← Chapters

အခန်း (၁၈၅)

Vol. 14 Ch. 185

အခန်း (၁၈၅)

Vol. 14 Ch. 185

--------

ဒီနှစ်အတွက်တော့ လိုအပ်တဲ့ အရေတွက် ကန့်သတ်ချက်ရောက်သွားပြီ ။ အားလုံးပဲ ဝင်ခွင့်ပိတ်သိမ်းလိုက်ပါပြီ ။ အဘိုးကြီးဖေး၏ ကျယ်လှောင် သော အသံကထွက်လာခဲ့သည်။

{ မှတ်‌ချက် ~~~ အရင်က အဘိုးကြီးဖေးကို သားရဲဘုရင်အဆင့်လို့ရေးမိလိုက်ပါတယ် ။ ကျွန်တော်အမှားပါ။ အဘိုးကြီးဖေးက သားရဲအင်ပါယာဘုံအဆင့်ကို သူဒဏ်ဂာမရခင်ထဲက ရောက်ပြီးပါပြီ ။ သူဒဏ်ရာရပြီးတော့ သားရဲ အင်ပါယာဘုံ ပဉ္စမအဆင့်လို့ရေးလိုက်တာပါ။ ဒါပေမဲ့ သားရဲဘုရင်ဘုံလိုပဲ ရေးလိုက်မိလို့တောင်းပန်ပါတယ် ။ အဲတာလေးရှင်းပြချင်လို့ပါ ။ }

အဘိုးကြီးဖေး၏ အသံထွက်ပေါ်လာချိန်၌ ‌တန်းစီနေကျသော မျိုးနွယ်စုအသီးသီးမှ ငယ်ရွယ်သော မျိုးဆက်လေးများမှာ စိတ်ဓာက်ကျဟန်ဖြင့် ခေါင်းငိုက်စိုက်ကြကုန်ကြသည်။

အချို့သော ဝင်ခွင့်စစ်ဆေးမှု၌ ကျရှုံးသွားကျသူများမှလည်း ကျိတ်မနိုင်ခဲမရဖြစ်နေကာ ၊ သူတို့နှင့်ဆန်ကျင့်ဘက်၌ ပျော်ရွှင်စွာဖြင့် ရီမောကာ စကားပြော‌နေသော သူများထံသို့ မနာလို့ ၊ အားကျသော မျက်လုံးများဖြင့်ကြည်လိုက်ကြသည်။

အားလုံးက စိတ်ပျက်လက်ပျက်ဖြင့် လက်မှိုင်ချနေသော မျိုးဆက်‌သစ်လေးများကို ကြည့်၍ အဘိုးဖေးက အော်၍ပြောလိုက်သည်။

မင်းတို့ စိတ်ဓာက်ကျနေလို့ဘာမှ မထူးဘူး ။ ပြန်ပြီးတော့ ပိုပြီးတော့ ကြိုးစားလေ့ကျင့်ပါ ။ အသက်သုံးဆယ်မကျော်သေးသ၍ ဝင်ခွင့်စစ်ဆေးမှုကို ဖြေဆိုခွင့်ရှိသေးတယ် ။ အဲဒီအတွက်ကြောင့် ပိုပြီးကြိုးစားကျပါ။

မျိုးဆက်သစ်လေးများက ၊ မဲမှောင်နေသော သူတို့၏ မျက်နှာများက ၊ အဘိုးကြီးဖေး၏ စကားကို ကြားချိန်၌ ပြန်လည့်၍ တောက်ပလာကြသည်။

ဟုတ်တယ် ~ ငါက အခုမှာ သက်တမ်းနှစ်ဆယ်ကျော်ရှိသေးတာ ၊ နောက်ထက်အခွင့်ရေးတွေရှိသေးတယ် ။ ငါပို့ပြီးတော့ ကြိုးစားရမယ် ။

ငါလည်းကြိုးစားရမယ်။ ~ နောက်နှစ်ဝင်ခွင့်စစ်ဆေးမှုကို အောင်မြင်ပြီးတော့ ‌အင်ပါယာရဲ့ ကျောင်းတော်မှ လေ့ကျင့်သင်ကြားခံရအောင် ပြုလုပ်ရမယ် ။

မျိုးဆက်သစ်လေးများက သူတို့အခြင်းခြင်း ပျော်ရွှင်စွာဖြင့် တီးတိုးတိုး ပြောလိုက်ကြသည်။ သူတို့က အဘိုးကြီးဖေး၏စကားကြောင့်ပြန်လည်၍ တက်ကြွလာကြသည်။

သူတို့က ဝင်ခွင့်စစ်ဆေးပွဲပြီးသွားသည့်အတွက် ကြောင့် ၊ သူတို့၏ နေထိုင်ရာများသို့ပြန်ပြီးတော့ ကြိုးစားကျင့်ကြံရန် စဉ်းစားထားကြတော့သည်။

