အင်ပါယာရဲ့ ကျင့်ကြံခြင်းကျောင်းတော် ။
Vol. 14 Ch. 183
--------
လုံထန်က အဘိုးကြီး၏ စကားနှင့် စိတ်လှုပ်ရှားမှုဖြစ်နေသော ၊ အောက်ဘက်မှ သူများအားလုံးကို ငုံကြည်လိုက်ရင်းဖြင့် နောက်ဆုံးသော အရာများကို လုပ်ဆောင်ရန်၊ ပြီးသည့်နောက် အဆုံးသတ်ရန် အချိန်ကြပြီဟု တွေးလိုက်သည်။
ဤအတွက်ကြောင့်သူက အဘိုးကြီးဖေးကို တစ်ချက်ကြည့်ကာ မျက်စာပစ်ပြလိုက်သည်။
အဘိုးကြီးဖေးကလည်းလုံထန်၏ အချက်ပေးမှုကို ရသည်နှင့် သူက ချက်ချင်းလှုပ်ရှားလိုက်သည်။
အခုအရှင်မင်းကြီးက ~ နောက်ဆုံးအရေးကြီးတဲ့ အရာတစ်ခုကို ပြောပါမယ် ။ အားလုံး ခနလောက်တိတ်ပေးကြပါ ။ အဘိုးကြီးဖေးက အောက်ဘက်မှ ဆူညံနေသော အုပ်စုကြီးကိုကြည့်၍ ပြောလိုက်သည်။
အဘိုးကြီးဖေး၏ စကားဆုံးသည့်နှင့်အောက်ဘက်မှ သူများအားလုံးက ရုတ်ချည်းဆိုသလိုတိတ်ဆိတ်သွားခဲ့သည်။ သူတို့က လုံထန်ရှိရာသို့ စူးစိုက်စွာဖြင့် အာရုံစိုက်ကာကြည်လိုက်ကြသည်။
လုံထန်က သူ၏ ပုလ္လင်ထက်မှ ထ၍ အောက်ဘက်သို့ကြည့်ကာ ပြောလိုက်သည်။ ဒီဧကရာဇ်က နောက်ဆုံးအရေးကြီးတာတွေ ပြောချင်လို့ပါ ။
ပထမဆုံးတော့ အခုကျုပ်တို့ရှိနေတဲ့ မြို့တော်ကြီးကိုယ် ရှေးဦးနဂါးအင်ပါယာရဲ့ မြိုတော် ရှေးဦးမြို့တော်လို့ခေါ်တွင်စေမယ် ။
ဒုတိယတစ်ခု ယခင်က မိုးထိတောင်ဟုခေါ်သော ဤတောင်ကြီး ယခုအချိန်မှစ၍ ရှေးဦးနဂါးတောင်ဟု ပြောင်းပြီးတော့ ခေါ်တွင်စေမယ် ။
တတိယတစ်ခုက နောက်ဆုံးပဲ နောက်ခုနှစ်ရက်ကြာရင် ရှေးဦးမြို့တော်မှာ အင်ပါယာရဲ့ အစွမ်းထက်သူတွေ ၊ လေ့ကျင့်သင်ကြားပေးမဲ့ ကျောင်းတော်တစ်ခု တည်ထောင်မယ် ။ အဲဒီအချိန်မှာ သားရဲသခင်အဆင့်ကစလို့လာပြီးတော့ စရင်းပေးလို့ရတယ် ။
ဝင်ခွင့်စစ်ဆေးတာအောင်တာနဲ့ အင်ပါယာရဲ့ကျောင်းတော်မှာ လေ့ကျင့်သင်ကြားခွင့်ရမယ် ။ လေ့ကျင့်သင်ကြားခွင့်ရတာနဲ့ ပါရမီရှင်တိုင်းက စွမ်းအားကြီးသားရဲတွေရဲ့ လမ်းညွှန်မှုတွေရမယ် ။ အင်ပါယာရဲ့ ဆေးဝါး ၊ နည်းစနစ် ၊ လက်နက်တွေကို အထောက်ပံအဖြစ်ရမယ် ။
အဲလိုနဲ့ ကျောင်းတော်မှာလေ့ကျင့်သင်ကြားပြီးလို့ သားရဲအင်ပါယာအဆင့်ကို ရောက်တာနဲ့ ဒီဧကရာဇ်က သင့်တော်တဲ့ ရာထူးတစ်ခုချီုးမြင့်မယ် ။ အဲတာက အင်ပါယာရဲ့ လက်အောက်ခံမျိုးနွယ်စုတွေပါ ဝင်ခွင့်စစ်ဆေးပွဲမှာ ဝင်ရောက်ရွှေးချယ်နိုင်တယ် ။
ဝင်ခွင့်က ကန့်သတ်ချက်ရှိတယ် ။ တစ်နှစ်မှာ အယောက်တစ်သောင်းပဲ ခေါ်မယ် ။ သားရဲသခင်ပထမအဆင့်ကစမယ် ။ ဒီဧကရာဇ်က ပါရမီရှင်တွေကို မြှောက်စားရတာ သဘောကျတယ် ။
