ပူးပေါင်းခြင်း။
Vol. 15 Ch. 216
သတ်လိုက်သည်။
ယဲ့ချိုးပိုင်က အမှန်ပင် မုရုန်မုန့်ကို သတ်လိုက်လေသည်။
မုရုန်မိသားစု၏ အကြီးဆုံးသား။
တုံ့ဆိုင်းခြင်းလုံးဝမရှိပေ။
သူက အရေးးမပါသည့်အရာတခုကို လုပ်လိုက်သလို သူအမူအရာက တည်ငြိမ်နေပေသည်။
မုရုန်ယီ အမူအရာက ပို၍ပင် အကျည်းတန်သွားခဲ့သည်။
ထိုအခိုက်တွင် မိစ္ဆာစွမ်းအင်များက မဟူရာ၏မျက်လုံးမှ ထွက်ပေါ်လာပြီး မုရုန်ယီ၏ ရင်တကို ထိုးချလိုက်သည်။
ဇစ်။
ချက်ချင်းပင် မုရုန်ယီ၏ သွေးကြောများက ပျက်ဆီးသွားလေသည်။
သူ့မျက်လုံးက စတင်၍ ဝေဝါးလာသည်။
သူက ဤနေရာတွင် သေဆုံးရလိမ့်မည်ဟု ဘယ်သောအခါမှ ထင်မထားခဲ့ပင်။
သူက အငယ်တစ်ဦး၏လက်ထဲတွင်ပင် သေဆုံးခဲ့ရသေးသည်။
လူတိုင်းက ထိုမြင်ကွင်းကို မြင်သော် သူတို့၏ မျက်လုံးများထဲတွင် အကြောက်တရာများနှင့် ပြည့်နက်သွားတော့သည်။
မဟူရာက အာကာသနတ်ဘုရာနယ်ပယ်ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်ခဲ့သည်။
ထို့ပြင် တဖက်လူက ရန်သူကို လုံးဝ ညှာတာခြင်းမရှိပေ။
မုရုန်ယီကိုတိုက်ခိုက်နေသော ရှောင်ဟေးက ထွက်ပြေးလွတ်မြောက်လာသော သားရဲကောင်လိုပင်။
ကြမ်းတမ်းကာ အညှာတာမဲ့လေသည်။
အလွန်ရဲရင့်၏။
လက်သီးချက်တိုင်းက အလွန်ကြမ်းတမ်းကာ သေသပ်လှပသည်။
သူက တချိန်လုံးမုရုန်ယီကို ဖိနှိပ်ထားသည်။
ရှောင်ဟေး၏ အင်အားက အာကာသနတ်ဘုရားနယ်ပယ်စဦးအဆင့်ထက် အတန်ငယ်ပိုအစွမ်းထက်သည်။
မုရုန်ယီက အစီအရင်တွင် ကောင်းမွန်သော်လည်း အနီးကပ်တိုက်ခိုက်ခြင်းတွင် အခြားသူများလောက်မကောင်းပေ။
သို့သော်လည်း မုရုန်ယီအနားသို့ ကပ်ရန်မည်မျှခက်ခဲသနည်း။
သူ့အစီအရင်က အလွန်အစွမ်းထက်ကာ ထူးဆန်းလွန်းသည်။
သို့သော်လည်း ရှောင်ဟေးက လက်သီးတစ်ချက်ဖြင့် အစီအရင်ကို ကျိုးပြတ်အောင်လုပ်နိုင်သည်။
ရှောင်ဟေး၏ ခန္ဓာကိုယ်က အလွန်အစွမ်းထက်သည်ဟုဆိုနိုင်လေသည်။
ခေါင်းဆောင်ယန်နှင့်အခြားသူများကလည်း ထိုမြင်ကွင်းကို မြင်လိုက်ရသည်။
သူတို့က သက်ပြင်ချမိလိုက်ကြသည်။
စံအိမ်တော်ရှိတပည့်များအားလုံးက မကောင်းဆိုးဝါးပင်။
