အဘက်ဘက်မှတိုးတက်လာသော အခြေနေ ။
Vol. 14 Ch. 186
--------
ရှေးဦးနဂါးအင်ပါယာကို လောကကြီးအ ရှေ့၌ ပွင့်လင်းစွာ ထွက် ပေါ်လာပြီးနောက်လဝတ်ခန့်ကကြာမြင့်သွားခဲ့သည်။
ယခုအချိန်၌ ရှေးဦးမြို့တော်ကြီးတစ်ခုလုံး၏ နေရာပိုင်နက်ငါးခု၌ အလွန်ပင် စည်ပင်လျက်ရှိသည်။
လက်သည်းကိုးခုရွှေနဂါး ၊ မိုးပြာနဂါး ၊ ရေခဲနဂါး ၊ မီးနဂါးများ၏ ပိုက်နက်များတွင်လည်း နေ့ရက်တိုင်းလိုလို့၌ အခြားသောသားရဲများဖြင့် သွားလာလှုပ်ရှားမှုများဖြင့် ပြည်နက်နေခဲ့သည်။
၎င်းတို့က သူတို့ရောင်းချချင်သောအရာများကို ရှေးဦီးမြို့တော်၌ လာရောက်ရောင်းချကြသလို့ ၊ သူတို့လိုအပ်သည့်များကိုလည်း မြို့တော်ထံမှ ပြန်လည်၍ ဝယ်ယူကြသည်။ ဤအတွက်ကြောင့် နေ့ရက်တိုင်း၌ မြို့တော်အတွင်း၌ သားရဲများ လျော့နည်းသွားသည့်ဟု၍ မရှိ ချေ။ တဖြေးဖြေးသာ တိုးပွား များပြားလာလျက်ရှိသည်။
∆∆∆
ရှေးဦးမြို့တော်၏ ~ ရှေးဦးကျောင်းတော်၌လည်း မျိုးဆက်သစ်လေးများဖြင့် ယခုအခါပြည့်နက်နေကြသည်။
အဘိုးကြီးဖေး၏ အစီစဉ်အောက်၌ ~သက်တမ်းသုံးဆယ်မကျော်သေးသော သားရဲသခင်ဘုံအဆင့် အယောက်တစ်သောင်း ၊ သက်တမ်းငါးဆယ်မကျော်သေးသော မြေကမ္ဘာသားရဲဘုံအဆင့် တစ်သောင်း ၊ သက်တမ်းတစ်ရာမကျော်သေးသော ၊ ကောင်းကင်သားရဲဘုံ ငါးထောင်နှင့် သက်တမ်းငါးရာအတွင်း ၊ သားရဲဘုရင့်ဘုံ ငါးထောင်ကို ခေါ်ယူခဲ့သည်။
၎င်းသားရဲ အရေအတွက် သုံးသောင်းက *ရှေးဦးကျောင်းတော် * ၏ ပထမအသုတ် ကျောင်းသားများ ဖြစ်လာကြသည်။
ဤအယောက်သုံးသောင်းသော အ ရေတွက်ထဲ၌ နဂါးမျိုးနွယ်စုလေးခုသာမက ၊ သူတို့၏ လက်အောက်ခံဖြစ်သော နဂါးသွေးမျိုးဆက်ပါဝင်သော မျိုးနွယ်စုများလည်းပါဝင်ကြသည်။ အင်ပါယာ၏ အခြားလက်အောက်ခံများထဲမှ သားရဲမျိုးနွယ်စုများလည်းပါဝင်၏ ။
∆∆∆
ရှေးဉီးနဂါးတောင်၏ ထိပ်ရှိ နန်းတော်၏ ခန်းမအတွင်း၌ လုံထန် ၊ အောင်းယွီရန် တို့အပြင် တော်ဝင်အကြီးကဲများ အားလုံးပါ စုစည်းကာ အစည်းဝေး လုပ်နေကြသည်။
အရှင်မင်းကြီး ဒါက ~ ကျောင်းရဲ့ လက်ခံထားတဲ့ စရင်းပါ ။ အဘိုးကြီးဖေးက မှတ်သားထားသော မှတ်တမ်းများကို လုံထန်၏ ထံသို့ပေးကာပြောလိုက်သည်။
လုံထန်လည်း အဘိုးကြီးဖေး၏ လက်ထဲမှ ယူကာကြည့်လိုက်သည်။ ဤအထဲ၌ မှတ်တမ်းတင်ထားသည့်များက အလွန်ပင်အသေးစိတ်ကျကာ အဘိုးကြီးဖေး မည်မျှအလုပ်ကြိုးစားထားသည့်ကို တွေ့မြင်နိင်သည်။
ဤမှတ်တမ်းအတွင်း၌ အရာအားလုံးကို အသေးစိတ် မှတ်တမ်းတင်စရင်းပြုထားခဲ့သည်။ လုံထန်လည်း သေချာ ကြည့်ရှုလိုက်သည်။ သူက အဘိုးကြီးပေးထားသော ကျောင်း၏ စရင်းမှတ်တမ်းကို၊ ဆယ်ငါးမိနှစ်အကြာထိ ဖတ်ရှုပြီးမှာသလျှင်အားလုံးကို အသေးစိတ်နားလည်သွားတော့သည်။
