ ဖြစ်၏။
ယခု ထိုအရာကပင် အရေးမပါတော့ပေ။ သူက သူ အဆုံးမဲ့မျိုးနွယ်ထံ ခံစားချက်များနှင့် သံယောဇဥ်အားလုံးကို ဖြတ်တောက်ပြီး ကိုယ်ပွားတစ်ခုထဲ အတွေးအားလုံးကို စုစည်းပစ်ခဲ့သည်။ ကိုယ်ပွားကိုလည်း ဖျောက်ဖျက်ပစ်နိုင်သည်။ ထိုအရာက သူ ဖြစ်နေသော်လည်း သူအစစ်အမှန် မဟုတ်ပေ။
“ငါ့အတွက် အရေးကြီးဆုံးက ထွက်သွားဖို့ပဲ။ ချန်ရှင်း ငါမစောင့်နိုင်တော့ဘူး။ မင်း လှုပ်ရှားဖို့ ငါစောင့်နေရတာ ကြာပြီ။” အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီးက ပြောလိုက်သည်။ သူက တင်ပျဥ်ခွေထိုင်ရင်း မျက်မှောင်ကြုတ်လိုက်၏။
သူက ဤအရာကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည်။ သူက ထောင်ချောက်တစ်ခုကို ဆင်ဖို့ အချိန်များစွာ ပြင်ဆင်ထားခဲ့ရသည်။
“ပထမ အမှောင်ဧကရာဇ်ကလည်း ဘာမှမဟုတ်ဘူး။ ငါ သူ့ကို အခွင့်အရေး ပေးခဲ့ပေမဲ့ သူက ကျရှုံးခဲ့တုန်းပဲ။ ဒါပေမဲ့ မင်း ချန်ရှင်းကတော့ ငါ့ရဲ့ မျှော်လင့်ချက်ပဲ။ မင်းက သေချာပေါက် အောင်မြင်လိမ့်မယ်လို့ ခံစားချက် ရနေတယ်။”
အဆုံးမဲ့မျိုးနွယ် ခေါင်းဆောင်ကြီးက ပြုံးကာ မျက်လုံးကို မှိတ်လိုက်သည်။ သူက မကြာခင် ချန်ရှင်းက လှုပ်ရှားတော့မည်ဖြစ်ကြောင်း ခံစားမိနေ၏။
တစ်ချိန်တည်းဆိုသလို အဆုံးမဲ့မျိုးနွယ်အတွင်း ဝမ်ပေါင်လဲ့၏ ဓမ္မစွမ်းအားက ထွက်ပေါ်လာသည်။ ကျိကျား၏ ကျင့်ကြံဆင့်ကလည်း ပေါက်ထွက်လာကာ သူက အလင်းတန်း အသွင်ပြောင်းပြီး ဝမ်ပေါင်လဲ့ရှေ့မှောက် ရောက်ရှိလာသည်။
သူက မြန်ဆန်လွန်းလှပြီး ကျိကျား၏ ခန္ဓာကိုယ်မှ စွမ်းအားများ ထွက်ပေါ်လာကာ သူ့ဝန်းကျင်တွင် ဓား ၉လက် ပုံပေါ်လာသည်။ တစ်ခုချင်းစီက ကမ္ဘာမြေတုန်လုမတတ် စွမ်းအားမျိုး ကိန်းအောင်းနေ၏။ သူတို့က သာမန်နတ်ဧကရာဇ်နှင့် ယှဥ်နိုင်မည့် တိုက်ကွက်မျိုးကို ထုတ်လွှင့်လာကြသည်။ ထိုစဥ် ထိုအရာက ဝမ်ပေါင်လဲ့၏ ဓမ္မစွမ်းအားဆီ ဦးတည်နေ၏။
“သတ္တုတာအိုလား” ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ ဤသည်က နတ်ဧကရာဇ် ကျိကျားနှင့် တိုက်ခိုက်ဖူးသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်၏။ ဤမတိုင်ခင်က သူသည် တစ်ဖက်လူ၏ တာအိုက ဘာမှန်းမသိခဲ့ပေ။ တစ်ဖက်လူသည် အားကောင်းပြီး သူနှင့် ယှဥ်နိုင်ကြောင်းသာ ခံစားမိခဲ့၏။