∆∆∆

မင်းတို့က ဝင်ခွင့်စစ်ဆေးမှုကို အောင်မြင်တဲ့အတွက် ဂုဏ်ပြုပါတယ် ။ ဝင်ခွင့်စစ်ဆေးလို့ အောင်မြင်တာနဲ့ ပြီးသွားပြီမထင်လိုက်နဲ့ ၊ တစ်နှစ်တစ်ကြိမ်ပြုလုပ်တဲ့ စစ်ဆေးမှုမှာ သုံးနှစ်ဆက်တိုက် နောက်ဆုံးမှရသူက ထုတ်ပယ်ခံရမယ် ။

အင်ပါယာရဲ့ကျောင်းတော်က အသုံးမဝင်တဲ့သူတွေကို အလိုမရှိဘူး ။ ပါရမရှင်တွေကို မျိုးထုတ်ပေးဖို့ ၊ စွမ်းအားကြီးသူတွေကို မွေးထုတ်ပေးဖို့ပဲ ။ အဘိုးကြီးဖေးက ဝင်ခွင့်စစ်ဆေးမှုအောင်မြင်ထားသော သားရဲသခင်အဆင့် တစ်သောင်းကျော်ကို ကြည်ကာပြောလိုက်သည်။

အဘိုးကြီးဖေး၏ စကားက ဝင်ခွင့်စစ်ဆေးမှု အောင်မြင်၍ ပျော်ရွှင်နေသော လူငယ်လေးများကို ရေအေးဖြင့် လောင်းချလိုက်သကဲ့သို့ အေးခဲသွားစေခဲ့သည်။

∆∆∆

ကောင်းပြီ ~ ငါရဲ့ နောက်ကလိုက်ခဲ့ပါ ။ ကျောင်းတော်ကို ခေါ်သွားပေးမယ် ။

အဘိုးကြီးဖေးက‌ ရှေဆုံးမှနေ၍ ပျံသန်းသွားခဲ့သည်။ သူ၏ နောက်မှ အယောက်တစ်သောင်းကလည်း လျှင်မြန်စွာဖြင့် လိုက်ပါသွားခဲ့သည် ။

∆∆∆

တစ်ဖက်၌ ။

ရှေးဦးမြို့တော် ၏ အတွင်း၌ လွတ်နေသော ၊ နေရာများ၌ ဆယ်မိုင်အကျယ်ခန့်ရှိသော တောင်စဉ် တောင်တန်းများ တလျောက် ဆောက်လုပ်ထားသော အဆောက်ဦးများတည်ဆောက်ထား၏ ။ အဆောက်ဉီးများ၌ လည်း နေရာစုံပေသည်။

ကျင့်ကြံရန်ကွင်းပြင်များ ၊ နည်းစနစ်များ အဆောင် ၊ လက်နက်များအဆောင် ။ တိုက်ပွဲကွင်းပြင်များက အစရှိကာ စုံလင်လှသည်။

၎င်းဧရာမ အဆောက်ဦးများ၏ ဝင်ပေါက်၌ ခမ်းနားသော စာလုံးများရေးထိုးထား၏ ။ * ရှေးဦးကျောင်းတော် * ဟုဖြစ်သည်။

ဤစလုံးများက ရွှေရောင်ဖြင့် တောက်ပနေကာ၊ ခမ်းနားသော အော်ရာများက ထွက်ပေါ်နေ၏ ။ ကြည့်မိသူတိုင်းကိုလည်း အံမခမ်း ဖြစ် စေမှုကို ပေးစွမ်းနေ၏ ။

ဤနေရာက ‌အင်ပါယာ၏ ကျောင်း တော်သာဖြစ်သည်။

အဘိုးကြီးဖေးတို့က ဤနေရာသို့ရောက်ရှိလာခဲ့သည်။ သူ၏ နောက်မှပါလာသော အယောက်တစ်သောင်းသော မျိုးဆက်သစ်လေးများက သူတို့၏ အရှေ့ရှိ ခမ်းနားသော အဆောက်ဦးကြီးများကိုကြည့်ကာ မင်သက်နေတော့သည်။

ငါနောက်က လိုက်ခဲ့ပါ ။အရှင်မင်းကြီးကိုသွားတွေရအောင် ။ အဘိုးကြီးဖေးက သူ၏ နောက်မှ မင်သက်နေသော မျိုးဆက်သစ်လေးများကို ပြောလိုက်သည်။

၎င်းတို့ကလည်း အဘိုးကြီးဖေး၏ စကားကြောင့်ပြန်၍ မင်သက်ငေးမောနေရာမှ သတိပြန်ဝင်လာကာ ချက်ချင်းပင် လျှင်မြန်စွာ လိုက်ပါသွားတော့သည်။

