← Chapters

ဝေ့ယန်ကျစ်၏ တိုက်ပွဲ

Vol. 90 Ch. 1248

ဝေ့ယန်ကျစ်၏ တိုက်ပွဲ

Vol. 90 Ch. 1248

အဆုံးမဲ့မျိုးနွယ် တည်ထောင်သူ၏ စွမ်းအားက ယခုအခိုက်အတန့်တွင် အပြည့်အဝ ပြသလာသည်။ အာကာပြင်တာအိုက အချိန်နှင့်တူညီ၏။ ထိုအရာသည် စကြဝဠာထဲ အထွတ်အထိပ်တာအိုအဖြစ် သတ်မှတ်နိုင်သည်။ ဤသည်က သာမန်ကျင့်ကြံသူများ နားလည်နိုင်သည့်အရာ မဟုတ်သလို အခွင့်အရေးကောင်းဖြင့် ကောင်းချီးပေးမခံရသည့်သူများကလည်း ထိတွေ့နိုင်သည့် အရာမျိုး မဟုတ်ပေ။

ဝေ့ယန်ကျစ်၏ အမူအရာက အင်မတန် တည်ငြိမ်နေ၏။ အာကာပြင်တာအိုက သူ အားစိုက်ထုတ်စရာမလိုဘဲ သုံးနေသလိုမျိုး ဖြစ်၏။

ပြီးပြည့်စုံသည့် စကြဝဠာအဆင့်ဖြစ်သည့် သူ့ကျင့်ကြံဆင့်ကိုပါ ထည့်ပေါင်းလိုက်လျှင် ဝမ်ပေါင်လဲ့နှင့် တခြားသူများက ထူးကဲနေသော်လည်း သူတို့၏ စိတ်က ဝေ့ယန်ကျစ်၏ ဖိအားအောက်တွင် ပြိုလဲလုနီးပါးဖြစ်လာသည်ကို ခံစားမိလိုက်ကြသည်။

ဝမ်ပေါင်လဲ့က အဆင်ပြေသေး၏။ သူ့ခန္ဓာကိုယ်ထဲရှိ သစ်သားဓာတ်စွမ်းအားက ဆက်တိုက်ပျံ့နှံ့လာကာ ဖိအားကို ခုခံဖို့ ကူညီပေးထားသည်။ သူ့အနေဖြင့် ခုခံဖို့ရာ ခက်ခဲနေဆဲဖြစ်သော်လည်း သူ့တွင် လက်တုံ့ပြန်နိုင်သည့် စွမ်းအားရှိနေသေး၏။

ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးကလည်း အတူတူသာ ဖြစ်သည်။ သူ့မျက်နှာက ဖြူဖျော့ကာ ခန္ဓာကိုယ်က တုန်ယင်နေသော်လည်း သူ့မျက်ဝန်းက တိုက်ခိုက်လိုစိတ်ဖြင့် တောက်ပနေလေ၏။ သူ့လက်ထဲရှိ တုတ်ချောင်းက အသံမြည်နေပြီး ဝိညာဥ်ခုနှစ်ပါးတာအိုဂို္ဏ်း ခေါင်းဆောင်ကြီး၏ စိတ်ထဲမှ မလိုလားမှုကို ဖော်ပြနေဟန်ပေါ်သည်။

သို့သော်လည်း အမှောင်ဂိုဏ်းမှ စကြဝဠာအဆင့် ကျင့်ကြံသူ ၃ဦးက ထိုဖိနှိပ်မှုအောက်တွင် အခြေအနေ ဆိုးဝါးနေ၏။ သူတို့ ၃ဦးလုံးက သိသာသည့် ဟာကွက်မျိုး ရှိနေကြသည်။ အတိအကျ ပြောရလျှင် သူတို့က သက်ရှိများ မဟုတ်ပေ။ သူတို့ကို အမှောင်မြစ်မှ ပြန်လည်ကယ်တင်ထားပြီး အမှောင်ဂိုဏ်း၏ မိုးကောင်းကင်တာအို၏ အလိုဆန္ဒဖြင့် ကောင်းချီးပေးထား၍သာ ကမ္ဘာဆီ ပြန်ရောက်ရှိလာခြင်းဖြစ်၏။