“ငါတော့ အဲဒီလိုမထင်ဘူး” ဝမ်ပေါင်လဲ့၏ ဓမ္မပုံရိပ်က တောက်ပလာသည်။ သူက ညာဘက်လက်ကို လက်သီးအသွင်ဆုပ်ကာ ထိုးချလိုက်သည်။ သစ်သားဓာတ်စွမ်းအားက ပျံ့နှံ့သွားပြီး ကြယ်တာရာကောင်းကင်ထဲ သစ်ပင် ပန်းပင်များစွာ ထွက်ပေါ်လာပြီး အတူတကွ ပေါင်းစည်းကာ ဓားကိုးလက်ကို တားဆီးနေသည်။
ထိုအခိုက်အတန့်တွင် နှစ်ဖက်လုံးက ထိပ်တိုက်တွေ့ဆုံသွား၏။ ကောင်းကင်အထက် အသံကျယ်ကျယ်တစ်ခု ထွက်ပေါ်လာကာ ဧရာမသစ်ပင်များက ပိုလဲကျသွားသည်။ ဓားကိုးလက်က မှေးမှိန်သွားသော်လည်း သူတို့က မြန်ဆန်နေဆဲ ဖြစ်၏။ သူတို့က နီးကပ်လာသည့်အချိန် သစ်သားဓာတ်တာအို၏ အဆုံးမဲ့စွမ်းအားက အပြည့်အဝ ပုံပေါ်လာကာ သစ်ပင်များဖြင့် ပြုလုပ်ထားသည့် ဧရာမ လက်ဝါးကြီးအသွင် ပြောင်းလဲသွားပြီး ဓားကိုးလက်ကို ထပ်မံရင်ဆိုင်လိုက်သည်။
နောက်ထပ် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး လက်ဝါးကြီးက ပြိုလဲသွားသည်။ သို့သော်လည်း ဓားကိုးလက်က ထိုအရာကို တောင့်မခံနိုင်တော့ဘဲ ပေါက်ကွဲထွက်သွား၏။ သို့သော်လည်း သူတို့ ပေါက်ကွဲထွက်သွားသည်နှင့် ပျက်စီးသွားသော ဓားကိုးလက်မှ မီးခိုးမျှင် ၉ခု ထွက်ပေါ်လာသည်။ သူတို့က မြွေလိုမျိုး တွန့်လိမ်နေကြသော်လည်း သူတို့က ဝမ်ပေါင်လဲ့ဆီ ဦးတည်နေဆဲ ဖြစ်၏။
“အငွေ့အသက် တာအို”
မီးခိုး၊ မြိူခိုးနှင့် အငွေ့အားလုံးကို အငွေ့အသက်တာအိုဟု ခေါ်ဆိုသည်။
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်ပြီး သူ့ဓမ္မပုံရိပ်က တုံ့ဆိုင်းခြင်းမရှိ နောက်ဆုတ်လိုက်သည်။ သူက ဘယ်ဘက်လက်ကို အသာမြှောက်လိုက်၏။ ထိုစဥ် သူ့ရှေ့၌ သမုဒ္ဒရာတစ်စင်း ထွက်ပေါ်လာသည်။ ထိုအရာက လှိုင်းလုံးများ လိမ့်ကာ ထွက်လာပြီး ချဥ်းကပ်လာသည့် မီးခိုးမျှင် ၉ခုကို အုပ်လွှမ်းသွားသည်။
အသံကျယ်ကြီးနှင့်အတူ မီးခိုးက ပင်လယ်ရေနှင့် ရွှဲသွားသည်နှင့် ပျောက်ကွယ်သွား၏။ သို့သော်လည်း ထိုအရာက အပြီးတိုင် ပျောက်ကွယ်သွားခြင်း မဟုတ်ပေ။ ထိုအရာက ပင်လယ်ရေထဲ စိမ့်ဝင်သွားသည့် အစက်ပျောက်ငယ်များသဖွယ် ပြောင်းလဲသွားပြီး မျက်စိဖြင့် မမြင်နိုင်လောက်သည့် အက်ကြောင်းများအတွင်း ဝင်ရောက်သွားသည်။ သူတို့က ထိုးဖောက်ဝင်ရောက်လုမတတ် ဖြစ်နေသည်။