မင်းတို့ရဲ့ စွမ်းရည်တွေကို ဒီဧကရာဇ်က စောင့်ကြည့်နေမယ် ။ အားလုံးကြိုးစားကျပါ ။ လုံထန်က ပြုံးက သူ၏ ရည်ရွယ်ထားသော ရည်ရွယ်ချက်များထဲမှတစ်ခု အခုလိုအများပြားရှိနေသော အုပ်စုများအရှေ့၌ ပထမဆုံး ပြောကြားလိုက်ခြင်းပင်ဖြစ်သည်။
လုံထန်၏ စကားအဆုံးသတ်၌ ငြိမ်သက်နေသော သားရဲများမှာ နူကလီယားများစွာ ပေါက်ကွဲသွားသကဲ့သို့ လှုပ်ရှားသွားကြသည်။
သူတို့ကြားနေရတာ သူတို့ပင် မယုံကြည့်နိုင်သလို့ဖြစ်သွားကြသည်။ ဤသည့်က မျိုးနွယ်စုငယ်လေးတွေအတွက်ဆိုပိုမှန်၏ ။ သူတို့က ခွန့်အားနည်းပါးသော အုပ်စုလေးများဖြစ်ကြသည်။ ဤအတွက်ကြောင့်သန်မာသူများကို မီုခိုကာ နေထိုင်ရသည်။
ဤအင်ပါယာ၌ ပေးသောအခွင့်ရေးက သူတို့ကိုယ် အမှောင်ထဲ၌ လမ်းပျောက်နေချိန်၌ မျော်လင့်ချက် အလင်းရောင်လေးဖြင့် လမ်းပြလိုက်သလို့ပင် ။ သူတို့၏ မျိုးနွယ်စုမှတစ်ယောက်လောက်ကပင် အင်ပါယာ၏ ကျောင်းတော်၌ ဝင်ခွင့်ရပြီးတော့ ၊ဤကဲ့သို့အင်ပါယာကြီး၌ အဆင့်တန်းရှိသော ရာထူးတစ်ခုပိုင်ဆိုင်ထားပါက သူတို့၏ မျိုးနွယ်စုကို မည်သူက ယခင်ကဲ့သို့ လက်လွတ်စပယ် ထိရဲတော့မည်နည်း ။
ဤအတွေးများကြောင့် ကောင်းကင်ဘုံအဆင့်သားရဲများဦးဆောင်သော မျိုးနွယ်စုများ ၊ သားရဲဘုရင်များဦးဆောင်သော မျိုးနွယ်စုများ ၊ သားရဲအင်ပါယာအဆင့် ဦးဆောင်သော မျိုးနွယ်စုများမှာ သူတို့မျိုးနွယ်စုအတွင်းမှ ပါရမီပါသော မျိုးဆက်သစ်လေးများကို စေလွတ်ကာ ဝင်ခွင့်တစ်နေရာစာရရန်ပြိုင်ဆိုင်ခိုင်းရမည်ဟု သံဓိဌာန်ချလိုက်ကြသည်။
သူတို့ကယခင်ကထဲက ဤအင်ပါယာကြီးကို မိုခီုက နေထိုင်ချင်ခဲ့သည်။ သို့သော် ယခု လုံထန်၏ စကားကြောင့် သူတို့၏ ဆုံးဖြတ်ချက်များက ပို၍ ခိုင်မာကာ ၊ ပြတ်သားသွားကြသည်။
သူတို့၏ မျိုးဆက်သက်များကို အင်ပါယာကျောင်းတော်ကြီး၌ ဝင်ခွင့်ရရန် အကောင်းဆုံးသူတို့ထောက်ပံပေးရမည်ဖြစ်သည်။ ဤသည့်က သူတို့၏ မျိုးနွယ်စုအနာဂတ် နှင့်သက်ဆိုင်နေသောအရာဖြစ်သည်။ အောင်မြင်သွားပါက သူတို့၏ အဆင့်တန်းများ ၊ မျိုးနွယ်စု၏ အဆင့်တန်းမျလည်း ပြောင်းလဲသွားမည်ဖြစ်သည်။
လုံထန်က အောက်ဘက်မှ ပွတ်လောရိုက်နေသော သားရဲများကိုကြည့်၍ ခေါင်းညိတ်လိုက်သည်။ဤသည့်က သူလို့ချင်သော အတိုင်းတာဖြစ်သည်။
လုံထန်က အဘိုးကြီးဖေးကို ကျန်တာများဆက်၍ လုပ်ဆောင်ရန် ညွှန်ကြားလိုက်သည်။
သူ၏ လုပ်ဆောင်စရာများ အားလုံးပြီးဆုံးပြီဖြစ်၍ ဤနေရာ၌ ထက်နေရာမလိုအပ်တော့ချေ။ ဤအတွက်ကြောင့် လုံထန်က အောင်းယွီရန်ကို ခေါ်ဆောင်၍ ရှေးဦးနဂါးတောင် ( ယခင် ) မိုးထိတောင်၏ ထိပ်သို့ ပျံတက်သွားတော့သည်။