ဒါဆိုရင် လက်အောက်ခံသားရဲမျိုးနွယ်စုတွေထဲမှ ဆိုးဝါးတာတွေမရှိပါဘူး ။ အခုလက်အောက်ခံမျိုးနွယ်စုတွေထဲ သားရဲသခင်ဘုံအဆင့် နှစ်ထောင့်နဲ့ ၊ မြေကမ္ဘာသားရဲဘုံ တစ်ထောင့် ၊ ကောင်းကင်သားရဲဘုံ နှစ်ရာနည်းပါးလောက်ထိ ထွက်လာခဲ့ကြသည်။ သားရဲဘုရင်ဘုံကတော့ ဆယ်ယောက်ကျော်သာလျှင် ထွက်ပေါ်လာခဲ့သည်။
ကျန်သောအ ရေတွက်က နဂါးမျိုးနွယ်စုလေးခုနှင့် ၎င်းတို့၏ လက်အောက်မှ မျိုးနွယ်စုများမှ ဖြစ်ကြသည်။
ကောင်းတယ် ~ အဘိုးဖေးပဲ * ရှေးဦးကျောင်းတော် * ကိုဆက်လက်တိုးတက်အောင် ဦးဆောင်ထားပါ။ လိုအပ်တာတွေကိုလည်း တိုက်ရိုက်တောင်းဆိုနိုင်တယ် ။ လုံထန်က အဘိုးကြီးဖေးကို ကြည့်ကာပြောလိုက်သည်။
ဒီအဘိုးကြီး အကောင်းဆုံးကြိုးစားပေါ့မယ်။ အရှင်မင်းကြီးကို စိတ်မပျက်စေရပါဘူး ။ အဘိုးကြီးဖေးက လုံထန်ကို ကတိပေးလိုက်သည်။
အဘိုးကြီးဖေးက သူနေရာတွင် ပြန်ထိုင်လိုက်ချိန်၌ ၊ တော်ဝင်အကြီးကဲ ဟော်ရိကလည်း သူ၏ ရေးသားထားသော စရင်းပြုစုမှတ်တမ်းတင်ထားတာကို လုံထန်ကို တင်ပြလိုက်သည်။
အရှင်မင်းကြီးဒါက မျိုးနွယ်စုလေးခုလုံးရဲ့ သားရဲဧကရာဇ်ဘုံအဆင့် အထက်ဆင့်တွေပါ။
လုံထန်လည်း ဟော်ရိ၏ ပေးလာသော မှတ်တမ်းကို ယူကာကြည့်လိုက်၏။ လုံထန်မှတ်တမ်းကု်ကြည့်ပြီးချိန်၌ နဂါး မျိုးနွယ်စုကြီး လေးခု၌ သားရဲဧကရာဇ်အဆင့်သို့ရောက်ရှိသူများမှ အလွန်ပင်လျှင်များပြားကြသည်။
သားရဲဧကရာဇ်ဘုံအဆင့်သို့ရောက်နေသော အရေတွက် လေးသိန်းကျော်ငါးသိန်းလောက်ပင်ရှိသည်။ သူ၏ အထက်သို့ရောက်နေသော အရေ တွက်မှသာ လျော့ကျသွားခြင်းပင်ဖြစ်သည်။
သားရဲဧကရာဇ်အဆင့် လေးသိန်းကျော် ငါသိန်းနီးပါးရှိသော်လည်း အရှင်သခင်သားရဲဘုံအဆင့်များက တော့ အလွန်ပင်လျှင်နည်းပါလေသည်။ နဂါးမျိုးနွယ်စု လေးခုပေါင်း၌ပင် အရည်တွက်က တစ်ထောင်အောက်သာရှိ၏။
ဤသည့်က လုံထန်ကို မျက်မှောက်ကြုပ်သွားစေခဲ့သည်။ ယခင်က လုံထန်တွေးထားခဲ့သည်မှာ အရှင်သခင်သားရဲဘုံအဆင့်များကို အရမ်းမမျော်လင့်ထားသော်လည်း နှစ်ထောင်သို့ ( သို့မဟုတ် ) သုံးထောင်ခန့်လောက်ပင် ရှိမည်ဟုတွေးထားခြင်းပင်ဖြစ်သည်။ ယခုတော့ သူတွေးထားသည့်ထက်ပင် ဆိုးဝါးနေခဲ့သည်။ သို့သော်လည်း သူ၌ များပြားသောအရင်းများရှိနေ၍တော်ကာကြ၏ ။ အရင်းအမြစ်အများပြားက ဒီကိစ္စကို ဖြေးဖြေးရှင်းတော့ ဖြေရှင်းနိုင်သည် ။ မဟုတ်ပါက လုံထန် မျက်ရည်ပင် မထွက်ပဲ ငိုမိမည်ဖြစ်သည်။
