← Chapters

ချန်ရှင်း၏ တိုက်ပွဲ

Vol. 90 Ch. 1250

ချန်ရှင်း၏ တိုက်ပွဲ

Vol. 90 Ch. 1250

အမှောင်မြစ်က လှုပ်ခတ်လာပြီး ကောင်းကင်က နှစ်ပိုင်းကွဲလုမတတ် ဖြစ်လာသည်။ အမှောင်မြစ်အောက်တွင် မရဏအငွေ့အသက်များ ထွက်ပေါ်လာပြီး အထဲတွင် ဝိညာဥ်များကိုပင် မြင်တွေ့နေရသည်။

အမှောင်မြစ်ရှေ့တွင် ကြယ်တာရာကောင်းကင်တစ်ခုလုံးက အဆုံးမဲ့အလင်းဖြင့် တောက်ပလာသည်။

ဘေးပတ်လည်ကို ကြည့်လိုက်လျှင် တစ်ဖက်က အဆုံးမဲ့ဖြစ်ကာ တစ်ဖက်က အမှောင်ကမ္ဘာ ဖြစ်၏။

ချန်ရှင်း၏ နောက်တွင် မရဏအငွေ့အသက်များက လေထုထဲ စိမ့်ဝင်လာသည်။

ထိုအထဲမှ ဧရာမ အနက်ရောင်ငါးကြီးတစ်ကောင် ထွက်ပေါ်လာပြီး ချန်ရှင်းအထက်တွင် မျောလွင့်ရင်း အဆုံးမဲ့မျိုးနွယ်ကို ငုံ့ကြည့်နေသည်။

တစ်ချိန်တည်းဆိုသလို အဆုံးမဲ့ကြယ်တာရာကောင်းကင်ထဲ ဝေ့ယန်ကျစ်အနားတွင် ဧရာမ ရွှေရောင်နွားချီးပိုးကောင်တစ်ကောင် ထွက်ပေါ်လာသည်။ ထိုအရာက ပုံပေါ်လာပြီး အနက်ရောင်ငါးကို ရန်လိုစွာ ကြည့်လိုက်သည်။ နှစ်ဦးသားက သဘာဝရန်သူတွေအလား ဖြစ်၏။

“ဝေ့ယန်ကျစ်”

“ချန်ရှင်း”

နှစ်ဖက်လုံးက အချင်းချင်း စိုက်ကြည့်လိုက်ကြသည်။ သူတို့ အကြည့်ထဲတွင် စွမ်းအားကိန်းအောင်းနေပြီး ကြယ်စင်စုများကိုပင် လှုပ်ခတ်သွားစေသည်။ အက်ကြောင်းများက တစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။

ဝမ်ပေါင်လဲ့၊ ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်းနှင့် အမှောင်သူတော်စင်တို့က တုံ့ဆိုင်းခြင်းမရှိ နောက်ဆုတ်လိုက်ကြသည်။ သူတို့က သူတို့ကိုယ်သူတို့ တိုက်ပွဲကွင်းပြင်မှ ခြားလိုက်၏။ ဤနောက်တိုက်ပွဲက သူတို့နှင့် မသက်ဆိုင်ကြောင်း ကောင်းကောင်းသိထားကြသည်။

ဝမ်ပေါင်လဲ့က စိတ်ရှုပ်ထွေးသည့် အမူအရာမျိုး ရှိနေ၏။ သူက စိတ်ထဲမှ သက်ပြင်းချလိုက်၏။ လက်တွေ့တွင် သူက ဤတစ်ကြိမ် မတိုက်ခိုက်ဖို့ ရွေးချယ်နိုင်သည်။ သို့သော်လည်း သူက အဆုံးသတ်၌ တိုက်ပွဲတွင် ဝင်ရောက်ဆင်နွှဲခဲ့မိ၏။ သူက ချန်ရှင်းအတွက် တိုက်ခိုက်ဖို့ရာ အခွင့်ရေးကောင်း ဖန်တီးပေးလိုသည်။

နှစ်ဖက်လုံးက စွမ်းအားစုစည်းပြီးသည့်အခါ ပထမအရေးနိမ့်သူက ရှုံးနိမ့်သွားနိုင်သည်။ အကယ်၍ သူတို့ ဒဏ်ရာရရှိသွားပါက အခြေအနေသည် ပိုမိုပင် ဆိုးဝါးသွားနိုင်သည်။

