သစ်သားဓား
Vol. 90 Ch. 1251
ချန်ရှင်းက အရမ်းအားကောင်းလွန်းလှသည်။ သူက ဓားတစ်ချက်တည်းဖြင့် အာကာပြင်တာအိုကို ထိုးဖောက်ကာ လက်ဝါး၏ စွမ်းအားများကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။ ဝေ့ယန်ကျစ်က လက်တစ်ချောင်းဆုံးရှုံးထားကာ ပြီးပြည့်စုံသည့် အနေအထား မဟုတ်သော်လည်း ချန်ရှင်းကမူ သစ်သားဓားတစ်ချောင်းဖြင့် အရာအားလုံးကို ရှင်းထုတ်ကာ ဝေ့ယန်ကျစ်၏ ညာဘက်လက်ကို ဖြတ်ခုတ်နိုင်ခဲ့သည်။ ဤသည်က ချန်ရှင်းသည် မည်မျှအားကောင်းကြောင်း ပြသနေ၏။
သို့သော်လည်း ဝေ့ယန်ကျစ်က ပိုမိုအံ့အားသင့်ဖို့ကောင်းသည်။ အဆုံးမဲ့မျိုးနွယ်၏ နဂိုခန္ဓာက ခေါင်း ၃လုံး၊ လက် ၆ဖက် ရှိကြလေသည်။ လက်တစ်ဖက် မရှိသည့်အခါ အဆုံးမဲ့မျိုးနွယ်ဝင်၏ အရှိန်အဝါက အားနည်းသွားလိမ့်မည်။ သို့သော်လည်း ဝေ့ယန်ကျစ်က သူ့စွမ်းအားက အားနည်းသွားခြင်း မရှိဘဲ ပိုမိုပင် အားကောင်းလာသေး၏။
“မင်းက တခြားအဆုံးမဲ့မျိုးနွယ်ဝင်တွေနဲ့ ကွဲပြားတာပဲ” ချန်ရှင်းက ဖြည်းဖြည်းချင်း ပြောကာ သူ့မျက်ဝန်းက အေးစက်စက် အကြည့်ဖြင့် တောက်ပလာသည်။
“ဟုတ်တာပေါ့။ မင်းက ကွဲပြားတာပေါ့။ အဆုံးမဲ့မျိုးနွယ်က ပင်မခန္ဓာ မရှိဘူး။ အဲဒါဆိုတော့ ခေါင်း ၃လုံး၊ လက် ၆ဖက်က သွေးမျိုးဆက် နတ်ဘုရားစွမ်းရည်တစ်ခုပဲ။ အဲဒီ သွေးမျိုးဆက် နတ်ဘုရားစွမ်းရည်က အသက်အတွက် အစားထိုး မဟုတ်ဘူး။ ဒါက စည်းတံဆိပ်တစ်ခုပဲ။”
“ချန်ရှင်း မင်းရဲ့ ကန့်သတ်ချက်က ဘယ်မှာလဲဆိုတာ ကြည့်ရအောင်။ မင်းက စည်းတံဆိပ်တွေ အားလုံးကို ဖြေလျော့ပြီး ငါ့ရဲ့ စွမ်းအားအကုန်ထုတ်သုံးအောင် လုပ်နိုင်မလားဆိုတာကို သိချင်မိတယ်။”
ဝေ့ယန်ကျစ်၏ မျက်ဝန်းအထက် တောင်းတမျှော်လင့်မှုက ပိုမိုအားကောင်းလာသည်။ သူက ရယ်မောလိုက်ရင်း အကြည့်များက တောက်ပလာ၏။ ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်က မျက်စိစူးဖွယ် အလင်းရောင် တောက်ပလာသည်။
ထိုအလင်းရောင်က နေမင်းတစ်စင်း ထွက်ပေါ်လာသည်နှင့် တူညီသော်လည်း ပိုမိုပြင်းထန်၏။ သူ့ခန္ဓာကိုယ်က စကြဝဠာတစ်ခုလုံး၏ တစ်ခုတည်းသော အလင်းအရင်းအမြစ် ဖြစ်လာသလိုမျိုး ဖြစ်၏။ ထိုအရာပျံ့နှံ့သွားသည့်အခါ မဖော်ပြနိုင်ဖွယ် မြင့်မြတ်မှူတို့ကို ဆောင်ကြဉ်းလာသည်။
ဤသည်က အလင်းတာအို ဖြစ်၏။
