တိုက်ပွဲစတင်ပြီ။
Vol. 15 Ch. 224
ထိုမြင်ကွင်းကိုကြည့်ပြီးနောက်ပေ့ဖုန်းက ပြုံးလျှက်ပြောသည်။ "ကြည့်ရတာ အားလုံးက ဆုံးဖြတ်ပြီးပြီထင်တယ်"
အဖွဲ့အစည်းအများစုက သူတို့ဘေးသို့ လျှောက်သွားကြသည်။
ထိုသူတို့ထဲတွင် အရှေ့ဝင်ရိုးစွန်းဂိုဏ်း၏ ရန်တုံရှမ်းလဲပါသည်။
အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ နှစ်ဦးတော့ ကျန်နေသေးသည်။
ထိုသူများက အလယ်ပိုင်းဒေသရှိ မရဏမြစ်ဂိုဏ်းနှင့် အနောက်ပိုင်းဒေသရှိ ဟောမိသားစုပင်။
ထိုအချိန်တွင် ပေ့ဖုန်းဘေး၌ အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူခြောက်ဦးထိရှိနေလေပြီ။
ထို့ပြင် ချန်းယွမ်နယ်ပယ်က လူအနည်းငယ်လည်းရှိနေသည်။
မုရုန်မိသားစု၏ခေါင်းဆောင်က သေဆုံးသွားခဲ့သော်လည်း အခြားသော မုရုန်မိသားစု၏စွမ်းအားကြီးပုဂ္ဂိုလ်များက ပေ့ဖုန်း၏ ဘေးတွင်ရပ်နေ၏။
ထိုအင်အားက ကြောက်မက်ဖွယ်ရာပင်။
အခြားသောဂိုဏ်းများက စောင့်ကြည့်ရန်ရွေးချယ်ခဲ့သည်။
မည်သို့ဆိုစေကာမူ ဘက်ရွေးချယ်ခြင်းက ဂိုဏ်းတစ်ခုလုံး၏အနာဂတ်နှင့် သက်ဆိုင်နေလေသည်။
သူတို့ရှုံးနိမ့်ခဲ့ပါက အရာအားလုံးဆုံးရှုံးသွားရလိမ့်မည်။
ခေါင်းဆောင်ယန်က ၎င်းကိုမြင်သောအခါ သူ့အမူအရာက နက်မှောင်သွားသည်။ သူက ပြုံး၍ ပြောသည်။ "မြို့အရှင်ပေ့ဖုန်း၊ ကောင်းလိုက်တဲ့အစီအစဥ်ဗျာ"
ပေ့ဖုန်းက ပြုံးကာ လက်ခါရမ်း၍ "ကျောင်းအုပ်ယန်ကလဲ ဘာလို့ဒီလိုပြောရတာလဲ။ ဒါက အားလုံး မျှော်လင့်ထားတာလေးပါဘဲ"
"စံအိမ်တော်က အခုထွက်သွားလိုက်ရော ဘယ်လိုလဲ"
"ဒီလိုမျိုးမှဘဲ တိုက်ပွဲမှာ သေကြေကြမှာကိုရှောင်နိုင်လိမ့်မယ်"
နောက်ဆုံးပြောစကားက ခြိမ်းခြောက်နေသည်မှာ အသိသာကြီးပင်။
ယဲ့ချိုးပိုင်က မလှုပ်ပေ။
ခြိမ်းခြောက်တာလား။
ခြိမ်းခြောက်တာကို အရင်တုန်းကလဲ မခံခဲ့ရဖူးတာကြနေတာဘဲ။
သူတို့ကို ခြိမ်းခြောက်ခဲ့တဲ့သူတိုင်းက သေကုန်ကြပြီ။
ယဲ့ချိုးပိုင်က ပြုံးကာ ပြောသည်။ "လူတိုင်းက တနေ့သေရမှာဘဲလေ။ ဒါပေမဲ့ ဘဝမှာ ကြောက်နေရင်တော့ မတိုက်နဲ့လေ။ ဘာလို့ တာအိုကိုကျင့်ကြံပြီး အသက်ရှည်မှု့နောက်လိုက်နေကြမှာလဲ"
"အဲ့တာက..."