အဘိုးကြီးဖေး ဦးဆောင်ခေါ်လာသော မျိုးဆက်သစ်‌လူငယ်လေး တစ်သောင်းက သိပ်မကြာခင်မှာ ကျောင်းတော်၏ ဧရာမ ရင်ပြင်ကျယ်မြေကွက်လပ်ကြီးထဲသို့ ရောက်လာခဲ့သည်။

မြေကွက်လပ်ကြီးထိပ်ဆုံး၌ စင်မြင်တစ်ခုရှိ၏ ၊ ထိုနေရာ၌ လုံထန်နှင့် အောင်းယွီရန်တို့က ရှိနေခဲ့သည်။

အရှင်မင်းကြီးနဲ့ ဧကရီကို နှတ်ဆက်ပါတယ် ။ အဘိုးကြီးဖေး၏ ကျယ်လှောင်သော အသံကထွက်ပေါ်လာခဲ့သည်။

မျိုးနွယ်စုအသီးသီးမှ မျိုးဆက်သစ်လေးများကလည်း ကျယ်လှောင်သော အသံဖြင့် နှတ်ဆက်အရိုသေပေးလိုက်ကြသည်။

အရှင်မင်းကြီးနှင့် ဧကရီကို အရိုသေးပါတယ် ။

သက်သောင့်သက်သာနေကြပါ ။ လုံထန်က ပြုံး၍ ပြောလိုက်သည်။ ပထမဆုံး မင်းတို့အားလုံး ဝင်ခွင့်စစ်ဆေးမှု ‌အောင်မြင်လို့ ဂုဏ်ပြုပါတယ် ။ ဆက်လက်ကြိုးစားကျပါ ဒီဧကရာဇ်က စောင့်နေပေါ့မယ် ။ လုံထန်က အောက်ဘက်မှ လူငယ်လေးများကို ပြုံးကာကြည့်၍ ပြောလိုက်သည်။

အရှင်မင်းကြီးကို စိတ်မပျက်စေရပါဘူး ။ လူငယ်လေးများက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။ သူတို့အတွက်တော့ ဧကရာဇ်၏ ချီးကျုးစကားများကပင် တစ်သက်တာ ဂုဏ်ယူစရာဖြသ်နေလေသည်။ ဤအတွက်ကြောင့် ယခုအချိန်၌ သူတို့၏ ကိုယ်တွင်းမှ သွေးများကပင် စိတ်လှုပ်ရှား မှုကြောင့် ဆူပွတ်နေကြသည်။

ကောင်းပြီ ~ မင်းတို့သွားလို့ရပြီ ။ လုံထန်က မျိုးဆက်သစ်လေးများကို သွားခိုင်းလိုက်တော့သည်။

ကျောင်းတော်အတွင်း၌ ရှိနေသော သူများက ယခုမှ ရောက်လာသော မျိုးဆက်သစ်လေးများကို နေထိုင်ရမည်နေရာများကို လိုက်လန်၍ ပို့ဆောင်ပေးလိုက်တော့သည်။

အဘိုးဖေး ~ ဒီနေ့ဝင်ခွင့်ရတဲ့အထဲမှာ စိတ်ကျေနပ်တဲ့သူတွေ့လား ။ လုံထန်က မျိုးဆက်သစ်လေးများထွက်ခွာသွားချိန်၌ အဘိုးကြီးဖေးကို မေးလိုက်သည်။

တော်တော်များများကတော့ တော်ကြပါတယ် ၊ အရှင်မင်းကြီး ဒါပေမဲ့ ဆက်ပြီးတော့ စောင့်ကြည့်ရအုန်းမှာပါ ။ အဘိုးကြီးဖေးက လုံထန်၏ အမေးကို ခနတာ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည် ။

ဟားဟား ~ အဘိုး အဆင်ပြေသလို့လုပ်ပါ ။ မနက်လည်း မြေကမ္ဘာသားရဲဘုံအဆင့်တွေကို ဝင်ခွင့်စစ်ဆေးမှုရွှေးချယ်ရအုန်းမယ် မဟုတ်လား ။

အခြားလိုအပ်တာ တွေရှိသေးလား ။ လုံထန်က မေးလိုက်သည်။ သူက ကျောင်းတော်ကိစ္စနဲ့ ပတ်သက်ပြီးတော့ အဘိုးကြီးဖေးကို တာဝန်ယူခိုင်းထားခြင်းဖြစ်သည်။

အခုထိတော့ အားလုံးအဆင်ပြေပါတယ် ၊ အရှင်မင်းကြီး လိုအပ်တာရှိရင်ပြောပေါ့မယ် ။

All Chapters