“ဝေ့ယန်ကျစ်က တာအို ဘယ်လောက်များများ ရှိနေတာလဲ” ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ စဥ်းစားလိုက်သည်။ သူ့ဘေးတွင် ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီး၏ အမူအရာကလည်း အလေးအနက် ဖြစ်နေ၏။ သူတို့က လှမ်းကြည့်လိုက်သည့်အချိန် ဝေ့ယန်ကျစ်က လက်ကို ဆန့်ထုတ်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်ထဲမှ အလင်းပင်လယ်က ပေါက်ကွဲထွက်သွားကာ အဖက်ဖက်သို့ ပျံ့နှံ့သွားလေသည်။
“မင်းရဲ့ ဂိုဏ်းတူညီလေးကို ကျေးဇူးတင်ရမှာပဲ။ သူ့ရဲ့ ချန်ယဲ့ပညာရပ်က ငါ့ကို လှုံ့ဆော်မှု ပေးနိုင်ခဲ့တယ်လေ။ အလင်းတာအိုကို ဒီလိုလည်း သုံးလို့ ရသေးတာပါ့လား။” ဝေ့ယန်ကျစ်က ရယ်မောရင်း အလင်းတာအိုက ဆက်လက်ပျံ့နှံ့သွားစဥ် ချန်ရှင်းဆီ ကျရောက်လာသည်။
ချန်ရှင်း၏ မျက်ဝန်းအထက် အေးစက်စက် အကြည့်တစ်ချက် ဖြတ်ပြေးသွား၏။ သူက မရှောင်ရှားပေ။ ထို့အစား သူက ညာဘက်လက်ကို မြှောက်ကာ လက်ဟန်စည်းတံဆိပ်တစ်ခု ထုတ်ဖော်လိုက်သည်။ ထို့နောက် သူက သစ်သားဓားကို လက်ညှိုးထိုးကာ ရှေ့တိုးသွားခိုင်းလိုက်သည်။
“ဒုတိယပုံစံ” ဤသည်က စကား ၃လုံးမျှသာဖြစ်သော်လည်း ချန်ရှင်း၏ ပါးစပ်မှ ထွက်ပေါ်လာသည်နှင့် သစ်သားဓားက ဒြပ်ထုဆုံးရှုံးသွားသည့်အလား ကြည်လင်လာသည်။
အလင်းရောင်က ထိုကြည်လင်နေသည့် သစ်သားဓားဖြင့် ထိတွေ့မိသည်နှင့် သူတို့ကြားတွင် အဟန့်အတား မရှိလိုက်ပေ။
မျက်စိတစ်မှိတ်အတွင်း ကြည်လင်နေသည့် သစ်သားဓားက အလင်းပင်လယ်ကို ထိုးဖောက်ကာ ဝေ့ယန်ကျစ်ဆီ ဦးတည်သွား၏။ ဝေ့ယန်ကျစ်၏ အလင်းတာအိုက ချန်ရှင်းအနား ရောက်ရှိလာသည့်အခါ သူ့ကို ဖိနှိပ်လိုက်သည်။
ထိုမြင်ကွင်းက အမြန်အဆန် ဖြစ်ပျက်ခဲ့သည့်အတွက် ဝမ်ပေါင်လဲ့နှင့် ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးကပင် ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။ ထိုအခိုက်အတန့်၌ နားကွဲလုမတတ် အသံကျယ်ကြီး ထွက်ပေါ်လာခဲ့၏။ နှစ်ဖက်လုံးမှ ထိတွေ့မိရာ ကြယ်တာရာကောင်းကင်က ပျက်စီးသွားပြီး တွင်းနက်ကြီးသဖွယ် ဖြစ်ပေါ်လာသည်။ သို့သော်လည်း အရာအားလုံးကို ဝါးမျိုပစ်နိုင်သည့် တွင်းနက်ကြီးက သူ့စည်းမျဥ်းဥပဒေသများကို ဆုံးရှုံးသွားဟန်ပေါ်၏။ ထိုအရာက ချန်ရှင်းနှင့် ဝေ့ယန်ကျစ်တို့ကို ဘာမှမလုပ်နိုင်ပေ။
