← Chapters

အနောက်ပိုင်းတိုက်ကြီး အရှေပိုင်းဒေသထံမှ ဂရက်ထဖွယ်သတင်း ။

Vol. 14 Ch. 184

အနောက်ပိုင်းတိုက်ကြီး အရှေပိုင်းဒေသထံမှ ဂရက်ထဖွယ်သတင်း ။

Vol. 14 Ch. 184

--------

ယနေ့နဲ့ဆိုရင် ရှေးဦးနဂါးအင်ပါကို လောကကြီး၌ ကြေညာခဲ့သည်မှာ အချိန်ခုနှစ်ရက်ခန့်ပင်ရှိနေပြီဖြစ်သည်။

ဤသတင်းကလေး အနောက်ပိုင်းတိုက်ကြီး၏ အရှေ့ပိုင်းဒေသတစ်ခုလုံး၏ နဂါးမျိုးနွယ်စုများကြား၌ ဆူညံပွတ်လောရိုက်နေကာ ရေပန်းအစားဆုံးသတင်းတစ်ခုဖြစ်နေခဲ့သည်။

သမိုင်း၌ ပထမဆုံးအကြိမ် ~ နဂါးမျိုးနွယ်စုများနှင့် ဖွဲ့စည်းထားသော ရှေးဦးနဂါးအင်ပါယာက ၊ အားလုံး၏ အာရုံစိုက်ရာ‌လယ်၌ဖြစ်နေတော့သည်။

ပထမဆုံးဦးစားပေးကတော့ အခြားသော နဂါးမျိုးနွယ်စုများပင်ဖြစ်နေခဲ့သည်။ ၎င်းတို့က သူတို့မျိုးနွယ်စုထံ၌ ရှေးဦးနဂါးအင်ပါယာဤ ဧကရာဇ်က မျက်စီကျလာမည်ကို စိုးရိမ်နေကြသည်။

∆∆∆

အနောက်ပိုင်းတိုက်ကြီး၏ အရှေ့ပိုင်းဒေသတွင်ရှိသော ၊ ရှေးဦးနဂါးအင်ပါယာအသစ်နှင့် မိုင်ပေါင်း ဆယ်သန်းကျော်ဝေးကွာသော နေရာ၌ မြေနဂါးများ၏ ပိုက်နက်များဖြစ်သည်။ ၎င်းက အရှေ့ပိုင်း ဒေသတွင် ရှေးဦးနဂါးအင်ပါယာနှင့် အနီးဆုံး နဂါးမျိုးနွယ်စုပင်ဖြစ်သည်။

မြေနဂါးများက မြေအောက်၌ လှိုင်းဂူများဖောက်လုပ်၍ မြေအောက်မြို့တော်တစ်ခု တည်ဆောက်၍ နေထိုင်ကြသည်။

အလွန်တရာကြီးမားလှသော မြေအောက်မြို့တော်ကြီး၏ အလယ်၌ ခမ်းနားလှ‌ပသော မြေအောက်နန်းတော်ကြီးရှိ၏ ။ ၎င်းနန်းတော်ကြီးက အညိုရောင်ဖြစ်နေခဲ့ကာ မြေကမ္ဘာနှင့်တစ်သားထဲအလားပင် ထင်မှတ်ရစေသည်။

ထိုမြေအောက်နန်းတော်ကြီး၏ ခန်းမကြီးအထဲ၌ အားကောင်းလှသော အော်ရာများထုတ်ဖော်ထားသော ပုံရိပ်များ လေးခုရှိသည်။ ၎င်းတို့ကလေးယောက်လုံး အသက်ခြောက်ဆယ်အရွယ်ခန့်တွင် ရှိသော လူအိုကြီးများပင် ။ အသက်ကကြီးရင့်နေသော်ငြားလည်း ၎င်းတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အော်ရာများကို ကြည့်ခြင်းအားဖြင့် သူတို့က နတ်ဘုရားသားရဲ ဘုံအဆင့်ကျင့်ကြံမှု ရှိကြောင်းခန့်မှန်းမိနိုင်သည်။

ခန်းမ၏ ထိပ်ဆုံး၏ ထိုင်ခုံ၌ ထိုင်နေသော သူက သူ၏ အောက်ဘက်မှ သူများကို တရားထိုင်ရင်းမျက်လုံးမှိတ်ထားရာမှ ဖွင့်၍ ကြည့်လာခဲ့သည်။

လေးယောက်မြောက်ညီ မင်းပြောတာ သေချာလား ။ ထိုင်ဆုံးခုံမှ‌ထိုင်နေသော ပုဂ္ဂိုလ်ထံမှ ဩဇာအာဏာ ညှောင်းသော အသံက ထွက်လာခဲ့သည်။