ဝမ်ပေါင်လဲ့၊ ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်းနှင့် အမှောင်ဂိုဏ်းတို့က သူတို့၏ စွမ်းအားအပြည့်အဝကို ဝေ့ယန်ကျစ်အပေါ် ထုတ်သုံးထားပြီးပြီ ဖြစ်၏။ သူတို့ကြောင့် ရရှိသည့် ဒဏ်ရာက မပြင်းထန်သော်လည်း လက်ချောင်းကို ကျိုးအောင်လုပ်နိုင်ခဲ့သည် မဟုတ်ပါလော။

ဤသည်က ဝမ်ပေါင်လဲ့နှင့် တခြားသူများ လုပ်နိုင်သည့် အကြီးမားဆုံးအရာ ဖြစ်၏။ ထိုသို့ဆိုလျှင်ပင် သူတို့က ဝေ့ယန်ကျစ်၏ တိုက်ခိုက်စွမ်းရည်ကို တစ်ဖက်လှည့်ဖြင့် စမ်းသပ်နိုင်ခဲ့ကြသည်။ ပြောရလျှင် ချန်ရှင်းအနေဖြင့် ဘာလုပ်ရမလဲ ကောင်းကောင်းသိနေလိမ့်မည်။

“အခု ငါ လုပ်နိုင်တာ ဒါပဲ” ဝမ်ပေါင်လဲ့က တိတ်ဆိတ်သွားပြီး ဆက်တိုက် နောက်ဆုတ်လိုက်သည်။ တခြားသူများကလည်း နောက်ဆုတ်နေရင်း ဝေ့ယန်ကျစ်၏ အသံက ဖြည်းဖြည်းချင်း ပဲ့တင်ထွက်လာသည်။

“ချန်ရှင်း ငါ မင်းကို စောင့်နေရတာ ကြာလှပြီ” ဝေ့ယန်ကျစ်က ဝမ်ပေါင်လဲ့နှင့် တခြားသူများကို ဂရုမစိုက်တော့ပေ။ ထိုအခိုက်အတန့်၌ သူက ချန်ရှင်းကိုသာ ဂရုစိုက်၏။

ချန်ရှင်းကသာ သူ ဂရုစိုက်ရဆုံးသူဖြစ်ပြီး အမှောင်ဧကရာဇ်ပြီးနောက်တွင် စောင့်မျှော်နေရဆုံးသူလည်း ဖြစ်ပေသည်။

ချန်ရှင်းက ဝေ့ယန်ကျစ်ကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်၏။ ဝမ်ပေါင်လဲ့က ဤတစ်ကြိမ် သူ့အတွက် အခွင့်အရေးဖန်တီးပေးဖို့ ဝေ့ယန်ကျစ်အား တမင်ရန်စခဲ့သည်ကို သိထားလေသည်။

လက်တွေ့တွင် ထိုကိစ္စက အတော်လေး အသုံးဝင်ခဲ့၏။ သူက ဝေ့ယန်ကျစ်သည် ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်တချို့ရှိသည်ကို မြင်သော်လည်း တစ်ဖက်လူ၏ ကန့်သတ်ချက်ကို မြင်ပြီးသည့်နောက် သူသည် ဝေ့ယန်ကျစ်ထက် အနည်းငယ် အားနည်းနေကြောင်း သိလိုက်ရသည်။

ချန်ရှင်းက ထိုသူ့၏ ရည်ရွယ်ချက်အများစုကို ခန့်မှန်းထားပြီးသား ဖြစ်၏။

ကျောက်ပြားကမ္ဘာကနေ ထွက်သွားရဖို့ ငါ့ကို တစ်ဖက်လှည့် အသုံးချနေတာပဲ …

ချန်ရှင်း၏ အကြည့်က တောက်ပလာသည်။

သူက ထိုအရာကို ခန့်မှန်းမိသော်လည်း တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့ခြင်းသာ ဖြစ်၏။ အကယ်၍ ဝမ်ပေါင်လဲ့နှင့် တခြားသူများက တစ်ဖက်လူ၏ ကန့်သတ်ချက်ကို လာရောက်မစမ်းသပ်လျှင်ပင် သူက တိုက်ခိုက်ဦးမည် ဖြစ်သည်။ သူက သူ့စွမ်းအားကို ကန့်သတ်ချက်ထိ ရောက်ရှိနေပြီးသား ဖြစ်၏။ အကယ်၍ သူသာ မတိုက်ခိုက်လျှင် ထိုအရာထက် ကျော်လွန်၍ နားလည်နိုင်မည် မဟုတ်ပေ။ ထို့အပြင် ဝေ့ယန်ကျစ်နှင့် တိုက်ပွဲက သူ့စွဲလမ်းမှု ဖြစ်လာခဲ့၏။