သို့သော်လည်း အလင်းပင်လယ်က ထူးဆန်းလှ၏။ ယခုအခိုက်အတန့်တွင် ချန်ရှင်းက တွန်းလွှတ်ခံလိုက်ရပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်က နောက်ဆုတ်ရုံမှအပ ရွေးချယ်စရာ မရှိပေ။ သူ့ကို အလင်းတန်းက လွှမ်းခြုံသွားတော့မည် ဖြစ်၏။ ကံကောင်းစွာဖြင့် မျက်စိတစ်မှိတ်အတွင်း ချန်ရှင်း၏ ခန္ဓာကိုယ်မှ မရဏ အငွေ့အသက်များ ထွက်ပေါ်လာကာ အလင်းပင်လယ်ကို ခုခံပေးထား၏။ ဆက်တိုက်ဖိနှိပ်ခြင်းနှင့် တွန်းကန်ခြင်းအောက်တွင် ချန်ရှင်း၏ ပုံရိပ်က ရပ်တန့်သွားခဲ့သည်။ သူက နောက်ဆုတ်နေခြင်း မရှိတော့ရုံသာမက ရှေ့ဆက်တိုးသွားလိုက်၏။
သူက အလင်းပင်လယ်ကို တိုက်ရိုက် ဖြတ်သန်းသွားလိုက်သည်။ သူ့ခန္ဓာကိုယ်ရှိ မရဏ အငွေ့အသက်ကို သုံးကာ ခုခံနေပြီး အလင်းပင်လယ်ဆီ တိုးဝင်သွားသည်။ သူ့အရှိန်က မြန်ဆန်လွန်းသည့်အတွက် သစ်သားဓား၏ အရှိန်ထက်ပင် ကျော်လွန်နေ၏။ မျက်စိတစ်မှိတ်အတွင်း သူက ဝေ့ယန်ကျစ်နှင့် အနီးဆုံးနေရာသို့ ရောက်ရှိနေသည့် သစ်သားဓားကို ဆွဲကိုင်လိုက်သည်။ သူက ဝေ့ယန်ကျစ်၏ ဦးခေါင်းဆီ ပြေးသွားလိုက်၏။ သူ့အမြန်နှုန်းက ယခင်ကထက်ပင် ပိုမိုမြန်ဆန်နေသည်။
ဤမြင်ကွင်းက ရုတ်ချည်း ဆန်လွန်းလှသည်။ အလင်းပင်လယ်အောက်တွင် မတောင့်ခံနိုင်တော့ဟန်ပေါ်သည့် ချန်ရှင်းက အခြေအနေကို ရုတ်တရက် ပြောင်းလဲပစ်လိမ့်ဟု တွက်ဆထားဖို့ ခက်ခဲလှသည်။ တကယ်တော့ သူ့အရှိန်က မြန်ဆန်လွန်းသည့်အတွက် ဝေ့ယန်ကျစ်ပင် အံ့အားသင့်သွားရ၏။
“သူက သူ့အင်အားကို ဖုံးကွယ်ထားတာပဲ” ထိုအတွေးက စိတ်ထဲပေါ်ထွက်လာသည်။
လက်ထဲတွင် သစ်သားဓား ကိုင်ဆွဲထားသည့် ချန်ရှင်းက အနီးကပ် ရောက်ရှိလာသည်။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ ဝေ့ယန်ကျစ်၏ ဦးခေါင်းကို ခုတ်ချလိုက်၏။ သစ်သားဓားက ကြည်လင်နေဆဲဖြစ်ကာ ထိုအရာမှ ပေါက်ထွက်မလာခင် ဖိနှိပ်ထားသည့် အငွေ့အသက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ကြည်လင်နေသည့် အခြေအနေက သစ်သားဓား၏ ပြီးပြည့်စုံသည့် ဒုတိယပုံစံ မဟုတ်ကြောင်း သိသာလှသည်။ ချန်ရှင်းက သူ့အင်အားကို တမင်ဖုံးကွယ်ထားခဲ့ပြီး သစ်သားဓားကလည်း သူ့ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။
ထိုစဥ် သူ့စွမ်းအားအပြည့်အောက်တွင် ကြယ်တာရာကောင်းကင်ကြီးက ဖြတ်ခနဲ တောက်ပသွားကာ ဓားအလင်းက ကောင်းကင်အထက် မြင့်မားလာသည်။ ချန်ရှင်း၏ ပုံရိပ်က ဝေ့ယန်ကျစ်ကို ဖြတ်သန်းသွားစဉ် ထိုသူ့လည်ပင်းမှ သွေးများ ဖြာကျလာ၏။ သူ့ဦးခေါင်းက လေထဲ လွင့်စင်သွားခဲ့သည်။