ရှောင်ဟေးသည်သာ အပြင်လောက မသိရှိသေးသော တစ်ဦးတည်းသော သူဖြစ်သည်။
အခြားသူများ လှစ်လျှုရှုထားသော သူတစ်ဦးဖြစ်လေသည်။
သို့သော်လည်း အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူကို ဖိနှိပ်ထားနိုင်သည်။
တဖက်လူ လက်တုံ့ပြန်နိုင်ချိန်ပင်မရှိဘဲ သေသည်အထိ ဖိနှိပ်နိုင်သည်။
အခြားသူများအတွက်မူ။
ယဲ့ချိုးပိုင်က အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူကို တိုက်ခိုက်နိုင်သည့် အင်အားမျိုးရှိလေသည်။
ကျောင်းတော်သား နင်းချန်ရှင်းက ရော။
တိမ်လွှာဖီးနစ်ဧကရီဟုန်ရင်ကရော။
သူတို့က မည်သည့်အဆင့်ကိုရောက်နေသည်လဲ။
လင်းရုဖုန်းက တွေးပင်မတွေးရဲပေ။
သို့သော်လည်း တဖက်အဖွဲ့က အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူကို ရင်ဆိုင်နိုင်မည်မှာ အသေချာပင်။
တစ်နည်းဆိုရသော် စံအိမ်တော်တွင် တပည့်ငါးယောက်သာရှိသည်။
တပည့်လေးဦးက အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများကို ယှဉ်နိုင်နေပြီဖြစ်သည်။
ထပ်ပေါင်းဆိုရလျှင် အာကာသနတ်ဘုရားနယ်ပယ်ကျင့်ကြံသူကို လက်တစ်ဖက်တည်းဖြင့် ဖယ်ရှာပြစ်နိုင်သော ဆန်းကြယ်သည့် ဆရာသခင်တစ်ဦးလဲရှိနေသေးသည်။
ကုန်းမြေတိုက်ကြီးတွင် အသန်မာဆုံးသော အဖွဲ့အစည်းဟုပြောဆိုလျှင် လွန်မည်မဟုတ်ပေ။
ပေ့ဖုန်းနှင့် လူအိုကြီးနောက်ရှိ ချန်းယွမ်နယ်ပယ်ကျင့်ကြံသူများမှာ ထိတ်လန့်သွားကြသည်။
ပေ့ဖုန်းနှင့် ဗုဒ္ဓဂိုဏ်းတော်မှ လူအိုကြီးက ပို၍အလေးအနက်ဖြစ်သွားကြသည်။
တဖက်အဖွဲ့၏ အင်အားက သူတို့မျှော်မှန်းထားသည်ထက် သိသိသာသာကျော်လွန်သွားခဲ့သည်။
မုရုန်ယီ၏ ခွန်အားက ဗုဒ္ဓဂိုဏ်းရှိလူအိုကြီးနှင့် မတိမ်းမယိမ်းပင်။
အမှန်တော့ သူအစီအရင်အခင်းအကျင်းများကို အပြည့်အဝထုတ်သုံးလိုက်ပါက ဗုဒ္ဓဂိုဏ်းတော်၏ လူအိုကြီးထက်ပင် ပို၍အစွမ်းထက်လိမ့်မည်။
ရှောင်ဟေးက မုရုန်ယီကို အခွင့်ရေးမပေးကာ အာကာသနတ်ဘုရားစဦးနယ်ပယ်ကျွမ်းကျင်သူ မုရုန်ယီကို ကြမ်းကြမ်းတမ်းတမ်းပင် သတ်ဖြတ်ခဲ့သည်။
ဗုဒ္ဓဂိုဏ်းတော်မှလူအိုကြီးပင် ထိုသို့ မလုပ်နိုင်ပေ။