ထို့ကြောင့် သူတို့က စွွမ်းအား အလုံအလောက် မရှိသည်မှာ ပုံမှန်သာ ဖြစ်၏။ သူတို့က တူညီသည့်အဆင့်ဖြင့် တိုက်ခိုက်နိုင်သော်လည်း ယခုအခါ ပိုမိုအားကောင်းသည့် ဝေ့ယန်ကျစ်နှင့် ရင်ဆိုင်နေရပြီး အာကာပြင်တာအို၏ ဖိနှိပ်မှုကို ခံထားရသည့်အတွက် သူတို့၏ ဟာကွက်များက သိသာလာခဲ့သည်။

အထူးသဖြင့် စိတ်ဝိညာဥ်မြှုပ်နှံ့ရေး သစ်ပင်ကြီးအတွက် ဖြစ်၏။ ထိုသူက အရိုးဧကရာဇ်ထက် ပိုမိုအားကောင်းသော်လည်း သူ့နဂိုသွင်ပြင်က ခြောက်သွေ့သွားပြီဖြစ်သည့်အတွက် ပြန်လည်ကယ်တင်ခံရလျှင်ပင် မပြောင်းလဲနိုင်ပေ။ ထိုအကြောင်းအရင်းကြောင့် သူသည် ပထမဦးဆုံး ပြိုလဲသွားခဲ့သည်။ သွင်ပြင်က ပြန်လည်ဖွဲ့စည်းလာသော်လည်း ယခင်ကထက် အားနည်းသွားပြီး သူ့အဆီအနှစ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားကြောင်း သိသာလှသည်။

ထိုအရာကို မြင်ကာ ဝေ့ယန်ကျစ်၏ ဆွဲခေါ်သွားမှုကို ခံရသည့် ကျိကျားနှင့် ကွမ်းမင်တို့က အတော်လေး စိတ်လှုပ်ရှားလာကြသည်။ တိရှန်း၏ မျက်ဝန်းများကမူ စိတ်ရှုပ်ထွေးနေပြီး ပင်ပန်းနွမ်းနွယ်သည့် အရိပ်အယောင်မျိုး ရှိနေလေ၏။ သူက ထိုအရာအားလုံးကို ကြုံတွေ့ပြီးသည့်နောက်တွင် အင်မတန် ငြီးငွေ့လာခဲ့သည်။ သို့သော် သူ့အနေဖြင့် ပြောင်းလဲနိုင်သည့် အရာဟူ၍ မရှိပေ။ ထို့ကြောင့် သူက တိတ်ဆိတ်လျက်သာ ကျန်ရှိနေ၏။

ဤသည်က ဇာတ်ကြောင်းအရှည်ကြီး ဖြစ်သင့်သော်လည်း လက်တွေ့တွင်မူ စက္ကန့်ပိုင်းလေးအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဝေ့ယန်ကျစ်၏ တိုက်ခိုက်မှုအပြီး ဝမ်ပေါင်လဲ့နှင့် တခြားသူများက ဒဏ်ရာရရှိသွားကြသည်။ ပတ်ဝန်းကျင်တွင် အသံကျယ်ကြီး ပေါ်ထွက်လာသည်။ အာကာပြင်၏ ဖိနှိပ်စွမ်းအားက သိသိသာသာ တိုးမြှင့်လာသည်။ ဤသို့ အရေးကြီးသည့် အခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ ဆံပင်က လေနှင့်အတူ မျောလွင့်နေရင်း မျက်ဝန်းအထက် သွေးဆာကာ အော်ဟစ်လိုက်သည်။