ဤသည်က အဆုံးသတ် မဟုတ်သေးပေ။ ဝေ့ယန်ကျစ်ကို ကျော်လွန်လာပြီးနောက် ချန်ရှင်းက ချက်ချင်း လှည့်မကြည့်သေးပေ။ ထိုအစား သူက လက်ထဲမှ သစ်သားဓားကို ကိုင်ကာ ဓားထောင်ချီအဖြစ် ပစ်လွှတ်လိုက်သည်။ ဓားတစ်ချောင်းချင်းစီက တုန်လှုပ်ဖွယ်စွမ်းအားမျိုး ထုတ်လွှင့်လာပြီး ဝေ့ယန်ကျစ်အပေါ် ကျရောက်လာ၏။
သို့သော်လည်း ဓားထောင်ချီက သူတို့ရှိသင့်သည့် စွမ်းအားမျိုး မပြသခဲ့ပေ။ အကြောင်းအရင်းကမူ အာကာပြင်အလွှာများစွာ ကျရောက်လာပြီး ထိုအာကာပြင်အလွှာများကို ဖွဲ့စည်းပေးသည့်အရာက ဝေ့ယန်ကျစ်၏ ဘယ်ဘက်လက် ဖြစ်၏။ သူ့ဘယ်ဘက်လက်က အာကာပြင်အရင်းအမြစ် ဖြစ်နေဟန်ပေါ်သည်။
ထိုသို့ဆိုလျှင်ပင် ချန်ရှင်း အချိန်တော်ကြာ ပြင်ဆင်ထားခဲ့ရသည့် သတ်ဖြတ်ရေးတိုက်ကွက်က အလွယ်တကူ ဖြေရှင်းနိုင်သည့် အရာမျိုး မဟုတ်ပေ။ ဝေ့ယန်ကျစ် ဖွဲ့စည်းထားသည့် အာကာပြင်အလွှာထောင်ချီက ရုတ်ချည်းပြိုလဲသွားပြီး သူ့ဘယ်ဘက်လက်ပင် ဖျက်ဆီးခံလိုက်ရသည်။
သူက ချန်ရှင်း၏ သတ်ဖြတ်ရေးတိုက်ကွက်ကို ဖြေရှင်းဖို့ တန်ကြေးတစ်ခု ပေးခဲ့ရ၏။ တစ်ချိန်တည်းဆိုသလို ဝေ့ယန်ကျစ်၏ ခန္ဓာကိုယ်က နောက်လှန်ကျသွားသည်။ ဦးခေါင်း ဆုံးရှုံးသွားသည့် နေရာ၌ နောက်ထပ်ဦးခေါင်းတစ်ခု ပေါ်ထွက်လာပြီး အနက်ရောင် အငွေ့အသက်များ ရုတ်ချည်း ထွက်ပေါ်လာသည်။ တစ်ချိန်တည်းဆိုသလို ဘယ်ဘက်လက်ကလည်း ပြန်လည်ပေါက်ရောက်လာ၏။
ဤတစ်ကြိမ် သူ့ဘယ်ဘက်လက် ပေါ်ထွက်လာသည့်အခါ လျှပ်စီးများဖြင့် ဝန်းရံထားပြီး အရှိန်အဝါက ပိုမိုအားကောင်းလာသည်။ သို့သော်လည်း ဒုတိယဦးခေါင်းနှင့် ယှဥ်လိုက်လျှင် သိပ်မသိသာလှပေ။
ဒုတိယဦးခေါင်း ပေါ်ထွက်လာသည်နှင့် လေဟာနယ်က တုန်ခါသွားကာ ကြယ်တာရာကောင်းကင်ကြီးကလည်း လှုပ်ခတ်သွားခဲ့သည်။ ထိုနေရာမှ မဖော်ပြနိုင်လောက်ဖွယ် ဆိုးယုတ်သည့် အငွေ့အသက်မျိုး ချက်ချင်းထွက်ပေါ်လာ၏။ ဤသည်က နတ်ဆိုးချီကဲ့သို့ ဖြစ်ကာ မိစ္ဆာလမ်းစဥ်လိုမျိုး ဖြစ်၏။ ဤသည်က ယခင်အလင်းရောင်နှင့် ကွဲပြားနေပြီး ပိုမိုအားကောင်းသည်။
ဝေ့ယန်ကျစ်၏ အရှိန်အဝါက ဒုတိယဦးခေါင်း ပေါ်ထွက်လာမှုနှင့်အတူ ပြောင်းလဲသွား၏။ သူ့ဆံပင်များက လေနှင့်အတူ မျောလွင့်နေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ဆိုးယုတ်မှုတို့ကို ထုတ်လွှင့်နေ၏။ သူက ထိုနေရာတွင် ရပ်ရင်း သူ့ခန္ဓာကိုယ်မှ ထုတ်လွှင့်နေသည့် အနက်ရောင် အငွေ့အသက်များက အရာအားလုံးကို တိုက်စားပစ်နိုင်စွမ်းရှိဟန်ပေါ်သည်။