၎င်းကတော့ မြေနဂါးမျိုးနွယ်စု၏ ဘိုးဘေးဖြစ်သူ ရုံချမ်းပင်ဖြစ်သည်။ ၎င်းက နတ်ဘုရားသားရဲဘုံ အဠမအဆင့်၏ အလယ်လတ်အဆင့်ရှိသော စွမ်းအားကြီးသူတစ်ယောက်ပင်ဖြစ်သည်။

သေချာပါတယ် ~ အစ်ကိုကြီး ~ ဒီသတင်းက အခု အနောက်ပိုင်းတိုက်ကြီးရဲ့ အရှေ့ပိုင်း ဒေသတစ်ခုလုံးကို ပျံနှံနေပြီ ။ လေးယောက်မြောက်ညီဖြစ်သော ရုံခမ်းက ပြန်၍ ပြောလိုက်သည်။

ဒီသတင်းကအမှန်ဆိုရင်တော့ ပြသာနာကြီးပဲ ၊ ရှေးဦးနဂါးအင်ပါယာရဲ့ ဧကရာဇ်က အခုတောင်မျိုးနွယ်စု လေးခုကို စုစည်းထားပြီးတော့ အင်ပါယာတည်ထောင်ထားတာဆိုတော့ သူရဲ့ ရည်မှန်းချက်က မသေးလောက်ဖူး ။

သူရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ မျိုးနွယ်စုက ထောက်လှမ်းသူအချို့ကို စေလွတ်ပြီးစောင့်ကြည့်စေလိုက်ပါ ။ ရုံချမ်းက တည်ကြည်လေးနက်စွာဖြင့်ပြောလိုက်သည်။

နားလည်ပါပြီအစ်ကိုကြီး မျိုးနွယ်စုက ထောက်လှမ်းသူတွေကို စေလွတ်ထားလိုက်ပေါ့မယ် ။ ရုံခမ်းက ရိုသေစွာဖြင့်ပြန်ပြောလိုက်သည်။

အစ်ကိုကြီး ကျွန်တော်တို့တွေ အရေးပေါ်အခြေနေအတွက် အခြားမျိုးနွယ်စုတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ လုပ်ဆောင်ကြမလား ။ ဒုတိ‌ယ မြောက်တစ်ယောက်ဖြစ်သော ရုံရန်ကပြောလိုက်သည်။

အဲလောက်ထိတော့မလိုအပ်သေးပါဘူး ၊ ဒုတိယညီ အခြေနေကို စောင့်ကြည့်ကြတာပေါ့။ အခြားတစ်ဖက်က လှုပ်ရှားမှုကို ကြည်ပြီးတော့ပဲ လုပ်သင့်တာကို လုပ်ဆောင်ကြတာပေါ့ ။ အခြားမျိုးနွယ်စုတွေလည်း ဒီအတိုင်းတော့ ထိုင်နေမှာမဟုတ်ပါဘူး ။ ရုံချန်းက သူ၏ ဒုတိယ ညီဖြစ်သော ၏ စကားကို ပြန်၍ ချေပလိုက်သည်။

ဒါပေမဲ့ ဒုတိယညီနဲ့ တတိယညီက မျိုးနွယ်စုက စစ်တပ်တွေကို အသင့်ပြင်ထားပါ။ စတုတ္ထညီကတော့ တစ်ခြားဖက်က အခြေနေတွေကို မျက်ခြေမပျက်စောင့်‌ကြည့်နေပါ ။ ရုံချန်းက လိုအပ်သည့်များကို ညွှန်ကြားလိုက်သည်။

ကောင်းပါပြီ ~ အစ်ကိုကြီး အားလုံးအသင့်ပြင်ဆင်ထားလိုက်ပေါ့မယ် ။ ဒုတိယဖြစ်သူ ၊ ရုံရန် ၊ တတိယညီဖြစ်သော ရုံကျန်း ၊ စတုတ္ထညီဖြစ်သော ရုံခမ်း တို့က ရိုသေစွာပြန်ပြော၍ ခန်းမ၏ အတွင်းမှ ထွက်သွားကာ သူတို့၏ လုပ်စရာများကို လုပ်ဆောင်ရန် ထွက်ခွာသွားတော့သည်။

ခန်းမကြီး၏ အတွင်း၌ တိတ်ဆိတ်သွားကာ ၊ ရုံချန်းတစ်ယောက်သာ ကျန်နေခဲ့တော့သည်။ သူက ထိုင်ခုံထက်၌ ‌တီးတိုးရေရွတ်လိုက်သည်။

ရှေးဦးနဂါးအင်ပါယာရဲ့ ဧကရာဇ် မင်းကဘာကိုချင်တာလည်း ။

∆∆∆

အရှေ့ပိုင်း ဒေသ၏ နဂါးမျိုးနွယ်စုတော်တော်များက လည်း ရှေးဦးနဂါးအင်ပါယာ၏ အကြောင်းကို ကြားချိန်၌ သူတို့၏ တုန့်ပြန်မှုများကလည်း မြေနဂါးမျိုးနွယ်စုများ၏ အတိုင်းပင်ဖြစ်သည်။