“အားလုံး ငါတို့တွေ အတူတကွ တွဲလုပ်မှရမယ်”

“အတူတွဲလုပ်မယ်” ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးကလည်း အံကြိတ်ကာ ရေရွတ်လိုက်သည်။ သူ့အသံထွက်ပေါ်လာသည်နှင့် သူက ညာဘက်လက်ကို ခက်ခက်ခဲခဲ မြှောက်လိုက်၏။ သူ့လက်ထဲရှိ တုတ်က မျက်စိစူးမတတ် အလင်းရောင်ဖြင့် တောက်ပလာခဲ့သည်။ အမှောင်သူတော်စင်နှင့် တခြားနှစ်ယောက်ကလည်း အတူတူသာ ဖြစ်၏။ အဝေးတစ်နေရာတွင် သူတို့ ၆ယောက်က ပိုးစုန်းကြူးသဖွယ် ဖြစ်နေလေသည်။ သူတို့က တောက်ပနေသည့် လမင်းသဖွယ် ဝေ့ယန်ကျစ်နှင့် ဂုဏ်ကျက်သရေချင်း ယှဥ်ပြိုင်နေရ၏။ ပထမဦးဆုံး တောက်ပလာသည့်သူက ဝမ်ပေါင်လဲ့ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့ ခန္ဓာကိုယ်ထဲရှိ သစ်သားဓာတ်က စတင်လှုပ်ခတ်လာကာ တစ်ကိုယ်လုံးအနှံ့ ပျံ့နှံ့သွားသည်။ ထိုအရာက အပြင်ဘက်သို့ ထွက်ပေါ်လာပြီး သူ့ဝန်းကျင်၌ အပင်များစွာ ပေါ်ထွက်လာစေသည်။ ပန်းပင်များကလည်း လမ်းတစ်လျှောက် ပွင့်လန်းလာပြီး အစိမ်းရောင် ဖုံးလွှမ်းသွား၏။ ဤသည်က ဤအာကာပြင်အလွှာ တစ်ခုတည်းသာမကဘဲ တစ်ခုနှင့်တစ်ခု ထပ်နေသည့် အလွှာဒါဇင်ချီအထိ ပျံ့နှံ့သွားခဲ့သည်။

ထိုအရာက အာကာပြင်ထဲရှိ သစ်ပင်ပန်းပင်အားလုံးကို အနည်းငယ် လှုပ်ခတ်သွားစေသည်။ ရေဓာတ်တာအိုကလည်း ယခုအခိုက်အတန့်တွင် ထွက်ပေါ်လာပြီး စွမ်းအားကို ထောက်ပံ့ပေးထားသည်။ တစ်ချိန်တည်းဆိုသလို ဝမ်ပေါင်လဲ့က ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်သည်။

“ချန်ယဲ့ပညာရပ်”

ချန်ယဲ့ပညာရပ်သည် ဝမ်ပေါင်လဲ့၏ လက်ထဲ စွမ်းအင်အပြည့်အဝ ထွက်ပေါ်လာသည်။ သူ့လက်တစ်ချက်အဝှေ့တွင် အာကာပြင်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်ပိန်းသွားခဲ့၏။

“ချန်ယဲ့ပညာရပ်တဲ့လား” ဝေ့ယန်ကျစ်၏ အသံက အမှောင်ထုအတွင်း ထွက်ပေါ်လာခဲ့သည်။ သူ့အသံတွင် စိတ်ဝင်စားသည့် အရိပ်အယောင် ပါဝင်နေ၏။ သူက ဝမ်ပေါင်လဲ့၏ ချန်ယဲ့ပညာရပ်ကို အာရုံစိုက်နေကြောင်း သိသာလှသည်။