ထိုအခိုက် ယဲ့ချိုးပိုင်၏ မျက်လုံးက အလွန်အမင်းအေးစက်စက်နိုင်နေကာ ခန္ဓာကိုယ်မှဓားချီများထိုးထွက်လာ၏။
ဓားဂိုဏ်း၏ ဓားချီက ကောင်းကင်ထက်သို့ထိုးတက်သွားကာ လေထုထဲတွင် စက်ဝိုင်းသဏ္ဍန်လှည့်ပတ်နေသည်။
၎င်းက ကြောက်မက်ဖွယ်ရာပင်။
"ကျုပ်တို့ကို ခြိမ်းခြောက်ခဲ့တဲ့ အဖွဲ့အစည်းတွေအားလုံး ပျက်စီးသွားပြီ။ မြို့အရှင်ပေ့ဖုန်းနဲ့အားလုံးဘဲ ခင်ဗျားတို့တတွေက တကယ်မကြောက်တာလား"
တောင်ပိုင်းဒေသရှိ မင်းဆက်များနှင့် မြောက်ပိုင်းဒေသရှိ လော့ယီမင်းဆက်တို့က ယဲ့ချိုးပိုင်ကို ဆန့်ကျင်ခဲ့ကြသည်။
သို့သော်လည်း သူတို့အားလုံးက အသက်ရှည်ရှည်မနေခဲ့ရပေ။
ပေ့ဖုန်းအမူအရာက နက်မှောင်သွားသည်။
ရန်တုံရှမ်းက ဒေါသတကြီး ထရယ်၏။ "ကြောက်ရမယ်။ မင်းက အခု ငါတို့နဲ့ယှဥ်နိုင်ပြီလား"
လက်ရှိ ခေါင်းဆောင်ယန်နှင့် လင်းရုဖုန်းတို့ကသာ အာကာသနတ်ဘုရားနယ်ပယ်ဖြစ်၏။
ဘုန်းကြီးအိုကြီးက လက်အုပ်ချီကာ ပြောလိုက်သည်။ "ဒကာလေးယဲ့၊ လိုက်လျှောညီထွေနေတာက အကောင်းဆုံးပါဘဲ။ မဟုတ်ရင် တိုက်ပွဲဖြစ်ကာမှ နောင်တရဖို့ နောက်ကျသွားပါလိမ့်မယ်"
ယဲ့ချိုးပိုင်က တစ်ခုခုပြောရန်ပြင်လိုက်စဥ် လှံတစ်ချောင်းကိုကိုင်ထားသော အနီရောင်ဝတ် မိန်းကလေးတစ်ဦးက ရှေ့ထွက်လာ၏။ သူမ၏မျက်လုံးထဲတွင် သူရဲကောင်းစိတ်ဝိဉာည်များဖြင့်ပြည့်နက်နေသည်။
သူမက ကမ္ဘာလောကကြီးက အပေါ်စီးမှကြည့်နေသော ခံစားချက်မျိုးကိုပေးစွမ်းနေလေသည်။
"ဒါဆို ဘာလို့မစမ်းကြည့်တာလဲ"
သူမက ဟုန်ရင်ပင်။
ယဲ့ချိုးပိုင်က ပြုံးကာ နောက်သို့ဆုတ်ပေးလိုက်သည်။
သူက နေရာကို ဟုန်ရင်လက်ထဲသို့ပေးလိုက်သည်။
သူမ၏ အနီရောင်ဝတ်ရုံက လေမတိုက်ဘဲ လွင့်နေလေသည်။ သူမ၏လောကကြီးကို အထင်သေးသည့်ဟန်က လူတိုင်းကို ထူးဆန်းနေစေသည်။
သူတို့ရှေ့ရှိလူက ဧကရီဖြစ်ရန်မွေးဖွားလာသူပင်။
၎င်းက လူတိုင်းကို ကျိုးနွံစေသည်။
"အိုး၊ မိန်းကလေးက လူသာငယ်တာ လျှာစောင်းကတော်တော်ထက်တာဘဲ"