ဝမ်ပေါင်လဲ့၏ မျက်ဝန်းအထက် ထူးထူးဆန်းဆန်း အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ ညာဘက်လက်ကို မြှောက်ကာ လက်ညိုးထိုးလိုက်၏။
“ရေခဲ”
အေးစက်သည့် လေဟုန်တစ်ချက် ဆင်းသက်လာသည့်အလား အရိုးခိုက်လုမတတ် အေးစက်မှုက မျက်စိတစ်မှိတ်အတွင်း ပျံ့နှံ့ထွက်သွားသည်။ ထိုအရာက အရာအားလုံးကို စည်းပိတ်ပစ်နိုင်သည့်အလား ရေခဲထုကို ထိုးဖောက်ဖို့ ကြိုးစားနေသည့် အငွေ့အသက်တာအို အမှုန်အမွှားများပင် အပါအဝင် ဖြစ်သည်။
သို့သော်လည်း ရေခဲစည်းပိတ်ရေး အမျိုးအစားက အစွန်းရောက် မဟုတ်သေးပေ။ သူ အာရုံခံစားမိသလောက် တာအိုအမှုန်များက ရေခဲကိုပင် ထိုးဖောက်နိုင်စွမ်း ရှိဟန်ပေါ်သည်။ သို့သော် သူတို့က အနည်းငယ် နှေးကွေးနေ၏။
သို့သော်လည်း ထိုအရာက လုံလောက်နေပြီ ဖြစ်၏။ ဝမ်ပေါင်လဲ့၏ အကြည့်က တောက်ပလာသည်။ သူ့လက်တစ်ချက်အဝှေ့တွင် သူ့နောက်ဘက်၌ ချက်ချင်းဆိုသလို ကြယ်မြောက်များစွာ ထွက်ပေါ်လာခဲ့သည်။
ကြယ်များ၏ အလယ်တွင် သူ့တာအိုကြယ် ရှိ၏။ ထိုစဥ် တာအိုကြယ်မှ အလင်းတန်းက ပေါက်ထွက်လာကာ ထူးကဲသည့် စည်းမျဥ်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကူးယူခြင်းတာအို
ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့် အနေအထားသို့ ရောက်ရှိပြီးသည့်နောက်တွင် သူက တာအိုကြယ်အတွင်း ကိန်းအောင်းနေသည့် ထူးကဲသည့် တာအိုကို လေ့လာထားနိုင်ခဲ့သည်။ တကယ်တော့ သူ့စိတ်ထဲ၌ ထိုတာအိုက များစွာ အသုံးဝင်၏။
သူက တာအိုသခင်တစ်ယောက် ဖြစ်လာပြီးသည့်နောက်တွင် ပို၍ မှန်ကန်လာခဲ့သည်။ ကူးယူခြင်းတာအိုကို ထုတ်လွှင့်လိုက်သည်နှင့် သူသည် သက်ရှိအားလုံး၏ ဉာဏ်အလင်းပွင့်မှုကို ရယူနိုင်သည်။ ကူးယူခြင်းတာအိုက တာအိုမြောက်များစွာ ပါဝင်နေ၏။ သို့သော်လည်း ရေဓာတ်တာအိုနှင့် သစ်သားဓာတ်တာအိုတို့နှင့် နှိုင်းယှဥ်လိုက်လျှင် ကူးယူခြင်းတာအိုစွမ်းအားက အတော်လေး အားပျော့နေသည်။ ထို့အပြင် ထိုအရာပေါ် မှီခိုခြင်းဖြင့် သူသည် တစ်ကြိမ်လျှင် တာအိုအမျိုးအစားတစ်ခုကိုသာ ပုံဖော်နိုင်သည်။