ပေ့ယွမ်မြို့အရှင် ပေ့ဖုန်းက စံအိမ်တော်ရှိလူလေးဦးကို နက်နက်ရှိုင်းရှိုင်းကြည့်လိုက်သည်။
တဖက်လူ၏ ခွန်အားကို ကြားခဲ့ဖူးသော်လည်း သူမျှော်လင့်ထားတာထက် ကျော်လွန်နေပြီဖြစ်သည်။
ထိုသို့သော် အင်အားစုမျိုးကို အမှန်ပင် ဖိနှိပ်နိုင်မည်လား။
သို့သော်လည်း လျို့ဝှက်ဆန်းကြယ်သောလူနှင့် ယခင်က ပြုလုပ်ခဲ့သော ကတိကို ပြန်အမှတ်ရသွားသည်။
မက်လုံးပေးမှု့က အတော်ပင် ကောင်းမွန်၏။ ပေ့ဖုန်းက ရွှေးချယ်စရာမရှိဘဲ လက်ခံခဲ့၏။
ထိုသို့တွေးမိပြီး ပေ့ဖုန်းက လူအိုကြီးနှင့် သူ့နောက်ကလူများကို ပြောလိုက်သည်။ “ကောင်းပြီ၊ ရှေ့ဆက်ကြမယ်”
ထိုအဖွဲ့က ထွက်ခွာသွားသည်။
ယဲ့ချိုးပိုင်နှင့် အခြားလူများက မတားဆီးပေ။
အခုချိန်က အငြင်းအခုန်လုပ်ရမည့်အချိန်မဟုတ်ပေ။
ထို့နောက် သူက ရှောင်ဟေးကို လှမ်းကြည့်လိုက်သည်။
ရှောင်ဟေး၏ ကိုယ်ခန္ဓာက အလွန်ထူးခြားသည်။ သူတိုက်ခိုက်လိုက်တိုင်း ပူးကပ်သလိုဖြစ်သွားပြီး အသိစိတ်ကင်းမဲ့သွားသလိုဖြစ်သွားသည်။
သို့သော်လည်း အခုချိန်တွင် သူက အသိစိတ်မလွတ်သွားပေ။
သူအသိစိတ်လွတ်မသွားရသည့်အကြောင်းမှာ သူမိစ္ဆာမဖြစ်ခင်လေးတွင် သူ့ရင်ဘက်ရှိ မိုးမခရွက်က မိစ္ဆာချီများကို ဖိနှိပ်ထားသောကြောင့်ဖြစ်သည်။
ထိုမိုးမခရွက်က သူထွက်မခွာသွားခင် မိုးမခပင်မှ ပေးလိုက်ခြင်းဖြစ်သည်။
သူက ရှောင်ဟေးကို အမြဲတမ်းဝတ်ဆင်ထားရန်ပြောခဲ့သည်။
သို့သော်လည်း မျဉ်းကြောင်းအသေးလေးတစ်ခုက ရှောင်ဟေး၏ လက်သီးတွင် ဖြေးညှင်းစွာ ပေါ်လာ၏။
၎င်းက အဆင့်သုံး ထာဝရမိစ္ဆာခန္ဓာကိုယ်ဖြစ်၏။
တတိယမြောက်မျဉ်းကြောင်းက ရေခဲနှင့် မီးကဲ့သို့မဟုတ်၊ လုံးဝခြားနားလေသည်။
ထိုမျဉ်းကြောင်းလေးတွင် သတ်ဖြတ်ခြင်းအရှိုန်ဝါများ စီးဆင်းနေသည်။
သို့သော်လည်း ၎င်းက မလုံလောက်ပေ။
ထိုမျဉ်းကြောင်းများ ရှောင်ဟေး၏ တစ်ကိုယ်လုံးဖုံးအုပ်သွားမှသာ ထာဝရမိစ္ဆာခန္ဓာကိုယ် အဆင့်သုံးကို ကျင့်ကြံနိုင်မည်ဖြစ်သည်။
“သွားရအောင်”
လူစုက ဆက်လက်ထွက်ခွာကြသည်။
သူတို့က ကြိုတင်သတ်မှတ်ထားသောလမ်းကြောင်းမှ ခရီးဆက်ကြပြီး ရေခဲမြစ်များကို ကျော်ဖြတ်ခဲ့ကြသည်။