အနောက်ပိုင်းဒေသရှိ ဟောမိသားစုက ဘိုးဘေးက ရယ်ရမ်းသွေးကာပြောလိုက်သည်။ "မင်းက ချန်းယွမ်နယ်ပယ်ဘဲရှိသေးတာကို ဘယ်လိုလုပ် ငါတို့ကိုခုခံနိုင်မှာလဲ"
လူအများက ဟုန်ရင်၏ သရုပ်မှန်ကို မသိကြပေ။
ပေ့ဖုန်းက လေသံနက်နက်ဖြင့်မေးလိုက်သည်။ "စံအိမ်တော်၊ မင်းတို့တကယ်ဘဲ ပြန်မဆုတ်ဘူးလား"
သူ့စကားဆုံးသည်နှင့် ယဲ့ချိုးပိုင်နှင့်အခြားနှစ်ဦးက ရှေ့သို့ထွက်လာပြီး သူတို့၏ အော်ရာများကို ထုတ်ဖော်လိုက်၏။
သူတို့က အာကာသနတ်ဘုရားနယ်ပယ်တွင်မဟုတ်သော်လည်း အာကာသနတ်ဘုရားနယ်ပယ်ရှိရန်သူများကို မကြောက်ပေ။
သူတို့၏ လုပ်ရပ်က သူတို့၏ သဘောထားကိုပြနေသည်။
"ကောင်းပြီ"
"အားလုံးဘဲ တိုက်ခိုက်တော့"
ချက်ချင်းဆိုသလိုဘဲ အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူခြောက်ဦးက သူတို့၏ အော်ရာများကို ထုတ်ဖော်လိုက်၏။
ဗုဒ္ဓဂိုဏ်းတော်က ဘုန်းကြီးအိုကြီးသုံးပါးက လက်အုပ်ချီကာရပ်နေ၏။ သူတို့၏နောက်တွင် အဇူရာပုံရိပ်တစ်ခုကပေါ်လာသည်။
ရွှေရောင်အလင်းများက လင်းလက်လာသည်။
ရန်တုံရှမ်း၏မျက်လုံးတွင် ခရမ်းရောင်အလင်းများတောက်ပလာသည်။
ထိုခရမ်းရောင်အလင်းက ဓားအသွင်သို့ပြောင်းလဲသွားဟန်ရပြီး သူ့ဘေးတွင်ပေါ်လာ၏။
ဟောမိသားစု၏ ဟောချမ်းက ရှေ့သို့အနည်းငယ်တက်လိုက်ရာ ရေခဲပြင်က အက်ရာပင်ထင်လာတော့သည်။
ရေခဲပြင်တစ်ခုလုံးက တုန်ခါလာသည်။
မရဏမြစ်ဂိုဏ်း၏ မဟာအကြီးအကဲက တောင်ဝှေးတစ်ချောင်းကိုထုတ်ယူလိုက်သည်။
ထိုတောင်ဝှေးထဲတွင် မြေအောက်မြစ်တစ်ခု စီးဆင်းနေသည်။
အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ ခြောက်ဦးက အော်ရာများကိုထုတ်လွှတ်လိုက်သောအခါ ချန်းယွမ်နယ်ပယ်ရှိလူများကို အသက်ရှုကျပ်လာစေသည်။
ဟုန်ရင်နှင့်အခြားသူများက ထိုအော်ရာများနှင့်ရင်ဆိုင်ရချိန်တွင် အမူအရာပင်မပြောင်းလဲချေ။
လင်းရုဖုန်းနှင့် ခေါင်းဆောင်ယန်က တစ်ယောက်ကိုတစ်ယောင်ကြည့်၍ ခေါင်းညိမ့်၏။ သူတို့ကလည်း ရှေ့ထွက်ရပ်လိုက်သည်။
သူတို့က စံအိမ်တော်နှင့်အတူရပ်တည်ရန်ဆုံးဖြတ်ထားသောကြောင့် အဆုံးထိရပ်တည်မည်ဖြစ်သည်။