သူ ပြောလိုက်သည်နှင့် သူတို့ဝန်းကျင်ရှိ အမှောင်ထုက အပြင်းအထန် တုန်ယင်လာလေသည်။ မျက်စိဖြင့် မမြင်နိုင်သော်လည်း နတ်ဘုရားအသိစိတ်ဖြင့် ခံစားမိနိုင်၏။ အမှောင်ထုက လိုက်ကာသဖွယ် ပြောင်းလဲသွားဟန်ပေါ်သည်။ ထိုလိုက်ကာ၏ နောက်တွင် အားကောင်းသည့် စွမ်းအားတစ်ခုရှိပြီး ထိုအရာကို ဆုတ်ဖြဲပစ်ချင်နေသည်။

မျက်စိတစ်မှိတ်အတွင်း မယုံနိုင်လောက်ဖွယ် စွမ်းအားက ပေါက်ကွဲထွက်လာသည်။ အသံကျယ်ကြီးနှင့်အတူ အမှောင်ထုက တဖြည်းဖြည်းအက်လာလေ၏။ အမှောင်ထုအတွင်း ဧရာမအက်ကြောင်းကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

လိုက်ကာကို ဆုတ်ဖြဲလိုက်သည့်အလား ဝေ့ယန်ကျစ်၏ ပုံရိပ်က လိုက်ကာနောက်မှ ပေါ်ထွက်လာခဲ့သည်။

“ဒီလောက်ပဲလား” ဝေ့ယန်ကျစ်က အနည်းငယ် စိတ်ပျက်သွားဟန်ပေါ်သည်။ သို့သော်လည်း နောက်အခိုက်အတန့်၌ သူက မျက်မှောင်ကြုတ်လိုက်သည်။

အကြောင်းအရင်းကမူ သူအမှောင်ထုကို ဆုတ်ဖြဲလိုက်သည်နှင့် ဝမ်ပေါင်လဲ့၏ ချန်ယဲ့မှ နေမင်းသည် ရုတ်တရက် တောက်ပလာသည်။ ယခင်က သူသည် သူ့တိုက်ကွက်ကို အ​ခြေတည်အဆင့်ဖြင့်သာ ထုတ်လွှင့်ခဲ့စဥ်အခါက တစ်ဖက်လူ၏ ရှေးဟောင်းကြေးမုံကြောင့် ပိတ်ဆို့ခံခဲ့ရသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့က ချန်းယဲ့ကို ထုတ်လွှင့်လိုက်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်ထဲရှိ တာအိုကြယ်ကလည်း အသံမြည်လာကြ၏။ ကူးယူခြင်းတာအိုက ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်ထဲမှ အရင်ကတည်းက ထိုးထွင်းထားသည့် စည်းမျဥ်းက ယခုအခိုက်အတန့်တွင် ထွက်ပေါ်လာသည်။

ထိုစည်းမျဥ်းက အလင်းတာအို ဖြစ်၏။

ဝမ်ပေါင်လဲ့က ချန်ယဲ့ပညာရပ်ထဲ ထိုစည်းမျဥ်းကို ထည့်သွင်းကာ နောက်ဆုံးသောည၌ ပထမနေမင်းအဖြစ် ပြောင်းလဲလိုက်သည်။ အလင်းတန်းက ပင်လယ်သဖွယ် ထွက်ပေါ်လာပြီး ဝေ့ယန်ကျစ်ဆီ အသံကျယ်ကြီးနှင့် ဝင်ရောက်လာသည်။

ဤသည်က အဆုံးမသတ်သေးပေ။ အလင်းပင်လယ်အတွင်း အမှောင်ဂိုဏ်းမှ စကြဝဠာအဆင့် ကျင့်ကြံသူ ၃ဦးကလည်း သူတို့၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်က ယခင်က ဖိနှိပ်ထားခံခဲ့ရသော်လည်း ဝမ်ပေါင်လဲ့၏ ချန်ယဲ့ပညာရပ်အောက်တွင် သူတို့က အနည်းငယ် ပြန်လည်ခုခံနိုင်လာခဲ့သည်။ ထို့အပြင် သူတို့က ရှိသမျှအရာအားလုံးကို ပုံအောခဲ့သည့်အတွက် လွတ်မြောက်လာခြင်း ဖြစ်၏။