သူတို့နှစ်ဦး၏ နောက်မှာတော့ အစေခံများက လိုက်ပါသွားကြသည်။
စင်မြင့်၏ အထက်၌ အဘိုးကြီးဖေးနှင့်တော်ဝင်အကြီးကဲများသာ ကျန်ရန်နေခဲ့တော့သည်။ တော်ဝင်အကြီးကဲများကလည်း သူတို့လုပ်ဆောင်စရာများကျန်သေး၍ ဖြစ်သည်။
အားလုံးပဲ ခနလောက်တိတ်ဆိတ်ပေးပါ ။ အဘိုးကြီးဖေးက အချင်းချင်းတစ်ယောက်နှင့်တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် စကားပြောနေသော သားရဲအုပ်စုများကို ကြည့်၍ ပြောလိုက်သည်။
သားရဲများကတိတ်ဆိတ်သွားကာ အဘိုးကြီးဖေးကို ကြည်လိုက်သည်။ အခု အင်ပါယာရဲ့ လက်အောက်မှာ နေထိုင်ဖို့ရွှေးချယ်ထားတဲ့ မျိုးနွယ်စုတွေ လာပြီး စရင်းပေးလို့ရပါပြီ ။ အဘိုးကြီးဖေးက ပြောလိုက်သည်။
∆∆∆
အဘိုးကြီးဖေး၏ တစ်ဖက်၌ တော်ဝင်အကြီးကဲများကြားထဲ၌ ကျင့်ကြံမှုအနိမ့်ဆုံးသော ဟော်ရိကလည်း ပြောလိုက်သည်။
လက်သည်းကိုးခု ရွှေနဂါးမျိုးနွယ်၊ မိုးပြာနဂါးမျိုးနွယ် ၊ရေခဲနဂါးမျိုးနွယ်စု ၊ မီးနဂါးမျိုးနွယ်စုက သားရဲဧကရာဇ်ဘုံအထက်ဆင့်ကို ရောက်နေတဲ့ သူတွေအားလုံးလာပြီးတော့ စရင်းပေးပါ ။
ဤသည့်က လုံထန်ပြောခဲ့သည့်အတိုင်း ကမ္ဘာငယ်၏ အတွင်း၌ နေထိုင်ခွင့်ရသော သူများဖြစ်သည် ။
အင်ပါယာ၏ လက်အောက်ခံဖြစ်လိုသော မျိုးနွယ်စုများက အဘိုးကြီးဖေးထံသို့သွားကြပြီးတော့စရင်းများပေးတော့သည်။
အခြားတစ်ဖက်မှ မျိုးနွယ်စုလေးခုမှ လူများကတော့ ဟော်ရိထံ၌သူတို့၏ ကျင့်ကြံမှုများအဆင့်များကို စရင်းသွင်းလိုက်ကြတော့သည်။
ဤမြင်ကွင်းကို ထိုင်ကြည့်နေသော တော်ဝင်အကြီးကဲများမှ ဟော်ဖုက တီးတိုးရေရွတ်လိုက်သည်။ ဤနေ့အဖြစ်ပျက်က အနောက်ပိုင်းတိုက်ကြီးကို ဂယက်ရိုက်သွားမယ်လို့ မြင်ယောင်နေသေးတယ် ။
ဟုတ်တယ် ~ ငါတို့ရဲ့ အင်ပါယာတည်ရှိလာမှုက အခြားမျိုးနွယ်စုတွေကို သတိအနေထားဖြစ်သွားစေလေ့မယ်။ နောက်ရက်တွေမှာ သူတို့ရဲ့ စောင့်ကြည့်မှုတွေကို ခံနေရအုန်းမယ် ။
ဟားဟား ~ အဲတာကလည်း ဆိုးဝါးတာတော့မဟုတ်ပါဘူး ။ သူတို့က ငါတို့ကိုယ်ဘာလုပ်နိုင်မှာလည်း လုံချီယုက ၊ ရီမောကာ ပြောလိုက်သည်။
လုံချီယု၏ အပြောကြောင့် အောင်းကျန်းဟန်ပင် ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။ ယခုရှိနေသော သူတို့၏ ခွန့်အားမှာ အခြားအင်အားကြီးမျိုးနွယ်စုများကို ရင်ဆိုင်ရန် လုံလောက်သည့်ထက်ပိုလေသည်။
သူတို့ကြောက်ရွံနေသော အရာဆို၍ နှောင်အနာဂတ်တွင်ဖြစ်လာမည် အဖြစ်ပျက်ကြီးသာဖြစ်သည်။ ကျန်ရာများကတော့ သူတို့ကိုယ် ကိုင်လှုပ်ရန် စွမ်းသာမည်မဟုတ်ချေ။