ထို့ပြင် စံအိမ်တော်၌ ကြောက်မက်ဖွယ်ရာ မကောင်းဆိုးဝါးတစ်ကောင်ရှိနေသေးသည်။
သူတို့မနိုင်လျှင်ပင် စံအိမ်တော်ခန်းမသခင်က သူ့တပည့်များကို ဤနေရာတွင် မသေခိုင်းလောက်ပေ။
တုံ့ဆိုင်းခြင်းမရှိဘဲ သူတို့၏ အော်ရာများကို ထုတ်ဖော်လိုက်၏။
သို့သော်လည်း မည်သူကမျှ သူတို့က အနိုင်ရမည်ဟုမတွေးထားပေ။
စံအိမ်တော်ဘက်တွင် အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ နှစ်ဦးသာရှိသည်။
သူတို့ဘက်တွင်မူ အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူ ခြောက်ဦးအထိရှိနေ၏။
အနိုင်ရရှိရန်လုံးဝအခွင့်ရေးမရှိပေ။
မုမိသားစုခေါင်းဆောင်က ၎င်းကိုမြင်သော် သက်ပြင်ချလိုက်သည်။
"စံအိမ်တော်က အဲ့ဒီလူသာ မလှုပ်ရှားရင် သူတို့က နိုင်ဖို့မဖြစ်နိုင်ဘူး"
လီမိသားစု၏ခေါင်းဆောင်က ပြုံးလျှက်ပြောသည်။ "ဆရာမု ဘယ်ဘက်ကိုရွေးဖို့ပြင်ထားလဲ"
စံအိမ်တော်တွင် လီမိသားစု၏ မင်းသမီးလေးကရှိနေသည်ကို သူသိ၏။
တစ်ဖက်လူက သူမကို တပည့်အဖြစ်လက်မခံသေးသည်သာကျန်တော့၏။
မုမိသားစုခေါင်းဆောင်က လေသံဖြင့်ပြောလိုက်သည်။ "ခဏလောက်စောင့်ကြည့်ကြသေးတာပေါ့။ စံအိမ်တော်ရဲ့တပည့်တွေက ပြောသလောက်အစွမ်းထက်မထက်ကျုပ်ကြည့်ချင်သေးတယ်"
ထိုသို့ကြားသောအခါ မုမိသားစုက စံအိမ်တော်ဘက်တွင်ရှိနေပြီဖြစ်ကြောင့် လီမိသားစုခေါင်းဆောင်ကသိလိုက်ရသည်။
သို့သော်လည်း အရေးကြီးသောအခိုက်အတန့်မဟုတ်ပါက သူတိုက်ခိုက်မည်မဟုတ်ပေ။
ထိုအခိုက် ရန်တုံရှမ်းက သူ့မျက်စိမှထွက်ပေါ်သည့် ခရမ်းတိမ်ဓားဖြင့်ထိုးသွင်းကာ စ၍တိုက်ခိုက်လိုက်သည်။
သူ့ပြစ်မှတ်က ယဲ့ချိုးပိုင်ပင်။
လင်းရုဖုန်းက ဟက်ဟက်ပက်ပက် ရယ်မောပြီး ဓားကိုကိုင်ကာ ရှေ့သို့ခုန်ထွက်လိုက်သည်။
"ရန်တုံရှမ်း၊ မင်းက ခေါင်းတလားထဲကို တစ်ဝက်လောက် ရောက်နေပြီဆိုတော့ အပြင်ထွက်ပြီး လမ်းလျှောက်မနေနဲ့"
ရန်တုံရှမ်းက အေးစက်စွာ နှာမှုတ်လိုက်သည်။
သူတို့နှစ်ဦးက တိုက်ခိုက်နေကြသည်။
ခေါင်းဆောင်ယန်က ယဲ့ချိုးပိုင်ကို ကြည့်ကာ ပြောလိုက်သည်။ "ဂရုစိုက်ဦး"