ထိုအရာက တန်ဖိုးနည်းလှသော်လည်း ဝမ်ပေါင်လဲ့၏ စိတ်ထဲတွင် သူသာ ထိုတာအိုကို ကောင်းကောင်း အသုံးချနိုင်လျှင် မိုးကောင်းကင်တုန်လုမတတ် အသုံးပြုစရာ ရလာမည်ဖြစ်ကြောင်း မှန်းဆမိနေသည်။
နမူနာအနေဖြင့် ဤအခိုက်အတန့်တွင် သူသည် ကျိကျား၏ အငွေ့အသက်တာအိုကို ကူးယူဖို့ သဘာဝစည်းမျဥ်းကို မသုံးခဲ့ပေ။ ထိုအစား သူသည် ကူးယူထားပြီးသော သဘာဝစည်းမျဥ်းကို အသုံးပြုနေသည်။
ဤသည်က ဓာတ် ၅ပါးတာအိုထဲမှ သတ္တု ဖြစ်၏။
ဝမ်ပေါင်လဲ့က သတ္တုတာအိုကို ဖိနှိပ်ဖို့ အဖိုးတန်ရတနာကို မရှာရသေးသလို ရွှေမျိုးစေ့ကိုလည်း မရှိသေးပေ။ သို့သော်လည်း သူက သတ္တုဓာတ် အပါအဝင် တာအိုများစွာကို ပုံတူပွား ကူးယူနိုင်သည်။ အဆင့်ကွာဟချက်က ကြီးမားလှကာ သတ္တုတာအို၏ စွမ်းအားက မနှိုင်းယှဥ်နိုင်ဘဲ စွမ်းအားငှားယူသည်ဟုသာ မှတ်ယူနိုင်သည်။
သတ္တုက ရေကို အားဖြည့်ပေးပြီး ရေက သစ်သားကို အားဖြည့်ပေးကာ ရေက သစ်သား၏ အရင်းအမြစ် ဖြစ်ပေသည်။ သတ္တုစည်းမျဥ်းတွင် သူက ထိုအရင်းအမြစ်၏ စွမ်းအားကို တိုးမြှင့်နိုင်၏။ ထိုအကြောင်းအရင်းကြောင့် ဝမ်ပေါင်လဲ့၏ အားအကောင်းဆုံး သစ်သားဓာတ်တာအိုသည် ပိုမိုပင်ပို၍ အားကောင်းလာလိမ့်မည်။
သူ့သစ်သားဓာတ်တာအို အားကောင်းလာသည်နှင့် သူသည် နောက်ထပ် တာအိုတစ်မျိုးကို ပုံဖော်နိုင်လိမ့်မည်။
ထို့ကြောင့် နောက်အခိုက်အတန့်တွင် သတ္တုဓာတ်တာအိုကို ကူးယူရေးနည်းစနစ်ကို အသုံးပြုပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့ ခန္ဓာကိုယ်ထဲရှိ ရေဓာတ်တာအိုက ရုတ်တရက် ပေါက်ထွက်လာပြီး သူ့သစ်သားဓာတ်တာအိုအပေါ် သက်ရောက်မှု ရှိလာသည်။ ထိုအခိုက်အတန့်တွင် သူ့ဝန်းကျင်၌ သစ်ပင်ပန်းပင်များစွာ ပေါ်ထွက်လာ၏။
ထိုသစ်ပင်ပန်းပင်များက အဆုံးမဲ့မျိုးနွယ် ကြယ်တာရာကောင်းကင်တစ်ဝက်ကို ဖုံးလွှမ်းသွားကာ အဆုံးမဲ့မျိုးနွယ်၏ ဂြိုဟ်ပေါ်ရှိ သစ်ပင်ပန်းပင်များကိုပင် သက်ရောက်စေသည်။ ထိုအခိုက်အတန့် ဝမ်ပေါင်လဲ့က အော်ဟစ်လိုက်ပြီး ကျိကျား၏ မီးခိုးများက ရေခဲပင်လယ်ကို ဖြတ်ကျော်လာပြီး ဝမ်ပေါင်လဲ့ဆီ ရောက်ရှိလာသည့်အခါ အဆုံးမဲ့မျိုးနွယ်ဂြိုဟ်ပေါ်ရှိ သစ်ပင်ပန်းပင်အားလုံးက လှုပ်ခတ်သွားကြသည်။ ထိုအရာက ကြယ်တာရာကောင်းကင်ထက်တွင် ရှိနေသော သစ်ပင်ပန်းပင်များလည်း အတူတူသာဖြစ်၏။