ဒါက ငါ့တာအိုပဲ …

ချန်ရှင်းက သူ့ဘာသာသူ ရေရွတ်လိုက်သည်။ နောက်အခိုက်အတန့်၌ သူ့အကြည့်က တောက်ပလာ၏။ သူက တိုက်ခိုက်လိုစိတ်က သူ့စိတ်နှလုံးသားမှ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး အနက်ရောင် မိုးကြိုးအသွင်ပြောင်းလဲသွားကာ ကြယ်တာရာကောင်းကင်ကို ထိုးခွင်းလျက် ဝေ့ယန်ကျစ်ဆီ ဦးတည်သွားသည်။

ဝေ့ယန်ကျစ်က ခေါင်းမော့ကာ အားပါးတရ ရယ်မောလိုက်၏။ သူ့မျက်ဝန်းအထက် စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေကာ ရှေ့တစ်လှမ်း တိုးလိုက်သည်။ သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းစီက အာကာပြင်အလွှာများ ဆင်းသက်လာသည့်အလား ပဲ့တင်ထပ်လာသည်။

အလွှာတစ်ခုချင်းစီ ဆင်းသက်လာသည်နှင့် ကြယ်တာရာကောင်းကင်က အေးခဲသွားဟန်ပေါ်သည်။ မျက်စိတစ်မှိတ်အတွင်း အာကာပြင်အလွှာ ဒါဇင်ချီက ချန်ရှင်းရှေ့မှောက်တွင် ပေါ်ထွက်လာပြီး သူ့လမ်းကို ပိတ်ဆို့ထား၏။ သို့သော်လည်း သူတို့က ဝေ့ယန်ကျစ်အပေါ် သက်ရောက်မှု မရှိခဲ့ပေ။ ထို့အစား သူတို့က သူ့အရှိန်ကို တိုးမြှင့်ပေးနိုင်ခဲ့သည်။

နှစ်ဦးသားက အချင်းချင်း ချဥ်းကပ်လာသည်။ အမှောင်ဂိုဏ်း၏ အနက်ရောင်ငါးနှင့် အဆုံးမဲ့မျိုးနွယ်၏ ရွှေရောင်နွားချီးပိုးကလည်း စူးစူးရှရှအော်ဟစ်ရင်း ရှေ့တိုးလာကြသည်။ သူတို့က အနီးကပ် တိုက်ခိုက်ခြင်း မဟုတ်ဘဲ သူတို့ပိုင်ဆိုင်ထားသည့် စည်းမျဥ်းဥပဒေသများကို ထုတ်လွှင့်ကာ စမ်သပ်နေခြင်း ဖြစ်၏။ ထိုအရာက ကြယ်တာရာကောင်းကင် တစ်ခုလုံးကို လှုပ်ခါသွားစေကာ ကွဲပြားသည့် စည်းမျဥ်းဥပဒေသများက ထိပ်တိုက်တွေ့ဆုံသွားကြ၏။ လှိုင်းတွန့်များက အဖက်ဖက်သို့ ပျံ့နှံ့သွားပြီး အဆုံးမဲ့တာအိုနယ်မြေတစ်ခုလုံးအပေါ် သက်ရောက်မှု ရှိသွားစေသည်။

မဟာဒိဋ္ဌိနယ်မြေဖြစ်စေ၊ မဟာလက်ဝဲတာအိုနယ်မြေဖြစ်စေ နှစ်ခုလုံးက တုန်ခါသွားကြ၏။

ဝမ်ပေါင်လဲ့ကလည်း မျက်မှောင်ကြုတ်လိုက်၏။ သူက ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် အမှောင်သူတော်စင်နှင့်အတူ ထပ်မံနောက်ဆုတ်လိုက်ပြီး တိုက်ပွဲကို သေချာစောင့်ကြည့်နေသည်။