ထိုသို့ပြောပြီး သူက ဟောချမ်းဆီသို့ ပြေးဝင်သွားသည်။
ယဲ့ချိုးပိုင်က ကြောက်လန့်နေခြင်းမရှိ သူက ပြုံး၍ "ငါတို့ ဘယ်လိုခွဲကြမလဲ"
ရှောင်ဟေးက ခေါင်းကိုကုတ်၍ ဗလုံးဗထွေးလေသံဖြင့် "ကျွန်တော်နှစ်ယောက်ကို ထိန်းထားနိုင်ပါတယ်"
နင်းချန်ရှင်းက ပြုံးလျှက်ပြောသည်။ "ကျွန်တော်တို့အတွက် တစ်ယောက်စီပေါ့။ မျှတပါတယ်"
ဟုန်ရင်၏ မျက်လုံးထဲတွင် နွေးထွေးမှု့များပေါ်လာသည်။ ထိုကိစ္စက သူမကြောင့်ဖြစ်ရသည်မှန်သော်လည်း သူမ၏ ဆရာတူအကိုများက မကြောက်မလန့်ဖြင့် သူမအတွက် တိုက်ခိုက်ပေးနေခဲ့သည်။
"ဒီလိုဆိူ မရဏမြစ်ဂိုဏ်းရဲ့ တစ္တေအိုကြီးကို ငါ့အတွက်ထားလိုက်"
ဟုန်ရင်က လှံတံကိုဆွဲထုတ်လိုက်သည်။
ယဲ့ချိုးပိုင်က အေးစက်စက်ရယ်မောလိုက်သည်။ သူက မဟူရာမိစ္ဆာဓားကိုကိုင်ကာ ဗုဒ္ဓဂိုဏ်းတော်ရှိ ဘုန်းကြီးအိုကြီးကို ဧည့်ခံလိုက်တော့သည်။
ဓားနယ်မြေက ထိုအခိုက် ရုတ်တရက် ပေါ်လာသည်။
နင်းချန်ရှင်းက တာအိုကျမ်းကို ကိုင်ထားလေသည်။
သူက ခပ်ဖွဖွအော်လိုက်သည်။ "ဆင်းသက်၊ စစ်သည်၊ တိုက်၊ ဖြစ်တည်၊ အားလုံး"
မှော်အက္ခရာများက နတ်ဘုရားချပ်ဝတ်နှင့်စစ်သူကြီးတစ်ဦးအဖြစ်အသွင်ပြောင်းသွားသည်။ သူက ရွှေကြေးခွံနတ်ဘုရားလှံတံကိုစွဲကိုင်ကာ ဗုဒ္ဓဂိုဏ်းရှိ ဘုန်းကြီးအိုကြီးထံသို့ပြေးဝင်သွားတော့သည်။
ရှောင်ဟေးက အံကြိတ်ကာ တိုက်ပွဲချီက ထိုးတက်လာသည်။ မျဥ်းနှစ်ကြောင်း မီးနှင့်ရေခဲက သူ့ခန္ဓာကိုယ်တွင် ဖုန်းအုပ်သွားသည်။
သူက မြေပြင်ပေါ်တွင် ခြေဆောင့်ချလိုက်သည်။
ရေခဲပြင်လွှာက အက်ကွဲသွားသည်။
သူက လှောင်အိမ်မှလွတ်လာသော သားရဲကောင်တစ်ကောင်လို ပြေးဝင်သွားတော့သည်။
စံအိမ်တော်ရှိလူလေးဦးက ဖိနှိပ်ခံထားရသော်လည်း သူတို့၏အော်ရာက အာကာသနတ်ဘုရားနယ်ပယ်ကျွမ်းကျင်သူများအောက်မကျပေ။
၎င်းကိုမြင်သော် ပေ့ဖုန်းအမူအရာက လေးနက်လာသည်။
သူ နယ်မြေနှလုံးသားကိုရယူ၍ ယွင်ဟွမ်အင်ပါယာတည်ထောင်မည်ကို ဖိနှိပ်လိုပါက စံအိမ်တော်ကို အရင်ရှင်းထုတ်မှရမည်ပင်။