အဆုံးသတ်တွင် သူတို့က ရေခဲပြင်များဆီသို့ ပြန်ရောက်လာခဲ့သည်။
အပူချိန်က တဖန်ပြန်လည် ကျဆင်းသွားသည်။
သို့သော်လည်း ရေခဲဓားသွားများပါဝင်သော လေကြမ်းများကမူ မရှိတော့ပေ။
လေကြမ်းများမရှိသော်လည်း အေးစက်သော အပူချိန်က လူတိုင်း၏ စိတ်ဝိဉာည်ချီအကာအကွယ်ကို ဖြတ်သန်းဝင်ရောက်လာပြီး လူတိုင်းကို ဓားသေးသေးများနှင့် ထိုးစိုက်ခံနေရသလို ခံစားနေစေရသည်။
တစ်ချိန်တည်းမှာပင် မှော်သားရဲများ၏ အူသံ ဟိန်းသံများကို နေရာတိုင်းကြားနေရသည်။
ထိုမှော်သားရဲများ၏ အရှိုန်ဝါက အာကာသနတ်ဘုရားနယ်ပယ်တွင်ရှိနေကြောင်း လူတိုင်းက အာရုံခံမိနေသည်။
ထိုသားရဲများက အလွန်များပြားလွန်၏။
ထိုနေရာက မြောက်ပိုင်းရေခဲပြင်များ၏ အနက်ပိုင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ခေါင်းဆောင်ယန်၏ မျက်လုံးများက နိုးနိုးကြားကြားရှိနေသည်။ သူ့အရှိုန်အဝါကို အပြည့်အဝထုတ်လွတ်ထားပြီး သူ၏ဘေးပတ်ဝန်းကျင်ကို အာရုံစိုက်ထား၏။
“အားလုံးဘဲ သတိထားကြ။ ဒီမြောက်ပိုင်ရေခဲပြင်အနက်ပိုင်းမှာ မှော်သားရဲအများအပြားရှိတက်တယ်။ သူတို့အားလုံးက အာကာသနတ်ဘုရာနယ်ပယ်တွေဘဲ”
“အကယ်၍ အဝိုင်းခံထားရရင် အခြေအနေကောင်းမှာ မဟုတ်ဘူး”
အားလုံးက ခေါင်းညိမ့်ကာ သတိအနေထားပြင်ထာလိုက်သည်။ သူတို့က ဂရုတစိုက်ဖြင့် ရှေ့ဆက်တိုးသွားကြသည်။
အာကာသနတ်ဘုရားနယ်ပယ်မှော်သားရဲတစ်ကောင်နှစ်ကောင်သာဆို အရေးမဟုတ်။
သို့သော်လည်း တိုက်ပွဲက ကျိုးပျက်သွားပြီး မှော်သားရဲများဝိုင်းထားပါက မည်သို့ဖြစ်သွားမည်ကို အားလုံးက သတိထားနေရသည်။
ထိုအချိန်တွင် ဆုံးရှုံးမှု့က သေချာပေါက်ရှိမည်ပင်။
အခြေအနေက မှော်သားရဲများ၏ ဝန်းရံသတ်ဖြတ်ခြင်းကို ခံလိုက်ကြရမည်ဖြစ်၏။
လူစုက နက်သထက်နက်သည်အထိ ဝင်ရောက်လာကြသည်။
စိတ်ဝိဉာည်ချီမုန်တိုင်းက ပို၍ပင် ကြမ်းတမ်းလာသည်။
စိတ်ဝိဉာည်စွမ်းအားများကလည်း ပို၍ ထူထပ်လာသည်။
၎င်းကြောင့် လူအုပ်ကြီးက ခြေလှမ်းများကို နှေးချလိုက်ရသည်။
သူတို့က ဖြေးဖြေးချင်း လျှောက်ကာ ဘေးပတ်လည်ကို သတိချပ်၍ ကြည့်ရှုနေကြသည်။
နောက်ဆုံးတော့ သူတို့က ရပ်တန့်လိုက်သည်.