ဒါဆိုရင် ~ ဒီက အရေတွက်အားလုံးကို ကမ္ဘာငယ်ထဲမှာပြောင်းရွှေ့နေထိုင်တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ တော်ဝင်အကြီးကဲ ဟော်ရိပဲ ဆက်လက်ကိုင်တွယ်လိုက်ပါ ။
နားလည်ပါပြီ ~ အရှင်မင်းကြီး ဒီအကြီးကဲ အားလုံးပြီးဆုံးအောင် ဆောင်ရွတ်လိုက်ပါပေါ့မယ် ။
ကဲ့ ~ ဒါဆိုရင်အခြားကိစ္စတွေသွားရအောင် လုံထန်က သူ၏ အောက်ဘက်မှ တော်ဝင်အကြီးကဲများကို ကြည့်ကာပြောလိုက်သည်။
တော်ဝင်အကြီးကဲအောင်းရွှီရန် လက်ရှိ အင်ပါယာကို လာရောက်ထောက်လှမ်းနေတဲ့ အရေတွက်ဘယ်လောက်တိုးလာပြီလည်း ၊ သူတို့ဘယ်မျိုးနွယ်စုတွေကလည်း စစ်ဆေးပြီးသွားပြီလား။ လုံထန်က အောင်းရွှီရန်ကိုမေးလိုက်သည်။ သူက အင်ပါယာ၏ ထောက်လှမ်းစုံစမ်းရမည် ၊ သတင်းအချက်လက်များနှင့် ပတ်သက်သည် အဖွဲ့ကို သူမကိုဦး ဆောင်ကိုင်တွယ်ခိုင်းထားခြင်းဖြစ်သည်။
တင်ပြပါတယ် အရှင်မင်းကြီး ~ အားလုံးစစ်ဆေးပြီးပါပြီ ။ အင်ပါယာရဲ့ ပတ်ဝန်းကျင့်မှာ လာရောက် ထောက်လှမ်းသူ အရေတွက် တစ်ထောင်နီးပါးရှိပါတယ် ။ စစ်ဆေးကြည့်လိုက်တော့ ...
သူတို့က မြေနဂါးမျိုးနွယ်စု ၊ သစ်တောစိမ်းနဂါး ၊ သတ္တုအကြေးခွံနဂါးမျိုးနွယ်စုတို့က ဆိုတာသိခဲ့ရပါတယ် ။ တစ်ခါက လက်အောက်ငယ်သားတစ်ချို့ရဲ့ ပြောကြားချက်အရ ရေလွမ်းမိုးနဂါးအချို့ကို တွေခဲ့ရတယ်လို့ပြောပါတယ် ။
ဟမ့် ~ ရေလွမ်းမိုးနဂါးတွေက ရေနဂါးတွေရဲ့ လက်အောက်ခံမျိုးနွယ်စုမလား ။ ရေနဂါးတွေသူတို့က အကန့်သတ်မဲ့ ပင်လယ်ပြင်မှာ နေထိုင်ကြတာကိုယ် ဒီလောက်ဝေးတဲ့နေရာမှာ ဘာလာလုပ်နေတာလည်း လုံထန်လည်း အောင်းရွှီရန်၏ စကားကြောင့် စဉ်းစားရခက်သွားခဲ့သည်။
သူတို့၏ အင်ပါယာနှင့် အကန့်သတ်မဲ့ပင်လယ်ပြင်နဲ့ဆိုလျင် မိုင်ပေါင်း ဘီလီယမ် နှင့်ချီအောင်ပင် ဝေးကွာလှသည်။ သူတို့အင်ပါယာကို စုံစမ်းရန်နှင့်တော့ ရေနဂါးတွေက အကန့်သက်မဲ့ပင်လယ်ထဲက ထွက်မလာသင့်ချေ။ ဒီကြားထဲမှာ သူမသိသေးသောကိစ္စအချို့ရှိနေပုံရန်သည်။
တော်ဝင်အကြီးကဲ အောင်းရွှီရန် ၊ အခြားနဂါးမျိုးနွယ်စု သုံးခုရဲ့ လှုပ်ရှားမှုတွေအပြင် ၊ ရေလွမ်းမိုးနဂါးပေါ်လာတဲ့ အကြောင်းကို သေချာစစ်ဆေးလိုက်ပါ ။ တစ်ခုခု ထူးခြားနေတာနဲ့ ဒီဧကရာဇ်ကို တန်းသတင်းပို့ပါ ။ လုံထန်က လေးနက်စွာဖြင့် ညွှန်ကြားလိုက်သည်။
နားလည်ပါပြီ ~ အရှင်မင်းကြီး ၊ ဒီအကြီးကဲ အကောင်းဆုံး စစ်ဆေးကြည့်ပေါ့မယ် ။
ဤသို့ဖြင့် လုံထန် ၊ အောင်းယွီရန်နှင့် တော်ဝင်အကြီးကဲအုပ်စုတို့ အချို့သော အကြောင်းရာများကို ဆွေးနွေးခဲ့ကြသည်။ သူတို့၏ ဆွေးနွေးမှုများက တစ်နာရီ ခန့်ပင် ကြာမြင့်ခဲ့ပြီးမှ အဆုံးသတ်သွားတော့သည်။