“စိတ်ဝင်စားစရာပဲ” ဝေ့ယန်ကျစ်က ခေါင်းယမ်းလိုက်သည်။ သူ့မျက်နှာအထက် ခက်ထန်သည့် အပြုံးမျိုး ပေါ်ထွက်လာ၏။ သူက အမူအရာမှုန်မှိုင်းနေသည့် ချန်ရှင်းကို ကြည့်လိုက်သည်။ ချန်ရှင်းက ဝေ့ယန်ကျစ်၏ တာအိုကို ထိုးဖောက်မြင်လိုက်ရ၏။
လက်တွေ့တွင် ဝမ်ပေါင်လဲ့နှင့် ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးတို့ကလည်း ဝေ့ယန်ကျစ်၏ တာအိုကို ထိုးဖောက်မြင်လိုက်ရသည်။
ဝေ့ယန်ကျစ်က ခေါင်း ၃လုံးနှင့် လက် ၆ဖက် ရှိထား၏။ ခေါင်းတစ်လုံးချင်းစီက မဟာတာအို ပိုင်ဆိုင်ထားသလို လက်တစ်ဖက်ချင်းစီကလည်း တာအိုတစ်ခုချင်းစီ ပိုင်ဆိုင်ထားလေသည်။ အဖြတ်ခံလိုက်ရသည့် ဦးခေါင်းတွင် အလင်းတာအို ပါဝင်ပြီး ဒုတိယဦးခေါင်းတွင် မိစ္ဆာတာအိုဘက် ယိမ်းယိုင်ကာ အမှောင်တာအို ပါဝင်နေသည်။
သူ့လက်အတွက်မူ ချန်ရှင်း ဖြတ်တောက်လိုက်သည့် လက်နှစ်ဖက်၌ တစ်ခုက ခွန်အားတာအိုဖြစ်ကာ တစ်ခုက အာကာပြင်တာအို ဖြစ်၏။ အသစ်ပေါက်လာသည့် လက်က လျှပ်စီးများဖြင့် ဝန်းရံထားသည့်အတွက် လျှပ်စီးတာအိုဖြစ်ကြောင်း ပြောနိုင်လေသည်။
ဤသည်က အရံမျှသာ ဖြစ်၏။ ပို၍အရေးကြီးသည်က ဝေ့ယန်ကျစ် ဦးခေါင်း သို့မဟုတ် လက်တစ်ဖက် ဆုံးရှုံးသွားသည့်အချိန်တိုင်း သူ့ကျင့်ကြံဆင့်က ပိုမိုမြင့်မားလာဟန်ပေါ်သည်။ သူက ပိုမို အားကောင်းလာ၏။ အကယ်၍ ဤသို့သာ ဆက်ဖြစ်နေပါက သူ့ကို မနှိမ်နင်းနိုင်တော့သည့် အနေအထားက ပိုမိုတိုးပွားသွားလိမ့်မည်။
ဝမ်ပေါင်လဲ့က တိတ်ဆိတ်နေ၏။ သူ့ခန္ဓာကိုယ်က လှုပ်ခတ်သွားပြီး ရှေ့တိုးလာကာ ဝိညာဥ်ခုနှစ်ပါးတာအိုဂိုဏ်း ခေါင်းဆောင်ကြီးကလည်း အံကြိတ်ကာ ရှေ့တိုးလာခဲ့သည်။ သူတို့က ဝင်ရောက်ဆင်နွှဲဖို့ ရည်ရွယ်ချက် မရှိခဲ့သော်လည်း ယခု သူတို့ ကြည့်နေရင်းဖြင့် အကူအညီများစွာ ဖြစ်မည် မဟုတ်လျှင်ပင် ဆက်လက်ကြည့်မနေနိုင်တော့ပေ။
“တိုက်ပွဲပဲ စောင့်ကြည့်နေ” သူတို့နှစ်ဦး ရှေ့တိုးလာသည်နှင့် ချန်ရှင်းက ရုတ်တရက် ပြောလိုက်သည်။ သူ့မျက်ဝန်းအထက် အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွား၏။ သူက ဝေ့ယန်ကျစ်ကို ကြည့်ကာ ညာဘက်လက်ကို မြှောက်ပြီး ပြောလိုက်သည်။
“တတိယပုံစံ”