သူတို့ရောက်လိုသည့်နေရာတော့မဟုတ်ပေ။
သူတို့က ရှေ့ဆက်၍ မသွားနိုင်တော့ချေ။
ရှေ့တွင် စိတ်ဝိဉာည်ချီမုန်တိုင်းကြီးတစ်ခုက စောင့်ကြိုနေလေသည်။
တစ်လောကလုံးရှိ စိတ်ဝိဉာည်ချီများကို ခမ်းခြောက်ကာ ဤနေရာတွင်စုဝေးပြီး စိတ်ဝိဉာည်ချီဓားသွားများဖြစ်လာခြင်းပင်။
စိတ်ဝိဉာည်ချီဓားသွားများက သူတို့ရှေ့ရှိ စိတ်ဉာည်ချီမုန်တိုင်းများ အဖြစ်ပြောင်းလဲသွားသည်။
ကွေ့ပတ်သွား၍တော့ မဖြစ်နိုင်ပေ။
သူတို့လိုချင်သည့်အရာက ထိုစိတ်ဝိဉာည်ချီမုန်တိုင်းအလယ်တွင်ရှိနေသည်ကို အာရုံခံမိလိုက်သောကြောင့်ပင်။
သိပ်မကြာခင်တွင် ပေ့ဖုန်းနှင့် ဗုဒ္ဓဂိုဏ်းရှိ လူအိုကြီးတို့က ရောက်ရှိလာ၏။
စိတ်ဝိဉာည်ချီမုန်တိုင်းကိုမြင်သော် သူတို့၏အမူအရာက အလေးအနက်ဖြစ်သွားကာ ရှေ့ဆက်မတိုးတော့ပေ။
သူတို့က အလောတကြီးဝင်ရောက်သွားပါက အာကာသနတ်ဘုရာနယ်ပယ်ကျွမ်းကျင်သူပင် နုတ်နုတ်စင်းပြီးသားဖြစ်သွားလိမ့်မည်။
ပေ့ဖုန်းက ပြုံးကာ ပြောသည်။ “ကျုပ်တို့ ပူးပေါင်းမှဘဲရတော့မယ်ထင်တယ်”
ပူးပေါင်းမယ်။
သူတို့ ဘယ်လိုလုပ်ပူးပေါင်း၍ ရမည်နည်း။
အားလုံးတွင် ကွယ်ဝှက်ထားသော ရည်ရွယ်ချက်ကိုယ်စီရှိကာ အထဲရှိ ပစ္စည်းကို လိုချင်နေကြသည်။
သူတို့က တခြားသူများ၏လက်ထဲတွင် အလွယ်တကူ နောက်ကျောပေးနေနိုင်မည်လား။
အားလုံးက စောင့်ဆိုင်းနေကြသည်။
တစ်ရက်က ဖြေညှင်းစွာ ကုန်ဆုံးသွားသည်။
စိတ်ဝိဉာည်ချီမုန်တိုင်းက ဆက်တိုက်တိုက်ခတ်နေသည်။
နောက်ဆုံးတော့ အခြားဂိုဏ်းများလဲ ရောက်လာ၏။
ပေ့ဖုန်းက ပြုံးကာပြောသည်။ “ပူပေါင်းရအောင်၊ ကျုပ်တို့ကိုယ်ပိုင်စွမ်းရည်တွေနဲ့ဆို ပစ္စည်တွေကို ရယူနိုင်လိမ့်မယ်၊ မဟုတ်ရင် ဒီအတိုင်း အိမ်ပြန်ရလိမ့်မယ်”
“လူတိုင်းကတော့ လက်ဗလာနဲ့ ဘယ်အိမ်ပြန်ချင်ကြမလဲနော်”
လူတိုင်းက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ နောက်ဆုံးတော့ ပေ့ဖုန်း၏ အကြံပေးချက်ကို လက်ခံလိုက်တော့သည်။
အခြားနည်းလမ်းလည်းမရှိပေ။