လေထုထဲ အသံကျယ်ကြီး ထွက်ပေါ်လာ၏။ အနက်ရောင်မိုးကြိုးအသွင် ပြောင်းလဲသွားသည့် ချန်ရှင်းက အံ့မခန်းအလျင်ဖြင့် လှုပ်ရှားလာသည်။ ဝမ်ပေါင်လဲ့က သူ့ပုံရိပ်ကို အနက်ရောင်ဝတ်ရုံနှင့် အနက်ရောင်ဆံပင်သာ မြင်နေရ၏။ သူက ညာဘက်လက်ကို မြှောက်လိုက်သည့်အချိန် သစ်သားဓားက ရှေ့၌ ထွက်ပေါ်လာသည်။

ယခင်က ဝမ်ပေါင်လဲ့နှင့် တခြားသူများကို ပိတ်ဆို့ထားသည့် မမြင်နိုင်ဖွယ် အာကာပြင်အလွှာများစွာက အခုအခါ ချန်ရှင်းကို မတားဆီးနိုင်တော့ပေ။

ယခုအခိုက်အတန့်တွင် သစ်သားဓားချက်အောက် ပြိုလဲကာ ပျက်စီးသွားရ၏။ အလွှာဒါဇင်ချီ ဖြစ်စေကာမူ၊ အလွှာရာချီ ဖြစ်စေကာမူ ကွာဟချက်မရှိပေ။ အားလုံးက သစ်သားဓားအောက်တွင် ပြိုလဲသွားရသည်။

ချန်ရှင်းက အနက်ရောင် မိုးကြိုးအသွင် ပြောင်းလဲရင်း ဝေ့ယန်ကျစ် ရှေ့မှောက် ပေါ်ထွက်လာသည်။ သူက ဓားကို ဝှေ့ယမ်းလိုက်၏။

ဝေ့ယန်ကျစ်က ခေါင်းမော့ကာ အားပါးတရ ရယ်မောလိုက်သည်။ သူ့မျက်ဝန်းအထက် တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။

“ချန်ရှင်း မင်းက ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်” ဤသို့ဖြင့် သူက ညာဘက်လက်ကို မြှောက်ကာ ခွန်အားတာအိုကို ထုတ်ဖော်ပြီး ရောက်ရှိလာသည့် သစ်သားဓားဖြင့် ရင်ဆိုင်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်း သူ့လက်ဝါးက ပိုမိုကြီးမားလာကာ ယခင်က ခွန်အားလက်ဝါးအသွင် ပြောင်းလဲသွားခဲ့သည်။ ထိုအရာက ကြယ်တာရာကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။

လက်ဝါးချက်က ချန်ရှင်း၏ သစ်သားဓားနှင့် ထိတွေ့သွားသည့်အခါ အသံကျယ်ကြီး ထွက်ပေါ်လာပြီး သစ်သားဓားက မိုးမြေကိုပင် လှုပ်ခတ်သွားစေသည်။ ခွန်အားလက်ဝါး၏ စွမ်းအားက အံ့မခန်း ဖြစ်သော်လည်း သစ်သားဓားနှင့် ထိတွေ့မိသည်နှင့် တုန်ယင်သွား၏။ ထိုအရာက ချက်ချင်းဆိုသလို လက်သီးအသွင်ပြောင်းကာ ချန်ရှင်းဝန်းကျင်တွင် ဆုပ်ယူဖို့ ကြိုးစားလိုက်သော်လည်း လက်သီးဆုပ်လိုက်သည်နှင့် သစ်သားဓားက လမ်းတွင်ရှိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်ကာ ထွက်ပေါ်လာသည်။

သွေးများက နေရာအနှံ့ပြန့်ကျဲသွားပြီး လက်ဝါးကြီးက ပြိုလဲသွား၏။

ချန်ရှင်း၏ ပုံရိပ်က တည်ငြိမ်စွာ ကျန်ရှိနေသည်။ သစ်သားဓားက ပေါ်ထွက်လာသည့်အခါ သူက ဝေ့ယန်ကျစ်ရှေ့မှောက် ရောက်ရှိလာ၏။ သူက ညာဘက်လက်ကို မြှောက်ရင်း သစ်သားဓားကို ကိုင်ဆွဲကာ ဝေ့ယန်ကျစ်၏ လည်ပင်းကို ခုတ်ချလိုက်သည်။