မျိုးနွယ်စုများ၏ ဘိုးဘေးများက သူတို့၏ မျိုးနွယ်စုအတွင်း စစ်တပ်များကို အသင့်ပြင်စေကာ ၊ ရှေးဦးနဂါးအင်ပါယာကို ထောက်လှမ်းရန်လည်း သူတို့၏ မျိုးနွယ်စုမှ သတင်းထောက်လှမ်းသူများကိုယ် အသီးသီး စေလွတ်လိုက်ကြသည်။

∆∆∆

တစ်ဖက်၌ ။

အားလုံးကို စိတ်ခြောက်ခြားထိတ်လန့်မှုကို ဖြစ်စေသော လုံထန်ကတော့ ၊ သူကြောင့် အခြားမျိုးနွယ်စုများကြား၌ အဲဒီ လောက်ထိ အထိအရုန်းဖြစ်နေသူများကို မသိချေ။

ယခုအချိန်၌ လုံထန်နှင့် အောင်းယွီရန်တို့က ရှေးဦးနဂါးတောင်ကြီး၏ ထိပ်၌ ရှိနေ၏ ။ သူက ယနေ့၌ ဝင်ခွင့်စစ်ဆေးမှုပြုလုပ်သည့်အတွက်ကြောင့် စောင့်ကြည့်နေခြင်းပင်ဖြစ်တော့သည်။

∆∆∆

ဤနေ့က ၊ အင်ပါယာ၌ ကျင့်ကြံမှုကျောင်းတော်၏ ပထမအသုတ် ကျောင်းသားများခေါ်ယူခြင်းပင်ဖြစ်သည်။

အင်ပါယာကျောင်းတော်၏ ဝင်ခွင့်က အရမ်းကြီး ခက်ခဲ့သည်တော့မဟုတ်သော်လည်း အောင်မြင်ရန် ခက်ခဲလှသည်။ ဝင်ခွင့်ကို အောင်မြင်ရန် စမ်းသပ်မှုသုံးခုကို ဖြတ်ကျော်ရန်သည်။ ပထမစစ်ဆေးမှု၌ အသက်အရွယ်နှင့်ကျင့်ကြံမှု အဆင့်ကို စစ်ဆေး၏ ။ ဤအဆင့်ကအလွယ်ကူဆုံးပင် ။ ဒုတိယ စစ်ဆေးမှုက ၊ ဇွဲ ၊ လုံလနှင့် စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုဖြစ်သည်။ ဤအပိုင်းက အရေးကြီးသော အရာများထဲမှတစ်ခုပင်ဖြစ်သည်။

အန္တာရာယ်များနှင့်ပြည့်နက်နေသော ကျင့်ကြံမှု လမ်းကြောင်းက စိတ်ပိုင်းဆိုင်ရာ ပျော့ညံသောသူများမှာ ထိပ်ဆုံးသို့ ရောက်နိုင်မည်မဟုတ်ချေ။

တတိယတစ်ခုကတော့ ၊ နားလည်မှု စစ်ဆေးခြင်းပင် ။ ကျင့်ကြံမှုနှင့်ကိုက်ညီသော နည်းစနစ်တစ်ခုကို ရွှေးချယ်ပေးကာ ပေးထားသော အချိန်သုံးနာရီအတွင်း၌ ဤနည်းစနစ်ကို မည်မျှနားလည်မှု ရရှိစေသနည်းကို စစ်ဆေးခြင်းဖြစ်သည်။

ဤသည့်က‌လည်း အရေးကြီးသော အပိုင်းဖြစ်သည်။ ထိပ်ဆုံးအဆင့်ကို ရောက်နိုင်ဖို့အတွက် နားလည်သလောပေါက်မှု နည်းပါးပါက ၊ ခက်ခဲသော လျို့ဝှက်နည်းစနစ်များကို လေ့ကျင့်နိုင်မည်မဟုတ်ချေ။

ဤစစ်‌ဆေးမှု သုံးခုကိုယ် အောင်မြင်မှသာလျှင် ကျောင်းတော်၌ လေ့ကျင့်သင်ကြားခွင့်ရမည်ဖြစ်သည်။

ယခု၌ တောင်ခြေရှိအောက်ဘက်‌ မြေကွက်လပ်ထဲမှ သူများက ၊ ဝင်ခွင့်ကို အောင်မြင်ထားသော မျိုးနွယ်စုအသီးသီးမှ ပါရမီရှင်များပင်ဖြစ်သည်။ ဤ လူငယ်လေးများက တစ်ချိန်၌ သူတို့၏ အင်ပါယာ၏ ခွန့်အားများဖြစ်လာမည်သူများပင် ဖြစ်သည်။

All Chapters