သစ်ပင်ပန်းပင်များက လှုပ်ခတ်ကာ လေဟုန်ပေါ်ထွက်လာသည်။
ကြယ်တာရာကောင်းကင်အတွင်း ပေါ်ထွက်မလာသင့်သည့် ဤလေဟုန်က ဤတာအိုပညာရပ်၏ လွှမ်းမိုးမှုအောက် ပေါ်ထွက်လာခြင်း ဖြစ်၏။
ဤသည်က လေဓာတ်တာအို ဖြစ်ပေသည်။
ကူးယူရေးတာအိုက လေဓာတ်တာအိုကို ထုတ်ဖော်နိုင်သော်လည်း ထိုအရာ၏ စွမ်းအားက အတော်လေး အားနည်းနေသည်။ ဤတစ်ကြိမ် လေဓာတ်တာအိုက ကွဲပြားနေ၏။ ထိုအရာက သစ်သားဓာတ်တာအိုမှ ဖွဲ့စည်းထားခြင်းဖြစ်ကာ ကြယ်တာရာကောင်းကင်အထက် လေမုန်တိုင်းတစ်ခုသဖွယ် ထွက်ပေါ်လာသည်။ ဝမ်ပေါင်လဲ့၏ ရှေ့မှောက်တွင် ထိုအရာက ပေါက်ကွဲထွက်သွားပြီး မီးခိုးများဖြင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
အဖက်ဖက်သို့ အသံကျယ်ကြီး ပျံ့နှံ့လာ၏။ မီးခိုးများက ပြိုလဲသွားကာ လေဓာတ်တာအိုကလည်း ပျောက်ကွယ်သွားသည်။ ကျိကျား၏ ဖြူဖျော့နေသော ပုံရိပ်က ရုတ်တရက် နောက်ဆုတ်လိုက်၏။ သူ့မျက်ဝန်းအထက် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ သူက ဝမ်ပေါင်လဲ့သည် အချိန်တာအိုပညာရပ် သို့မဟုတ် တိရှန်းကို ဖိနှိပ်ထားနိုင်သည့် အလင်းတာအိုကို အသုံးပြုလိမ့်မည်ဟု ထင်ထားခဲ့ပြီး တန်ပြန်ရင်ဆိုင်ဖို့အတွက်ပင် ပြင်ဆင်ထား၏။
သို့သော် ဝမ်ပေါင်လဲ့၏ တိုက်ကွက်က သူ ထင်ထားသည်နှင့် ကွဲလွဲနေလိမ့်မည်ဟု ထည့်တွက်မထားမိပေ။
တာအိုကို ဒီလိုနည်းလမ်းနဲ့လည်း သုံးနိုင်တာပဲ …
ထိုတုန်လှုပ်မှုက သူ့စိတ်အပေါ် များစွာ သက်ရောက်မှု ရှိ၏။ အဝေးတစ်နေရာရှိ ဂြိုဟ်ပေါ်တွင် တင်ပျဥ်ခွေထိုင်နေသည့် ဝေ့ယန်ကျစ်ကပင် မျက်လုံးဖွင့်လာကာ အံ့အားသင့်နေသည့် အမူအရာမျိုး ရှိနေသည်။
ကူးယူရေးတာအိုကြောင့် ဝမ်ပေါင်လဲ့၏ တာအိုက တစ်သမတ်တည်း ဖြစ်မနေတော့ပေ။ လှုပ်ရှားမှုတချို့ဖြင့် ရေဓာတ်တာအိုနှင့် သစ်သားဓာတ်တာအိုတို့ကို အခြေခံအဖြစ်ထားပြီး မယုံကြည်နိုင်လောက်ဖွယ် လျင်မြန်ဖြတ်လတ်မှုတို့ကို ပြသလာနိုင်သည်။