သူ့အရှိန်က အင်မတန် မြန်ဆန်လွန်းလှ၏။

သူ့တိုက်ခိုက်မှုက အင်မတန် ထက်ရှကာ မတားဆီးနိုင်သလိုမျိုး ဖြစ်နေသည်။ ထိုအခိုက်အတန့်တွင် ဝေ့ယန်ကျစ်က ရှောင်ရှားဖို့ အခက်တွေ့နေ၏။ ဝမ်ပေါင်လဲ့နှင့် တခြားသူများကလည်း ချန်ရှင်းက သစ်သားဓားဖြင့် ခုတ်ချလိုက်သည်ကို မြင်သည့်အခါ အံ့အားသင့်သွားကြသည်။

ဝေ့ယန်ကျစ် အနောက်ဘက်တွင် ပေတစ်ထောင်အကွာ၌ အနက်ရောင်လျှပ်စီးက ပျောက်ကွယ်သွားပြီး ချန်ရှင်း ပေါ်ထွက်လာသည်။ သူ့အမူအရာက တည်ငြိမ်နေသော်လည်း သူ့မျက်ဝန်းများက တည်ငြိမ်နေခြင်း မရှိတော့ပေ။ ထိုအစား လေးနက်သည့် အမူအရာမျိုး ရှိနေ၏။ သူက လက်တစ်ဖက် ဆုံးရှုံးသွားသည့် ဝေ့ယန်ကျစ်ကို ကြည့်လိုက်သည်။

ဓားချက်က ထူးဆန်းသည့် စွမ်းအားတစ်ခုကြောင့် တည်နေရာ ပြောင်းလဲသွားခဲ့ရသည်။ ထို့ကြောင့် ဝေ့ယန်ကျစ်က ဦးခေါင်းအစား လက်တစ်ဖက်သာ ဆုံးရှုံးသွားရခြင်း ဖြစ်၏။

ဝေ့ယန်ကျစ်၏ ညာဘက်လက်က သူ့ခန္ဓာကိုယ်မှ ပြတ်ထွက်သွားသည်။ သို့သော် ပြတ်ထွက်သွားပြီးသည့်နောက်တွင် သူ့ပြတ်ထွက်သွားသည့် လက်က အထဲမှ အဖျက်စွမ်းအားကို တောင့်မခံနိုင်တော့သည့်ဟန်ဖြင့် စတင်ကြေမွသွား၏။ သို့သော်လည်း ရပ်နေဆဲဖြစ်သည့် ဝေ့ယန်ကျစ်က သူ့ခန္ဓာကိုယ်မှ နောက်ထပ် လက်တစ်ချောင်း ထွက်ပေါ်လာသည်။

“ငါ နှစ်များစွာ စောင့်ဆိုင်းနေရတဲ့ တိုက်ပွဲဆိုတဲ့အတိုင်းပဲ။ ချန်ရှင်း မင်းက ငါ့ကို စိတ်မပျက်စေဘူး။” ဝေ့ယန်ကျစ်၏ နှုတ်ခမ်းအထက် ရက်စက်သည့် အပြုံးတစ်ပွင့် ပေါ်ထွက်လာသည်။ သူ့ရယ်သံက ပိုမိုကျယ်​လောင်လာ၏။ အဆုံးသတ်တွင် ကြယ်တာရာကောင်းကင်အထက် ပဲ့တင်ထွက်သွားစေပြီး လေဟာနယ်ကိုပင် တုန်ခါသွားစေ၏။

ဒဏ်ရာရရှိနေပြီးသားဖြစ်သည့် အမှောင်သူတောင်စင်ကပင် ထိုရယ်သံကို တောင့်မခံနိုင်သည့်အလား သူ့ဒဏ်ရာများကို မဖိနှိပ်နိုင်လုနီးပါးအထိ ဖြစ်သွားရသည်။ ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် ဝမ်ပေါင်လဲ့တို့၏ အမူအရာကလည်း ချက်ချင်းဆိုသလို ပျက်ယွင်းသွားကြ၏။

All Chapters