စိတ်ဝိညာဥ်မြှုပ်နှံရေးသစ်ပင်က တကယ့်သွင်ပြင်ဖြစ်သည့် ဧရာမသစ်ပင်ကြီးအသွင် ပြောင်းလဲလိုက်သည်။ ထိုအရာတွင် အလောင်းများစွာ ချိတ်ဆွဲထားလျက် ရှိ၏။ ထို့အပြင် သစ်ပင်အနှံ့ အဝါရောင်သင်္ကေတများလည်း ရှိနေလေသည်။ သစ်ပင်က လှုပ်ယမ်းသွားသည့်အခါ သင်္ကေတများက ပျံသန်းထွက်သွားပြီး အလောင်းများက မျက်လုံးပွင့်လာသည်။ သူတို့က အော်ဟစ်နေရင်း သစ်ပင်ဝန်းကျင်တွင် ဝန်းရံလျက် ဝေ့ယန်ကျစ်ဆီ ​ပြေးဝင်သွားကြသည်။

အရိုးဧကရာဇ်ကလည်း တူညီစွာ လုပ်ဆောင်လိုက်သည်။ သူ့တကယ့်သွင်ပြင်က ဧရာမအရိုးဓားကြီးအသွင် ပြောင်းလဲလိုက်ပြီး ကြောက်မက်ဖွယ် စွမ်အားကို ထုတ်လွှင့်လာကာ ဝေ့ယန်ကျစ်ဆီ ခုတ်ချလိုက်သည်။

အမှောင်သူတော်စင်အတွက်မူ သူက လက်နှစ်ဖက်ဖြင့် ပုံဖော်လိုက်ရင်း သူ့ခန္ဓာကိုယ်မှ ခရမ်းရောင်ချီများ ထွက်ပေါ်လာသည်။ ဖြည်းဖြည်းချင်းဖြင့် သူ့ခန္ဓာကိုယ်က အရည်ပျော်သွားကာ  ခရမ်းရောင် ဆံပင်ရှည်တစ်မျှင်သာ ကျန်ရှိပြီး ဝေ့ယန်ကျစ်ဆီ ပြေးဝင်သွား၏။

ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးအတွက်မူ သူ့မျက်ဝန်းက ဒေါသဖြင့် တောက်လောင်နေလေ၏။ သူ့လက်ထဲတွင်ရှိသည့် တုတ်က ပိုမိုကြီးမားသထက် ကြီးမားလာသည်။ ထိုအရာက ကောင်းကင်တုန်လှုပ်လုမတတ် စွမ်းအား ကိန်းအောင်းနေသလိုမျိုး ဖြစ်၏။ တစ်ချိန်တည်းဆိုသလို သူ့အနောက်ဘက်တွင် အမှတ်အသား ၃၀ကျော် ပေါ်ထွက်လာပြီး အမှတ်အသားတစ်ခုချင်းစီက ပုံရိပ်တစ်ခုစီ ဖြစ်နေသည်။

အဆုံးသတ်တွင် သူတို့က ပင်မကိုယ်နှင့် တစ်သားတည်း ဖြစ်သွားလေသည်။ ထိုပုံရိပ်များ၏ အနိမ့်ဆုံးကျင့်ကြံဆင့်က ကြယ်နယ်မြေအဆင့် ဖြစ်၏။ သူတို့က ခုနှစ်ယောက်ရှိပြီး အားလုံးက စကြဝဠာအဆင့် ဖြစ်နေသည်။

သူတို့က အစောပိုင်းအဆင့်မျှသာ ရှိသေးသော်လည်း သူတို့ ပေါ်ထွက်လာသည့်အခါ တုန်လှုပ်လုမတတ် ဖြစ်စေသည်။

ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ တာအိုနည်းစနစ်က အတိတ်ဘဝနှင့် ပစ္စပ္ပုန်ဘဝတို့ ပါဝင်နေသည်။ သူတို့အားလုံးက ပြန်လည်ဝင်စားပြီး ပြန်လည်ကျင့်ကြံထားသူများ ဖြစ်၏။ ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးအတွက်ပင် ခြွင်းချက် မဟုတ်ပေ။ သို့သော်လည်း သူက အကြိမ် ၃၀ ကျော်ပြန်လည်ဝင်စားထားပြီး တစ်ကြိမ်ချင်းစီတွင် သူက ပိုမိုမြင့်မားသည့် အနေအထား၌ ရပ်တည်နိုင်ခဲ့သည်။ သူက စကြဝဠာအဆင့် တက်လှမ်းနိုင်ခဲ့သည်က ခုနှစ်ကြိမ် ဖြစ်၏။ ဤအနေအထားဖြင့် သူသည် ယခုဘဝ၌ အလယ်အလတ် စကြဝဠာထိပ်ဆုံးသို့ ရောက်ရှိနိုင်လိမ့်မည်။

ထိုအခိုက်အတန့်တွင် သူ့စွမ်းအားပြည့်တိုက်ကွက်က သူ့တိုက်ခိုက်စွမ်းရည်ကို သိသိသာသာ တိုးမြှင့်သွားစေသည်။ ထိုအခိုက်အတန့်တွင် သူက ဝေ့ယန်ကျစ်ဆီ ချဥ်းကပ်လာ၏။

တစ်ချိန်တည်းဆိုသလို ဝမ်ပေါင်လဲ့၏ ချန်ယဲ့ပညာရပ်က အဆုံးမဲ့တောက်ပလာခဲ့သည်။ အမှောင်ထုထဲ ထွက်ပေါ်လာကာ အမှောင်ထုအားလုံးကို ဖယ်ရှားလိုက်သလိုမျိုး ဖြစ်၏။ အလင်းသွားဓားတစ်ချောင်းလိုဖြစ်ကာ လမ်းမှာ ရှိသမျှ အရာအားလုံးကို ဖယ်ရှားပစ်နေသည်။

ယခုအခိုက်အတန့်၌ အားလုံးက အားအကောင်းဆုံး ဝှက်ဖဲကို ပြသလာသည်ဟု ဆိုရပေမည်။ အသံကျယ်ကြီးနှင့်အတူ အားလုံးဝန်းကျင်တွင် စုဝေးနေသည့် အာကာပြင်အလွှာများစွာက စတင်ပြိုလဲလာ၏။ သူတို့က ထိုခြောက်ယောက်ဆီမှ လာသည့် တာအိုအငွေ့အသက်များကို တောင့်မခံနိုင်တော့သည့်အလား ဖြစ်သည်။

အာကာပြင်အလွှာများက ကြေမွသွားသည်နှင့် ဝေ့ယန်ကျစ်၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။ သူက ထို ၆ယောက် ပူးပေါင်းလိုက်သည့်အခါ အလေးအနက် မှတ်ယူရမည် ဖြစ်သည်။

“မင်းတို့အားလုံးက ငါ့ရဲ့ ဒုတိယတာအိုကို မြည်းစမ်းကြည့်လိုက်ပေါ့” သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ သူက ညာဘက်လက်ကို မြှောက်ကာ ​ရှေ့ကို ဝှေ့ယမ်းလိုက်၏။

“ခွန်အား”

သူက ပြောလိုက်သည်နှင့် ညာဘက်လက်က စတင်ပေါက်ကွဲထွက်သွားပြီး ကြယ်တာရာကောင်းကင်အထက် ဖုံးလွှမ်းသွားလေသည်။ ထိုအရာက အသံကျယ်ကြီးနှင့်အတူ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါး၏ လက်ဝါးချက်ကြီးအလား ဖြစ်၏။

All Chapters